News @ M-Media

Blog

  • ဗလီ တိုက်ခိုက်ခံရမှု့ အတွက် တူရကီလူမျိုး ဗလီ ရှေ့ဆောင်ဆရာအား ဂျာမဏီ သမ္မတ တောင်းပန်

    ဗလီ တိုက်ခိုက်ခံရမှု့ အတွက် တူရကီလူမျိုး ဗလီ ရှေ့ဆောင်ဆရာအား ဂျာမဏီ သမ္မတ တောင်းပန်

    အောက်တိုဘာ ၆ ၊ ၂၀၁၆
    M-Media

    ct1-fg7wgaan0ur-e1475593191284
    အဓိပတိ အန်ဂလာမာကယ် မှ ဟမ်ဇားတူရင် Hamza Turan နှင့် သူ့မိသားစုအားတွေ့ဆုံစဉ် Photo © Steffen Seibert/Twitter

    .
    ဂျာမနီနိုင်ငံတွင် အစ္စလာမ့်ကြောက်ရောဂါနှင့် သူစိမ်းကြောက်ရောဂါတို့ တစ်နေ့တခြား မြင့်တက်လာမှု့အပေါ် တူရကီတို့၏ စိုးရိမ်မှု့မြင့်တက်လာ စဉ်မှာပင်၊ ဂျာမနီနိုင်ငံ သမ္ပတနှင့် ဂျာမန်အကြီးကဲ အဓိပတိဖြစ်သူတို့က လွန်ခဲ့သည့်လက ဂျာမနီနိုင်ငံ တွင် အစ္စလာမ့်ကြောက် ရောဂါကြောင့်ဟု ထင်ရသည့် နောက်ဆုံး ပစ်မှတ်ထား တိုက်ခိုက်ခံရသော တူရကီနိုင်ငံသားများပိုင် ဒရစ်ဒန်မြို့ Dresden ရှိ ဗလီမှ ဗလီဆရာတစ်ဦးဖြစ်သူ ဟမ်ဇားတူရင် Hamza Turan အား လက်ခံတွေ့ဆုံခဲ့ပါသည်။
    .
    အင်္ဂါနေ့က တူရင်နှင့် သူ့မိသားစုမှာ သမ္မတ ဂျိုအာချင် ဂေါက်နှင့် အဓိပတိ အန်ဂလာမာကယ်တို့နှင့် တွေ့ဆုံခဲ့ပြီး ဂေါက် မှာ ထို့သို့ တိုက်ခိုက်ခဲ့မှု့အတွက်နှင့် မွတ်စလင်များအား ကာကွယ်ပေးရန် ပျက်ကွက်ခဲ့မှု့အတွက်ပါ တောင်းပန်စကား ပြောကြားခဲ့ပါသည်ဟု ထိုသို့တွေ့ဆုံပြီးနောက် တူရကီ သတင်းဌာနများသို့ ယင်းဗလီဆရာက ပြောကြားခဲ့သည်။
    .
    တူရကီ အန်ဂျီအိုတစ်ခုဖြစ်သော သာသနာရေးရာ တူရကီ-အစ္စလာမ့် ယူနီယံအသင်း the Turkish-Islamic Union for Religious Affairs (DİTİB) က စီမံခန့်ခွဲနေသည့် ဒရစ်ဒန်မြို့ရှိ ဖွာေဿွ့ဟ်ဗလီဝတ်ကျောင်းတော် Faith Mosque မှာ စက်တင်ဘာလနောက်ဆုံး အပတ်က အိမ်လုပ်ဖေါက်ခွဲရေး ပစ္စည်းများဖြင့် တိုက်ခိုက်မှု့ကို ခံခဲ့ရသည်။ ဗလီ ဆရာ တူရင်နှင့် သူ့မိသားစုတို့ စတည်းချရာ ဗလီ၏ နားခိုဆောင်ရှေ့တွင် အဆိုပါ ဗုံးမှာ ပေါက်ကွဲသွားခဲ့ပြီးနောက် အ ဆောက်အအုံ တစ်ခုလုံးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှု့အတွင်း မည်သူတစ်ဦးတစ်ယောက် ကမျှ ထိခိုက်ဒဏ်ရာ မရခဲ့ကြသော်လည်း တရားခံများကတော့ လွတ်မြောက်နေကြဆဲဖြစ်သည်။
    .
    အဆိုပါ အလည်ပတ်ခရီးစဉ်ပြီးနောက် တူရင်က အနဒိုလူ သတင်းဌာနသို့ ပြောကြားခဲ့ရာတွင်- ဂျိုအာချင် ဂေါက်မှာ သူနှင့် သူ့မိသားစုတို့နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါတိုက်ခိုက်ခံရမှု့အတွက် သူက ၀မ်းနည်းကြောင်းဖေါ်ပြခဲ့သလို တောင်းပန် စကားလည်း ပြောကြား ခဲ့ပါသည်။ သူက ကျွန်တော်တို့ကို အခုလို ပြောပါသည်။ ” ကျွန်ုပ်တို့တွေ စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျား တို့ကို ကာကွယ်မပေးနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့၊ အခုလို ဖြစ်ပျက်ခဲ့တာတွေကိုတော့ အသေချာ စုံစမ်းပါ့မယ်”‘ကျွန်တော် ကလည်း သူ့ရဲ့မှတ်ချက်စကား အတွက် ကျေးဇူး တင်ကြောင်း ပြန်လည်ပြောကြား ခဲ့ပါတယ် ‘လို့ တူရင် က ပြောပါသည်။
    .
    အဆိုပါ တိုက်ခိုက်မှု့မှာ လွန်ခဲ့သော ရက်အနည်းငယ်က ဟက်ဆန်မြို့ရှိ မီမာ ဆီနန်ဗလီ Mimar Sinan Mosque ကို မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရမှု့အပြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘီဘရာမြို့ Bebra မှာတော့ DİTİBက ပိုင်သည့် ဗလီအား ပစ်မှတ်ထား၍ မည်သူမည်ဝါမှန်း မသိရသေးသောသူအချို့က အန္တရာယ်မရှိသည့် မိုလိုတော့ အရက်များဖြင့် ပစ်ပေါက် သွားခဲ့ပါသည်။ DİTİB အား ဂျာမန်နိုင်ငံရေးသမားများက အသေရေဖျက်သည့် လှုပ်ရှားမှု့တစ်ခု နိုးကြားလာ ပြီးနောက် တွင် ယင်းဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။မတူညီသော နိုင်ငံရေး ပါတီများမှ ဂျာမန်နိုင်ငံရေးသမား သုံးဦးက ယင်းအဖွဲ့အစည်းမှာ တူရကီအစိုးရ၏ လက်အောက်ခံအဖွဲ့စည်းဖြစ်သဖြင့် ဂျာမနီနိုင်ငံတွင် အစ္စလာမ့် ပညာရေး အား ပုံလာဖေါ်ခြင်းကို လက်မခံ သင့်ကြောင်း ကြေညာခဲ့ပြီးနောက် တွင် DİTİB မှာ” ဘွင်းဘွင်းရှင်းရှင်းကြီးကို ရန်လိုသည့် အဖွဲ့စည်းဖြစ်သည် “ဟု သူတို့၏ ကြေညာချက်များတွင် ပစ်တင်ဝေဖန်ထားလေသည်။
    .
    မွတ်စလင် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဒလဟော ၀င်ရောက်လာမှု့နှင့်အတူ မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိနေသူ အချို့မှ ဂျာမနီနိုင်ငံရှိ ဗလီများကို ပြစ်မှတ်ထား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
    .
    German president apologizes to Turkish imam for mosque attack ကို “ရဲသူရိန်” ကောက်နှုတ် ဘာသာပြန်ဆိုသည်။

    ref: Daily Sabah

  • မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦး ရာထူးမှ နှုတ်ထွက်

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦး ရာထူးမှ နှုတ်ထွက်

    အောက်တိုဘာ ၆ ၊ ၂၀၁၆
    M-Media
    သီဟ
    myanmar-national-human-rights-commission
    မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦး ရာထူးအား သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးထင်ကျော်မှ လက်မှတ်ထိုးပြီး ဒီကနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

    အဆိုပါ အဖွဲ့ဝင်(၄) ဦးမှာ
    (၁) ဦးဇော်ဝင်း
    (၂) ဒေါက်တာ ဉာဏ်ဇော်
    (၃) ဒေါက်တာ ဒေါ်သန်းနွဲ့
    (၄) ဒေါ်မြမြ ဖြစ်ကြပါသည်။

    အင်းဝ အပ်ချူပ်ဆိုင်ပိုင်ရှင်များမှာ အိမ်အကူ အမျိုးသမီးငယ် (၂) ယောက်ကို ညှင်းပန်းနှိပ်စက်မှုတွင် လျော်ကြေးငွေပေးပြီး ကျေအေးနိုင်အောင် ညှိနှိုင်းပေးခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေကို အရေးယူဖို့ ပြည်သူ့လွှတ်တော် က ဆုံးဖြတ်ခဲ့သလို၊ အရပ်ဘက်အဖွဲ့အစည်း ၁၃ဝ ကျော်က နိုင်ငံတော်သမ္မတကို စက်တင်ဘာလ (၂၈) ရက်နေ့ တွင် စာပို့တောင်းဆိုခဲ့သည်။

    ဓါတ်ပုံ- မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် (၁၁) ဦးမှ နှုတ်ထွက်သွားသူ ၄ ဦး (မင်နီဝိုင်းထား)

    Photo-http://www.mnhrc.org.mm/

  • ၁၉၉၄ စာပေဗိမာန် ဆုရှင် စာရေးဆရာ စိုးညွန့်  (တောင်ကြီး) ကွယ်လွန်

    ၁၉၉၄ စာပေဗိမာန် ဆုရှင် စာရေးဆရာ စိုးညွန့် (တောင်ကြီး) ကွယ်လွန်

    အောက်တိုဘာ ၆ ၊ ၂၀၁၆
    M-Media
    သီဟ
    soe-nyunt
    ၁၉၉၄ ခုနှစ်တွင် စာပေဗိမာန် ဝတ္ထုရှည် ပထမဆုရှင်  ရှမ်းပြည်နယ်စာပေ အဝန်းအဝိုင်းမှာ လူသိများတဲ့ စာရေးဆရာ စိုးညွန့်  (တောင်ကြီး) ဟာ  ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက် ကြာသာပတေးနေ့ မနက်အစောပိုင်းမှာ ရုတ်တရက် ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။  ၆-၁၀-၂၀၁၆ မွန်းလွဲ ၂ နာရီ ( နေ့လယ် ဝတ်ပြု အပြီးမှာ)  တောင်ကြီးမြို့ မွတ်စလင်မ် သုဿန်သို့ ပို့ဆောင်၍ အစ္စလာမ်ထုံးစံဖြင့် မြှုပ်နှံ သင်္ဂြိုဟ်မည် ဖြစ်ကြောင်းသိရှိရပါတယ်။ ရပ်ဝေးရပ်နီးမှ စာပေမိတ်ဆွေများ နာရေးမေးမြန်းလိုပါက ဖုန်းနံပါတ် ၀၉၄ ၅၄၀၅ ၃၀၀၈ သိန်းစိုးအောင် သို့ဆက်သွယ်နိုင်ကြောင်း သိရှိရပါတယ်။

    ကိုယ်ရေးအကျဉ်း
    ——————-
    -စာရေးဆရာ စိုးညွှန့်(တောင်ကြီး)ကို ဓနုတိုင်းရင်းသား  အဖဦးခန်း ၊အမိဒေါ်စောရီတို့မှ ၁၉၄၄ ခုနှစ်၊ဧပြီလ (၁၀)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မွေးဖွားခဲ့
    -မွေးချင်းမောင်နှမ ခြောက်ယောက်အနက် အငယ်ဆုံးသားဖြစ်၊
    -အစိုးရ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့၊
    -အသက်မွေးဝမ်းကျောင်းအဖြစ် အဝေးပြေး မော်တော်ယာဉ် မောင်းနှင်ခဲ့၊
    -၀ါသနာအရ စာပေများ ရေးသားခဲ့၊
    -အမည်ရင်းမှာ ဦးစိုးညွှန့်ဖြစ်၊
    -၁၉၉၄ခုနှစ်တွင် ဗေဒါပန်းရဲ့ရေဆန်လမ်း ၀တ္ထုဖြင့် စာပေဗိမာန်ဝတ္ထုရှည် ပထမဆု ရရှိခဲ့၊
    -တောင်ကြီးမြို့နယ် စာပေနှင့်စာနယ်ဇင်း အဖွဲ့အလုပ်အမှုဆောင်ဖြစ်၊
    -ကွယ်လွန်ချိန်၌ အသက် (၇၂) နှစ် ရှိပြီဖြစ်ပြီး စိုးညွှန့်(တောင်ကြီး)၊စိုးညွှန့်ဇော်(တောင်ကြီး)  အမည်နှစ်မျိုးဖြင့် မဂ္ဂဇင်း၊ဂျာနယ် များတွင် စာပေများ ရေးသားခဲ့၊

    ဆက်စပ်သတင်းဖတ်ဖို့
    ———————–
    စာပေဗိမာန်ဆုရ ဓနုတိုင်းရင်းသား၊ အစ္စလာမ်ဘာသာဝင် ဦးစိုးညွှန့်(တောင်ကြီး) နှင့် အင်တာဗျူး
    http://www.m-mediagroup.com/news/10690

  • တိုင်ဖုန်းမုန်တိုင်းကြောင့် တောင်ကိုရီးယားတွင် ပျက်ဆီးပျောက်ဆုံးမှု ရှိနေ

    တိုင်ဖုန်းမုန်တိုင်းကြောင့် တောင်ကိုရီးယားတွင် ပျက်ဆီးပျောက်ဆုံးမှု ရှိနေ

    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media

    jeju

    – တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းဒေသများတွင် တိုင်ဖုန်းချာဘာ ၀င်ရောက်မှုကြောင့် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆူနာမီကဲ့သို့ လှိုင်းလုံးကြီးများ ရိုတ်ခတ်ခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဒေသစံတော်ချိန် အောက်တိုဘာ ၅ ရက်နေ ညပိုင်းက ဂျယ်ဂျူးကျွန်းတွင် မုန်တိုင်း ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တစ်ဦးပျောက်ဆုံးနေကာ၊ နေအိမ်နှင့် အခြားအဆောက်အဦး ပျက်ဆီးမှုများ၊ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။

    မုန်တိုင်းကြောင့် ဂျယ်ဂျူးကျွန်းမှ ပြည်မသို့လည်းကောင်း၊ တရုတ်နိုင်ငံသို့လည်ကောင်း သွားရောက်မည့် လေယာဉ်ခရီးစဉ် ၂၆ ခုကိုလည်း ဖျက်သိမ်းခဲ့ရသည်။

    တိုင်ဖုန်း ချာဘာ ဖြတ်သန်းသွားမှုကြောင့် ဒေသ၏ ဆိပ်ကမ်းမြို့ဖြစ်သော ဘူဆန်ကို ၃ ရက်ကြာ ပိတ်ပစ်ခဲ့ရပြီး လက်ရှိတွင် မုန်တိုင်းမှာ အရှေ့ဖက် ဂျပန်နိုင်ငံသို့ ဦးတည်နေသည်။ မြို့တာဝန်ရှိသူ တစ်ဦးကမူ မြို့အား အောက်တိုဘာ ၆ ရက်နေ့ နှောင်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည်ဟု ပြောကြားခဲ့သည်။

    Ref: carbonated

  • ဟာလာလ်ဈေးကွက်သို့ ၀င်ရောက်ရန် ကိုရီးယား အစားအသောက်လုပ်ငန်းများ ကြိုးပမ်းလာ

    ဟာလာလ်ဈေးကွက်သို့ ၀င်ရောက်ရန် ကိုရီးယား အစားအသောက်လုပ်ငန်းများ ကြိုးပမ်းလာ

    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media

    korea

    – နိုင်ငံအတွင်း ပင်လယ်စာ တင်ပို့မှုလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ဟာလာလ်ဈေးကွက်အတွင်းသို့ ၀င်ရောက်နိုင်ရေး အထောက်အကူဖြစ်စေရန်အတွက် ကိုရီးယား နိုင်ငံတကာ ကုန်သွယ်ရေးအသင်း KITA က အင်ဒိုနီးရှားနိုင်ငံတွင် ကိုရီးယား ကုန်စည်ပြပွဲကို ၃ ရက်တာ ပြုလုပ်ခဲ့သည်ဟု Korean Herald သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

    ထိုပြပွဲ၏ အခြား ရည်ရွယ်ချက်တစ်ခုမှာ ကိုရီးယားအစားသောက်များအား နိုင်ငံရပ်ခြားတွင် မိတ်ဆက်ရန်လည်း ဖြစ်သည်။ KITA မှာ သြဂုတ်လမှစ၍ ထိုကဲ့သို့ ပြပွဲမျိုးကို တရုတ်နိုင်ငံတွင် ချန်ဒူးနှင့် ရှန်ဟိုင်းမြို့တို့တွင်လည်းကောင်း၊ နယူးယောက်တွင်လည်းကောင်း ပြသခဲ့သည်။

    ယခု ဂျကာတာပြပွဲမှာ ဟာလာလ်ဈေးကွက်ကို ၀င်ရောက်ရန် ရုန်းကန်နေရသည့် ကိုရီးယား ပင်လယ်စာလုပ်ငန်းများအတွက် အထူး စီစဉ်ပေးခြင်းဖြစ်သည်။

    မွတ်စလင်အများစုရှိရာ အင်ဒိုနိးရှားနိုင်ငံတွင် ကိုရီးယား လုပ်ငန်းရှင်များမှာ ကျယ်ကျယ်ပြန့်ပြန့် အခြေချလုပ်ကိုင်နေကြပြီး KITA ကမူ ထိုလုပ်ငန်းရှင်များနှင့် ဒေသတွင်း စာသုံးသူများအကြား စီးပွားရေးဆိုင်ရာ အကြံပေးမှုများ၊ ကိုရီးယား အစားအသောက်များကို စိတ်ဝင်စားစေရန် အချက်အပြုတ်ပြပွဲများကို စီစဉ်ကျင်းပပေးလျက် ရှိနေသည်။

    ယခုပြုလုပ်ခဲ့သည့် ဂျာကာတာ ပြပွဲတွင် ဒေသတွင်းမှ စီးပွားရေးလုပ်ငန်းရှင် ၃၃ ဦး တက်ရောက်ခဲ့ပြီး ကိုရီးယား ပင်လယ်စာလုပ်ငန်း ၁၂ ခုမှ တာဝန်ရှိသူများကို အကြံပြုမှုများ ပြုလုပ်ခဲ့သည်။

    “တောင်ကိုရီးယား အစားအသောက်ကို ပရိုမိုးရှင်ပြုလုပ်တဲ့ ဒီပွဲဟာ ဒေသတွင်းက စားသုံးသူတွေကို ကိုရီးယား အစားသောက်နဲ့ပတ်သက်ပြီး အသိတွေမြင့်တက်ဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ ပြီးတော့ ပြပွဲမှာပါဝင်တဲ့ ကိုရီးယားလုပ်ငန်းရှင်တွေအတွက် ဟာလာလ်ဈေးကွက်ရဖို့လည်း အရေးကြီးပါတယ်။ (ကိုရီးယာ လုပ်ငန်းရှင်တွေကို) ဟာလာလ် အသိအမှတ်ပြုလက်မှတ် ရရှိရေး ကူညီဖို့အပါအ၀င် သိသာတဲ့ ရလဒ်တွေ ရဖို့လည်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု KITA အကြီးအကဲ ကွန် ဒို ကီအွမ်က ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်း ဟာလာလ်ဈေးကွက်မှာ တစ်ဟုန်ထိုး မြင့်တက်လာနေပြီး ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၀၈ ဘီလီယံ တန်ဖိုး ရှိနေရာမှ ၂၀၁၈ ခုနှစ်တွင် ၁.၆၂ ထရီလီယံအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

    Ref: IINA