News @ M-Media

Blog

  • အမေရိကန်၏ ‘ဗုံးတို့၏မိခင်’ ကို ပုပ်ရဟန်းမင်းကြီးဝေဖန်

    အမေရိကန်၏ ‘ဗုံးတို့၏မိခင်’ ကို ပုပ်ရဟန်းမင်းကြီးဝေဖန်

    မေ ၇၊ ၂၀၁၇
    M-Media

    – အမေရိကန်လက်နက်တိုက်တွင် နျူလက်နက်မဟုတ်သည့် အကြီးမားဆုံးဗုံးကြီးကို ‘ဗုံးတို့၏ မိခင်’ ဟု အမည်ပေးထားမှုအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဝေဖန်လိုက်သည်။

    “ဒီနာမည်ကို ကြားတာနဲ့တင် ရှက်ရပါတယ်။ မိခင်ဆိုတာ အသက်ကို မွေးဖွားပေးတာပါ။ ဒီ ဗုံးကြီးက သေခြင်းတရားကို ပေးတာဖြစ်ပါတယ်။ ဒီပစ္စည်းကို ကျွန်တော်တို့က မိခင်လို့ခေါ်တယ်။ ဘာတွေဖြစ်နေကြတာလဲ” ဟု ပုပ်ရဟန်းမင်းကြီးက ယမန်နေ့တွင် ဗာတီကန်၌ ကျောင်းသားများအား ပြောကြားခဲ့သ
    ည်။

    အလေးချိန် ကီလိုဂရမ် ၉၈၀၀ ရှိသည့် အဆိုပါ ဗုံးကြီးကို ပြီးခဲ့သည့်လအတွင်း အမေရိကန်က အာဖဂန်နစ္စတန် နန်ဂါဟာ ပြည်နယ်ရှိ IS စစ်သွေးကြွများအပေါ် ကြဲချခဲ့သည်။ ပင်တဂွန် စစ်ဌာနချုပ်က အဆိုပါ ဗုံးမှာ IS က အသုံးပြုနေသည့် လှိုဏ်ခေါင်းကွန်ယက်ကို ပစ်မှတ်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။

    ဗုံး၏ အမည်မှာ GBU-43/B Massive Ordnance Air Blast Bomb (MOAB) ဖြစ်ပြီး ‘ဗုံးတို့၏မိခင်’ ဟုသာ လူသိများသည်။ ထိုဗုံးကို ၂၀၀၃ ခုနှစ်တွင် စမ်းသပ်ခဲ့သော်လည်း ပြီးခဲ့သည့်လမတိုင်ခင် မည်သည့်စစ်ပွဲတွင်မှ အသုံးပြုခြင်း မရှိခဲ့ပေ။

    ပုပ်ရဟန်းမင်းကြီးမှာ မေလ ၂၄ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် ရှိနေစဉ် ယခုမှတ်ချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    Ref: BBC

  • စစ်လက်ကျန်ဗုံးကြောင့် ဂျာမနီတွင် လူ ၅ သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

    စစ်လက်ကျန်ဗုံးကြောင့် ဂျာမနီတွင် လူ ၅ သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

    မေ ၇၊ ၂၀၁၇
    M-Media

    – ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲသေးသည့် ဗုံးများကို တွေ့ရှိခဲ့ပြီးနောက် လူပါင်း ၅ သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    မြို့ အနောက်မြောက်ပိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ လက်နက်ကြီး ကျည်ဆံ စုစုပေါင်း ၁၃ လုံးကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ၁၉၄၀ ပြည့်နှစ်များက ကျရောက်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဗုံး ရှင်းလင်းရေးအတွက် လုပ်ငန်းများကို ယနေ့မနက်ပိုင်းမှ စတင်ပြုလုပ်ရန် ရှိနေပြီး ညအထိ ကြာနိုင်သည်ဟု ဆိုသည်။

    ဂျာမနီတွင် စစ်လက်ကျန်ဗုံးများကြောင့် ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရမှုတွင် ယခုအကြိမ်မှာ ၁၉၄၅ ခုနောက်ပိုင်း ဒုတိယအကြီးဆုံးဖြစ်ပြီး မြို့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသော လူနေထူထပ်သည့် နေရာ ၃ ခု ပါဝင်သည်။

    ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုကို သောကြာနေ့နှင့် စနေနေ့များတွင် စတင်လုပ်ဆောင်ခဲ့သည်။

    မြို့အာဏာပိုင်များက လုံခြုံရေး အကြောင်းအရင်းများကြောင့် သွားလာမှု ကန့်သတ်သည့် အမိန့်များကိုလည်း ထုတ်ပြန်ကြေငြာခဲ့သည်။ ပြတိုက်များ၊ ရုပ်ရှင်ရုံများနှင့် ရေကူးကန်များကလည်း အထူးအခြေအနေအနေဖြစ် ရွှေ့ပြောင်းလာရသူများကို အခမဲ့ ၀င်ရောက်ခွင့် ပေးမှုများလည်း ရှိနေသည်။

    လူနေထူထပ်သည့် ဒေသများရှိ မပေါက်ကွဲသေးသော စစ်လက်ကျန်ဗုံးများကို ဖယ်ရှားရေးနှင့်ပတ်သက်၍ ဂျာမနီအာဏာပိုင်များတွင် ဖိအားများ ရှိနေပြီး၊ ကျွမ်းကျင်သူများကမူ အချိန်ကြာလာသည်နှင့်အမျှ အဆိုပါဗုံးများမှာ အန္တရာယ်ရှိသည်ဟု ပြောကြားထားသည်။

    ပြီးခဲ့သည့်နှစ်ကလည်း အဂ်ဘာ့ဂ်မြို့တောင်ပိုင်းတွင် စစ်လက်ကျန်ဗုံးများကြောင့် လူပေါင်း ၅၄၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး နိုင်ငံ၏ အကြီးဆုံး ကယ်ဆယ်မှုကြီးလည်းဖြစ်သည်။

    Ref: Aljazeera

  • ကစားသမားများအား သတိထားဝေဖန်ရန် ၀င်းဂါးက နည်းပြများကို တိုက်တွန်း

    ကစားသမားများအား သတိထားဝေဖန်ရန် ၀င်းဂါးက နည်းပြများကို တိုက်တွန်း

    မေ ၇၊ ၂၀၁၇
    M-Media

    – အသင်းနည်းပြများအနေဖြင့် ကစားသမားများကို ဝေဖန်ရာ၌ သတိထားရမည်ဖြစ်ပြီး ထိန်းထိန်းသိမ်းသိမ်း ပြောဆိုရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယနေ့တွင် တွေ့ဆုံယှဉ်ပြိုင်ရမည့် မန်ယူအသင်းနည်းပြ မော်ရင်ဟိုက လုခ်ရှော၊ ခရစ်စမောလင်း၊ ဖီးလ်ဂျုံးတို့ကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီးနောက် အာဆင်ဝင်ဂါး၏ ယခုမှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    “ဒါမျိုးကို တော်တော် ဆိုးဆိုးဝါးဝါး အခြေအနေမျိုးတွေမှာ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဂရုတစ်စိုက်တော့ ကိုင်တွယ်ရပါမယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် ကစားသမားများအား ထိုကဲ့သို့ ဝေဖန်မှုများကို ပွဲတိုင်း လုပ်၍ မရကြောင်း၊ ၎င်းတို့အတွက် စိတ်ဖိစီးမှု ဆိုးရွားသွားနိုင်ကြောင်း၊ ထိပ်တန်းကစားသမားမျာမှာ ကောင်းမွန်ပြီး၊ သမာသမတ်ကျသည့် သုံးသပ်မှုများကို လုပ်တတ်ကြောင်း၊ ၎င်းတို့ ရှိနေသည့်အဆင့်ကို ကောင်းကောင်းနာလည်းကြောင်း ၀င်းဂါးက ထည့်သွင်း ပြောဆိုခဲ့သည်။

    မန်ယူမှာ အဆင့် ၄ နေရာမှ လီဗာပူးလ်နှင့် ၅ မှတ်ကွာဟနေပြီး၊ အဆင့် ၆ နေရာမှ အာဆင်နယ်ကို တစ်ပွဲပို ၆ မှတ် ဖြတ်ထားသည်။ ယနေ့ကစားမည့်ပွဲမှာ ၎င်းတို့နှစ်သင်းစလုံး၏ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါသည့်ပွဲ ဖြစ်သည်။

    Ref: BBC

  • ဘိုကိုဟရမ်ဖမ်းထားသည့် ကျောင်းသူများမှ ၆၀ ကျော် ထပ်မံ လွတ်မြောက်

    ဘိုကိုဟရမ်ဖမ်းထားသည့် ကျောင်းသူများမှ ၆၀ ကျော် ထပ်မံ လွတ်မြောက်

    မေ ၇၊ ၂၀၁၇
    M-Media

    ကျောင်းသူများကို ဘိုကိုဟရမ်လက်မှ ကယ်တင်ရေး ဆန္ဒပြမှု မြင်ကွင်း

    – ၂၀၁၄ ခုနှစ်က ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည့် အမျိုးသမီးငယ် ၂၀၀ နီးပါးမှ အနည်းဆုံး ၆၂ ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီးဟု နိုက်ဂျီးရီးယား တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    ယမန်နေ့က လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး နိုက်ဂျီးရီယား-ကင်မရွန်း နယ်စပ်အနီး ဘန်ဂီမြို့တွင် ရောက်ရှိနေသည်။ စောစောပိုင်းတွင် ဘိုကိုဟရမ်မှာ မိန်းကလေးငယ် ၈၂ ဦးကို လွှတ်ပေးလိုက်သည်ဟု သတင်းများ ဖော်ပြခဲ့ကြသည်။

    ဘိုကိုဟရမ်အဖွဲ့မှာ ၂၀၁၄ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ ညပိုင်းတွင် ချီဘွတ်မြို့ရှိ မိန်းကလေး အလယ်တန်းကျောင်းမှ ကျောင်းသူ ၂၇၆ ဦးကို ပြန်ပေးဆွဲသွားခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ၅၇ ဦးမှာ ချက်ခြင်းဆိုသလို ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

    ထိုအချိန်မှစ၍ အချို့ကို ဘိုကိုဟရမ်က လွှတ်ပေးခဲ့ပြီး အချို့မှာ ကိုယ်တိုင် ထွက်ပြေးလာခဲ့ကြသည်။

    ၂၀၁၆ ခုနှစ် အောက်တိုဘာလကလည်း အစိုးရနှင့် ညှိနှိုင်းမှုကြောင့် ဘိုကိုဟရမ်က ၂၁ ဦးကို လွှတ်ပေးခဲ့ပြီး ယမန်နေ့မတိုင်ခင် လွတ်မြောက်လာသူအရေအတွက်မှာ ၈၀ ကျော် ရှိခဲ့သည်။

    ထိုမိန်းကလေးများ လွတ်မြောက်ရန်အတွက် နိုက်ဂျီးရီးယားအစိုးရမှာ ဘိုကိုဟရမ်အဖွဲ့နှင့် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့သည်။

    Ref: Aljazeera

  • မြန်မာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ဆက်ထိန်းမည်ဟု အမေရိကန်ပြော

    မြန်မာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ဆက်ထိန်းမည်ဟု အမေရိကန်ပြော

    မေ ၇၊ ၂၀၁၇
    M-Media

    ပြီးခဲ့သည့် ဥရောပခရီးစဉ်အတွင်း ရောမမြို့၌ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံနေစဉ်

    – မြန်မာနိုင်ငံနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်လက်ထားရှိသွားမယ်လို့ အမေရိကန်က ပြောကြားလိုက်ပြီး မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး လျော့ရဲလာတယ်ဆိုတဲ့ ကောလဟာတွေ ထွက်ပေါ်နေချိန်မှာ ဒီလို မှတ်ချက် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်ဟာ ကြာသာပတေးနေ့မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေအကြား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တဲ့ ဒီတွေ့ဆုံမှုမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်း မရှိပါဘူး။

    အရှေ့အာရှနဲ့ ပစိဖိတ်ဒသရေးရာဗျူရိုက တာဝန်ရှိသူ ဒဘလျူ ပက်ထရစ်မာဖီက သတင်းထောက်တွေနဲ့ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းကြည် ဒီတွေ့တွေ့ဆုံပွဲကို မတက်ရောက်မှုဟာ အစည်းအဝေးတိုက်နေလို့သာဖြစ်ပြီး အခြား ဘာအကြောင်းအရင်းမှ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်နဲ့ မြန်မာ – ဘားမား – တို့ဟာ အင်မတန်ကောင်းတဲ့ ဆက်ဆံရေးကို ရရှိထားတယ်ဆိုတာ ကျွန်တော် အခိုင်အမာ ပြောကြားချင်ပါတယ်” လို့ ပက်ထရစ်မာဖီက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး တီလာဆန်နဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ထံက စာတစ်စောင်ကို ပေးအပ်ခဲ့ကြောင်း၊ ဒါပေမယ့် စာပါ အကြောင်းအရင်းကို အမျိုးသားလုံခြုံရေးအကြံပေးက ပြောကြားခဲ့ခြင်းမရှိကြောင်း ပက်ထရစ်မာဖီက ဆိုပါတယ်။

    Rref: VOA