News @ M-Media

Blog

  • ခွဲစိတ်ပြီးနောက် ကျန်ရစ်ခဲ့သည့် ကတ်ကြေးကို ဗီယက်နမ်အမျိုးသားတစ်ဦး၏ဗိုက်ထဲမှ ထုတ်ပေးခဲ့ရ

    ခွဲစိတ်ပြီးနောက် ကျန်ရစ်ခဲ့သည့် ကတ်ကြေးကို ဗီယက်နမ်အမျိုးသားတစ်ဦး၏ဗိုက်ထဲမှ ထုတ်ပေးခဲ့ရ

    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media

    man

    – လွန်ခဲ့သည့် ၁၈ နှစ်အရင် ဗီယက်နမ်အမျိုးသားတစ်ဦးအား ခွဲစိတ်မှုအတွင်း ဗိုက်ထဲ၌ ကျန်ရစ်ခဲ့သည့် ကက်ကြေးကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြန်ထုတ်ပေးခဲ့ရသည်ဟု သိရသည်။

    ဘတ်ခန်ပြည်နယ်မှ အသက် ၅၄ နှစအရွယ်ရှိ မန်ဗန်နတ်ဆိုသည့် အမျိုးသားမှာ ၁၉၉၈ ခုနှစ်က ကားမတော်တဆမှုတစ်ခုကြောင့် ၀မ်းဗိုက်ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး၊ ပြန်ချုပ်ရာတွင် ၁၅ စင်တီမီတာအရှည်ရှိ ကပ်ကြေးတစ်လက်မှာ အူမကြီးအနီး ၀မ်းဗိုက်ထဲတွင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က မန်ဗန်နတ်မှာ ၀မ်းဗိုက်နာကျင်မှုကြောင့် အာထရာဆောင်း ရိုက်ကြည့်ရာမှ ဗိုက်ထဲတွင် ကတ်ကြေးရှိနေကြောင်း သိရှိခဲ့ရသည်။ ထို့နောက် စနေနေ့တွင် ၃ နာရီကြာ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး အဆိုပါကတ်ကြေးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သည်။

    ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက မန်ဗန်နတ်အနေဖြင့် နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပုံမှန်လူတစ်ဦးကဲ့သို့ နေထိုင်၊ သွားလာ၊ စားသောက်ခဲ့ပြီး မည်သည့် ခံစားမှုမှ မရှိခဲ့ဟု ၎င်းတို့၏ ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

    တာဝန်ရှိသူများကလည်း ၁၉၉၈ ခုနှစ်က မန်ဗန်နတ်အား ခွဲစိတ်ပေးခဲ့သည့် ဆရာဝန်များကို လိုက်လံရှာဖွေနေပြီး လက်ရှိအချိန်အထိ မည်သည့်သဲလွန်စမှ မရသေးချ။

    Ref: Bangkokpost

  • ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြု (စုစည်းဖော်ပြမှု)

    ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြု (စုစည်းဖော်ပြမှု)

    ဇန်နဝါရီ ၃ ၊ ၂၀၁၇
    M-Media
    10264906_999423006766836_7111291586862094047_n.

    ပထမဆုံးသော လွတ်လပ်ရေးနေ့ မိန့်ကြားချက်(ဝန်ကြီးချုပ် သခင်နု)
    ===========================
    ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ နိုင်ငံရေး တသင်း တဖွဲ့ တည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး-သမဂ္ဂ အစရှိတဲ့ နိုင်ငံရေး အဖွဲ့အသီးသီးဟာ၊ ကိုယ့်ဆိုင်ရာ နယ်နိမိတ် အတွင်းမှနေပြီး၊ နယ်ချဲ့စနစ်ကြီးကို၊ ဝိုင်းအုံ တိုက်ခိုက်ကြတဲ့အတွက် ရရှိလာတဲ့ လွတ်လပ်ရေးကြီးဖြစ် တာကြောင့် ယခုလွတ်လပ်ရေးဟာ- ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊ အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမား အစည်းအရုံး-သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့ လွတ်လပ်ရေးပင်ဖြစ်တယ်။
    .
    အပြည်အစုံဖတ်ရန် => http://www.m-mediagroup.com/news/22435
    .
    “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”
    ============================
    ကျွန်တော်က မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခွင့်မရခဲ့ပေမယ့် သမိုင်းမှာရစ်သီရစ်သီတော့ပါခဲ့တာချည်းပဲ။ လွတ်လပ်ရေးရတဲ့အချိန်မှာတော့ အနီးကပ်ပါခွင့်ရခဲ့တယ်။ ဘယ်လောက်နီးနီး ကပ်ကပ်ပါခဲ့လို့လဲ။ ကိုက်ငါးဆယ်လောက် နီးကပ်တဲ့နေရာကပါခဲ့တယ်။
    .
    အပြည်အစုံဖတ်ရန် => http://www.m-mediagroup.com/news/22457

    လွတ်လပ်ရေး (၁၉၅၇ ခုနှစ် ၉ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကမ္ဘာအလင်းရဲ့ အာဘော် )
    =============================
    ကျွန်ုပ်တို့သည် လွတ်လပ်သော ပြည်ထောင်စုသားများဖြစ်ကြသည့် လွတ်လပ်သူများပီပီ ကျွန်ုပ်တို့သည် မည်သည့်ကိစ္စကိုမဆို စည်းမရှိ ကမ်းမရှိ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ရှိသည်ဟု လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို တွေးဆ ကောက်ယူကြမည်ဆိုပါက ဤယူဆချက်မှာ လုံးဝမှားပေလိမ့်မည်။ ဤကဲ့သို့ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ပြုမူချက်မျိုးကို အစ္စလာမ်ကလည်း လုံးဝခွင့်မပြုချေ။ လွတ်လပ်ရေးဟူသည် အလွန်ကျယ်ပြန့်၍ လွတ်လပ်သော တိုင်းသူပြည်သားတို့တွင် ရှိအပ်သော အရည်အချင်းများကား ထူးကဲမြင့်မြတ်ရပေမည်။ လွတ်လပ်ရေးတွင် အခွင့်အရေးများရှိသကဲ့သို့ တာဝန်ဝတ္တရားများလည်း ရှိနေသည်ကို ကျွန်ုပ်တို့ သတိပြုရပေမည်။
    .
    အပြည်အစုံဖတ်ရန် => http://www.m-mediagroup.com/news/9603
    .
    လွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာ မွတ်စလင်မ်တို့၏ လွတ်လပ်ရေးနေ့ အပေါ်အမြင်
    ===========================
    သို့သော် … သို့သော် “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ အခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ”
    .
    ယင်းသည့် အပိုဒ်များကိုလည်း ကျွန်ုပ်ဗမာမွတ်စလင်သည် လှိုက်လှိုက်လှဲလှဲ သီဆိုခဲ့ပြီ သီဆိုနေပေလိမ့်ဦးမည်။ သို့ သီဆိုခဲ့သလိုပင် ယင်းသည့် အခွင့်အရေးများကိုလည်း လှိုက်လှိုက်လှဲလှဲ ခံစားရပေမည်။
    .
    အပြည်အစုံဖတ်ရန် => http://www.m-mediagroup.com/news/9617

    (M-Media ၌ ယခင် ဖော်ပြပြီးဖြစ်သော ဆောင်းပါးဟောင်းများ စုစည်းမှုဖြစ်ပါသည်။

  • မြောက်ကိုရီးယားကို နျူပိုင်ဆိုင်သည့်နိုင်ငံ အဖြစ်ခံမည်မဟုတ်ဟု ထရမ့်ပြော

    မြောက်ကိုရီးယားကို နျူပိုင်ဆိုင်သည့်နိုင်ငံ အဖြစ်ခံမည်မဟုတ်ဟု ထရမ့်ပြော

    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media

    trump

    – အမေရိကန်သို့ ရောက်ရှိနိုင်သည့် နျူလက်နက်မျိုး မြောက်ကိုရီးယားကို ထုတ်လုပ်ခွင့်ပေးမည်မဟုတ်ဟု အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ရက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ မိမိတို့အနေဖြင့် နျူထိပ်ဖူးတပ်ဆင်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် ICBM တီထွင်ထုတ်လုပ်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ပြောကြားမှုကို ထရမ့်က ယခုကဲ့သို့ သတိပေးလိုက်ခြင်းလည်းဖြစ်သည်။

    “အမေရိကန်အထိ ရောက်ရှိနိုင်မယ့် နျူလက်နက်မျိုးကို ထုတ်လုပ်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေတယ်လို့ မြောက်ကိုရီးယားက ကြေငြာထားတယ်။ ဒါမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ထရမ့်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    မြောက်ကိုရီးယားအား နျူလက်နက်ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်ခွင့်ပြုမည်မဟုတ်ဟု အမေရိကန်က တစ်စိုက်မတ်မတ် ပြောကြားထားသော်လည်း နိုဝင်ဘာရွေးကောက်ပွဲတွင် အံ့ဖွယ်အနိုင်ရခဲ့သည့် ထရမ့်ကမူ ကွန်မြူနစ် မြောက်ကို ရီးယားနှင့်ပတ်သက်၍ ၎င်း၏ ပေါ်လစီကို ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမပြုခဲ့ဘဲ ယခုအချိန်တွင်မှ ထိုကဲ့သို့ တုန့်ပြန်ခြင်းဖြစ်သည်။

    ထို့ပြင် တစ်ဖက်သတ်ကုန်သွယ်မှုဖြင့် အမေရိကန်ထံမှ ငွေကြေးနှင့် ကြွယ်ဝမှု အမြောက်အများကို ရယူနေသည့် တရုတ်နိုင်ငံမှာ မြောက်ကိုရီးယားကို အကူအညီဖြစ်စေမည်မဟုတ်ဟုလည်း ထရမ့်က ထပ်မံ ရေးသားခဲ့သည်။

    Ref: CNA

  • အမျိုးသမီးများ စော်ကားခံရမှုမှာ သရုပ်ပျက်အ၀တ်အစားကြောင့်ဟု အိန္ဒိယ၀န်ကြီးပြော

    အမျိုးသမီးများ စော်ကားခံရမှုမှာ သရုပ်ပျက်အ၀တ်အစားကြောင့်ဟု အိန္ဒိယ၀န်ကြီးပြော

    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media

    eve

    – နိုင်ငံအတွင်း မိန်းကလေးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု၏ အကြောင်းအရင်းမှာ အနောက်တိုင်းဆန်ဆန် ၀တ်စားမှုကြောင့်ဖြစ်သည်ဟု ကာရ်နာတာကာပြည်နယ် ပြည်ထဲရေးဝန်ကြီး ဂျီ ပါရာမက်ရှ်ဝါရာက ပြောကြားလိုက်ပြီး ထိုမှတ်ချက်ကြောင့် ဝေဖန်မှုများကိုလည်း ပြင်းပြင်းထန်ထန် ခံနေရသည်။

    နှစ်သစ်ကူးညတွင် ပြည်နယ်မြို့တော် ဘန်ဂလောရ်၌ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပြုခံရမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများနှင့်ပတ်သက်၍ ၀န်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “သူတို့တွေဟာ အနောက်တိုင်းသားတွေရဲ့ တွေးခေါ်မှုကိုသာမဟုတ်ဘဲ အ၀တ်အစားကိုပါ အတုခိုးကြတာ။ (ဒါ့ကြောင့်) မိန်းကလေးတွေ နှောက်ယှက်ခံရတာမျိုးက ဖြစ်မှာပဲဗျ”

    ပါရာမက်ရှ်ဝါရာမှာ ထိုပြောကြားမှုကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။

    အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မရှင် အကြီးအကဲ လာလီသာ ကူမာရာမန်ဂါလမ်က ၀န်ကြီးအနေဖြင့် ထိခိုက်ခံစားရသူများအား တောင်းပန်ကာ ရာထူးမှ နှုတ်ထွက်သင့်သည်ဟု ပြောကြားခဲ့သည်။

    “ပျော်ပွဲရွှင်ပွဲနေ့တွေမှာ အနောက်တိုင်းအ၀တ်စားနဲ့ အမျိုးသမီးတွေကိုမြင်ရင် မနေနိုင်မထိုင်နိုင် ဖြစ်ရလောက်အောင် အိန္ဒိယအမျိုးသားတွေက အရမ်းစိတ်နုနေကြပြီလားလို့ ၀န်ကြီးကို ကျွန်မ မေးချင်ပါတယ်”

    ၂၀၁၂ ခုနှစ်တွင် နယူးဒေလီရှိ ဘတ်စ်ကားပေါ်တွင် အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရကာ သေဆုံးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှာ နိုင်ငံတကာ စာမျက်နှာသို့ ရောက်ရှိလာခဲ့သည်။

    နှစ်သစ်ကူးညတွင် ဘန်ဂလောရ်၌ ဖြစ်ပွားခဲ့သည့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများအတွက် ရဲတပ်ဖွဲ့က မည်သူကိုမှ တရားစွဲဆိုခြင်း မပြုသေးသော်လည်း၊ လုံခြုံရေးကင်မရာပုံရိပ်များမှ ကျူးလွန်သူများကို ရှာဖွေနေသည်ဟု ဆိုသည်။

    Ref: Aljazeera

  • နည်းပြဘ၀ နောက်ဆုံးပိုင်းရောက်နေပြီဟု ဂွါဒီယိုလာ ဖွင့်ဟ

    နည်းပြဘ၀ နောက်ဆုံးပိုင်းရောက်နေပြီဟု ဂွါဒီယိုလာ ဖွင့်ဟ

    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media

    – လက်ရှိ မိမိ၏အခြေအနေမှာ နည်းပြဘ၀ နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီး အသက် ၆၀ ကျော်သည်အထိ နည်းပြလောကတွင် ရှိနေမည်မဟုတ်ဟု မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့တွင် နည်းပြခဲ့ပြီး အောင်မြင်မှုအလီလီ ရရှိခဲ့သည့် ဂွါဒီယိုလာမှာ ယခုနှစ်နွေရာသီတွင် မန်စီးတီးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

    “မန်ချက်စတာမှာ နောက်ထပ် ၃ ရာသီ၊ ဒါမှမဟုတ် ဒီထက်ပိုပြီး ရှိကောင်းရှိနိုင်ပါတယ်။ အသက် ၆၀၊ ၆၅ နှစ်လောက်အထိတော့ နည်းပြထိုင်ခုံမှာ ရှိနေမှာ မဟုတ်ပါဘူး။ နည်းပြလောကကို နှုတ်ဆက်ဖို့အချိန်က စတင်နေပြီလို့ ခံစားရပါတယ်။ ကျွန်တော့်ရဲ့ နည်းပြဘ၀ နောက်ဆုံးအချိန်ကို ရောက်နေပါပြီး ဒါကတော့ သေချာပါတယ်” ဟု အသက် ၄၅ နှစ်အရွယ် ဂွါဒီယိုလာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    ဘာစီလိုနာတွင် ၄ ရာသီဖြတ်သန်းခဲ့သည့် ဂွါဒီယိုလာမှာ လာလီဂါ ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ဆုဖလားပေါင်း ၁၄ ခု ရရှိခဲ့ပြီး၊ ဘိုင်ယန်တွင်လည်း ဘွန်ဒစ်လီဂါဖလားကို ၃ ရာသီဆက် ဆွတ်ခူးနိုင်ခဲ့သည်။

    ယမန်နေ့က ဘန်လေအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် ၎င်းက မန်စီးတီးမှာ ၎င်း၏ နောက်ဆုံးအသင်းဖြစ်မည်ဟုလည်း ပြောဆိုခဲ့သည်။

    Ref: BBC