News @ M-Media

Blog

  • ဓားဖြင့်တိုက်ခိုက်သည်ဟုဆိုကာ ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်မှု မရပ်သေး

    ဓားဖြင့်တိုက်ခိုက်သည်ဟုဆိုကာ ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်မှု မရပ်သေး

    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    is

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် ကြိုးစားသည်ဟုဆိုကာ ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးက ယမန်နေ့တွင် ပစ်သတ်ခဲ့သည်ဟု သိရသည်။

    အနောက်ဖက်ကမ်း နာဘလုစ်တောင်ဘက် ဟာဝါရာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ လူငယ်အမျိုးသားတစ်ဦးဖြစ်သည်။

    ပြီးခဲ့သည့်လအနည်းငယ်အတွင်း အစ္စရေးမှာ ၎င်းတို့အား ဓားဖြင့်တိုက်ခိုက်ရန် ကြိုးစားသည်ဟုစွပ်စွဲကာ ပါလက်စတိုင်းပိုင်နက်တစ်လျှောက်တွင် ပါလက်စတိုင်းပြည်သူ အမြောက်အများကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

    နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများကမူ အစ္စရေးစစ်တပ်၏ ထိုကဲ့သို့ တရားလက်လွတ်သတ်ဖြတ်မှုများကို ရှုတ်ချထားသည်။

    ၂၀၁၅ ခုနှစ် သြဂုတ်လက ဂျေရုစလင်ရှိ အလ်-ကွဒ်စ် ဗလီဝတ်ကျောင်းတော်အတွင်းသို့ တရားမ၀င် ဂျူးအခြေချနေထိုင်သူများနှင့် အစ္စရေး လုံခြုံရေးတပ်ဖွဲ့များက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းများအား တိုက်ခိုက်ခဲ့ပြီးနောက် ပါလက်စတိုင်းပိုင်နက်များတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ထိုအချိန်မှစ၍ အစ္စရေး၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၂၅၀ နီးပါး သေဆုံးခဲ့သည်။

    Ref : Presstv

  • ဗာဒီဂိုးပေါက်ပြန်တွေ့မည်ဟု ဟက်စကီး အာမခံ

    ဗာဒီဂိုးပေါက်ပြန်တွေ့မည်ဟု ဟက်စကီး အာမခံ

    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    vardy

    – ယခုနှစ်တွင် ဂိုးပေါက်ပျောက်ပြီး ရုန်းကန်နေရသည့် လက်စတာတိုက်စစ်မှူး ဂျာမီဗာဒီအနေဖြင့် မကြာမီ ဂိုးများ ပြန်သွင်းနိုင်လိမ့်မည်ဟု လက်စတာနှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်း အီမီလီ ဟက်စကီးက ပြောကြားလိုက်သည်။

    ဗာဒီမှာ ပြီးခဲ့သည့်နှစ်တွင် အသင်းအတွက် ၂၄ ဂိုးသွင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သည်။ နွေရာသီအပြောင်းအရွှေ့တွင် အာဆင်နယ်အသင်းမှ ပေါင်း သန်း ၃၀ ဖြင့်ကမ်းလှမ်းမှုကို ငြင်းပယ်ကာ လက်စတာတွင်သာ ဆက်နေခဲ့ပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ်တွင် ၂ ဂိုးသာ သွင်းယူထားနိုင်ပြီး ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည်။

    ဟက်စကီးကမူ ဗာဒီအနေဖြင့် မနှစ်ကကဲ့သို့ ဂိုးများလိုချင်ပါက ဂိုးရှေ့တွင် ပိုမိုတည်ငြိမ်ရမည်ဟုဆိုသည်။

    “ဂိုးသွင်းဖို့ ရုန်းကန်နေရပေမယ့် စွမ်းဆောင်မှုကတော့ ကောင်းပါတယ်။ နည်းနည်းဂိုးမိုးခေါင်နေပြီး ကျွန်တော်ကတော့ သူ့အနေနဲ့ ဂိုးဧရိယာအတွင်မှာနေကာ ကိုယ်တိုင်နဲ့ အခြားသူတွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးစေချင်ပါတယ်။ သူက နေရာမှန်မှာရှိတယ်။ နည်းနည်းတည်ငြိမ်ဖို့ လိုနေတာပါ။ ဒီလိုမှပဲ သူဟာ ယုံကြည်မှုပြန်ရမှာပါ” ဟု ဟက်စကီးက ပြောကြားခဲ့သည်။

    Ref: Goal

  • တောင်ကိုရီးယားသမ္မတ၏ အာဏာခွဲဝေမှုအစီအစဉ် အတိုက်အခံက လက်မခံ

    တောင်ကိုရီးယားသမ္မတ၏ အာဏာခွဲဝေမှုအစီအစဉ် အတိုက်အခံက လက်မခံ

    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    south

    – နိုင်ငံရေးအကြပ်အတည်းဖြစ်နေသည့် တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးက ရာထူးတည်မြဲစေရန် ရည်ရွယ်၍ ၀န်ကြီးချုပ်ရာထူးပေးရန် ကမ်းလှမ်းမှုအား အတိုက်အခံပါတီက ပယ်ချလိုက်သည်ဟု သိရသည်။

    သမ္မတအိမ်တော်မှ ယမန်နေ့တွင်ထုတ်ပြန်သည့် ကြေငြာချက်၌ သမ္မတမှာ အတိုက်အခံများနှင့် အာဏာခွဲဝေရန် အမှန်တကယ် စိတ်ဆန္ဒရှိနေပြီး ၀န်ကြီးချုပ်ရာထူးကို အတိုက်အခံဘက်မှ ရွေးချယ်ရေး အသေးစိတ်ဆွေးနွေးရန်အတွက် အာဏာရပါတီနှင့် အတိုက်အခံပါတီ နှစ်ခုစလုံးကို အစည်းအဝေးခေါ်ခဲ့သည်ဟု ဖော်ပြထားသည်။

    သို့သော်လည်း ပတ်ဂျုံဟေး၏ ထိုကမ်းလှမ်းမှုမှာ သံသယဖြစ်စရာကောင်းနေပြီး စဉ်းစားရန်ပင် မထိုက်တန်ဟု အတိုက်အခံဖက်က ပြန်လည် တုန့်ပြန်ခဲ့သည်။

    ထို့ပြင် သမ္မတအနေဖြင့် ၀န်ကြီးချုပ်အား ကက်ဘိနတ်ဝန်ကြီးများရွေးချယ်ခြင်း၊ နိုင်ငံ့အရေးများကို ကိုင်တွယ်ခြင်းတို့တွင် လွတ်လပ်စွာလုပ်ပိုင်ခွင့်နှင့် ကြားဝင်မနှောက်ယှက်ဟူသော အာမခံချက်ပေးရန်လည်း တိုက်တွန်းခဲ့သည်။ ပက်ကမူ ၀န်ကြီးချုပ်အဖြစ် သူမအဆိုပြုထားမှုကို ရုပ်သိမ်းရန် တောင်းဆိုမှုကို အင်္ဂါနေ့က လိုက်လျောခဲ့သော်လည်း ထိုကဲ့သို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးရမည့်ကိစ္စအား သဘောတူညီလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိသေးပေ။

    “အတိုက်အခံနဲ့ အာဏာရပါတီတို့ရဲ့ သဘောတူညီချက်နဲ့ ပါလီမန်က သင့်တော်တဲ့လူတစ်ယောက်ကို အဆိုပြုမယ်ဆိုရင် ကျွန်မ အဲဒီလူကို ၀န်ကြီးချုပ် ခန့်အပ်သွားမှာဖြစ်ပြီး ကတ်ဘိနတ်ကို ကိုင်တွယ်ခွင့်ပေးမှာဖြစ်ပါတယ်” ဟု ပက်က ပါလီမန်တွင်ပြောကြားခဲ့သည်။

    ပက်ဂျုံဟေး၏ မိတ်ဆွေဖြစ်သူ ချိုဆွန်ဆီလ်မှာ နိုင်ငံရေးရာများတွင် ၀င်ရောက်စွက်ဖက်ခြင်း၊ သမ္မတနှင့် သိကျွမ်းမှုကို အသုံးချကာ စီးပွားရေးလုပ်ငန်းကြီးများမှ ငွေကြေးအလှူခံခြင်းတို့ ရှိခဲ့သည်ဟု သတင်းထွက်ခဲ့ပြီးနောက် တောင်ကိုရီးယားက ပြည်သူများက သမ္မတနှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

    ၎င်းတို့နှစ်ဦးစလုံးမှာ နောက်ပိုင်းတွင် မှားယွင်းကြောင်း တောင်းပန်ခဲ့ပြီး ချိုကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ သို့သော်လည်း ပြည်သူများကမူ သမ္မနှုတ်ထွက်ရန်သာ ဆက်လက်တောင်းဆိုနေကြသည်။

    Ref : Presstv

  • ဒိုင်လူကြီးအိမ်မီးရှို့ခံရမှုကြောင့် ဂရိတွင် ဘောလုံးပွဲအားလုံး ရပ်နား

    ဒိုင်လူကြီးအိမ်မီးရှို့ခံရမှုကြောင့် ဂရိတွင် ဘောလုံးပွဲအားလုံး ရပ်နား

    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    greece

    – ဒိုင်လူကြီးများဆိုင်ရာ အကြီးအကဲဖြစ်သော ဂျီအော်ဂို့စ် ဘီကက်စ်အိမ်ကို မီးရှို့တိုက်ခိုက်သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် နိုင်ငံအတွင်းရှိ ဘောလုံးပြိုင်ပွဲများအားလုံးကို ဂရိဘောလုံးအဖွဲ့ချုပ် EPO က ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

    ဒိုင်လူကြီးများကော်မတီ KED ၏ အကြီးအကဲဖြစ်သူ ဘီကက်စ်၏ နေအိမ်မှာ ယမန်နေ့မနက် အစောပိုင်းက မီးလောင်ခဲ့ပြီး ရှို့မီးဖြစ်မည်ဟု ယူဆရသည်။ အခင်းဖြစ်ပွားချိန်တွင် ဘီကက်စ်နှင့် မိသားစုမှာ နေအိမ်၌ မရှိခဲ့ချေ။

    EPO ၏ အမှုဆောင်ကော်တီမှာ အရေးပေါ် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး နိုင်ငံအတွင်း ကစားနေသည့် ဘောလုံးပြိုင်ပွဲများအားလုံးကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကာ ထိုဆုံးဖြတ်ချက်ကိုလည်း ဖီဖာနှင့် ယူအီးအက်ဖ်အေဆိုင်ရာ ဂရိကိုယ်စားလှယ်ထံသို့ အကြောင်းကြားခဲ့သည်။

    ဂရိဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဘီကက်စ်၏အိမ်အား မီးရှို့ဖျက်ဆီးမှုကို ရှုတ်ချခဲ့ပြီး ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် မိမိတို့အနေဖြင့် ဘီကက်စ်ကို အပြည့်အ၀ ထောက်ခံသွားမည်ဟုလည်း ဆိုသည်။

    ဂရိထိပ်တန်းကလပ်များဖြစ်သော အိုလံပီယာကော့စ်နှင့် PAOK တို့ကလည်း ကြေငြာချက်များထုတ်ပြန်ခဲ့ပြီး ဘီကက်စ်နှင့် KED တို့အား ထောက်ခံကြောင်း ပြသခဲ့ကြသည်။

    Ref: Goal

  • အမေရိကန်ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရပြီးနောက် အစွန်းရောက်များ ခေါင်းထောင်

    အမေရိကန်ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရပြီးနောက် အစွန်းရောက်များ ခေါင်းထောင်

    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    – နိုဝင်ဘာ ၈ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့်က အံ့သြဖွယ်ရာ အနိုင်ရခဲ့မှုအတွက် အမေရိန်ကအပါအ၀င် ကမ္ဘာတစ်ဝှမ်းက လက်ယာစွန်းရောက်တွေ၊ လူဖြူအစွန်းရောက်တွေ၊ လူမျိုးရေးခွဲခြားသူတွေက တစ်ခဲနက် သြဘာပေးခဲ့ကြပါတယ်။

    အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး အစွန်းရောက်အကြမ်းဖက်အဖွဲ့ KKK ရဲ့ ခေါင်းဆောင်ဟောင်း ဒေးဗစ်ဒူကေးက ထရမ့်အနိုင်ရရှိတဲ့ညဟာ သူ့ရဲ့ဘ၀မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး ညတွေထဲက တစ်ခုဖြစ်ပြီး မိမိတို့ပြည်သူတွေဟာ ထရမ့် ရွေးကောက်တင်မြှောက်ခံရမှုမှာ ကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ Twiiter စာမျက်နှာကတစ်ဆင့်ရေးသားခဲ့ပါတယ်။

    “ဒေါ်နယ်ထရမ့်ကို ဘုရားသခင်ကောင်းချီးပေးပါစေ။ မှန်တာတွေလုပ်ဖို့ အချိန်ကြပါပြီ။ အမေရိကကို ပြန်ယူဖို့ အချိန်ပါပဲ” လို့ ဒူကေးက ထရမ့်ပုံနဲ့အတူ Twitter စာမျက်နှာ ရေးသား မျှဝေခဲ့ပါတယ်။

    ၁၉၈၀ ပြည့်နှစ်တွေက အမေရိကန်တောင်ပိုင်းမှာ သန္ဓေတည်လာခဲ့တဲ့ KKK အဖွဲ့ဟာ မဟာလူဖြူဝါဒ၊ လူဖြူအမျိုးသားရေးဝါဒ၊ ပြောင်းရွှေ့အခြေချမှုဆန့်ကျင်ရေးဝါဒ၊ ကက်သလစ်ဆန့်ကျင်ရေးဝါဒ၊ ဂျူးဆန့်ကျင်ရေးဝါဒ၊ ဌာနေ၀ါဒ၊ ခရစ်ယာန်ကြီးစိုးရေ၀ါဒတွေကို လက်ကိုင်ထားတဲ့ ပရိုတက်စတင့် ခရစ်ယာန်လက်ယာစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

    နောက်ပိုင်း KKK အဖွဲ့အစည်းတွေဟာ ဖက်စစ်ဝါဒနဲ့ နာဇီဝါဒတို့ကိုလည်း လက်ကိုင်ပြုခဲ့ကြပါတယ်။ KKK အဖွဲ့ဟာ လူမည်းတွေ၊ ဂျူးတွေ၊ ကက်သလစ်ခရစ်ယာန်တွေ၊ ကွန်မြူနစ်တွေနဲ့ အမေရိကန်က အခြားသော လူနည်းစုတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုတွေထဲမှာ မီရှို့ဖျက်ဆီးတာ၊ လုယက်တာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာ စတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းပေါင်းစုံ ပါဝင်ခဲ့ပါတယ်။

    ext

    မြောက်ကယ်ရိုလိုင်းနားက KKK လုံးအဖွဲ့တစ်ခုဖြစ်တဲ့ Loyal White Knights ကတော့ ထရမ့်အနိုင်ရမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ချီတက်လမ်းလျှောက်ပွဲ ကျင်းပသွားမယ်လို့ သူတို့ရဲ့ ၀ဘ်ဆိုက်မှာ ကြေငြာခဲ့ပါတယ်။

    နယ်သာလန်

    နယ်သာလန်က လက်ယာစွန်းရောက်ပါတီ Party for Freedom ခေါင်းဆောင် ဂါ့တ် ၀ိုင်းလ်ဒါးကတော့ ထရမ့်အနိုင်ရမှုကို ချီးကျူးခဲ့ပြီး မိမိတို့လည်း ဒီလိုအနိုင်ရလိမ့်မယ်လို့ ဆိုရှယ်မီဒီယာကနေ ကြေငြာခဲ့ပါတယ်။

    “(အမေရိကန်) ပြည်သူတွေက ext-2သူတို့ရဲ့နိုင်ငံကို ပြန်ယူနေပါပြီ။ ကျွန်တော်တို့လည်း ယူပြန်ရမှာပါ”

    ၂၀၀၆ ခုနှစ်ကဖွဲ့စည်းခဲ့တဲ့ Party for Freedom ပါတီဟာ အမျိုးသားရေးဝါဒ၊ လက်ယာစွန်းရောက်ဒါကို စွဲကိုင်တဲ့ နိုင်ငံရေးပါတီဖြစ်ပြီး ၀ိုင်းလ်ဒါးက ဦးဆောင်တာဖြစ်ကာ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲမှာ ၉ နေရာနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ၂၄ နေရာနိုင်ခဲ့ပါတယ်။

    ပြင်သစ်

    ထရမ့်ရဲ့ အောင်မြင်မှုအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့သူ နောက်ထပ် လက်ယာစွန်းရောက်တစ်ဦးကတော့ ပြင်သစ်က National Front (FN) ခေါင်းဆောင် မာရိန်း လီ ပန်ဖြစ်ပြီး တရားဝင်ရလဒ် မထွက်ခင်ကတည်းက ထရမ့်ကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

    ပြင်သစ်ဘာသာစကားနဲ့ ရေးသားခဲ့တဲ့ သူ့ရဲ့ ချီးကျူးမှု အဓိပ္ပါယ်ကတော့ “အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ အမေရိကန်ပြည်သူတွေ လွတ်မြောက်မှုအတွက် ဂုဏ်ပြုပါတယ်” ဆိုတာပဲ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာ မာရိန်းဟာ သူ့ပါတီရဲ့ ဌာနချုပ်ကနေပြီး ထပ်မံဂုဏ်ပြုခဲ့ကာ ထရမ့်အနိုင်ရရှိမှုက ‘ကမ္ဘာကြီးအတွက် ကြီးကျယ်တဲ့ အရွေ့’ ဖြစ်တယ်လို့ဆိုပြီး ယူကေဟာ အီးယူကနေခွဲထွက်ဖို့ မဲပေးမှုနဲ့ အခုအမေရိကန်ရဲ့ ရွေးကောက်ပွဲဟာ ကမ္ဘာကြီးအတွက် ရောင်နီသစ်လို့ တင်စားခဲ့ပါတယ်။

    ဂျာမနီ

    ဂျာမနီက အမျိုးသားရေးဝါဒ၊ လက်ယာစွန်းရောက်ပါဒ၊ ဥရောပလူမျိုးကြီးဝါဒ၊ ကွန်ဆာဗေးတစ်ဝါတွေကို စွဲကိုင်ထားတဲ့ Alternative for Germany ပါတီကိုယ်စားပြု လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဘီယာထရစ် ဗွန်စတော့ခ်ျက အမေရိကန် ရွေးကောက်ပွဲရလဒ်ကို သမိုင်းဝင်ရလဒ်ကို သမုတ်ခဲ့ပါတယ်။

    “ထရမ့်ကိုယ်တိုင်က ပြောင်းရွှေ့လာသူဖြစ်ပေမယ့် အမေရိကန်ကို အမှတ်တကယ် ပြောင်းလဲမယ်ဆိုတာကို သူသက်သေပြသွားမှာပါ။ အထူးသဖြင့် နိုင်ငံခြားရေးပေါ်လစီမှာပေါ့” လို့ ပြောကြားခဲ့ကြောင်း ဂျာမနီ နေ့စဉ်သတင်းစာ Die Welt က ဖော်ပြခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်း

    ထရမ့်အနိုင်ရမှုအတွက် ၀မ်းမြောက်ကြတဲ့အထဲမှာ အရှေ့အလယ်ပိုင်းအခြေစိုက် အစွန်းရောက်အဖွဲ့လည်း ပါဝင်ပါတယ်။

    ဆီးရီးယားက အစွန်းရောက်အဖွဲ့တစ်ခုဖြစ်ပြီး အလ်ကိုင်းဒါးကိုသစ္စာခံတဲ့ Jabhat Fatah al-Sham အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟမ်ဇာ အလ်-ကာရီဘီက ထရမ့်ရဲ့အောင်မြင်မှုက ဒီမိုကရေစီကို ထိုးနှက်လိုက်တာလို့ ဆိုပါတယ်။

    “ထရမ့်ရဲ့အောင်မြင်မှုဟာ ဒီမိုကရေစီရဲ့ ကောင်းကြောင်းတွေကို အမွှမ်းတင်နေတဲ့သူတွေကို ရိုက်ချလိုက်တာဖြစ်ပါတယ်။ ဒီနေ့ကစပြီး အနောက်တိုင်းရဲ့ လျှို့ဝှက်ကြံစည်မှုတွေကို ကျွန်တော်တို့ မီဒီယာကနေတစ်ဆင့် ထုတ်ဖော်စရာ မလိုတော့ပါဘူး။ ထရမ့်ပြောသမျှကို ပြန်လည်မျှဝေရုံပါပဲ” လို့ Twiiter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

    Ref: theguardian, politico, independent