သြဂုတ် ၁၅၊ ၂၀၁၆
M-Media
– ရီးယဲလ်မက်ဒရစ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို၏ စိတ်ဓာတ်လှုံ့ဆော်မှုနှင့် စွမ်းရည်တို့ကို မိမိအနေဖြင့် ထိတ်လန့်မိသည်ဟု ရီးယဲလ်တိုက်စစ်မှူးဟောင်း ကာကာက ၀န်ခံခဲ့ပြီး ရော်နယ်ဒိုမှာ စွမ်းရည်ကျဆင်းမည်မဟုတ်ဟု ပြောကြားလိုက်သည်။
မေလက ရီးယဲလ်မက်ဒရစ်အား ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သည့် ရော်နယ်ဒိုမှာ ဇူလိုင်လက ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင်လည်း ပေါ်တူဂီအသင်းအား ပထမဆုံး နိုင်ငံတကာဆုဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ ၎င်း၏ အောင်မြင်မှုအမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။
၂၀၀၉ ခုနှစ်မှာ ၂၀၁၃ ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်တွင် ရော်နယ်ဒိုနှင့်အတူ တွဲကစားခဲ့ဖူးသည့် ကာကာက ရော်နယ်ဒို၏ မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်မှုအတွက် ချီးကျူးခဲ့သည်။
“မယုံနိုင်စရာပါပဲ။ သူ့ဟာ ပိုပိုကောင်းလောနိုင်တယ်ဆိုတာ နှစ်တိုင်း သက်သေပြခဲ့ပါတယ်။ နှစ်တိုင်း သူဟာ ရှေ့ဆက်ဖို့၊ ဂိုးတွေသွင်းဖို့၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ဖို့ လှုံ့ဆော်မှုတွေ ရှိပါတယ်။ တစ်ခါတစ်ရံ ခင်ဗျားရဲ့ ကစားသမားဘ၀မှာ အောင်မြင်မှုတွေအများကြီး ရတဲ့အခါ ကြိုးစားအားထုတ်မှု နည်းနည်း လျော့နည်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူကတော့ မက်ဆီလို မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ ၂ ယောက်ဟာ ဖလားအားလုံးရခဲ့ပြီး နောက်ထပ် ရလိုစိတ်ရှိသူတွေပါ။ သူတို့ဟာ အကောင်းဆုံး ကစားသမားတွေ ဆက်ဖြစ်ချင်နေကြတာပါ။ မယုံနိုင်စရာပါပဲ” ဟု ကာကာက ပြောကြားခဲ့သည်။
Ref : Goal
Leave a Reply
You must be logged in to post a comment.