စက်တင်ဘာ ၁၅၊ ၂၀၁၆
M-Media
– အမေရိကန်၏ ကုန်သွယ်ရေးအစီအစဉ်တစ်ခုဖြစ်သော Generalized System of Preferences (GSP) အရ မြန်မာနိုင်ငံမှာ အမေရိကန်သို့ ကုန်ပစ္စည်းပေါင်း ၅၀၀၀ ကျော်ကို အခွန်လွတ် တင်သွင်းနိုင်မည်ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။
ယခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ စတင်အသက်ဝင်မည့် အဆိုပါ ခွင့်ပြုချက်မှာ မြန်မာအစိုးရအနေဖြင့် အလုပ်အကိုင် ဖန်တီးရေး၊ ဆင်းရဲမွဲတွေမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် အကူအညီဖြစ်စေမည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ထည့်သွင်းပြောဆိုခဲ့သည်။
ထိုသတ်မှတ်ချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အိုဘားမားကလည်း မိမိတို့အနေဖြင့် မြန်မာနိုင်ငံအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုအားလုံးကို ဖယ်ရှားပေးရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။
Ref: The Star


Leave a Reply
You must be logged in to post a comment.