News @ M-Media

Blog

  • အကြမ်းဖက်များကို အမေရိကန်က ထောက်ပံ့နေသည်ဟု ရုရှားနှင့် တူရကီတို့ စွပ်စွဲ

    အကြမ်းဖက်များကို အမေရိကန်က ထောက်ပံ့နေသည်ဟု ရုရှားနှင့် တူရကီတို့ စွပ်စွဲ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    thai

    – အမေရိကန်မှာ ဆီးရီးယားရှိ အကြမ်းဖက်သမားများကို ထောက်ပံ့ပေးနေသည်ဟု ရုရှားနှင့် တူရကီတို့က သီးခြားစီ စွပ်စွဲပြောကြားလိုက်သည်။

    တူရကီသမ္မတ အာဒိုဂန်က အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့များမှာ ဆီးရီးယားရှိ IS အကြမ်းဖက်အဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့များဖြစ်သော YPG၊ PYD အဖွဲ့များကို ထောက်ပံ့ပေးနေသည့် အထောက်အထားများ မိမိတွင် ရှိနေသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့က IS ကို ထောက်ပံ့နေတယ်လို့ သူတို့က စွပ်စွဲတယ်ဗျ။ အခု သူတို့က IS၊ YPG နဲ့ PYD တို့အပါအ၀င် အကြမ်းဖက်အုပ်စုတွေကို ထောက်ပံ့နေတာပါ။ သိပ်ထင်ရှားပါတယ်။ ကျွန်တော်တို့မှာ ဓာတ်ပုံတွေ ဗီဒီယိုတွေလို အတည်ပြုနိုင်တဲ့ အထောက်အထားတွေ ရှိနေပါတယ်” ဟု အာဒိုဂန်က အန်ကာရာ
    တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရကမူ အာဒိုဂန်၏ ထိုစွပ်စွဲမှုကို ငြင်းဆိုခဲ့ပြီး အခြေအမြစ်မရှိသော ရယ်စရာစွပ်စွဲချက်ဖြစ်သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်တိုနာက ပြောကြားခဲ့သည်။

    ရုရှားကလည်း အမေရိကန်အနေဖြင့် ဆီးရီးယားသူပုန်များကို လက်နက်ထောက်ပံ့ရေးကန့်သတ်ချက် ဖြေလျော့လိုက်ခြင်းမှာ ဆီးရီးယားရှိ ရုရှားတပ်ဖွဲ့များကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကလည်း အဆိုပါ လက်နက်များမှာ အလယ်အလတ်အတိုက်အခံအဖွဲ့အဖြစ် ဟန်ဆောင်ထားသည့် အကြမ်းဖက်သမားများ၏ လက်တွင်သို့ ရောက်သွားနိုင်သည်ဟုလည်း သတိပေးခဲ့သည်။

    Ref: Aljazeera

  • သမိုင်းကြွေးရှိသည့် ပုလဲဆိပ်ကမ်းသို့ ဂျပန်ဝန်ကြီးချုပ် သွားရောက်

    သမိုင်းကြွေးရှိသည့် ပုလဲဆိပ်ကမ်းသို့ ဂျပန်ဝန်ကြီးချုပ် သွားရောက်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    abe

    – လွန်ခဲ့သည့် ၇၅ နှစ်အရင် ဂျပန်က တိုက်ခိုက်ခဲ့သည့် ပုလဲဆိပ်ကမ်းသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယမန်နေ့တွင် သွားရောက်လည်ပတ်ခဲ့ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ဂျပန်၏ ထိုတိုက်ခိုက်မှုကြောင့် အမေရိကန်မှာ ဒုတိယကမ္ဘာစစ်အတွင်း ပါဝင်ခဲ့ပြီး ယခုတွေ့ဆုံမှုမှာ ယခင် ရန်ဘက်ဟောင်းများအကြား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။ အာဘေး၏ ထိုသို့သွားရောက်မှုမှာ ရာထူးရှိ ဂျပန်ဝန်ကြီးချုပ်တစ်ဦးက ပုလဲဆိပ်ကမ်းသို့ ပထမဆုံး လည်ပတ်မှုလည်း ဖြစ်သည်။

    အိုဘားမား၏ အာရှရေးရာ ထိပ်တန်းအကြံပေးဖြစ်သူ ဒန်နီယဲလ် ကရီတန်ဘရင့်မူ ယခု ဂျပန်ဝန်ကြီးချုပ် သွားရောက်လည်ပတ်မှုနှင့် ယခုနှစ်အစောပိုင်းက အိုဘားမား၏ ဟီရိုရှီးမားသို့ သွားရောက်မှုမှာ မိမိတို့အစိုးရနှင့် လူ့အဖွဲ့အစည်းအကြား အဆင့်တိုင်းတွင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု၏ ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျဆုံးသွားတဲ့ စစ်သည်တော်တွေ ကောင်းရာသုဂတိလားပါစေ။ ဂျပန်ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဒီနေရာမှာ အသက်ဆုံးရှုံးသွားတဲ့သူတွေအတွက် ၀မ်းနည်းကြေကွဲရတယ်လို့ ရင်ထဲအသည်းထဲက ပြောပါရစေ။ ဒီလို ကြောက်စရာစစ်မက်မျိုး နောက်ထပ် ဘယ်တော့မှ ဖြစ်လို့မရပါဘူး” ဟု အာဘေးက ပြောကြားခဲ့သည်။

    အိုဘားမားကလည်း အာဘေးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ယခုလည်ပတ်မှုမှာ ပြန်လည်ရင်ကြားစေ့ရေးစွမ်းအားကို ဖော်ပြနေသည့် သမိုင်းဝင်အမှတ်အသားဖြစ်သည်ဟုလည်း ဆိုသည်။

    “ကျွန်တော်တို့ရဲ့ မဟာမိတ်ဖြစ်မှုဟာ ဘယ်တုန်းကမှနဲ့မတူအောင် ခိုင်မာလာပါတယ်။ ကမ္ဘာကြီးမှာ စစ်ပွဲထက် ငြိမ်းချမ်းရေးက ပိုပြီး အကျိုးဖြစ်ထွန်းစရာရှိတယ်ဆိုတာကို ကျွန်တော်တို့ နှစ်ယောက်ရဲ့ အတူယှဉ်တွဲတည်ရှိမှုက ကမ္ဘာကြီးကို သတင်းစကားပေးနေတာပါ” ဟု အိုဘားမားက ပြောကြားခဲ့ပြီး ပုလဲဆိပ်ကမ်းမှာ အမေရိကန်များအတွက် မြင့်မြတ်ရာနေရာဖြစ်သည်ဟုလည်း သမုတ်ခဲ့သည်။

    Ref: WSJ, Aljazeera

  • ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေး အလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ

    ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေး အလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ

    15781085_946721128795437_1011520894848458026_n

    ဒီဇင်ဘာ ၂၇

    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေးအလှူကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၅၄ ရှိ သမီးဖြစ်သူ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ပြုလုပ်ခဲ့သည်။

    နှစ်ပတ်လည်ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကမိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူး၍ သံဃာတော် ၁၅ ပါးအားပင့်ဖိတ်ကာဆွမ်းနှင့်သင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီးအနုမောဒနာ တရားနာယူသည်။

    မွန်းလွဲပိုင်းတွင်ဘာသာပေါင်းစုံမှဘာသာရေးခေါင်းဆောင်များကနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီးဒေါ်ခင်ကြည် အတွက် ဘာသာအလိုက် အောက်မေ့ဖွယ်ရာဆုတောင်း မေတ္တာများပို့သကြသည်။

    15698300_946721872128696_8591126571761024650_n

    ဘာသာပေါင်းစုံဆုတောင်းခြင်းအခမ်းအနားတွင် ဟိန္ဒူဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ၊ ဘဟာအီဘာသာတို့မှဘာသာရေးခေါင်းဆောင်များက မေတ္တာစကားပြောကြားခြင်းနှင့် ဆုတောင်း မေတ္တာပို့သခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

    သတင်း/ဓါတ်ပုံ- Myanmar State Counsellor Office

    15747604_946722048795345_1952385338303397026_n

  • ချယ်ဆီးကို ဖလားပေး၍ ရနေပြီဟု ဘောလုံးကျွမ်းကျင်သူတစ်ဦး ပြော

    ချယ်ဆီးကို ဖလားပေး၍ ရနေပြီဟု ဘောလုံးကျွမ်းကျင်သူတစ်ဦး ပြော

    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    chelsea

    – ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားနိုင်သည့် ချယ်ဆီးအသင်းအား ပရီးမီးယားလိဂ်ဖလား ပေးသင့်နေပြီဟု ဘီဘီစီမှ ဘောလုံးရေးရာကျွမ်းကျင်သူ ရောဘီ ဆားဗေ့ဂ်ျက ပြောကြားလိုက်သည်။

    ချယ်ဆီးမှာ လက်ရှိတွင် အနီးစပ်ဆုံးပြိုင်ဘက် မန်စီးတီးအား ၇ မှတ် ဖြတ်ထားနိုင်သည်။ ဆားဗေ့ဂ်ျကမူ ရာသီတစ်ဝက်ကျန်သေးသော်လည်း ၁၂ ပွဲဆက်တိုက် ပရီးမီးယားလိဂ်နိုင်ပွဲ ရရှိထားသည့် ချယ်ဆီးမှလွဲ၍ ဖလားရနိုင်သည့် အခြားအသင်းကို မမြင်ဟု ဆိုသည်။

    “သူတို့ကိုသာ အခု ဖလားပေးလိုက်ရမှာဗျ။ သူတို့ကို မီအောင်လိုက်နိုင်မယ့်အသင်းမျိုး ကျွန်တော် မတွေ့ပါဘူး။ ခံစစ်ကောင်းတယ်၊ တိုက်စစ်လည်း ကောင်းပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့မဆို ကစားနိုင်တယ်။ အသင်းတွေကို နိုင်အောင်ကစားနိုင်ပါတယ်” ဟု ဆားဗေ့ဂ်ျက ပြောကြားခဲ့သည်။

    ထို့ပြင် ဒီဇင်ဘာအစောပိုင်းက ၀စ်က်ဘရွန်းအသင်း၏ ခံစစ် ၆ ယောက်ထားကစားမှုအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရအောင် ကစားနိုင်ခဲ့ခြင်းကို ထောက်ပြ၍ ချယ်ဆီးအသင်းမှာ ခံစစ်အထိုင်ချကစားသော အသင်းများကိုလည်း ကျော်ဖြတ်နိုင်သည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    Ref : BBC

  • NVC ကတ် အကြောင်းနှင့် နိုင်ငံအနှံ့ ထုတ်ပေးထားမှုအခြေအနေ

    NVC ကတ် အကြောင်းနှင့် နိုင်ငံအနှံ့ ထုတ်ပေးထားမှုအခြေအနေ

    ဒီဇင်ဘာ ၂၇၊၂၀၁၆
    M-Media
    သတင်း-သီဟ

    8

    NVC လို့ လူသိများတဲ့ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား နိုင်ငံအနှံ့ထုတ်ပေးထားမှုအခြေအနေနှင့် ယင်းကဒ်အကြောင်းကို နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေး ကော်မတီမှ ယမန်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

    နိုင်ငံတ၀န်းမှာ မြန်မာနိုင်ငံသားအဖြစ် စိစစ်ခံရမယ့်သူတွေကိုထုတ်ပေးထားတဲ့ NVCသက်သေခံ ကတ်ပြားပေါင်း အရေအတွက် ၃ သောင်းကျော်ရှိနေပြီး တ၀က်ကျော်လောက်ဟာ ရှမ်းပြည်နယ်မှာ ထုတ်ပေးထားတာလို့ အစိုးရထုတ်ပြန်ချက်အရသိရပါတယ်။

    စာဖတ်သူများ သိရှိနိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။

    ref: နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေး ကော်မတီ

    9

    1 2 3 4 5 6 7