News @ M-Media

Blog

  • စင်ကာပူတွင် ဇီကာကူးစက်မှုများ ထပ်မံတွေ့ရှိ

    စင်ကာပူတွင် ဇီကာကူးစက်မှုများ ထပ်မံတွေ့ရှိ

    စက်တင်ဘာ ၈၊ ၂၀၁၆
    M-Media

    sig

    – စင်ကာပူတွင် ယမန်နေ့က ဇီကာကူးစက်မှု ဖြစ်စဉ်အသစ် ၈ ခု ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်သူ အရေအတွက်မှာ စုစုပေါင်း ၂၈၃ ဦးရှိလာပြီ ဖြစ်သည်။

    ကျန်းမာရေးဝန်ကြီးဌာန(MOH) နှင့် အမျိုးသား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီ (NEA) တို့ ပူးပေါင်းထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ ဖြစ်စဉ်သစ် ၈ ခုမှ ၂ ခုမှာ ဇီကာကူးစက်နိုင်သည့် နေရာများအဖြစ် သတ်မှတ်ထားသော Aljunied Crescent၊ Sims Drive၊ Kallang Way၊ Paya Lebar Way ရပ်ကွက်များနှင့် ဆက်နွယ်နေပြီး တစ်ခုမှာမူ Bishan လမ်းမှ ၁၂ ရပ်ကွက်နှင့် ဆက်နွယ်နေသည်ဟု ဖော်ပြထားသည်။

    အခြား ၄ ခုမှာ လတ်တလော ကူးစက်နိုင်ချေရှိသည်ဟု သတ်မှတ်ထားသည့် နေရာများနှင့် ဆက်နွယ်မှု မရှိဘဲ၊ ကျန်တစ်ခုမှာ Elite Terrace ရပ်ကွက်တွင် ဖြစ်ပွားသောကြောင့် ထိုနေရာကိုလည်း ဇီကာ ကူးစက်နိုင်ခြေရှိသည့် နေရာအဖြစ် သတ်မှတ်ခဲ့သည်။

    စက်တင်ဘာ ၆ ရက်နေ့အထိ ကူးစက်နိုင်ခြေရှိသည်ဟု သတ်မှတ်ထားသော နေရာများတွင် ခြင်များ ပေါက်ဖွားနိုင်သည့် နေရာ ၁၅၀ ကို တွေ့ရှိကာ ရှင်းလင်းနိုင်ခဲ့ပြီး ထိုအထဲမှ ၉၉ ခုမှာ နေအိမ်များမှဖြစ်ကာ ၅၁ ခုမှာ ပြင်ပဧရိယာများမှ ဖြစ်သည်ဟု ကြေငြာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: Channelnewsasia

  • ရခိုင်အရေးကိစ္စ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ မစ္စတာ ကိုဖီအာနန်အား ပြောကြားချက်

    ရခိုင်အရေးကိစ္စ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ မစ္စတာ ကိုဖီအာနန်အား ပြောကြားချက်

    14291897_1314669738567511_1658584882056342217_n
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan အား လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချူပ်၏ ပြောကြားချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး  မှ အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။
    .
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နောက်ခံသမိုင်းကြောင်းနှင့်ပတ်သက်၍ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် စစ်ရှုံးပြီး ရခိုင်ဒေသသည် ဗြိတိသျှကိုလိုနီဖြစ်သွားခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရကြောင်း၊ ယင်းကာလအတွင်း နယ်ချဲ့တို့က စီးပွားရေးအရ စပါးစိုက်ပျိုးရန် ဘင်္ဂလားဒေသမှ ဘင်္ဂါလီများခေါ်ယူခဲ့ရာ ရခိုင်ဒေသတွင် တဖြည်းဖြည်း လူဦးရေများလာခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေသမှ လာသည့်သူများဖြစ်၍ မိမိတို့က ဘင်္ဂါလီဟုခေါ်ဆိုကြောင်း၊ ယခင်က ဘင်္ဂလားနယ်မြေမှာလည်း အရှေ့ဘင်္ဂလားနှင့် အနောက်ဘင်္ဂလားဟု နယ်မြေနှစ်ခုကွဲသွားပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ဘင်္ဂလား(အရှေ့ပါကစ္စတန်)နယ်မြေမှာ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပေါ်လာကြောင်း၊ ယင်းဘင်္ဂါလီများက သူတို့ ကိုယ်ကို “ ရိုဟင်ဂျာ ” ဟုသုံးစွဲလာခြင်းဖြစ်ကြောင်း၊ ယခုဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူများနှင့် ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုအတူတူပင်ဖြစ်ပြီး မိမိတို့နှင့်ကွဲပြားခြားနားကြောင်း ရှင်းလင်းပြောကြားသည်။
    .
    ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများအပါအ၀င် အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုကျော်ရှိပြီး ယင်းမူလတိုင်းရင်းသားမျိုးနွယ်စုများတွင် ဘင်္ဂါလီမပါဝင်ကြောင်း၊ ယင်းဘင်္ဂါလီများက မူလနေထိုင်သည့် ဒေသခံရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်ခဲ့၍ နယ်စပ်ဒေသ ဘူးသီးတောင်၊ မောင်တောနယ်မြေမှ Native ရခိုင်များသည် အောက်ဘက်စစ်တွေ၊ ပုဏ္ဏားကျွန်းဘက်သို့ ထွက်ပြေးခဲ့ရကြောင်း၊ ၁၉၄၂ ခုနှစ်တွင် ရခိုင်၊ ဘင်္ဂါလီပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရခိုင်လူမျိုး ၂ သောင်း ကျော်သေဆုံးခဲ့ရကြောင်း၊ နယ်ချဲ့အင်္ဂလိပ်များမြန်မာပြည်မှ ဆုတ်ခွာထွက်ပြေးချိန်တွင် ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ရန်ပေးအပ်ခဲ့သည့် လက်နက်များအသုံးပြု၍ ရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းမှာ ရခိုင်တိုင်းရင်းသားများ၏ များစွာခံပြင်းမှုကိုဖြစ်စေသည့် အကြောင်းအရာတစ်ခုဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
    .
    ယင်းနောက် သမိုင်းဖြစ်စဉ်တွင် မူဂျာဟစ်သောင်းကျန်းမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်တွင် ရခိုင်ဒေသရှိ ဘင်္ဂါလီများသည် မူဂျာဟစ်သောင်းကျန်းသူအဖြစ် အစိုးရကိုလက်နက်ကိုင်၍ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ဆက်လက်တိုက်ခိုက်မှုများရှိ၍ တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ရကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ တစ်နိုင်ငံလုံးတွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရခြင်း၊ ၁၉၇၀ ခုနှစ် ၀န်းကျင်တွင် ဗကပသောင်းကျန်းသူများကို နှိမ်နင်းခဲ့ရခြင်းတို့ကြောင့် ယင်းအချိန်ကာလ အစိုးရများအနေဖြင့် ရခိုင်ဒေသ ဘင်္ဂါလီအ၀င်အထွက်များစွာကို ထိရောက်စွာကြပ်မတ်နိုင်မှုမရှိကြောင်း၊ ယင်းအခြေခံအကြောင်းအရာများမှ အဆင့်ဆင့်ဖြင့် ယခုအခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
    .
    ဆက်လက်၍ ရခိုင်ဒေသ ဘင်္ဂါလီဦးရေ တိုးပွားမှုနှင့်ပတ်သက်၍ ၁၉၄၂ ခုနှစ်မှတ်တမ်းများအရ နယ်စပ်ဒေသ မောင်းတောဧရိယာတစ်ခုတည်းတွင်ပင် ဘင်္ဂါလီဦးရေ ၁၂၄၄၅၂ ဦးရှိခဲ့ပြီး ၁၉၈၆ ခုနှစ်စာရင်းအရ ၂၆၀၀၀၀ ကျော်ဖြစ်၍ နှစ် ၄၀ ခန့် အတွင်း လူဦးရေနှစ်ဆတိုးပွားခဲ့ကြောင်း၊ မိမိနိုင်ငံဥပဒေအရ တစ်လင်တစ်မယားစနစ် ကျင့်သုံးသော်လည်း ယင်းတို့အနေဖြင့် လိုက်နာကျင့်သုံးမှုမရှိဘဲ အိမ်ထောင်ပြုမှုများသည့် စနစ်ကြောင့်လည်း လူဦးရေတိုးပွားလာခြင်းဖြစ်ကြောင်း ပြောကြားသည်။
    .
    နိုင်ငံသားစိစစ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ပြောကြားရာတွင် မိမိနိုင်ငံအနေဖြင့် လူဦးရေလွန်စွာများပြားသည့် အိမ်နီးချင်းနိုင်ငံများအကြားတွင် တည်ရှိနေကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ အမှားမခံနိုင်ခြင်းကြောင့် အထောက်အထား ပြည့်စုံစွာဖြင့် အချိန်ယူစိစစ်ရကြောင်း၊ ရခိုင်ဒေသတွင်လည်း နိုင်ငံသားစိစစ်ခြင်းလုပ်ငန်း စဉ်များကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း၊ ယင်းဥပဒေနှင့်ကိုက်ညီပါက နိုင်ငံသား၊ နိုင်ငံသားပြုခွင့်နှင့် ဧည့်နိုင်ငံသားစသည်ဖြင့် ဥပဒေနှင့်အညီ သတ်မှတ်ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းပြင်ပတွင်ရှိနေသည့် ဘင်္ဂါလီများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိလျှင် စိစစ်မှုခံနိုင်မည်ဟု ယူဆကြောင်း၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များကို မှန်ကန်စွာသိရှိပြီး နှစ်ဖက်လုံးက စိတ်ရှည်မှုရှိရန်လိုကြောင်း ထည့်သွင်းပြောကြားသည်။
    .
    ယင်းနောက် ဘာသာရေးဆိုင်ရာ လွတ်လပ်စွာကိုးကွယ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် လူဦးရေ ၅၂ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင်နှုန်း ကျော်၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆ ရာခိုင်နှုန်းကျော်၊ အစ္စလာမ်ဘာသာကိုးကွယ် သူ ၄ ရာခိုင်နှုန်းကျော်နှင့် ကျန်ရာခိုင်နှုန်းအနည်းငယ်မှာ အခြားဘာသာများကို ကိုးကွယ်ကြကြောင်း၊ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗုဒ္ဓဘာသာသည် အများစုကိုးကွယ်ပြီး ထူးခြားသောဝိသေသရှိသည့် ဘာသာအဖြစ် အသိအမှတ်ပြုထားသကဲ့သို့ အခြားဘာသာ ကိုးကွယ်မှုများကိုလည်း အသိအမှတ်ပြုပြီး လိုအပ်သည်များကူညီစောင့်ရှောက်ရန် အတိအလင်း ပြဌာန်းထားကြောင်း၊ ခရစ်ယာန်ဘာသာကိုးကွယ်သည့် အချို့နိုင်ငံ၊ အစ္စလာမ်ဘာသာကိုးကွယ်သည့် အချို့နိုင်ငံများနှင့် ယှဉ်ကြည့်ပါက မိမိနိုင်ငံတွင် ဘာသာရေးနှင့်ပတ်သက်၍ တင်းကြပ်မှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၄ ရာခိုင်နှုန်းကျော်တွင်လည်း ရှေးနှစ်ပေါင်း များစွာကရောက်ရှိမှု၊ ဘာသာကူးပြောင်းကိုးကွယ်မှုများအဖြစ် ရှေးယခင်ကတည်းက လက်ခံထားခြင်းဖြစ် ကြောင်း၊ အစ္စလာမ်ဘာသာဝင် နိုင်ငံသားများတွင် အဆင့်မြင့်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်း များလည်းရှိကြောင်း၊ ယခုပြဿနာမှာလည်း ဘာသာရေးကြောင့်မဟုတ်ဘဲ ဘာသာရေးကိုအခြေခံပြီး လှုံ့ဆော်နေမှုများသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတစွာ သုံးသပ်ပြောဆိုလုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
    .
    ကိုးကား- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

  • “တချို့ကဘုရား မပွင့်ခင်က သမိုင်းတွေတောင်ပြောပါတယ်” ရခိုင်ပြည်နယ်ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်နှင့်မေးမြန်းချက်

    “တချို့ကဘုရား မပွင့်ခင်က သမိုင်းတွေတောင်ပြောပါတယ်” ရခိုင်ပြည်နယ်ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်နှင့်မေးမြန်းချက်

    By နော်နိုရင်း (DVB)
    စက်တင်ဘာ ၉ ၊ ၂၀၁၆
    .2016-09-07
    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ရခိုင်လူထုဆီ အသိပေးပြီးမှာဖွဲ့စည်းခဲ့တာဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်က အာဏာရလို့ မတရားဗိုလ်ကျပြီး အတင်းဖွဲ့စည်းတယ်ဆိုတဲ့ အမြင်တွေ လုံးဝမှားယွင်းတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောကြားလိုက်ပါတယ်။
    .
    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ နှစ်ရက်တာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း အစိုးရ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ) တည်ထောင်သူ ဦးအေးလွင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
    .
    DVB- ကိုဖီအာနန်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်လူမှုအသိုင်းအ၀ိုင်း၊ မွတ်စလင် လူမှုအသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံတဲ့အခါမှာ အဓိက ဘာတွေပြောဆို ဆွေးနွေးတင်ပြခဲ့ကြလဲ။
    .
    ဦးအေးလွင်- “တွေ့တာကလေ အုပ်စုခြင်းမတူဘူးပေါ့နော်။ ကော်မရှင်ဖွဲ့ပွဲပြီးပြီးချင်းတွေ့တာက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ပေါ့နော်။ အဲဒီမှာလည်း အများစုက အေအန်ပီ (ရခိုင်အမျိုးသားပါတီ) ကလူတွေပါ။ အဲတော့ အဲဒီပုဂ္ဂိုလ်တွေက တော်တော်လေးပဲ သူတို့ခံစားချက်တွေပြောတယ်လေ။ အဲဒါတွေအကုန်တူနေတယ်။ ရပ်မိရပ်ဖတွေပြောတာကော၊ ဆရာတော် သံဃာတော်တွေ ပြောတာရောပေါ့နော်။ ဥပမာ တချိန်တုန်းက ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့တယ်။ အခု ဖြစ်ရတာက တဖက်က၀င်လာတဲ့လူတွေကြောင့် ကွဲကွဲပြားပြားဖြစ်အောင် ၁၉၈၂ ဥပဒေနဲ့ စိစစ်ပါ။ ပေးသင့်ပေး ထိုက်တဲ့လူကို နိုင်ငံသားပေးပါ။ ကျနော်တို့ ပြန်ပြီးတော့ အေးအေးချမ်းချမ်းနေ နိုင်ပါ့မယ်ဆိုတဲ့ဟာပဲ ပြောတာပေါ့နော်။ နှစ်ဖက်စလုံးက သမိုင်းကို အရမ်းသူတို့ စွဲကိုင်ထားတယ်။ တခါတလေ ၁၉၄၂ ခုနှစ်ပြောတယ်။ တခါတလေ ရခိုင်ဘုရင်များ လက်ထက်လို့ပြောတယ်။ တချို့က ဘုရားမပွင့်ခင်က သမိုင်းတွေတောင်ပြောတယ်။ ဒါကတော့ ထားလိုက်ပါ။”
    .
    “နောက်ပြီးတော့ အစိုးရ၀န်ကြီးတွေနဲ့ တွေ့ပြီးတော့ သြ၀ါဒစရိယ သံဃာတော်တွေနဲ့ သြ၀ါဒ ခံယူပါတယ်။ သြ၀ါဒခံယူပြီးတဲ့အခါမှာ လွှတ်တော်ကိုသွားတယ်။ လွှတ်တော်ကလည်း သိတဲ့အတိုင်းပဲ အေအန်ပီပါတီက ကိုယ်စားလှယ်တွေပဲလေ။ သို့သော်မျှမျှတတခေါ်ထားပါတယ်။ တပ်မတော်ကိုယ်စားလှယ်လည်းပါတယ်။ အကုန်ပါတယ်။ သို့သော် အဓိက စကားပြော တာကတော့ လွှတ်တော်ဥက္ကဋ္ဌကြီးပေါ့နော်။ လွှတ်တော်ဥက္ကဋ္ဌကြီးက အေအန်ပီပါတီကနေ ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်ပေါ့နော်။ သူအင်မတန် ယဉ်ကျေး ပါတယ်။ ကိုဖီအာနန်ကိုလည်း ကောင်းကောင်းရိုရိုသေသေဆက်ဆံတယ်။ သူ့ရဲ့ခံစားချက်ကိုတော့ သူပြောတယ်။ ခင်ဗျားတို့ ကော်မရှင်ဖွဲ့ရင် ကျနော်တို့ အေအန်ပီပါတီကို ဘာလို့မတိုင်ပင်လဲ။ ဒို့က ပြည်သူက ရွေးထားတဲ့ပါတီ။ မနေ့က ဦးဦးစောလှလည်း ပါလီမန်မှာ ဒီစကားပြောတယ်။”
    .
    “အဲတော့ကျနော် ကြားဖြတ်ပြီးပြောတယ်။ ဒီပါတီ ဒီကော်မရှင်မဖွဲ့ခင်က မကြေညာခင်က ကျနော်တို့ ပဏာမ ခရီးစဉ်လေးတခု သွားခဲ့တယ်။ အဲဒီခရီးစဉ်မှာ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ပြီးသွားတယ်။ ရခိုင်အမျိုးသမီး ဆရာမကြီး ဒေါ်စောခင်တင့် ပါတယ်။ နောက်ပြီး ကျနော်တို့ လူ့အခွင့်အရေးကော်မရှင် သံအမတ်ကြီးဟောင်း ဦးဝင်းမြပါတယ်။ ကျနော်ပါတယ်။ ဒါဘာမှ မကြေညာ ခင်နော်။ အဓိက ဘာလဲဆိုတော့ ရခိုင်ပြည်သူများကို ဒါဖွဲ့မယ့်အကြောင်း ပြောပြီးတော့ သူတို့ရဲ့ အယူအဆကို ယူတာ။ အဲတော့ ဘုန်းတော်ကြီးတွေနဲ့လည်း တွေ့တယ်။ စီအက်အိုတွေနဲ့လည်း တွေ့တယ်။ ရပ်မိရပ်ဖတွေနဲ့လည်း တွေ့တယ်။ အဲဒီထဲမှာ အေအန်ပီ ပါတီဝင်တွေ တံဆိပ်နဲ့တပ်ပြီး တက်လာတာတွေ ကျနော်တွေ့တယ်။ ဒါကို ကျနော်က လွှတ်တော်ဥက္ကဋ္ဌကို ပြောပြတယ်။ ကျနော်တို့ စစ်တွေ သွားတယ်။ မြောက်ဦးသွားတယ်။ ကျောက်တော်သွားတယ်။ တောင်ကုတ်သွားတယ်။ သံတွဲသွားတယ်။ ပြီးတော့ အဲဒီဟာတွေကို ရှင်းပြတယ်။”
    .
    “အဲဒီမှာလည်း အခုပြောတဲ့ အငြင်းပွားဖွယ်ရာတွေ တက်တယ်။ နိုင်ငံခြားသားတွေ ဘာလို့ပါလဲ။ ဒို့ရခိုင်ပြည်က ဒေသခံ ဘာလို့မပါလဲ။ နိုင်ငံခြားသားပါရခြင်းသည် ပြည်ပစွက်ဖက် ဖို့ မဟုတ်ဘူး။ ဒီဥစ္စာသည် နိုင်ငံခြားမှာ ဖြစ်နေတဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို ဒီက မှန်ကန်သော အချက်အလက်တွေကို လေ့လာထားတဲ့ ပုဂ္ဂိုလ်တွေက ပြန်ရှင်းပြ နိုင်ဖို့အတွက် နောက်တခါ ဒေသခံပြည်သူတွေက တကယ်ကိုထဲထဲဝင်ဝင်ပါရမှာ၊ ဒီကော်မရှင်မှာ ပါတဲ့လူတွေက ဆက်သွယ်ရေးပဲ ချယ်နယ်လုပ်ပေးမှာပဲ။ ဒေသခံ ပြည်သူများက တကယ်ထဲထဲဝင်ဝင် သုသေသနလုပ်တဲ့အခါမှာ သူတို့ကို မေးမြန်းစုံစမ်းပြီး သူတို့ရဲ့အသံတွေကိုပဲ ကျနော်တို့က အချက်အလက်တွေ စုစည်းပြီး အကြံဉာဏ်ပေးမှာပဲ။ အဲလို ရှင်းပြလိုက်တော့ ဥက္ကဋ္ဌကြီးက ကျေနပ်ပါတယ်။ ကျနော်ပြောပြတယ် ပါသင့်ပါ ထိုက်တဲ့ လူတွေမပါလာတာကတော့ တောင်းပန်ပါတယ်လို့ ကျနော်က ကြားဖြတ်ပြီးပြော လိုက်တယ်လေ။ အဲတော့ ကျနော်ပြောချင်တဲ့အချက်က ပြည်သူကို မတိုင်ပင်ဘဲနဲ့ ဖွဲ့သောအဖွဲ့အစည်း မဟုတ်ပါဘူး။ ပြည်သူကို တိုင်ပင်ပါတယ်။ တိုင်ပင်တာမှ သံဃာတော်ကြီးများကို ဦးထိပ်ထားတယ်။ မြို့မိမြို့ဖများ စီအက်အိုများ ဟိုဖက်က အစ္စလာမ်အဖွဲ့အစည်းတွေလည်းပါတယ်။”
    .
    DVB- အဲဒီလို ခရီးစဉ်က ဘယ်တုန်းက သွားခဲ့တာလဲ။
    .
    ဦးအေးလွင်- “ပြီးခဲ့တဲ့လ သြဂုတ် ၁၅ ရက်က သွားခဲ့ပါတယ်။”
    .
    DVB- နောက်ရခိုင်ပြည်နယ်လွှတ်တော်က တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါမှာရော ဘာတွေ ပြောဆိုဆွေးနွေးခဲ့ပါသလဲ။
    .
    ဦးအေးလွင်- “နောက်တခု အဲဒီမှာ ကိုဖီအာနန်က လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုပြောခဲ့တာလေ။ ဘာလဲဆိုတော့ ဒီကော်မရှင်က မြန်မာကော်မရှင်တဲ့။ နိုင်ငံခြား စွက်ဖက်မှုဆိုတာ မဟုတ်ပါဘူး။ မြန်မာများနဲ့ဖွဲ့စည်းထားတဲ့ ကော်မရှင်။ ကျနော်တို့သည် ဘယ်နိုင်ငံခြား အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုပါဘူး။ ဘယ်နိုင်ငံခြားတိုင်းပြည်ရဲ့ အရေးအရာကိုဆောင်ရွက်ဖို့ လာတာမဟုတ်ပါဘူး။ ကျနော်တို့ကို ပညာရှင်များအဖြစ်နဲ့ မြန်မာကော်မရှင်မှာ တာဝန်ပေးအပ်ခြင်းဖြစ်တယ်။ မြန်မာကော်မရှင်က မြန်မာအစိုးရကို အစီရင်ခံရမှာ မြန်မာပြည်သူတွေက ဒီအစီရင်ခံ အကြံပေးချက်ကို လက်ခံချင်ရင်လက်ခံမယ်။ လက်မခံချင်ရင် လက်မခံဘူး။ ဆုံးဖြတ်ချက်သည် မြန်မာပြည်သူများချမှာ။ အဲတော့ မြန်မာ့ကံကြမ္မာကို မြန်မာဖန်တီးမယ်။ မြန်မာတွေက ဒီပြဿနာကို မဖြေရှင်းနိုင်လို့မဟုတ်ဘူး။ ဒီ expert opinion (ကျွမ်းကျင်သူပညာရှင်တွေရဲ့ အမြင်) ဆိုတာ နေရာတကာမှာလိုတယ်လေ။ ဥပမာ ကျနော်တို့ နေမကောင်းရင် ဘန်ကောက်မှာသွားကုရသလိုပေါ့။ expert opinion ယူခြင်းဟာ ပြည်ပလူတွေကို အားကိုးပြီးတော့ ကိုယ်က မလုပ်နိုင်လို့မဟုတ်ပါဘူး။ ဒါကိုတော့ ပီပြင်အောင် ပြောတယ်။ ဒီကော်မရှင်ဟာ မြန်မာကော်မရှင်ပဲ။ သူတို့ရဲ့ အခန်းကဏ္ဍက individual expect (တဦးချင်း ကျွမ်းကျင်ပညာရှင်) အနေနဲ့ပဲပေါ့နော်။ အဲဒါလေးကိုပဲ ပြောပါတယ်။
    .
    “မွတ်စလင်ဘက်ကတော့ ၁၉၈၂ ခုက ဥပဒေနဲ့ စိစစ်မယ်ဆိုရင်လည်း စိစစ်ခံမယ်။ တကယ်တန်း လက်တွေ့မှာ အဲဒီလိုလည်း ပီပီပြင်ပြင် မစိစစ်ဘူး။ ဥပဒေအရ အကာအကွယ်လည်းမရဘူး။ သူတို့ ပညာရေး၊ ကျန်းမာရေးတွေမှာ လွတ်လွတ်လပ်လပ်မရဘူး။ လွတ်လွတ်လပ်လပ်သွား လို့မရဘူး။ စီးပွားရေးတွေလုပ်လို့မရဘူး။ အဲဒီကိစ္စတွေ ပြောတယ်။ အဲဒီအချက်တွေပဲ ထပ်ခါ ပြောတယ်။ ရခိုင်မိတ်ဆွေတွေကတော့ တဖက်က ခိုးဝင်လာတဲ့လူတွေ ဖောင်းပွပြီးတော့ ရခိုင်ပြည်တင်မဟုတ်ဘူး။ တတိုင်းပြည်လုံး ၀ါးမျိုသွားမယ်ပေါ့။ အဲဒါကို စိုးရိမ်လို့ ဥပဒေအရ တိတိကျကျလုပ်မှာ ဒါပါပဲ။”
    .
    DVB- ကိုဖီအာနန်ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်မှာ လေဆိပ်မှာ စ၀င်ကတည်းကနေ လူထုတွေရာချီဆန္ဒပြတယ်။ အဲဒီအပေါ်မှာ ကိုဖီအာနန်က ဘာတွေ ပြောလဲ။
    .
    ဦးအေးလွင်- “ဘာမှမပြောဘူး။ သူက ပြုံးပြုံးလေးပဲ။ အဲဒီဖွင့်ပွဲမှာ သူစပြီးတော့ ကျနော်စိတ်ထင်လေ ဒီဆန္ဒပြဖို့အတွက် စီစဉ်တဲ့ပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေကတော့ ခန်းမထဲမှာ ရှိနေတယ်။ အစိုးရရုံး ခန်းမကြီးထဲမှာ ရှိနေကြတယ်။ အဲတော့ ကိုဖီအာနန်က ဘာပြောလဲဆိုတော့ ကျနော်လေဆိပ်ကိုလာတဲ့အခါမှာ တက်တက်ကြွကြွနဲ့ ကြိုဆိုနှုတ်ဆက်ကြတာကို ဂုဏ်ယူပါတယ်။ ၀မ်းသာပါတယ်။ အဲဒါပဲပြောတာ။ အဲလိုပြောတော့ ဟိုလူတွေကလည်း ရယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့ ဆန္ဒပြတဲ့လူဟာ ပြန်တော့ လမ်းလျှောက်ပြီးပြန်ကြတယ် မဟုတ်လား။ အစိုးရရုံးရှေ့ကနေ ပြန်သွားတော့ သူတို့ ဒို့အရေး၊ ဒို့အရေး အော်နေတာတွေတော့ ကြားနေရတာပေါ့နော်။ အဲတော့ သူ့အနေနဲ့ ပြောတာက ပြည်သူ့အသံကို နားထောင်ဖို့လာတာ။ ဒါကလည်းပဲ ပြည်သူ့ရဲ့အသံတခုပေါ့။ ”
    .
    DVB- ကော်မရှင်အဖွဲ့ဝင်တယောက်အနေနဲ့ အခုလို ဆန္ဒပြတာတွေ၊ တိုက်ခိုက်ပြောဆိုခံရတာနဲ့ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။
    .
    ဦးအေးလွင်- “ဘာမှမပြောချင်ဘူး။ တိုက်ခိုက်တယ်လို့လည်းမယူဆဘူး။ ကျနော်တို့အလုပ်ကိုက သူတို့ ဘာပြောချင်လဲဆိုတာ သွားနားထောင်ဖို့လေ။ အဲတော့ သူတို့ ကျနော်တို့ အလုပ်ကို ကူညီပေးတယ်လို့ပဲ သဘောထားပါတယ်။ တိုက်ခိုက်တယ်လို့ သဘောမထားဘူး။ သူတို့စိတ်မှာ ဘာခံစားလဲ။ ရခိုင်ပြည်သူတွေ ဘာဖြစ်စေချင်လဲ။ အဲဒါလေးတွေ သိအောင် သွားစုံစမ်းတာလေ။ ဒါ ပထမခြေလှမ်းပဲ ရှိပဲသေးတယ်။ ထပ်ခါထပ်လည်း ကျနော်တို့ သွားဦးမှာ။ နောက်ပြီး အဲဒီပုဂ္ဂိုလ်တွေက တကယ်ပါဝင်ပြီးတော့ ဒီကော်မရှင်ရဲ့လုပ်ငန်းစဉ်မှာ အဲဒီပုဂ္ဂိုလ်တွေ လုပ်ရမှာ။ သူတို့ ပြောတာနားထောင်မယ်။ သူတို့နေရာတွေသွားကြည့်မယ်။ ဒီလူတွေက တကယ့်ကို ပါဝင်ပတ်သက်နေသူတွေ၊ အဲလိုကျနော်တို့ ယုံကြည်ပါတယ်။ ခံစားပါတယ်။”
    .
    DVB- ကိုဖီအာနန် မြန်မာပြည်ကနေ ပြန်သွားပြီဆိုရင်ကော အန်ကယ်တို့ ကျန်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေ က ဘာတွေဆက်လုပ်မှာလဲ။
    .
    ဦးအေးလွင်- “ကျနော်တို့ ဒီရန်ကုန်မှာ ရုံးလေးတခုဖွင့်ပါမယ်။ ရုံးရဲ့ ဒါရိုက်တာတယောက်လေ။ နောက်တော့ သူတို့က ပြောရေးဆိုခွင့်ရှိသူအဖြစ်နဲ့ ဗမာပြည်က တယောက်ကိုလည်း ထားပါမယ်။ ရုံးကလည်း အရင် MPC ရုံးပေါ့ ဦးဝိဇာရလမ်းမှာ ရှိပါတယ်။ အဲဒီမှာ ဖွင့်ပါမယ်။ အလုပ်က အခုမှ စတာပါ။ တနှစ်လုံး လာလုပ်သွား မယ့်အလုပ်ပါ။ တရက်နှစ်ရက်လုပ်မယ့် အလုပ်မဟုတ်ပါဘူး။ တနှစ်လုံးလုပ်မယ့်အလုပ်ပါ။”
    .
    DVB- ကိုဖီအာနန်ကော မြန်မာပြည် ပြန်လာဖို့ရှိလား၊ ဘယ်တော့ပြန်လာမလဲ။
    .
    ဦးအေးလွင်- “မကြာမကြာပြန်လာမယ်။ အမြဲတမ်းလာမယ်။ သူနဲ့အတူ ကော်မရှင်မှာပါတဲ့ နှစ်ယောက်က သူ့ထက်ပိုပြီးတော့ ခပ်စိတ်စိတ်လေးပြန်လာမှာပေါ့နော်။ ”
    .
    DVB- ကော်မရှင်အဖွဲ့ဝင်တဦးအနေနဲ့ တခြားဘာပြောချင်တာရှိဦးမလဲ။
    .
    ဦးအေးလွင်- “ရခိုင်ပြည်သူများကို မပြောဘဲနဲ့ ကိုယ်ထင်ရာလုပ်သွားတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ကျနော်တို့ အဖွဲ့ကို ဦးဆောင်တဲ့သူက နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးပါ။ သူအကြိမ်ကြိမ်ပြောတာ။ ကျနော်တို့က လေးလေးစားစားလာပြီးတော့ ရခိုင်ပြည်သူတွေကို တင်ပြပါတယ်။ ကိုယ့်သဘောကိုယ်ဆောင်ပြီးတော့ ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲနဲ့ စွတ်တရွတ်လုပ် လိုက်တာမဟုတ်ပါဘူး။ အခုဟာက ဘယ်လိုဖြစ်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီအများစု အာဏာရတဲ့အတွက်ကြောင့် မတရားဗိုလ်ကျပြီးတော့ အတင်းဖွဲ့တယ်ဆိုတဲ့ အဲဒီအမြင်က လုံးဝမှားပါတယ်။”
    .
    “နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးက ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိတယ်။ ဘုန်းကြီးတွေကိုဆိုရင် လက်အုပ်ချီပြီးတော့ပြောတာ ရိုရိုသေသေလျှောက်ထားပါတယ်၊ သြ၀ါဒခံယူပါတယ်။ ဘာမှမလုပ်ရခင်မှာ သြ၀ါဒလာခံယူပါတယ်။ ဒီဖွဲ့မယ့်အကြောင်းကို ပြောပြီး သူတို့ ဘာပြောချင်တယ်ဆိုတာကို နားထောင်ခဲ့ပါတယ်။ အားလုံးကလည်း စိုးရိမ်စိတ်ကလေးပြောတယ်။ ဒေသခံပြည်သူတွေမပါတာရယ်၊ နိုင်ငံခြားသားဘာလို့ ပါရလဲ ဆိုတာရယ်။ အဲဒါကို ရှင်းပြလိုက်တဲ့အခါမှာ သူတို့သဘောပေါက်ပါတယ်။ ရခိုင်မြို့မိမြို့ဖတွေ လည်း ပါတယ်။ စီအက်အို (အရပ်ဖက်အဖွဲ့အစည်း)တွေလည်းပါတယ်။”
    .
    “မွတ်စလင်အဖွဲ့ကတော့ ဒါနဲ့ပတ်သက်ပြီး ဘာမှ သူတို့ကန့်ကွက်တာမရှိဘူး။ သူတို့ခံစားရတာပဲ သူတို့ပြောတယ်။ သူတို့ကိုမပြောဘဲနဲ့ လုံးဝလုပ်တာမဟုတ်ပါဘူး။ လိုအပ်ရင် ဗီဒီယိုမှတ်တမ်းတွေ ဘာတွေလည်း ရှိတယ်။ ဒါဖုံးကွယ်လို့ရတဲ့ ကိစ္စမှမဟုတ်ဘဲ။ ရခိုင်ပြည်သူတွေကို မတိုင်ပင်ဘဲနဲ့ မင်းတို့ဟာ မင်းတို့သဘောနဲ့ မင်းတို့ဖွဲ့တယ်။ အထူးသဖြင့် Target (ပစ်မှတ်) ကဒေါ်စုဆီပေါ့ဗျာ။ မဲနိုင်ထားလို့ ငါတို့ကို ဗိုလ်ကျတာလားဆိုတဲ့သဘောမျိုး၊ အဲဒါလုံးဝမဟုတ်ပါဘူး။ ဒီ Image (ပုံရိပ်) ကလုံးဝမှားနေတဲ့ Image ပါ။ မတရားစွပ်စွဲခံရတာပါ။ ”
    .
    DVB- ဟုတ်ကဲ့ ခုလိုဖြေကြားပေးတဲ့အတွက် ဒီဗွီဘီက ကျေးဇူးတင်ပါတယ်။

    http://burmese.dvb.no/archives/167566

  • Pokemon Go ဂိမ်းမှာ သာသနာဖျက်ဂိမ်း ဟုတ်၊ မဟုတ် အိန္ဒိယ ကြားနာမည်

    Pokemon Go ဂိမ်းမှာ သာသနာဖျက်ဂိမ်း ဟုတ်၊ မဟုတ် အိန္ဒိယ ကြားနာမည်

    စက်တင်ဘာ ၈၊ ၂၀၁၆
    M-Media

    po

    – ကမ္ဘာတစ်ဝှမ်းတွင် နာမည်ကြီး လူကြိုက်များနေသည့် Pokemon Go ဂိမ်းမှာ ဟိန္ဒူနှင့် ဂျိန်းဘာသာဝင်များ၏ သက်သက်လွတ်ကျင့်စဉ်ကို ထိခိုက်ကာ သာသနာညှိုးနွမ်းစေသည့်အတွက် ခွင့်မပြုသင့်ဟု အိန္ဒိယတရားရုံးတစ်ခုတွင် ယမန်နေ့က ဦးတိုက်လျှောက်ထားခဲ့သည်ဟု သိရသည်။

    ထိုဂိမ်းတွင် ဆုအဖြစ် ကြက်ဥများကို ဆုချမှု၊ ဟိန္ဒူနှင့် ဂျိန်းဘာသာရေး အဆောက်အဦးများတွင် ဥများကို ထားရှိမှုမှာသက်သက်လွတ်သမားများ၏ ဘာသာရေး ကျင့်စဉ်ကို ထိခိုက်စေသည်ဟု ရှေ့နေတစ်ဦးဖြစ်သူ နာချီကတ် ဒေ့ဗ်က ရုံးတော်သို့ လျှောက်ထားခဲ့သည်။

    “အခန်းအောင်တဲ့သူတွေကို ဥတွေ ပေးပြီး ဆုချတယ်။ အတုအယောင်ကမ္ဘာပဲဖြစ်နေပါစေ ဘုရားကျောင်းထဲမှာ ဥတွေ ပေးတာဟာ လုံးဝ လက်မခံနိုင်စရာဖြစ်ပြီး သာသနာကို စော်ကားတယ်လို့ သတ်မှတ်လို့ရပါတယ်” ဟု ဂူဂျာရတ်ပြည်နယ်ရှိ တရားရုံးတစ်ခု၌ အကျဉ်းချုပ်ကြားနာမှုအပြီးတွင် ဒေ့ဗ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ တရားရုံးမှာ ထိုကဲ့သို့ တိုင်ကြားမှုနှင့်ပတ်သက်၍ ဂူဂျာရတ်အစိုးရ၊ အိန္ဒိယအစိုးရနှင့် ဂိမ်းထုတ်လုပ်သော ဆန်ဖရန်စစ္စကိုအခြေစိုက် ကုမ္ပဏီကိုပါ အသိပေးမည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ဟိန္ဒဘာသာဝင်အများစုမှာ သက်သက်လွတ်သမားများဖြစ်ပြီး အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီလည်း ထိုအထဲတွင် ပါဝင်သည်။ ဂျိမ်းဘာသာဝင်များကလည်း အလွန်တင်းကြပ်သော သက်သက်လွတ်စားသုံးမှုပုံစံကို ကျင့်သုံးလေ့ရှိသည်။

    ဂိမ်းထုတ်လုပ်သည့်ကုမ္ပဏီမှာ ဟီရိုရှီးမားနှင့် ဘာလင်ရှိ လူအစုလိုက်အသတ်ခံရသည့် နေရာများအား ပိုကီမွန်ဖမ်းသည့်နေရာများအဖြစ် သတ်မှတ်ထားမှုကို မကြာသေးမီကပင် ပယ်ဖျက်ပေးခဲ့သည်။

    ရုရှားရှိ ဘလော့ဂ်ဂါတစ်ဦးမှာ ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ပိုကီမွန်ဂိမ်း ကစားနေသည့်ပုံကို ဗီဒီယိုရိုက်တင်ခဲ့ပြီးနောက် ဘာသာဝင်များအား စိတ်ထိခိုက်စေမှု၊ အမုန်းတရား ဖြန့်ဖြူးမှုတို့ဖြင့် တရားစွဲ ခံခဲ့ရသည်။

    Ref; bangkokpost

  • ဖိလစ်ပိုင်ကဲ့သို့ အင်ဒိုတွင်လည်း မူးယစ်ပြဿနာကို ပြင်းပြင်းထန်ထန် ကိုင်တွယ်မည်

    ဖိလစ်ပိုင်ကဲ့သို့ အင်ဒိုတွင်လည်း မူးယစ်ပြဿနာကို ပြင်းပြင်းထန်ထန် ကိုင်တွယ်မည်

    စက်တင်ဘာ ၈၊ ၂၀၁၆
    M-Media

    indo-3

    – ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးပြဿနာကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေသည့် နည်းလမ်းအား အတုယူ၍ အင်ဒိုနီးရှားတွင်လည်း ရဲတပ်ဖွဲ့အား လူအင်အား လက်နက်အင်အား တိုးမြှင့်ကာ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန် အင်ဒို မူးယစ်တိုက်ဖျက်ရေး အကြီးအကဲက စီစဉ်နေသည်ဟု သိရသည်။

    အရှေ့တောင်အရှ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အင်ဒိုနှင် ဖိလစ်ပိုင်တို့မှာ ‘မူးယစ်စစ်ပွဲ’ ဆင်နွှဲမည်ဟု ကြေငြာထားပြီး အင်ဒိုနီးရှားက ပြစ်မှုကျူးလွန်သူများကို အဆုံးစီရင်ရန်သာ လုပ်ဆောင်နေသော်လည်း ဖိလစ်ပိုင်ကမူ ပြင်းပြင်းထန်ထန် ကိုင်တွယ်နေပြီး မူးယစ်ဆေးဝါး ရောင်းချသူဟု သံသရှိသူ ရာပေါင်းများစွာကို ပစ်သတ်ခဲ့သည်။

    နှစ်နိုင်ငံခေါင်းဆောင်များမှာ ယခုရက်သတ္တပတ်တွင် ဂျာကာတာ၌ တွေ့ဆုံရန် ရှိနေပြီး ဆွေးနွေးမည့်အဓိကအကြောင်း အရာများအနက် တစ်ခုမှာ ဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုကို အပြီး ရှင်းထုတ်နိုင်ရေး နည်းလမ်းများ ဖြစ်နိုင်သည်။

    အင်ဒိုနီးရှား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (BNN) ၏ အကြီးအကဲ ဘူဒီ ၀ါဆေဆိုက ၎င်းတို့အဖွဲ့မှာ ဒေသတွင်း အကြီးဆုံး မူးယစ်ဆေး ဈေးကွက်တစ်ခုဖြစ်သော အင်ဒိုတွင် တရားဥပဒေစိုးမိုးရေး ကြိုးပမ်းအားထုတ်မှုများကို ပိုမိုတင်းကြပ်နိုင်ရန်အတွက် လက်နက်များ၊ ထောက်လှမ်းရေးများ၊ နည်းပညာများ၊ အနံ့ခံခွေးများ စသည်တို့ကို ဖြည့်တင်းနေသည်ဟု ပြောကြားခဲ့သည်။

    အင်ဒိုအနေဖြင့် ဖိလစ်ပိုင်ကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မည်လားဟု မေးမြန်းရာတွင် “ဟုတ်ပါတယ်။ အဲဒီလိုလုပ်မယ်လို့ ယုံကြည်ပါတယ်။ အင်ဒိုနီးရှားက (မူးယစ်ပြဿနာဟာ) ဖိလစ်ပိုင်လောက်ကို ဆိုးဝါးတာကြောင့် ဒါမျိုး ဖြစ်လာနိုင်ပါတယ်” ဟု ၀ါဆေဆိုက ပြန်လည်ဖြေကြားခဲ့သည်။

    Ref : channelnewsasia