စက်တင်ဘာ ၁၊ ၂၀၁၆
M-Media
– ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့က အာဖရိကအနောက်ဖက်နှင့် အလယ်ပိုင်းဒေသတွင် ကျောင်းတွင်း စားနပ်ရိက္ခာထောက်ပံ့ကူညီရေးအစီအစဉ်အတွက် ဒေါ်လာ ၄၈ သန်းခန့် အရေးတကြီးလိုအပ်နေသည်ဟု အင်္ဂါနေ့က သတိပေးပြောကြားခဲ့သည်။
“လိုအပ်ချက်တွေ အများဆုံးရှိနေတဲ့ နိုင်ငံနဲ့ ဒေသတွေက ကလေးငယ်တွေဟာ အသက်ရှင်သန်ရေးအကူအညီတွေ ဆုံးရှုံးနေပါတယ်” ဟု အနောက်အာဖရိကဆိုင်ရာ WFP ဒါရိုက်တာ Abdou Dieng က ကြေငြာချက်တွင် ပြောကြားခဲ့သည်။
“ကျောင်းတွင်းစားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဉ်ကနေ ရရှိလာမယ့် အကျိုးတွေကို မမေ့လျော့ဖို့ ကျွန်တော်တို့ကို ကူညီနေတဲ့ လူတွေကို တိုက်တွန်းပါတယ်။ ကလေးငယ်တစ်သန်းကျော်ကို ဆင်းရဲမွဲတေမှု၊ ဆာလောင်မွတ်သိပ်မှု၊ အာဟာရမပြည့်ဝမှုအခြေအနေထဲ၊ ဆင်းရဲတွင်းထဲ ကျရောက်ခွင့်မပေးပါနဲ့”
အကယ်၍ လိုအပ်သော ရန်ပုံငွေသည် နောက်လအထိ မပြည့်မီခဲ့ပါက ကင်မရွန်း၊ မာလီ၊ မော်ရီတေးနီးယား၊ နိုင်ဂျာတို့တွင်ရှိသော ကလေးငယ် သန်းဝက်ခန့်မှာ ၎င်းတို့ အဓိကမှီခိုနေရသည့် စားနပ်ရိက္ခများ မရရှိဘဲ ပညာသင်နှစ်ကို စတင်ရတော့မည်ဖြစ်သည်ဟု WFP က ထည့်သွင်းပြောကြားခဲ့သည်။
အာဖရိကအနောက်နှင့် အလယ်ပိုင်းဒေသအများစုတွင် WFP က အာဟာချို့တဲ့မှုနှင့် ဆာလောင်မွတ်သိပ်မှု အများဆုံးရှိသော ဒေသများသို့ ဦးတည်၍ ကျောင်းတွင်းစားနပ်ရိက္ခာများ အဓိကထောက်ပံ့ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။
Ref : IINA


Leave a Reply
You must be logged in to post a comment.