News @ M-Media

Blog

  • မြို့တော်ခန်းမရှေ့က ရှစ်လေးလုံး အရေးတော်ပုံ၂၈ နှစ်မြောက်အခမ်းအနား.

    မြို့တော်ခန်းမရှေ့က ရှစ်လေးလုံး အရေးတော်ပုံ၂၈ နှစ်မြောက်အခမ်းအနား.

    သြဂုတ် ၉ ၊ ၂၀၁၆

    ၈၈၈၈ ပြည်သူ့ ဒီမိုကရေစီအထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၈ ရက် ၈နာရီ ၈ မိနစ် ၈ စက္ကန့် အချိန်တွင် မဟာဗန္ဓုလ ပန်းခြံနှင့်မြို့တော်ခန်းမရှေ့တွင် စီစဉ်ကျင်းပဆောင်ရွက်ခဲ့ပါတယ်။
    13956997_1760961244171684_466776816_n
    အခမ်းအနားတွင် အမိမြန်မာနှိင်ငံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွကျဆုံး သွားခဲ့သော အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး လူအခွင့်အရေးငြိမ်းချမ်းရေး တရားမျှတရေးတို့အတွက်တိုက်ပွဲဝင် အသက်ပေးလှူသွားခဲ့ ကြသော သူရဲကောင်း အာဇာနည်တို့အား ဂုဏ်ပြုသည့်အနေဖြင့် တစ်မိနစ်ငြိမ်သက် အလေးပြုခြင်း၊အာဇာနည် သူရဲကောင်းတို့အားဂုဏ်ပြုသော ရင်ပြင်နီအားသရုပ်ဖော်ခြင်း၊
    (ရင်ပြင်နီပြည်သူ့ဒီမိုကရေစီဟစ်တိုင်) ၊သူရဲကောင်း အာဇာနည်တို့အား ဂုဏ်ပြုလွမ်းသူ ပန်းခွေချပန်းစီးချအလေးပြုခြင်း၊ ဘာသာအသီးသီးမှဆရာတော်များကအမျှဝေ ဆုမွန်ကောင်းတောင်းခြင်း၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာမှ ဆရာတော်များ ဆုတောင်းခြင်းပြုခဲ့ပြီး ဗုဒ္ဓဘာသာမှ သံဃာတော်များ မှရေစက်ချ အမျှဝေခြင်းပြုလုပ်ခဲ့သည်။

    အဲဒီ နောက်မှာတော့ ကျဆုံးသွားသူရဲကောင်း အာဇာနည်တို့အား နှုတ်ဆက် သဝဏ်လွှာ ဖတ်ကြားခြင်း၊ ရန်ကုန်မြို့ ၈၈၈၈ အရေးတော်ပုံ စတင်ခဲ့သူ နှစ်ဦး အနက်မှ တစ်ဦးဖြစ်သူ ကိုဆန်းတင့်ကျော် မှ နှုတ်ဆက် သဝဏ်လွှာအားပြောကြားခြင်း၊နိုင်/ကျဉ်းမှပေးပို့သောသဝဏ်လွှာအားဖတ်ကြားခြင်း၊ အခမ်းအနားနောက်ခံ သမိုင်းနှင့် ကိုလိုနီတော်လှန် ဆန့်ကျင်ခဲ့သော ဗကသ၏ အစဉ်အလာ ဗကသ မျိုးဆက်သစ်များ ပုခုံပြောင်းတာဝန် ထမ်းဆောင်လာပုံ သရုပ်ဖော်ခြင်း များ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားပထမပိုင်းပြီးဆုံးပြီးဒုတိယပိုင်း အစီစဉ်အဖြစ် မောင်မောင်ဆိုလေထီးရိုးရှည် အဖွဲ့ MUSIC BAND မှငြိမ်းချမ်းရေး သီးချင်းများ တင်ဆက်ခြင်းဖြစ်ပြုလုပ်ပြီး အခမ်းအနားကိုအောင်မြင်စွာပြီးစီးဆောင်ရွက်ခဲ့ပါတယ်။

    သတင်း-ဓါတ်ပုံ CJ တစ်ဦး ပေးပို့သည့်

  • ဂျပန်၏ ထိပ်တန်းရှော့ပင်းမောလ် Aeon မြန်မာနိုင်ငံတွင် မကြာမီလာမည်

    ဂျပန်၏ ထိပ်တန်းရှော့ပင်းမောလ် Aeon မြန်မာနိုင်ငံတွင် မကြာမီလာမည်

    သြတ် ၉၊ ၂၀၁၆
    M-Media

    aone

    – ဂျပန်နိုင်ငံရှိ ထိပ်တန်းရှော့ပင်မောလ်လုပ်ငန်းတစ်ခုဖြစ်သည့် Aeon က မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် စူပါမားကတ် ၁၀ ခု ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားသည်ဟု ကြေငြာခဲ့သည်။

    Aeon ကုမ္ပဏီမှာ Creation Myanmar Group နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ရရှိထားပြီး Creation Myanmar Group ၏ Orange စူပါမားကတ် ၁၄ ခုကို ၀ယ်ယူကာ ပြင်ဆင်မှုများ ပြုလုပ်နေသည်။ ထိုစူပါမားကတ်အများစုမှာ ရန်ကုန်တွင် ရှိနေသည်။

    မြန်မာနိုင်ငံတွင် ပထမဆုံး Aeon ရှော့ပင်းမောလ်ကို ယခုနှစ် နှောင်းပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ၅ နှစ်အတွင်း တစ်နှစ်ကို ရှော့ပင်းမောလ် ၁၀ ခု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။

    “အလားအလာမြင့်မားတဲ့ ဒီလိုဈေးကွက်ကို ကျွန်တော်တို့ လက်လွှတ်လို့မရပါဘူး” ဟု Aeon ဥက္ကဌ မိုတိုယာ အိုကာဒါက ပြောကြားခဲ့သည်။

    ထို့ပြင် ဂျပန်နှင့် အခြားသောနိုင်ငံများတွင် ဖွင့်လှစ်ဆောင်ရွက်နေသည့် အဆင့်မြင့် ရှောပင်းမောလ်ကြီးများ (မီဂါမောလ်) များကိုလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: yangon.coconut

  • ပေါ့ဘာမှာ ဆယ်စုနှစ်တစ်ခုအထိ မန်ယူတွင် တောက်ပမည်ဟု မော်ရင်ဟိုပြော

    ပေါ့ဘာမှာ ဆယ်စုနှစ်တစ်ခုအထိ မန်ယူတွင် တောက်ပမည်ဟု မော်ရင်ဟိုပြော

    သြဂုတ် ၉၊ ၂၀၁၆
    M-Media

    pogba

    – မန်ယူအသင်းအနေဖြင့် ပေါ့ဘာအတွက် ကုန်ကျခဲ့သည့် ပြောင်းရွှေ့ကြေးကို ပြန်ရမည်ဖြစ်ပြီး ပေါ့ဘာမှာလည်း လာမည့် ၁၀ စုနှစ်တစ်ခုအထိ မန်ယူတွင် တောက်ပနေလိမ့်မည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ပေါ့ဘာမှာ ဂျူဗင်တပ်အသင်းမှ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၁၀ ဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့ပြီး စာချုပ်ကိုလည်း ယနေ့မနက်တွင် အပြီးသတ်နိုင်ခဲ့သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဘာမှာ မန်ယူမှ လူငယ်ဘ၀တွင် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ဂျူ ဗင်တပ်စ်အသင်းတွင် ၄ နှစ်ကစားက စီးရီးအေဖလား ၄ လုံး ရရှိခဲ့သည်။

    မော်ရင်ဟိုကမူ ပေါ့ဘာအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေသည်။

    “နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက်၊ ဒါမှမဟုတ် ဒီထက်ပိုပြီးတော့ အသင်းရဲ့ နှလုံးသည်းပွတ်ဖြစ်လာနိုင်တဲ့အခွင့်အရေး သူ့ဆီမှာ ရှိနေပါတယ်။ ပေါလ် (ပေါ့ဘာ) ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး အနာဂတ် ကျွန်တော်တည်ဆောက်ချင်တဲ့ မန်ယူအသင်းမှာ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ သူက လျင်မြန်တယ်။ သန်မာတယ်၊ ဂိုးတွေသွင်းနိုင်တယ်။ သူ့ထက် အတွေ့အကြုံပိုရှိသူတွေထက် ပိုပြီးတော့ ပွဲကို သုံးသပ်နိုင်ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတာကြောင့် ဒီမှာ နောက်ထပ်နှစ်ပေါင်းမျာစွာ သူ့ရဲ့ ကိုယ်ပိုင်နေရာတစ်ခုကို ရယူဖို့ သူ့မှာ အခွင့်အရေး ရှိနေပါတယ်။ သူဟာငယ်သေးပြီး ဆက်လက် တိုးတက်နေမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ဂျပန်ရှိ ကျိုတိုတာဝါတွင် မွတ်စလင် ၀တ်ပြုဆောင်တစ်ခု ဖွင့်လှစ်ထားရှိ

    ဂျပန်ရှိ ကျိုတိုတာဝါတွင် မွတ်စလင် ၀တ်ပြုဆောင်တစ်ခု ဖွင့်လှစ်ထားရှိ

    သြဂုတ် ၉၊ ၂၀၁၆
    M-Media

    japan 6

    – ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ အမြင့်ဆုံးအဆောက်အဦးဖြစ်သော ကျိုတိုတာဝါတွင် အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုနိုင်ရန်အတွက် ၀တ်ပြုခန်းတစ်ခုကို မကြာသေးမီက ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ၁၉၆၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ကျိုတိုတာဝါမှာ မြို့တွင်းရှိ လှပသော ရှုခင်းများကို ကြည့်ရှုနိုင်ရန် အဓိကထား တည်ဆောက်ထားခြင်းဖြစ်ပြီး ဖွင့်လှစ်ပြီး ပထမဆုံးနှစ်မှာပင် လူပေါင်း ၁ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြသည်။

    အဆိုပါတာဝန်မှာ စုစုပေါင်း ပေ ၄၃၀ မြင့်ပြီး၊ ၃၂၈ ပေတွင် ရှုခင်းကြည့်နေရာကို ဖန်တီးထားသည်။ ထိပ်ဆုံးအထိ ၉ ထပ်ရှိပြီး ကြယ် ၃ ပွင့်ဟိုတယ်တစ်ခုနှင့် စတိုးဆိုင်ပေါင်း မြောက်များစွာ ပါဝင်သည်။

    ယခု မွတ်စလင်ဝတ်ပြုဆောင်ကို တာဝါ၏ အခန်းတစ်ခုတွင် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ၀တ်ပြုသူများ အဆင်ပြေပြေ ကိုယ်လက်သန့်စင်နိုင်ရန်အတွက် နေရာတစ်ခုကိုလည်း ပြုလုပ်ပေးထားသည်။

    ဂျပန်နိုင်ငံတွင် မွတ်စလင်လူ့အဖွဲ့အစည်းမှာ တစ်ဖြည်းဖြည်းကြီးထွားလာခဲ့ပြီး အစိုးရကလည်း နိုင်ငံအတွင်း မွတ်စလင်များ အလွယ်တကူဝတ်ပြုနိုင်ရန် ၀တ်ပြုဆောင်များ စီစဉ်ပေးလျက်ရှိနေသည်။

    ထို့ပြင် နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များကလည်း ဟာလာလ်အစားအသောက် ၀န်ဆောင်မှုများ ပေးနိုင်ရန်အတွက် ဆောင်ရွက်နေကြသည်။

    Ref : islaminjapanmedia

  • IS အန္တရာယ်နှင့် လူငယ်များ ၎င်းတို့လက်တွင်း မကျရောက်ရေး အိန္ဒိယမွတ်စလင်များ ဆွေးနွေး

    IS အန္တရာယ်နှင့် လူငယ်များ ၎င်းတို့လက်တွင်း မကျရောက်ရေး အိန္ဒိယမွတ်စလင်များ ဆွေးနွေး

    သြဂုတ် ၈၊ ၂၀၁၆
    M-Media

    india minority

    – IS အကြမ်းဖက်အဖွဲ့ကို စုစည်းညီညွတ်စွာ ဆန့်ကျင်သောအားဖြင့် အိန္ဒိယနိုင်ငံရှိ အစ္စလာမ့်ဓမ္မပညာရှင်များနှင့် မွတ်စလင်အသိုင်းအ၀ိုင်းမှ ထင်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုက IS မှာ အစ္စလာမ်သာသနာနှင့် ဆက်နွယ်မှုမရှိဟု ပြောကြားလိုက်သည်။

    တီလန်ဂါနာနှင့် အန်ဒရာပရာဒေ့ရှ် လူနည်းစုများကော်မရှင်အဖွဲ့ဖြစ်ပြီး “ISIS ၏သရုပ်မှန်ကို ဖော်ထုတ်ခြင်း”ခေါင်းစဉ်ဖြင့် IS ဆန့်ကျင်ရေး နှီးနှောဖလှယ်ပွဲတစ်ခုကို စနေနေ့က ပြုလုပ်ခဲ့ကြသည်။

    ဆွေးနွေးပြောဆိုသူများတွင် အသိပညာရှင်များ၊ ဓမ္မပညာရှင်များ၊ ဌာနဆိုင်ရာအရာရှိများ၊ ဥပဒေပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ ပါဝင်ကြပြီး အကြမ်းဖက်အဖွဲ့၏ အတွေးအခေါ်များမှ လူငယ်များ ကင်းဝေးရေး နည်းလမ်းများကို အကြံပြုတင်ပြခဲ့ကြသည်။

    ကော်မရှင်ဥက္ကဌ အာဗစ်ရစူလ်ခန်းက လာမည့် သောကြာနေ့ဝတ်ပြုမှုအတွင်း ရှေ့ဆောင်အီမာမ်များမှာ IS များ၏အန္တရာယ်များနှင့် မွတ်စလင်လူငယ်များက ၎င်း၏ထောင်ချောက်ထဲသို့ မ၀င်မိစေရန် သတိပေးသည့် တရားဒေသနာများကို ဟောကြားသွားရန် စီစဉ်ထားကြသည်ဟု ပြောကြားခဲ့သည်။

    မိန့်ခွန်းပြောကြားခဲ့သည့် ပညာရှင်များကမူ IS မှာ အစ္စလာမ်သာသနာနှင့် ဆက်နွယ်ပတ်သက်မှုမရှိကြေင်း၊ ၎င်းတို့၏ လုပ်ရပ်များက ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များနှင့် အစ္စလာမ်သာသနာကို ထိခိုက်ပျက်ဆီးစေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် လူငယ်များအနေဖြင့် ၎င်းတို့၏ လွဲများသော ၀ါဒဖြန့်မှုများကို လက်မခံရန် တိုက်တွန်းခဲ့ပြီး၊ IS နှင့် ဆက်သွယ်ရန် ကြိုးသည်သူဟူသော သံသယဖြင့် ဖမ်းဆီးခံထားရသည့် လူငယ်များကို အသိပညာပေးရေးအတွက် အဖွဲ့တစ်ခု ဖွဲ့စည်းရန်လည်း အကြံပြုခဲ့ကြသည်။

    အိန္ဒိယရှိ အစ္စလာမ်အဖွဲ့အစည်းများ၊ အစ္စလာမ့်ဓမ္မပညာရှင်များမှာ ယခင်ကလည်း အကြမ်းဖက်အဖွဲ့အစည်းများ၏ အယူအဆ၊ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုချခဲ့ကြသည်။

    Ref : IINA