News @ M-Media

Blog

  • မြန်မာ့ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံရမှု နိုင်ငံရပ်ခြားထက် ပိုမိုဆိုးဝါးနေ

    မြန်မာ့ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံရမှု နိုင်ငံရပ်ခြားထက် ပိုမိုဆိုးဝါးနေ

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    fisherman

    – ထိုင်းငါးဖမ်းလုပ်ငန်းများက အင်ဒိုနီးရှားနိုင်ငံတွင် ကျွန်ပြုခိုင်းစေမှုမှ လွတ်မြောက်လာသည့် မြန်မာ ရေလုပ်သား ၄ ဦးမှာ မြန်မာ့ငါးဖမ်းလုပ်ငန်းတွင် ထပ်မံ၍ ကျွန်ပြုခိုင်းစေခံခဲ့ရသည်ဟု သိရသည်။

    ကရင်ပြည်နယ်ရှိ မြ၀တီမြို့မှ ရေလုပ်သား ၄ ဦးဖြစ်ပြီး မွန်ပြည်နယ် အစင်ကျေးရွာတွင် သူငယ်ချင်းတစ်ဦးက အလုပ်ရှာပေးရာမှ ရွာသားတစ်ဦးပိုင်ဆိုင်သည့် ‘ခေတ်လူငယ်’ အမည်ရသော ငါးဖမ်းသင်္ဘောတစ်စီးတွင် အလုပ်ရခဲ့ကာ တစ်လလျှင် ကျပ်တစ်သိန်းရမည်ဟု သဘောတူခဲ့သည်။

    သို့သော်လည်း ဘင်္ဂလားပယ်လယ်အော်တွင် တစ်လခန့် လုပ်ကိုင်ခဲ့ပြီးနောက် မိမိတို့မှာ ပိတ်မိနေကာ နောက်ထပ်တစ်ကြိမ် လူကုန်ကူးခံရသည်ကို သိရှိခဲ့ရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

    “အင်ဒိုနီးရှားမှာထက် မြန်မာငါးဖမ်းလုပ်ငန်းမှာ ကျွန်တော်တို့ဟာ ပိုဆိုးရွားတဲ့အခြေအနေကို ကြုံတွေ့ခဲ့ရပါတယ်။ ရေလုပ်သားတွေကို လှေမောင်းသူတွေက အမြဲလိုလိုရိုက်နှက်တယ်။ တစ်နေ့ကို ၁၉ နာရီလောက် အတင်းအဓမ္မ အလုပ်ခိုင်းတယ်။ တစ်လလုံး တစ်ကြိမ်တောင် ရေမချိုးရပါဘူး။ ကျွန်တော်တို့တိုင်းပြည်က ငါးဖမ်းလုပ်သားတွေရဲ့ အခြေအနေဟာ နိုင်ငံခြားကထက် ပိုပြီး ဆိုးရွားနေတယ်ဆိုတာ အစိုးရကို သိစေချင်ပါတယ်” ဟု အင်ဒိုနီးရှားတွင် ၅ နှစ်ကြာ ကျွန်ပြုခံခဲ့ရသူ ကိုလှိုင်မင်းက ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားတွင် ၈ နှစ်ကြာ ကျွန်ပြုခံခဲ့ရသည့် အခြား ငါးဖမ်းလုပ်သားတစ်ဦးဖြစ်သူ ကိုသန့်ဇင်ကလည်း ၎င်းမှာ စက်လှေမောင်းသူ၏လက်တွင် သေလုမြောပါး ရိုက်နှက်ခံရသည်ဟု ဆိုသည်။

    “ခြေထောက်ဖက်ပြီး တောင်းပန်တာတောင်မှ တုတ်ကြိုးအောင်ရိုက်ပြီးမှ ရပ်ပါတယ်” ဟု ကိုသန့်ဇင်ကဆိုပြီး ၎င်း၏ ကင်းတာဝန်ကိုယူမည့် အခြားသူတစ်ဦး အချိန်မီ မနိုးသည့်အတွက်ကြောင့် ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကိုလှိုင်မင်းက ‘လူကုန်ကူးမှုတိုက်ဖျက်ရေး သြစတေးလျ-အာရှ အစီအစဉ်’ မှ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချောထံ သတင်းပေးပို့ခဲ့ပြီးနောက် အဆိုပါ ပြည်တွင်းကျွန်ပြုခံ ရေလုပ်သား ၄ ဦးကို လူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ရေလုပ်သားများကမူ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ကမ်းလွန်ပင်လယ်ပြင်များတွင် ၎င်းတို့ကဲ့သို့ ကျွန်ပြုခံရေလုပ်သား ရာနှင့်ချီ ရှိနေပြီး၊ အများစုမှာ ပွဲစားများ၏ ရောင်းစားမှုကို ခံခဲ့ရကြောင်း၊ ၎င်းတို့မှာ လုပ်ခလစာမရဘဲ ရုပ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှုများကိုလည်း ခံနေရကြောင်း ပြောကြားခဲ့သည်။

    Ref: bangkokpost

  • အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများအား ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက် ရှုတ်ချကြောင်း PCN ကြေငြာချက် ထုတ်

    အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများအား ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက် ရှုတ်ချကြောင်း PCN ကြေငြာချက် ထုတ်

    ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများအား ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချကြောင်း ကို ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက် (PCN ) က ထုတ်ပြန်လိုက်ပါတယ်။
    pcn

  • နိုင်ငံတကာပညာရေးတွင် ယူအေအီး၏ အခန်းကဏ္ဍကို ယူနက်စကို ချီးကျူး

    နိုင်ငံတကာပညာရေးတွင် ယူအေအီး၏ အခန်းကဏ္ဍကို ယူနက်စကို ချီးကျူး

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    unesco
    ယူနက်စကိုအဖွဲ့ကြီး၏ အထွေထွေဒါရိုက်တာ အိုင်ရီနာ ဘိုကိုဗာ

    – နိုင်ငံတကာ ပညာရေးကဏ္ဍတွင် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ၏ ကူညီပံ့ပိုးပေးမှုများအတွက် ယူနက်စကိုအဖွဲ့ကြီး၏ အထွေထွေဒါရိုက်တာဖြစ်သူ အိုင်ရီနာ ဘိုကိုဗာက ချီးကျူးပြောဆိုလိုက်သည်။

    ကျောင်းဆရာများ၏ ထိထိရောက်ရောက်ပညာသင်ကြားနိုင်စွမ်း မြှင့်တင်ရေးအတွက် ‘ထူးခြားသည့် ကျင့်သုံးမှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ ဟမ်ဒန် ဘင် ရာရှစ် အလ်-မက်ခ်တွမ်ဆု’ နှင့်ပတ်သက်၍ အိုကိုဗာက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုဆုမှာ စွမ်းဆောင်ရည် ထူးခြားကောင်းမွန်သည့် ကျောင်းဆရာများကို အသိအမှတ်ပြုကာ၊ ပညာရေးဆိုင်ရာ အသင်းအဖွဲ့များတွင် အလွန်ကောင်းမွန်သည့် ကျင့်သုံးမှုများကို ဖြစ်ထွန်းစေသည်ဟု ဆိုသည်။

    ထို့ပြင် ဖက်ဒရယ်အမျိုးသားကောင်စီ (FNC) ၏ ဥက္ကဌ ဒေါက်တာ အမလ် အဗ္ဗဒူလာ အလ်-ကူဘိုင်စီကိုလည်း သူမ၏ ပြည်သူလူထုအတွက် လှုပ်ရှားမှုနှင့် လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် လွှတ်တော်ရေးရာကဏ္ဍများတွင် အားထုတ်မှုများ အတွက်လည်း ချီးကျူးခဲ့သည်။

    အာရပ်ဒေသအတွင်း ပထမဆုံး အမျိုးသမီးလွှတ်တော်ဥက္ကဌ ဖြစ်လာမှုအတွက် မိမိအနေဖြင့် ကူဘိုင်စီကို လေးစားအားကျမိကြောင်း၊ သူမမှာ မိမိတို့ ယူနက်စကိုအတွက်လည်း ကြီးကျယ်သည့် မိတ်ဆွေတစ်ဦးဖြစ်ပြီး အာရပ်ဒေသတွင်လည်း ထင်ရှားသည့် ပုဂ္ဂိုလ်ကျော်များမှ တစ်ဦးဖြစ်ကြောင်း ဘိုကိုဗာက ထပ်လောင်းပြောကြားခဲ့သည်။

    ဘိုကိုဗာနှင့် အလ်ကူဘေစီတို့သည် ပဲရစ်မြို့တွင် တွေ့ဆုံခဲ့ပြီး အကြမ်းဖက်ဝါဒနှင့် သမိုင်းဝင် အမွေအနှစ်များကို အကြမ်းဖက်သမားများက ဖျက်ဆီးမှုများအား တန်ပြန်တိုက်ခိုက်ရေး၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ ဒုက္ခသည်းအရေး၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ရေး စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

    ဘိုကိုဗာမှာ ဒီဇင်ဘာလတွင် ဒူဘိုင်းရှိ လွှတ်တော်၌ ကျင်းပမည့် အမျိုးသမီး လွှတ်တော်ဥက္ကဌများ၏ ထိပ်သီးအစည်းဝေးကို တက်ရောက်မည်ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းဝေးမှာ အာရပ်နိုင်ငံတစ်ခုတွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်ပြီး ယူအေအီး၏ မူဝါဒများ ချမှတ်ခြင်း၊ ပြည်သူလူထုများအား တိုက်တွန်းအားပေးခြင်း၊ ကမ္ဘာ့ရေးရာများတွင် ပါဝင်ဆောက်ရွကခြင်း စသည်တို့နှင့်ပတ်သက်၍ FNC ၏ အခန်းကဏ္ဍကို ဆွေးနွေးသွားမည်ဖြစ်သည်။

    Ref : IINA

  • ပွဲတိုင်းအတွက် ရေကုန်ရေခန်း ပေးဆပ်သည်ဟု ပေါ့ဘာပြော

    ပွဲတိုင်းအတွက် ရေကုန်ရေခန်း ပေးဆပ်သည်ဟု ပေါ့ဘာပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    pogba

    – မိမိ၏ ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်မှုများကို မိမိအနေဖြင့် နားလည်ပြီး၊ အသင်းအတွက် အမြဲတမ်း ရေကုန်ရေခန်း ပေးဆပ်နေသည်ဟု မန်ယူအသင်း၏ ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာက ပြောကြားလိုက်သည်။

    ပေါ့ဘာမှာ ယမန်နေ့က နယ်သာလန်အသင်းအား ပြင်သစ်က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသော ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို အဝေးကန်ချက်ဖြင့် သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိပြီးကတည်းက ကလပ်နှင့် နိုင်ငံအသင်းတို့တွင် ခြေစွမ်းကောင်းများ မပြသနိုင်မှုအတွက် ပေါ့ဘာမှာ ဝေဖန်ခံနေရသည်။

    “ကျွန်တော် ပြင်သစ်အသင်းအတွက် ကစားတာဖြစ်ပြီး အဲဒီအသင်းက ပေါ့ဘာတစ်ယောက်တည်းနဲ့ ကစားတဲ့အသင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ဦးကောင်းတစ်ယောက်ကောင်းအကြောင်း ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော် အသင်းအတွက် ကစားတယ်၊ အမြဲတမ်း ရေကုန်ရေခမ်းကစားပေးတာပါ” ဟု ပေါ့ဘာက Canal+ သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ဝေဖန်မှုများ ခံနေရသော်လည်း ပွဲများတွင်သာ အာရုံစိုက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်ကမူ ပေါ့ဘာအား ဝေဖန်မှုမှာ မဖြစ်သင့်သော်လည်း ဘောလုံးလောကမှာ ထိုကဲ့သို့ပင်ဖြစ်ကြောင်း ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။

    Ref : Goal

  • နိုင်ငံတကာ ဟာလာလ်ညီလာခံကို ခရိုးအေးရှားတွင် ကျင်းပမည်

    နိုင်ငံတကာ ဟာလာလ်ညီလာခံကို ခရိုးအေးရှားတွင် ကျင်းပမည်

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    croatia

    – နိုင်ငံတကာ ဟာလာလ်လုပ်ငန်းဆိုင်ရာ ထိပ်သီးညီလာခံတစ်ခုကို လာမည့်လတွင် ကျရောက်မည့် ကမ္ဘာ့ဟာလာလ်နေ့ (World Halal Day) ၌ ခရိုအေးရှားနိုင်ငံရှိ အိုပါတီဂျာမြို့တွင် ကျင်းပရန်ရှိနေသည်ဟု သိရသည်။

    အဆိုပါညီလာခံ၌ ကမ္ဘာ့ထင်ရှားသော ဟာလာလ်လုပ်ငန်းများ၊ ထုတ်လုပ်ဖြန့်ချီသူများ၊ ၀န်ဆောင်သူများ၊ စားသုံးသူများနှင့် ဈေးဆိုင်လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် သုတေသနအဖွဲ့များ၊ သံရုံးများ၊ အစိုးရဌာနများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ တက်ရောက်ရန် ရှိနေသည်။

    နိုဝင်ဘာ ၂ ရက်မှ ၄ ရက်ထိ ကျင်းပမည့် အဆိုပါညီလာခံ၏ ရည်ရွယ်ချက်မှာ အတွေ့အကြုံများ ဖလှယ်ရန်၊ ခရိုအေးရှားနိုင်ငံနှင့် ဒေသတွင်းကို ကမ္ဘာလှည့်ခရီးသွားများ တောင်းဆိုသည့် ဟာလာလ်စံချိန်စံညွှန်းများ ဖြည့်ဆည်းပေးနိုင်သည့် နေရာသစ်အဖြစ် မိတ်ဆက်အသိပေးရန် ဖြစ်သည်။

    ဟာလာလ်ဈေးကွက်၊ ဟာလာလ်ခရီးသွားလာရေး၊ ဟာလာလ် အစားအသောက်၊ ဟာလာလ် အဟာရ၊ အစ္စလာမ့် ဘဏ်လ်ုငန်း၊ ဘဏ္ဍာရေးလုပ်ငန်းတို့နှင့်ပတ်သက်၍ အသိပညာပေးရန် ရည်ရွယ်သည့် ကမ္ဘာ့ဟာလာလ်နေ့ ကျင်းပမှုမှာ ယခုနှစ်တွင် ၃ ကြိမ်မြောက် ဖြစ်မည်ဖြစ်ပြီး ယခင် ၂ ကြိမ်ကို စင်ကာပူနှင့် အိန္ဒိယတို့တွင် ကျင်းပခဲ့သည်။

    ခရိုးအေးရှားတွင်ပြုလုပ်မည့် နိုင်ငံတကာ ဟာလာလ်ညီလာခံကို တူရကီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ မောရေးရှပ်စ်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူနှင့် တောင်ကိုးရီးယားတို့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သည်။

    လက်ရှိတွင် ခရိုအေးရှားနိုင်ငံ၌ ဟာလာလ်အသိအမှတ်ပြု လက်မှတ်များကို အစားသောက်များအတွက်သာ ထုတ်ပေးပြီး၊ အလှကုန်နှင့် ဆေးဝါးလုပ်ငန်းတို့တွင်လည်း ဟာလာလ်အသိအမှတ်ပြုလက်မှတ် တောင်းဆိုမှုများ မြင့်မားလာခဲ့သည်။ ဟာလာလ်ထုတ်ကုန်များကို ကျန်းမာရေးနှင့် ညီညွှတ်ပြီး အရည်အသွေးမြင့်မားသည့် ထုတ်ကုန်များအဖြစ် မွတ်စလင်မဟုတ်သော စားသုံးသူများကလည်း အသိအမှတ်ပြုလက်ခံကြသည်။

    Ref : IINA