News @ M-Media
Blog
  • စစ်ကိုင်းမြို့မဗလီသို့  သီရီလင်္ကာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ သွားရောက်လေ့လာ
    စစ်ကိုင်းမြို့မဗလီသို့ သီရီလင်္ကာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ သွားရောက်လေ့လာ
    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media
    မိုးစက်
    15102007_1726673210988160_1054232897_o
    စစ်ကိုင်း။    ။ စစ်ကိုင်းမြို့ မြို့မ ဗလီဝတ်ကျောင်းတော်သို့ သီရိလကာင်္နိုင်ငံမှ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ဖြစ်သည့် Center for Peace building and Reconciliation (CPBR) အဖွဲ့မှ နိုဝင်ဘာလ (၁၇) ရက်နေ့ကလာရောက်လေ့လာခဲ့ကြပါတယ်။
    “အဓိကကတော့ သူတို့ ဒီနိုင်ငံက ဝတ်ကျောင်းတော်တွေကို လာရောက်လေ့လာကြတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း သူတို့ကို တတ်နိုင်သလောက် ဗလီနဲ့ ပတ်သတ်ပြီး ရှင်းပြတယ်။ နောက် ကျွန်တော်တို့ ဝတ်ကျောင်းတော်တွေက ဝတ်ပြုရုံတင် မဟုတ်ဘဲ အသိပညာ အတတ်ပညာ စတဲ့အရာတွေပါ ဖွံ့ဖြိုးရေးလု ပ်ပေးတဲ့နေရာတွေပါ။ သူတို့ကို အဲ့ဒါတွေပါ နားလည်အောင် ပြောပြတော့ သူတို့လည်း နားလည်ပြီး သဘောကျကြပါတယ်” လို့ မြို့မဝတ်ကျောင်းတော်မှ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ကိုစိုးနေဦးက ဆိုပါတယ်။
    15032871_1725567381098743_6795798089230070348_n
    အဆိုပါ သီရိလကာင်္နိုင်ငံမှ အဖွဲ့အစည်းသည် မြန်မာနိုင်ငံမှ ကွဲပြားခြားနားခြင်းနှင့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH)ရဲ့ ဦးဆောင်မှုနှင့်အတူ စစ်ကိုင်းမြို့ ဗလီဝတ်ကျောင်းတော်ကို လာရောက်လေ့လာခဲ့ကြခြင်း ဖြစ်ပါတယ်။
    စစ်ကိုင်းမြို့တွင် ဗလီ (၅) လုံးရှိပြီး မြို့မဗလီ ဝတ်ကျောင်းတော်မှာ နှစ်ပေါင်း (၁၉၇) ကျော် သက်တမ်းရှိသည့် သမိုင်းဝင် ဗလီတစ်လုံး ဖြစ်ပါတယ်။
    15146645_1726673184321496_1360737491_o
  • Capital Hypermarket ပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ ပြော
    Capital Hypermarket ပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ ပြော
    0ef4375a-4641-4384-bba4-589ac1e0b0c5_cx14_cy7_cw74_w987_r1_s_r1
    Capital Hypermarket ဈေးဝယ်စင်တာ
    ရန်ကုန်တိုင်း ဒေါပုံမြို့နယ် Capital Hypermarket ဈေးဝယ်စင်တာမှာ နိုဝင်ဘာ ၂၀ တနင်္ဂနွေ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ ဓါတုပစ္စည်းတွေနဲ့ ရောစပ်ထားတဲ့ လက်လုပ်ဖေါက်ခွဲရေးပစ္စည်းတွေဖြစ်ကြောင်း ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့ တာဝန်မှူးရဲအရာရှိတဦးက VOA ကို ပြောပါတယ်။
    “ အတိအကျတော့ မသိရသေးဘူးခင်ဗျ၊ လောလောဆယ်တော့ ဓါတုပစ္စည်းတွေနဲ့ စပ်ပြီးတော့ လုပ်ထားတဲ့- လက်လုပ် ပေါက်ကွဲစေတဲ့ ဟာမျိုးပေါ့။ ဗုံးတော့ မဟုတ်ဘူး။ ခုမှ ကျနော်တို့က လောလောဆယ် ကျန်ခဲ့တဲ့ ဘေးနားက သက်သေခံပစ္စည်းတွေကို Chemical ဓါတုဓါတ်ခွဲခန်းကို ပို့ထားတုန်းပဲ ”
    Capital Hypermarket မှာ ၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ရှောပင်းစင်တာအပေါ်ထပ် လိုင်းနံပတ် ၂၄နဲ့ ၂၆ တွေမှာ ညနေ ၆နာရီ ထိုးခါနီးက နှစ်ကြိမ်၊ မြေညီထပ် လိုင်းနံပတ် ၁ နဲ့ ၄မှာ ၆ နာရီ ၁၅ လောက်က နှစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ ဒေါပုံမီးသတ်ဌာနက အစောပိုင်းမှာ VOA ကို ပြောဆိုခဲ့ပါတယ်။
    ဒီပေါက်ကွဲမှုကြောင့် ဖြတ်သွားဖြတ်လာပြည်သူတွေနဲ့ ဒေသခံတွေက ဗုံးပေါက်ကွဲမှုလို့ ယူဆပြီး စိုးရိမ်းမှုရှိကြောင်း သိရပါတယ်။ ပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပဲ၊ အနီးနား ပလစ်စတစ်အရောင်းဆိုင်က ပစ္စည်းတချို့နဲ့ အချိုရည်ပုလင်းတချို့ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။ ပေါက်ကွဲမှုရဲ့ လက်သည်တရားခံကိုလည်း စုံစမ်းနေဆဲပဲဖြစ်ပါတယ်။
    VOA မှ ကူးယူဖော်ပြသည်။
  • ကမ္ဘာ့အကြီးဆုံး ကျူးကျော်ရပ်ကွက်ကြီးများ
    ကမ္ဘာ့အကြီးဆုံး ကျူးကျော်ရပ်ကွက်ကြီးများ
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    slum-1
    ခါယီလစ်ရှာ (Khayelitsha)၊ ကိပ်တောင်းမြို့၊ တောင်အာဖရိက (လူဦးရေ ၄ သိန်း)
    – ကမ္ဘာပေါ်က မြို့ပြလူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ ကျူးကျော်ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်ရပြီး ဒီလိုနေထိုင်ရမှု အရေအတွက်ကလည်း နောက်ပိုင်းမှာ မြင့်တက်လာပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျူးကျော်ရပ်ကွက်တွေအတွင်း နေထိုင်သူအရေအတွက်ဟာ ၁၉၉၀ ခုနှစ်မှာ သန်းပေါင်း ၆၈၉ သန်း ရှိနေရာကနေ ၂၀၁၄ ခုနှစ်မှာ သန်း ၈၀၀ အထိ ရောက်လာတယ်လို့ ‘၂၀၁၆ ကမ္ဘာ့မြို့တော်များအစီအရင်ခံစာ’ မှာ ဖော်ပြထားပါတယ်။
    ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ တစ်ချို့မြို့ကြီးတွေမှာဆိုရင် ကျူးကျော်ရပ်ကွက်မှာနေသူတွေဟာ မြို့လူဦးရေရဲ့ ထက်ဝက်ကျော်လောက်ကို ရှိနေပါတယ်။ သူတို့တွေဟာ နေစရာ၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ ရေဆိုးစွန့်ထုတ်မှုစနစ်၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း အပြည့်အ၀ မရရှိကြပါဘူး။
    တရားဝင်နေထိုင်ခွင့် မရှိခြင်းကလည်း သူတို့ရဲ့ နေ့စဉ်ဘ၀ကို ပိုမိုဆိုးရွားစေပြီး သူတို့ရဲ့နေအိမ်တွေ၊ မရှိမဖြစ်လိုအပ်တဲ့ ၀န်ဆောင်မှုတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ခြိမ်းခြောက်နေကြပါတယ်။
    ကမ္ဘာပေါ်က အဲဒီလို ကျူးကျော်ရပ်ကွက်တွေထဲမှာ အကြီးမားဆုံး ကျူးကျော်ရပ်ကွက်ကြီး ၅ ခုကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။
    ၁။ ခါယီလစ်ရှာ (Khayelitsha)၊ ကိပ်တောင်းမြို့၊ တောင်အာဖရိက (လူဦးရေ ၄ သိန်း)
    ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ခါယီလစ်ရှာမြို့နယ်လေးမှာ လူပေါင်း ၄ သိန်းနီးပါး နေထိုင်တယ်လို့ သိရပြီး ၉၉ ရာခိုင်နှုန်းက လူမည်းတွေဖြစ်ပါတယ်။
    ဒါပေမယ့် တက်ကြွလှုပ်ရှားသူတွေကတော့ တကယ့်လူဦးရေ အရေအတွက်ဟာ သန်ခေါင်စာရင်းပမာဏထက် ၃ ဆ ရှိမယ်လို့ ယုံကြည်နေပါတယ်။ ၂၀၁၂ ခုနှစ်မှာ အဲဒီမြို့နယ်အတွင်း ရဲလုပ်ငန်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှုအရ လူနေအိမ်ပေါင်း ၁၂၀၀၀ ၀န်းကျင်လောက်ဟာ အိမ်သာမရှိဘူးလို့ ဆိုပါတယ်။
    “ကျူးကျော်ရပ်ကွက်တွေမှာ အညစ်ကြေးစွန့်ပစ်ရတာဟာ နေထိုင်သူတွေအတွက် အန္တရာယ်အရှိဆုံး ကိစ္စဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးတွေမှာ အကြီးမားဆုံး ဖြစ်ပြဿနာ ဖြစ်ပါတယ်။ အများစုက ရွေ့လျားသန့်စင်ခန်း၊ အနံပျောက်ဓာတ်တုသန့်စင်ခန်းတို့လို ယာယီသန့်စင်ခန်းတွေကို စုသုံးရပြီး လုံလောက်မှုလည်း မရှိပါဘူး။ နောက်ပြီး သန့်စင်ခန်းသွားဖို့အတွက် မှောင်မှောင်မဲမဲထဲမှာ အဝေးကြီး လမ်းလျှောက်ရပါတယ်။ တစ်ချို့တွေကတော့ ကွင်းပြင်တွေ ချုံပုတ်တွေမှာ အညစ်အကြးစွန့်ကြပါတယ်။ ကလေးတွေက တစ်ယောက်တည်းသွားလို့မရပေမယ့် မိဘတွေ ဒါမှမဟုတ် အိမ်နီးနီးချင်းတွေကို အမြဲတမ်း ရှာလို့မရပါဘူး” လို့ ကိပ်တောင်းရဲ့ ကျူးကျော်ရပ်ကွက်တွေမှာ ပိုကောင်းတဲ့ မိလ္လာစနစ် ရရှိနေရးအတွက် ဆောင်ရွက်နေတဲ့ Social Justice Coalition (SJO) အဖွဲ့က အက်ဇိုလီလီ နိုတီဝါလာက ပြောကြားခဲ့ပါတယ်။
    ၂။ ကီဘီရာ (ကီဘီရာ)၊ နိုင်ရိုဘီ၊ ကင်ညာ (လူဦးရေ ၇ သိန်း)
    slum-2
    ကီဘီရာ (ကီဘီရာ)၊ နိုင်ရိုဘီ၊ ကင်ညာ (လူဦးရေ ၇ သိန်း)
    ကီဘီရာဟာ အာဖရိကရဲ့ အကြီးဆုံး ကျူးကျော်ရပ်ကွက်ကြီးဖြစ်ပြီး နိုင်ရိုဘီမြို့လယ်ကောင်နဲ့ ၅ ကီလိုမီတာသာ ဝေးပါတယ်။ အဲဒီကျူးကျော်ရပ်ကွက်မှာ ကလေးငယ်ပေါင်း ၅ သောင်းကျော်ရှိပြီး သူတို့ထဲက အများစုဟာ အဲဒီဒေသခံတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေက လုပ်ပေးထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ ပညာင်သင်ကြားနေကြရပါတယ်။
    အစိုးရက အဲဒီကျူးကျော်ရပ်ကွက်က စာသင်ကျောင်းတွေ၊ ဆေးခန်းတွေနဲ့ အိမ် ထောင်ပေါင်းများစွာကိုဖျက်ပြီး လမ်းတစ်ခုဖောက်လုပ်ဖို့ စီစဉ်နေကာ ဒေသခံတွေကတော့ ဒီကိစ္စကိုရပ်တန့်ဖို့အတွက် တရားရုံးအထိ တက်ထားကြပါတယ်။
    ၃။ ဒါရာဝီ (Dharavi)၊ မွမ်ဘိုင်း၊ အိန္ဒိယ (လူဦးရေ ၁ သန်း)
    slum-3
    ဒါရာဝီ (Dharavi)၊ မွမ်ဘိုင်း၊ အိန္ဒိယ (လူဦးရေ ၁ သန်း)
    ကမ္ဘာကျော် ဘောလီးဝုဒ်ရုပ်ရှင်ဖြစ်တဲ့ Slumdog Millionaire ရိုက်ကူးခဲ့ရာ ကျူးကျော်ရပ်ကွပ် ဒါရာဝီဟာ အငယ်စား စီးပွားရေးလုပ်ငန်းပေါင်းများစွာ ပေါ်ထွန်းလာတဲ့ ရပ်ကွက်ကြီးဖြစ်ပြီး အဲဒီစီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှုတန်ဖိုးဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁ ဘီလီယံလောက်ကို ရှိနေပါတယ်။
    ဒီ ဒါရာဝီ ကျူးကျော်ရပ်ကွက်ကြီးဟာ အိန္ဒိယရဲ့ စီးပွားရေးမြို့ မွမ်ဘိုင်းရဲ့ အိမ်ခြံမြေလုပ်ငန်းမှာ အချက်အခြာကျတဲ့နေရာကြီးဖြစ်နေပြီး ဒီရပ်ကွက်ဖွံ့ဖြိုးအောင် အစိုးရရဲ့ကြိုးပမ်းမှုကိုတော့ နေထိုင်သူတွေက ဆန့်ကျင်ထားကြပါတယ်။
    “Slumdog Millionaire မှာ ရိုက်ပြထားတဲ့အတိုင်း လူတွေက ကျူးကျော်ရပ်ကွက်တွေဟာ မျှော်လင့်ချက်ပျက်သုဉ်းရာ နေရာကြီးဖြစ်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် စနစ်မကျတဲ့ ရေဆိုးမြောင်းတွေ၊ ပလက်စတစ်အမိုးတွေကို ကျော်ပြီးကြည့်မယ်ဆိုရင်တော့ ဒီဆင်းရဲသားတွေဟာ အင်မတန်တက်ကြွနေတဲ့ စီးပွားရေးဈေးကွက်ကြီးဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ ဒီ ဆင်းရဲသားလူတန်းစားမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးနဲ့ လှုမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆက်လက်ရှင်သန်ခွင့်မပေးရင် တန်ဖိုးနည်းအိမ်ယာ စီမံကိန်းဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” လို့ စီးပွားရေးပညာရှင်နဲ့ စာရေးဆရာဖြစ်သူ ဆန်ဂျီဗ် ဆန်ယဲလ်က ပြောကြားခဲ့ပါတယ်။
    ၄။ ဆူဒတ်နီဇာ(Ciudad Neza)၊ မက္ကဆီကိုစီးတီး၊ မက္ကဆီကို (လူဦးရေ ၁.၂ သန်း)
    slum-4
    ဆူဒတ်နီဇာ(Ciudad Neza)၊ မက္ကဆီကိုစီးတီး၊ မက္ကဆီကို (လူဦးရေ ၁.၂ သန်း)
    မက္ကဆီကိုစီးတီးအရှေ့ပိုင်းမှာရှိပြီး တစ်ချိန်တုန်းက စနစ်မကျ၊ သန့်ရှင်းမှုမရှိတဲ့ ဆူဒတ်နီဇာ ကျူးကျော်ရပ်ကွက်ကြီးဟာ အခုတော့ နေထိုင်သူတွေရဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်အောင် တည်ဆောက်မှု၊ အခြေခံဝန်ဆောင်မှုရအောင် ကြိုးပမ်းမှုတွေနဲ့အတူ ဆင်ခြေဖုံးဒေသလေးတစ်ခုနဲ့ ပိုတူလာပါပြီ။
    ရာဇ၀တ်မှုမြင့်မားနေတာ၊ စာသင်ကျောင်းတွေ လိုအပ်နေတာ၊ အလုပ်လက်မဲ့တွေများနေတာမျိုး ရှိနေပေမယ့်လည်း ဆူဒတ်နီဇာရပ်ကွက်မှာ နေထိုင်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုဟာ အခြားကျူးကျော်ရပ်ကွက်တွေအတွက် အတူယူစရာ ဖြစ်ပါတယ်။
    မက္ကဆီကိုစီးတီးရဲ့ မြို့စီမံကိန်း တာဝန်ရှိသူနဲ့ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျိုဆေး ကက်စတီလိုကတော့ “ဒီနေရာမှာ ဂုဏ်ယူစရာ ကြီးကြီးမားမားရှိပါတယ်။ ပြည်သူတွေသာ လက်တွဲပူးပေါင်းမယ်ဆိုရင် ဒီဒေသကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ အယူအဆမျိုးကို ဒီလူ့အဖွဲ့အစည်းက စွဲကိုင်ထားကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
    ၅။ အော်ရန်ဂီတောင်း (Orangi Town)၊ ကရာချီ၊ ပါကစ္စတန် (လူရီးရေ ၂.၄ သန်း)
    slum-5
    အော်ရန်ဂီတောင်း (Orangi Town)၊ ကရာချီ၊ ပါကစ္စတန် (လူရီးရေ ၂.၄ သန်း)
    အာရှရဲ့ အကြီးဆုံး ကျူးကျော်ရပ်ကွက်ကြီးဖြစ်တဲ့ အော်ရန်ဂီတောင်းမှာ လူဦးရေ ၂.၄ သန်းဝန်းကျင်လောက် နေထိုင်ကြတယ်လို့ဆိုပေမယ့် အရေအတွက်အတိအကျကိုတော့ ဘယ်သူမှ မသိကြပါဘူး။
    သင့်တော်တဲ့ ရေဆိုးစွန့်ပစ်စနစ်မရှိဘဲ အစိုးရက လုပ်မလားလို့ မျှော်လင့်ထားခဲ့ပေမယ့် ဖြစ်မလာတာကြောင့် ဒီရပ်ကွက်မှာနေထိုင်သူတွေဟာ သူတို့ကိုယ်တိုင်တူးကာ မိလ္လာစနစ်ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။
    လက်ရှိမှာတော့ အော်ရန်ဂီတောင်းရဲ့ လမ်းပေါင်း ၈၀၀၀ နီးပါးက ၉၀ ရာခိုင်နှုန်းကျော်မှာ ရေဆိုးစွန့်ပိုက်တွေကို တပ်ဆင်နိုင်ခဲ့ပြီး အားလုံးကို ပြည်သူတွေက ကိုယ်ထူကိုယ်ထ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
    Ref: weforum.org
  • လိင်သန့်ရှင်းရေးဓလေ့တွင် ပါဝင်သူကို မာလာဝီက အပြစ်ရှိကြောင်း ဆုံးဖြတ်
    လိင်သန့်ရှင်းရေးဓလေ့တွင် ပါဝင်သူကို မာလာဝီက အပြစ်ရှိကြောင်း ဆုံးဖြတ်
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    malawi
    – ‘လိင်သန့်ရှင်းရေး’ (sexual cleansing) ဟု ခေါ်သည့် အာဖရိက ဓလေ့ထုံးတမ်းတစ်ခုကို လိုက်နာကျင့်သုံးသည့်အနေဖြင့် အမျိုးသမီး ၁၀၄ ဦးနှင့် လိင်ဆက်ဆံခဲ့သည့် လိင်လုပ်သား အမျိုးသားတစ်ဦးကို မာလာဝီတရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
    အသက် ၄၅ နှစ်အရွယ်ရှိ အဲရစ် အေနီဗာဆိုသူဖြစ်ပြီး HIV ပိုး ကူးစက်နေသူလည်းဖြစ်ကာ အန်ဆန်ဂျီ ခရိုင်တရားရုံးတွင် သောကြာနေ့က စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အမိန့်ကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် ချမှတ်မည်ဖြစ်သည်။
    “စွပ်စွဲခံရသူဟာ ဆိုးရွားတဲ့ကျင့်သုံးမှုမှာ ပါဝင်တယ်ဆိုတာ သံသဖြစ်စရာမလိုအောင်ကို သက်သေထင်ရှားနေပါတယ်။ စွပ်စွဲခံရသူအနေနဲ့ အပြစ်ရှိတယ်ဆိုတာ တွေ့ရှိခဲ့ရပြီး၊ အပြစ်ရှိကြောင်းလည်း ဆုံးဖြတ်ပါတယ်” ဟု တရားသူကြီး အင်နိုးဆင့် နီဘီက ပြောကြားခဲ့သည်။
    ၎င်း လိင်ဆက်ဆံခဲ့သည့် အမျိုးသမီးများတွင် HIV ပိုးကူးစက်မှုကို မတွေ့ရသောကြောင့် ဆုံးဖြတ်ချက်တွင် HIV ပိုး ဖြန့်ဝေမှုဖြင့် အပြစ်ရှိကြောင်း မပါဝင်ခဲ့ပေ။
    ‘လိင်သန့်ရှင်းရေး’ (sexual cleansing) ဟုခေါ်သည့် ဓလေ့ထုံးတမ်းမှာ ကင်ညာ၊ ဇမ်ဘီယာ၊ မာလာဝီ၊ ယူဂန်ဒါ၊ တန်ဇန်းနီးယား၊ မိုဇမ်ဘတ်၊ အန်ဂိုလာ၊ အိုက်ဗရီကို့စ်၊ ကွန်ဂို၊ ဂါနာနှင့် နိုက်ဂျီးရီးယားတို့ရှိ ဒေသအများအပြားတွင် ကျင့်သုံးသည့် ဓလေ့ထုံးတမ်းဖြစ်သည်။
    အမျိုးသမီးများ ပထမဆုံး ရာသီသွေးပေါ်ပြီးချိန်၊ မုဆိုးမဖြစ်ပြီးချိန်နှင့် ကလေးဖျက်ချပြီးချိန်တွင် အမျိုးသားတစ်ဦးနှင့် လိင်ဆက်ဆံရခြင်းဖြစ်ပြီး များသောအားဖြင့် လက်ထပ်ရန် ရည်ရွယ်ထားသူအမျိုးသား၊ ကွယ်လွန်သူအမျိုးသား၏ ညီအစ်ကို သို့မဟုတ် ဆွေမျိုးထဲမှ အမျိုးသားတစ်ဦးဖြင့်လည်းကောင်း၊ ငွေကြေးတစ်စုံတစ်ရာပေးရသည့် လိင်အလုပ်သမားဖြင့်လည်းကောင်း ပြုလုပ်ကြသည်။
    မာလာဝီတွင်မူ နိုင်ငံတောင်ပိုင်းတွင် အဆိုပါဓလေ့ထုံးတမ်းကို အများဆုံးကျင့်သုံးကြပြီး ‘hyena’ ဟုခေါ်သည့် လိင်အလုပ်သမားကို မိသားစုများက ခန့်ထားကာ ဆောင်ရွက်ကြသည်။
    “ကျွန်တော်က ဒီဓလေ့ထုံးတမ်းကို ကျင့်သုံးခဲ့တယ်ဆိုတာကို ၀န်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုဖမ်းလိုက်တာ၊ တရားစွဲတာ၊ ထောင်ချလိုက်ရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက ရှိခဲ့တဲ့ ဒီလေ့ထုံးတမ်း အခြားသူတွေ ကျင့်သုံးတာမျိုးကို ရပ်တန့်လို့ရမှာ မဟုတ်ပါဘူး” ဟု အေဗာနီက ပြောကြားခဲ့သည်။
    မုဆိုးမများကို ကွယ်လွန်သွားသည့်အမျိုးသား၏ ၀ိဉာဏ်ငြိမ်းချမ်းရာစေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ အပျိုဖော်ဝင်သူများကို အရွယ်ရောက်ကြောင်း အထိမ်းအမှတ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း ကျင်သုံးခြင်းဖြစ်ပြီး ထိုသို့မဆောင်ရွက်ပါက မိသားစု သို့မဟုတ် လူ့အဖွဲ့အစည်းတွင် နေထိုင်မကောင်းခြင်း၊ ကံမကောင်းခြင်းတို့ ဖြစ်တတ်သည်ဟု အယူရှိကြသည်။
    အေနီဗာ၏ ယခုအမှုမှာ မာလာဝီနိုင်ငံတွင် အုံးအုံးကြွက်ကြွက်ဖြစ်ခဲ့ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများကမူ ၎င်းကို အမြတ်ထုတ်ဟု ရှုမြင်ကြကာ တစ်ချိ့က ဓလေ့ထုံးတမ်း၏ ဓားစားခံဟု ရှုမြင်ကြသည်။
    အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရသည့် အေနီဗာမှာ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။
    မာလာဝီနိုင်ငံမှာ ကမ္ဘာပေါ်တွင် HIV ကူးစက်မှုအဆိုးရွားဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး အရွယ်ရောက်ပြီးသူအရေအတွက် ၉ ရာခိုင်နှုန်းမှာ HIV ပိုး ကူးစက်နေကြသည်။
    Ref: Aljazeera
  • ကစားခွင့်မရသော်လည်း ဂျရူးမှာ ၀င်းဂါးအတွက် ရေးပါနေဆဲ
    ကစားခွင့်မရသော်လည်း ဂျရူးမှာ ၀င်းဂါးအတွက် ရေးပါနေဆဲ
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    arsenal-2
    – အိုးထရက်ဖို့ဒ်သူရဲကောင်း တိုက်စစ်မှူးဂျရူးမှာ ပုံမှန်ကစားခွင့်မရသည့်အတွက် စိတ်ပျက်နေသည်ဟု အာဆင်နယ်နည်းပြ ၀င်းဂါးက ၀န်ခံပြောကြားလိုက်ပြီး မိမိအနေဖြင့် ၎င်းအား အရေးပါသည့် ကစားသမားအဖြစ် မှတ်ယူထားဆဲဟု ဆိုသည်။
    ယမန်နေ့က အိုးထရက်ဖို့ဒ်တွင် နောက်ကျဂိုးသွင်းကာ အာဆင်နယ်အတွက် အဖိုးတန် သရေ ၁ မှတ် ရယူပေးခဲ့သည့် ဂျရူးမှာ ခြေချောင်းဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက်ပိုင်း ယခုနှစ်အစကတည်းက ပွဲထွက်ခွင့်ရသေးဘဲ၊ လူစာဝင်းကစားသမားအဖြစ် ၃ ဂိုး သွင်းပေးထားသည်။
    “အိုလီဗီယာ ဂျရူးကို ကျွန်တော်ဟာ ပုံမှန်ကစားသမားအဖြစ် မှတ်ယူထားတာပါ။ သူ အားလပ်ရပ်ယူပြီး ပြန်လာတဲ့အခါ ဒဏ်ရာနည်းနည်းရခဲ့တယ်။ သိပ်မကြာသေးခင်ကမှ ပြန်ကစားနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ ပွဲမှာ သူ စိတ်ပျက်ခဲ့တယ်ဆိုတာ ဟုတ်ပါဘူး။ ဒါပေမယ့် သူက အဆင်သင့်ဖြစ်နေတာကြောင့် ဒါမျိုးဖြစ်တာ မထူးဆန်းပါဘူး။ ကျွန်တော် အဖြေရှာပြီးသားပါ။ ဆန်းချက်ဇ်က ရာသီအစကတည်းက ကောင်းနေတယ်။ ကျွန်တော့မှာ ရွေးချယ်မှုနှစ်ခုရှိပြီး ဆန်းချက်ဇ်က တောင်ပံကစားနိုင်တာကြောင့် ဒီရွေးချယ်မှုနှစ်ခုစလုံးကို သုံးနိုင်ပါတယ်။ အိုလီဗီယာက အလယ်မှာပဲကစားနိုင်တယ်။ ဒါ့ကြောင့်တ တစ်ခါတစ်လေမှာ သူတို့နှစ်ယောက်ကို တွဲပေးလိုက်မှာပါ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    အာဆင်နယ်မှာ မန်ယူကို အိုးထရက်ဖို့တွင် ၂၀၀၆ ခုနှစ် စက်တင်ဘာကတည်းက အနိုင်မရခဲ့ဘဲ၊ ၀င်းဂါးကလည်း မော်ရငင်ဟင်နှင့် ၁၂ ကြိမ်တွေ့ဆုံရာတွင် တစ်ကြိမ်မှ အနိုင်ရခဲ့ခြင်း မရှိချေ။ ၀င်းဂါကမူ ထိုအချက်အလက်များက ကစားသမားများအပေါ် ၀န်ပိခဲ့သည်ဟု ၀န်ခံခဲ့သည်။
    Ref: Goal