News @ M-Media

Blog

  • ရုရှားကမ္ဘာဖလားပြီးပါက နိုင်ငံတကာကစားသမားဘ၀မှ ရူနီ အနားယူမည်

    ရုရှားကမ္ဘာဖလားပြီးပါက နိုင်ငံတကာကစားသမားဘ၀မှ ရူနီ အနားယူမည်

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media

    England

    – ၂၀၁၈ ခုနှစ်တွင် ရုရှား၌ပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးပါက နိုင်ငံတကာ ဘောလုံးသမားဘ၀မှ အနားယူရန် အစီအစဉ်ရှိနေသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    ရူနီမှာ အင်္ဂလန်နည်းပြသစ် ဆမ်အလာဒိုက်စ် လက်ထက်တွင်လည်း လက်ရွေးစင်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး လာမည့် တနင်္ဂနွေနေ့ ကမ္ဘာဖလားခြေစစ်ပွဲ ဆလိုဗက်ကီးယားနှင့်ပွဲတွင် အင်္ဂလန်အသင်းအား ဦးဆောင်သွားမည်ဖြစ်သည်။

    သို့သော်လည်း လာမည့် ၂၀၁၈ ကမ္ဘာဖလားပွဲမှာ မိမိအတွက် နောက်ဆုံး ဖြစ်မည်ဖြစ်ပြီး နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူချိန်တန်ပြီဖြစ်ကြောင်း စိတ်ပိုင်းဖြတ်ထားသည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ နိုင်ငံတကာ ကစားသမားဘ၀ဟာ အခုအချိန်အထိ တော်တော်လေး ကျေနပ်စရာကောင်းတယ်။ ပွဲတွေအများကြီး ကစားခဲ့ရပြီး မိနစ်တိုင်းအတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် အဆုံးသတ်ချိန်က ရောက်လာမှာပါ။ ကျွန်တော် မအိုသေးပါဘူး။ အသက် ၃၀ ပဲ ရှိပါသေးတယ်။ ရုရှားပြိုင်ပွဲဟာ နိုင်ငံတာကာ ကစားသမားဘ၀ကို နှုတ်ဆက်ဖို့ ကျွန်တော့်အတွက် အချိန်ကောင်းပါပဲ။ ကျွန်တော်ကတော့ ဆုံးဖြတ်ပြီးပါပြီ။ ဒါပေမယ့် ဆမ်အလာဒိုက်စ်အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် နိုင်ငံအသင်းအတွက် ရွေးချယ်ခံရမယ်ဆိုရင် အဲဒီပြိုင်ပွဲဟာ နောက်ဆုံးပွဲ ဖြစ်မှာပါ။ အတက်အကျတွေရှိခဲ့ပေမယ့် ကျွန်တော် ဂုဏ်ယူပါတယ်” ဟု ရူနီက ပြောကြားခဲ့သည်။

    ရူနီမှာ အင်္ဂလန်ဘောလုံသမိုင်းတွင် ၅၃ ဂိုးဖြင့် ဂိုးအများဆုံး သွင်းယူထားသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပွဲပေါင်း ၁၁၅ ပွဲ ကစားထားပြီးဖြစ်သည်။

    Ref: Goal

  • မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁.၃ သန်းကျော် ရှိနေ

    မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁.၃ သန်းကျော် ရှိနေ

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media

    child worker

    – အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁.၃ သန်း ရှိနေသည်ဟု သိရသည်။

    စစ်တမ်းကောက်ယူမှု မှတ်တမ်းများကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ကလေးဦးရေမှ ၁၀ ရာခိုင်နှုန်းကျော်မှာ လယ်ယာလုပ်ငန်းကဲ့သို့ မိသားစုစီးပွားရေး လုပ်ငန်းများတွင် အခကြေးငွေမရဘဲ အလုပ်လုပ်ရခြင်းပါအ၀င် နိုင်ငံတစ်ဝှမ်း တရားဝင်နှင့် တရားမ၀င် ကဏ္ဍများတွင် အလုပ်လုပ်နေရခြင်းဖြစ်သည်ဟု ထိုမှတ်တမ်းတွင် ဖော်ပြထားသည်။

    အရွယ်မရောက်သေးသော ယောက်ျားလေးများ အလုပ်လုပ်ရမှု အရေအတွက်မှာ ၆၇၆၂၀၈ ဦး ရှိနေပြီး အရွယ်မရော က်သည့် မိန်းကလေးငယ်များ အလုပ်လုပ်ရသည့် အရေအတွက်မှာမူ ၆၀၂၇၀၁ ဦး ရှိနေသည်။ ထိုကဲ့သို့ အလုပ်လုပ်ရသည့် ကလေးငယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ အသက် ၁၅နှစ်မှ ၁၇ နှစ်အရွယ်ရှိ ကလေးငယ်များ ဖြစ်သည်။

    အဆိုပါ အသက်အရွယ်အပိုင်းအခြားမှာ ကမ္ဘာ့တစ်ဝှမ်းရှိ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင် အလုပ်လုပ်ခွင့်ပြုသည့် အသက်အပိုင်းအခြား ဖြစ်သည်။

    သို့သော်လည်း မြန်မာနိုင်ငံရှိ ကလေးလုပ်သားများ၏ အခြေအနေမှာ ပျမ်းမျှ တစ်ပတ်လျှင် ၅၂ နာရီ အလုပ်လုပ်ရပြီး၊ ၎င်းတို့ထဲမှ ၂၄.၄ ရာခိုင်နှုန်းမှ ၃၃.၆ ရာခိုင်နှုန်းမှာ အလုပ်ကြမ်းသမားအဖြစ် သတ်မှတ်ခံထားရကာ တစ်ပတ်လျှင် နာရီ ၆၀ ထက်ပို၍ အလုပ်လုပ်နေရသည်။

    ၂၀၁၆ ခုနှစ် ဈေးဆိုင်များနှင့် အလုပ်ဌာနများဆိုင်ရာ ဥပဒေတွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ရှိ လူငယ်များ တစ်နေ့လျှင် ၄ နာရီထက်ပို၍ အလုပ်လုပ်ခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ထားသည်။ မြန်မာနိုင်ငံရှိ ကလေးလုပ်သား ၁ သန်းကျော်မှ ၈၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် ဖြစ်သည်။

    ကလေးအလုပ်သမားများမှ ၆၀.၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်းများတွင် အလုပ်လုပ်နေရပြီး ၁၂ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်ငန်းများတွင် ရှိနေကာ၊ ၁၁.၁ ရာခိုင်နှုန်းမှာ ကုန်သွယ်ရေး၊ ၆.၁ ရာခိုင်နှုန်းမှာ ၀န်ဆောင်မှု လုပ်ငန်းများတွင် အသီးသီး လုပ်ကိုင်နေရသည်ဟု ၀န်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုကဏ္ဍများတွင် ကလေးအလုပ်သမားများ ရရှိသည့် လုပ်ခလစာမှာ တစ်နာရီလျှင် ကျပ် ၄၀၀ သာ ရှိနေပြီး၊ ၅၇ ရခိုင်နှုန်းမှာ မိသားစုလုပ်ငန်းများတွင် လုပ်ခလစာမရဘဲ လုပ်ကိုင်နေရသည်။

    Ref: mmtimes

  • ” လူ့အခွင့်အရေးနဲ့ စိန်ခေါ်မှုများ ”  (ဆွေးနွေးချက်)

    ” လူ့အခွင့်အရေးနဲ့ စိန်ခေါ်မှုများ ” (ဆွေးနွေးချက်)

    14034739_10154615821148128_805723550342819069_n
    သြဂုတ်လ ၂၈ ရက်နေ့ RFA (မြန်မာပိုင်း) အစီအစဉ်မှာ ” လူ့အခွင့်အရေးနဲ့ စိန်ခေါ်မှုများ ”  ခေါင်းစဉ်အောက်မှ မေးမြန်းဆက်သွယ်မှုများကို  ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (ငြိမ်းချမ်းမေတ္တာ) တည်ထောင်သူ ဟာဂျီ ဦးအေးလွင်နဲ့ ညီမျှခြင်း မြန်မာ အဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်း တို့ ၏ ပင်တိုင်ဆွေးနွေးမှု ဖြစ်ပါတယ်။

    * ရခိုင် အကြံပေးကော်မရှင်နှင့် ပတ်သက်ပြီး ကန့်ကွက်နေမှုများကို ဟာဂျီဦးအေးလွင်ရဲ့ မှတ်ချက်၊
    .
    * UPR (Universal Periodic Review) နှင့် ပတ်သက်ပြီး ဦးအောင်မျိုးမင်းရဲ့ ရှင်းလင်းချက်၊
    .
    * မွေးရာပါအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူတိုင်းတန်းတူ အခွင့်အရေးတွေ နဲ့ ပတ်သက်ပြီး ဦးအောင်မျိုးမင်းရဲ့ ရှင်းလင်းချက်၊

    * အမုန်းတရား ဆိုတာ ဘာလဲ ? ဟာဂျီဦးအေးလွင်ရဲ့ ဖြေရှင်းချက်၊

    * အစ္စလာမ်ဖြစ်လို့ လူမျိုး ပြောင်းပြီးမှတ်ပုံတင်မှာ ဖော်ပြခံရမှု၊ မြို့သစ်တွေမှာ လူနည်းစုဘာသာဝင်တွေ ရဲ့ သာသနိက အဆောက်အအုံတွေ တရားဝင် မရှိတဲ့ ကိစ္စ၊

    * ကုလ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး စုံစမ်းတဲ့ အထူးကိုယ်စားလှယ် ဘာကြောင့် ဆက်ရှိနေတာလဲ ၊ ဘယ်တော့ မှ မရှိတော့မှာလဲ  ဦးအောင်မျိုးမင်းရဲ့ ပြောကြားချက်၊

    * ယခင်သမ္မတ ဦးသိန်းစိန် လက်ထက် စတင် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အပေါ် ဟာဂျီဦးအေးလွင်နှင့် ဦးအောင်မျိုးမင်းတို့၏  မှတ်ချက်၊

  • “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှဆင်သူ” စာအုပ် ဘယ်သူ အကြောင်းရေးတာလဲ?

    “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှဆင်သူ” စာအုပ် ဘယ်သူ အကြောင်းရေးတာလဲ?

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media
    မိုးစက်
    U Than Myint Soe
    သမိုင်းသင်ခန်းစာယူပြီး ယဉ်ကျေးတဲ့ သမိုင်းတွေကို ဖန်တီးနိုင်ရန်၊ ယဉ်ကျေးတဲ့ သမိုင်းတစ်ခုကို တည်ဆောက်နိုင်ရန်အတွက် မျိုးဆက်သစ်တွေ အတုယူနိုင်စေဖို့အတွက် မျက်ဝန်းလင်းစေသူနှင့် ဘဝအလှဆင်သူတစ်ဦးဖြစ်တဲ့ ဟာဂျီဦးသန်းမြင့်စိုးအကြောင်းကို စာရေးဆရာ (၁၈) ဦးက စုပေါင်း ဂုဏ်ပြုရေးသားထားတဲ့ စာအုပ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့မှာ စာအုပ်မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။

    သာမန် ဈေးရောင်းလက်လုပ်လက်စား သမားများကို ကူညီသည့် အစီအစဉ်တစ်ခုဖြစ်သည့် ဆင်းရဲသူများဘဝ မြင့်တင်ရေးလုပ်ငန်းစဉ်၊ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းအဖြစ် လူမျိုးဘာသာမရွေး မျက်စိခွဲစိတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်၊ အမျိုးသမီးများအတွက် နွေရာသီ အမျိုးသမီးစက်ချုပ် သင်တန်းဆိုပြီး လက်မှုပညာများကို သင်ကြားပေးသည့် လုပ်ငန်းစဉ်၊ ဒုက္ခရောက်နေတဲ့ သူများကို စွမ်းစွမ်းတမံ ကူညီခဲ့တဲ့ ဟာဂျီ ဦးသန်းမြင့်စိုးရဲ့ ဘဝခရီးလမ်းတစ်လျှောက် အကြောင်းအရာများကို “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှဆင်သူ” ဆိုသည့် စာအုပ်ထဲမှာ ရေးသားထားပါတယ်။

    ရန်ကုန်၊ မန္တလေး၊ ဖျာပုံက စာရေးဆရာ (၁၈) ယောက်လောက်က ဟာဂျီဦးသန်းမြင့်စိုးအကြောင်းကို အဆိုပါ စာအုပ်တွင် တစ်ယောက်တစ်မျိုး မတူညီအောင် ရေးသားထားကြသည်မှာ ဟာဂျီဦးသန်းမြင့်စိုးအကြောင်းကို စုံလင်စွာ သိရှိနိုင်ပါတယ်။

    တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေနဲ့ ဒုက္ခဆင်းရဲ အကူညီလိုနေတဲ့ သူတွေကို သူဘယ်လို ကယ်တင်ခဲ့လဲ၊ မျက်စိခွဲစိတ် စမ်းသပ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဘာကြောင့် သူလုပ်ဆောင်ခဲ့တာလဲ၊ ထိရောက်မယ့် အလှူတွေကို သူဘယ်လို ရွေးချယ်ပြီး လှူတန်းခဲ့လဲ၊  ဘာသာတရားရဲ့ အဆုံးအမအောက်မှာ သူ့အလှူအတန်းကို ဘယ်လို လုပ်ဆောင်ခဲ့လဲ၊ မျက်လုံးပေါင်းတစ်ထောင်ရှိသူလို့ သူ့ကို လူတွေက ဘာကြောင့်သတ်မှတ်ကြတာလဲ၊ သူကွယ်လွန်ခါနီး နောက်ဆုံးအချိန်ထိ သူလူသားအကျိုးပြုလုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်သွားသလဲဆိုတာ စာရေးဆရာကြီးများစွာ ရေးသားထားတဲ့ “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှဆင်သူ” ဆိုသည့် စာအုပ်ထဲမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

    အဆိုပါ စာအုပ်ကို ကြယ်စင် မေတ္တာ သွေးလှူ ရှင်များ အသင်း နှင့် လူ မှု အခြေ ပြု အ ဖွဲ့ ( CBO ) ရိုက်နှိပ်ဖြန့်ချိတာဖြစ်ကြောင်း သိရှိရပါတယ်။ ဆက်သွယ်ရန် ဖုန်းနံပါတ်များကတော့ ၀၉-၃၃၀၄ ၇၈၂၆၊ ၀၉-၇၃၄၉ ၄၀၆၈၊ ၀၉-၄၃၁၀ ၄၃၅၉၊ ၀၉-၄၃၂၀ ၇၉၆၈၊ ၀၉-၄၀၂၆ ၂၃၀၅၈ ဖြစ်ပါတယ်။

    “မျက်ဝန်းလင်းစေသူ နှင့် ဘဝအလှ ဆင်သူ” အထုပတ္တိ စာအုပ်မှာ ” အနေတတ်၍ အသေမြတ်သူ ” ခေါင်းစဉ်ဖြင့် ပါဝင်ရေးသားထားတဲ့ ဆောင်းပါးရှင် အောင်သစ်(မန္တလေး) (ခ) အလင်းရောင်မှ ၄င်း၏ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ဦးသန်းမြင့်စိုးအကြောင်း အကျဉ်းချူပ်ကို ပူးတွဲ၍ ဖော်ပြလိုက်ပါတယ်။

    မျက်ဝန်းလင်းစေသူ (သို့) ဟာဂျီ ဦးသန်းမြင့်စိုး
    ——————————————-ပရဟိတ အလုပ်တွေကို မြန်မာနိုင်ငံ မှာ အသင်းအဖွဲ့တွေနဲ့လုပ်နေကြတာ တွေ့ရပါတယ်။တစ်ဦးတစ်ယောက် ထဲနဲ့ ပရဟိတ လုပ်နေသူအချို့ရှိတဲ့ အထဲက အများအကျိုးကို ထိထိ ရောက်ရောက် တစ်ယောက်ထဲနဲ့ထူး ထူးခြားခြားလုပ်သွားသူတစ်ဦး မန္တလေးမြို့ မှာ ရှိခဲ့ဖူးပါတယ်။အဲဒီလူ ဟာ အစ္စလာမ်ဘာသာဝင် ဟာဂျီ ကိုသန်းမြင့်စိုး ဖြစ်ပါတယ်။
    .
    တစ်နေ့မှာ ပါဝါမျက်မှန်ကို အမြဲ တပ်ဆင်နေရတဲ့ ကိုသန်းမြင့်စိုးဟာ ပါဝါမျက်မှန်ကိုချွတ်ပြီး ရေချိုးခန်းမှာ တစ်မိနစ်လောက် မျက်စိမှိတ်ထားရာ မှောင်မည်းနေတဲ့အတွက် ဘာအရာ ဝတ္ထုကိုမျှ မမြင်နိုင်တဲ့အဖြစ်ကို ဆိုက်ရောက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာ သူဟာ မျက်စိမမြင်တဲ့ သူတွေရဲ့ အဖြစ်ကိုစဉ်းစားမိပါတယ်။မျက်စိ မမြင်တာ ဘဝတစ်ခုလုံးဆုံးရှုံးစေ တာပဲလို့ စာနာနားလည်သွားပြီး မျက်စိမမြင်တဲ့လူ မျက်စိမှုန်တဲ့လူတွေကို မျက်စိအလင်းရအောင် ကူညီမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
    .
    ဟာဂျီကိုသန်းမြင့်စိုးဟာ မန္တလေး မြို့ ၃၅ လမ်း ၈၃ – ၈၄ လမ်းကြားမှာ Raleigh Sticker Shop ဆိုင်ကို ဖွင့်ပြီး စီးပွားရှာလို့ရတဲ့ ကိုယ်ပိုင် အမြတ်ငွေမှ မျက်စိမမြင်သူ များအား လူမျိုးဘာသာ မခွဲခြားဘဲ ခွဲစိတ်ခ အကုန်ကျခံလှူဒါန်းခဲ့တာ တစ်နှစ်ကို လူ ၂၀၀ နီးပါးမျှ မျက်စိ အလင်းရစေ ခဲ့ပါတယ်။သူ ဟာ မကွယ်လွန်မီ အချိန်ထိ မျက်စိမမြင်သူ လူဦးရေ ၁၀၀၀ ကျော်ခန့်ကို သူ့ကိုယ်ပိုင်ငွေ နဲ့ မျက်စိခွဲစိတ်ပေးပြီး အလင်းရစေခဲ့ ပါတယ်။မျက်စိလူနာများစွာကို စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီး မျက်စိခွဲစိတ်ဆရာဝန်မ ကြီး ဒေါက် တာ မေချိုချိုအေး နဲ့ ချိတ်ဆက်ကာ ခွဲစိတ် အလင်းရစေခဲ့ပါတယ်။အချို့ ကို မန္တလေး American visions မှ ဒေါက်တာ ဇော်ထွန်းလင်း နဲ့ ကျော် ဆေးခန်း မှာ ခွဲစိတ် အလင်းရ စေခဲ့ပါတယ်။ စာရေးဆရာ ကျော်ရင်မြင့် က ကိုသန်းမြင့်စိုးကို ဂုဏ်ပြုတဲ့ အနေနဲ့ ” မျက်လုံးပေါင်း တစ်ထောင် ရှိသူ ” ဆိုတဲ့ဆောင်းပါးကို ( ၆ – ၆ – ၂၀၀၈ ) နေ့ထုတ်”မော်ဒန် ” ဂျာနယ်မှာ ရေးသားခဲ့ပါတယ်။
    .
    ကိုသန်းမြင့်စိုး ဟာ ရေနံ့သာ မှာ ရှိတဲ့ အနာကြီးရောဂါသည် လူ အယောက် ၂၀ ကိုလည်း မျက်စိ အလင်းရအောင် ဒေါက်တာဦးစိန်ဝင်း နဲ့ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။

    ကိုသန်းမြင့်စိုးဟာ အလှူရေစက် လက်နဲ့မကွာ သူဖြစ်ပါတယ်။ နာဂစ်လေဘေးကျရောက်စဉ်က ဖျာပုံ မြို့ကို မန္တလေးမှ မွတ်စလင် အလှူရှင်များဖြစ်တဲ့ ဟာဂျီကိုအောင်ဇော်ဝင်း(စွမ်းအား လျှပ်စစ် )၊ ဟာဂျီ ဦးအောင်မြင့်ထွန်း ( Hi Tech )တို့ နဲ့ သိန်းငါးရာ တန်ဖိုးရှိ အစားအသောက် လူသုံးကုန်ပစ္စည်း များကို လေဘေးဒဏ် ဒုက္ခသည် လူမျိုးဘာသာမခွဲခြားဘဲ သွားရောက် လှူဒါန်းရာမှာလည်းပါဝင်ခဲ့ပါတယ်။ မေမြို့ (ပြင်ဦးလွင်) ဈေးကြီးထဲမှဈေး ဆိုင်ငယ်လေးများဟာ အရင်းအနှီး အတွက် ငွေတိုးချေးသူထံမှ မတန်တဆ အတိုးနဲ့လုပ်ကိုင်စား သောက်နေကြရတာကို ကိုသန်းမြင့်စိုး သိရှိတဲ့အခါမှာ အလွန်သနားပြီး မြို့ခံ ဦးညီညီရဲ့အကူအညီပေးမှု၊ ပံ့ ပိုးမှုနဲ့ ဈေးသည်များကို အတိုးမဲ့ချေး ငွေ ထုတ်ပေးကာ ဆင်းရဲဒုက္ခ ပြဿနာများအားပြေလည်စေခဲ့ပါတယ်။

    ကိုသန်းမြင့်စိုးဟာ မန္တလေးမြို့ သစ် သင်ပန်းကုန်းက အလုပ်လက်မဲ့ မိန်းကလေးများကိုလည်း မိမိကိုယ်ပိုင်ငွေမှ ရင်းနှီး မတည်ကာ အပ်ချုပ်စက်များဝယ်ကာ fatimah foundation စက်ချုပ်သင်တန်းကို ဖွင့်လှစ်ထူထောင်သင်ကြားစေခဲ့တာ အောင်မြင်ခဲ့ပါတယ်။
    လောက မှာသူတော်ကောင်း တွေဟာ အသက်တိုတယ်လို့ ဆိုချင် ပါတယ်။ဟာဂျီကိုသန်းမြင့်စိုး ဟာ သွေးကင်ဆာ ရောဂါကို သိန်းရာချီ အကုန်အကျခံကာ ကုသသော်လည်း ( ၁ – ၃ – ၂၀၁၁ ) အသက် ၅၇ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဇနီး ဟာဂျီမ ဒေါ်မြင့်မြင့်မော် နဲ့သား ဖြိုးအာကာ ဥက္ကာကျော်တို့ကျန်ရစ်ခဲ့ပါတယ်။

  • နည်းပညာကို အကျိုးရှိစွာသုံးနိုင်ရေး ပုပ်ရဟန်မင်းကြီးနှင့် ဇူကာဘာ့ဂ်တို့ ဆွေးနွေး

    နည်းပညာကို အကျိုးရှိစွာသုံးနိုင်ရေး ပုပ်ရဟန်မင်းကြီးနှင့် ဇူကာဘာ့ဂ်တို့ ဆွေးနွေး

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media

    – ခရစ်ယာန် ကက်သလစ်အသင်းတော်၏ အကြီးအကဲဖြစ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ ယမန်နေ့က Facebook တည်ထောင်သူ မာ့ခ် ဇူကာဘာ့ဂ်နှင့် တွေ့ဆုံခဲ့ပြီး ဆက်သွယ်ရေး နည်းပညာများအား အများအကျိုးအတွက် အသုံးချရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ဗာတီကန်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ဆင်းရဲမွဲတွေမှုလျှော့ချရေး၊ တွေဆုံဆွေးနွေးအဖြေရှာမှု ဓလေ့အား တွန်းအားပေးရေး၊ အချို့တဲ့ဆုံးသူများအတွက် မျှော်လင့်ချက်သတင်းစကားပါးရေး စသည့် ကဏ္ဍများအတွက် ဆက်သွယ်ရေးနည်းပညာကို မည်ကဲ့သို့ အသုံးချရမည်ဆိုသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု ဗာတီကန် ပြန်ကြားရေးဌာနမှ ဒါရိုက်တာ ဂါ့ဂ်ျ ဘာရ်ကီက ပြောကြားခဲ့သည်။

    ဇူကာဘာ့ဂ်မှာ ပုပ်ရဟန်းမင်းကြီးအား ဒရုန်းလေယာဉ်းတစ်စင်း လက်ဆောင်ပေးအပ်ခဲ့ပြီး၊ ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံကိုလည်း Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။ ထို့ပြင် မိမိလေးစားသည့် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံမှုမှာ မိမိအတွက် မမေ့နိုင်မည့် တွေ့ဆုံမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: huffingtonpost