News @ M-Media

Blog

  • ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်တော့မည်

    ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်တော့မည်

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    leave

    – ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ဗြိတိန်ပြည်သူများ၏ ဆန္ဒမဲပေးမှုတွင် ခွဲထွက်ရေးဘက်က အနိုင်ရရှိသွားခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒမဲပေးမှုတွင် ခွဲထွက်ရေးအတွက် ထောက်ခံမဲပေးကြသူများမှာ ၅၂ ရာခိုင်နှုန်းရှိခဲ့ပြီး၊ မခွဲထွက်ရေး မဲပေးသူများမှာ ၄၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ယူကေလွတ်မြောက်ရေးပါတီ UKIP ၏ ခေါင်းဆောင်ဖြစ်သူ နီဂျဲလ် ဖာရာဂီကမူ အဆိုပါရလဒ်ကို ချီးကျူးခဲ့ပြီး ယူကေ၏ လွတ်လပ်ရေးနေ့ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆန္ဒမဲပေးပွဲတွင် မဲပေးခွင့်ရသူ အရေအတွက်၏ ၇၁.၈ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြပြီး ၁၉၉၂ နှစ်နောက်ပိုင်း ယူကေတွင် ပြုလုပ်သည့် ပြည်သူ့ဆန္ဒခံယူပွဲများတွင် မဲပေးသူအရေအတွက် အမြင့်ဆုံးလည်း ဖြစ်သည်။

    လန်ဒန်နှင့် စကတော့တလန်တို့တွင် ခွဲမထွက်ရေးမဲပေးမှု ပိုမိုများပြားခဲ့သော်လည်း ဝေးလ်နှင့် အင်္ဂလန်ရှိ အခြားသော ဒေသများတွင်မူ ခွဲထွက်ရေး အားသန်ခဲ့သည်။ ယူကေအနေဖြင့် ဥရောပသမဂ္ဂက ခွဲထွက်ပါက နိုင်ငံ၏ စီးပွားရေးကို ထိခိုက်နိုင်သည်ဟု ခန့်မှန်းမှုများရှိနေပြီး ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်နေစဉ်အတွင်း စတာလင်ပေါင်တန်ဖိုးမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့သည်။

    နီဂျဲလ်ဖာရာဂီကမူ ဥရောပသမဂ္ဂတွင် ဆက်လက်ရှိနေရေး တိုက်တွန်းခဲ့သည့် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအား နှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။

    Ref : BBC

  • အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံကို ဘာရိန်းတွင် ကျင်းပမည်

    အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံကို ဘာရိန်းတွင် ကျင်းပမည်

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    bah

    – ၁၁ ကြိမ်မြောက် အစ္စလာမ့်ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံကို ဘာရိန်းဗဟိုဘဏ်က ကမကထပြုပြီး ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းကာ နိုဝင်ဘာလ ၆ရက်နဲ့ ၇ ရက်တွေမှာ ဘာရိန်းနိုင်ငံတွင် ကျင်းပသွားမယ်လို့ အစ္စလာမ့် ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ စာရင်းကိုင်နဲ့ စာရင်းစစ်အဖွဲ့အစည်း (AAOIFI) က ကြေငြာလိုက်ပါတယ်။

    အဲဒီညီလာခံမှာ မွတ်စလင်ကမ္ဘာရဲ့ ရေနံစီးပွားရေးအလွန် ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုတွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ နောက်ပြီး ဒီကဏ္ဍရဲ့ ၀န်ဆောင်မှုတွေနဲ အောင်မြင်မှုတွေကိုလည်း တင်ပြသွားမှာဖြစ်ပါတယ်။

    ပြောင်းလဲနေတဲ့စီးပွားရေးရပ်ဝန်းမှာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း ဗျူဟာတွေအပေါ် ရိုက်ခတ်တဲ့ အကျိုးသက်ရောက်မှု၊ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းမှာ အစိုးရတွေရဲ့ အခန်းကဏ္ဍ၊ အစ္စလာမ်ဘဏ္ဍာရေးလုပ်ငန်းရဲ့ အနာဂတ်အလားအလာတွေကိုလည်း ဒီညီလာခံမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

    အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာ ဗဟိုရှရှီအာဘုတ်အဖွဲ့ ဖွဲ့စည်းရေးနဲ့ စံနှုန်းများသတ်မှတ်ရေး အပါအ၀င် လုပ်ငန်းအပေါ် သက်ရောက်နိုင်တဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဖော်ထုတ်အဖြေရှာရေး စတဲ့ ကိစ္စတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

    Ref: IINA

  • အမေရိကန်တွင် ပထမဆုံးဖြစ်မည့် ကုရ်အာန်ပြပွဲတစ်ခုကို လာမည့်နှစ်ဆန်းတွင် ပြုလုပ်မည်

    အမေရိကန်တွင် ပထမဆုံးဖြစ်မည့် ကုရ်အာန်ပြပွဲတစ်ခုကို လာမည့်နှစ်ဆန်းတွင် ပြုလုပ်မည်

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    us quran

    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီက အနုပညာဆိုင်ရာ ပြတိုက်တစ်ခုဖြစ်တဲ့ Smithsonian’s Arthur M. Sackler Gallery က သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးလို့ဆိုရမယ့် ကုရ်အာန်ကျမ်းတော်မြတ် ပြပွဲတစ်ခုကို ခင်းကျင်းပြသသွားမယ်လို့ အင်္ဂနေ့မှာ ကြေငြာလိုက်ပါတယ်။

    The Art of the Qur’an: Treasures from the Museum of Turkish and Islamic Arts လို့ အမည်ပေးထားတဲ့ အဲဒီပြပွဲမှာ အစ္စတန်ဘူလ်ပြတိုက်က ကုရ်အာန်ကျမ်းတော်မြတ်လက်ရေးမူ ၄၈ ခုအပြင်၊ Sackler and Freer Gallery of Art ပြခန်းက စုဆောင်းထားတဲ့ လက်ရေးမူတွေကိုလည်း ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

    ပြပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး၊ ပြပွဲအတွင်း ဆွေးနွေးပွဲတွေ၊ စကားရည်လုပွဲတွေကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ Sackler and Freer ပြခန်းရဲ့ ပြခန်းမှူးပြီး အစ္စလာမ့်အနုပညာရေးရာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မာဆူမီ ဖာရ်ဟဒ်ကတော့ ဒီပြပွဲဟာ ကွဲပြားခြားနားတဲ့ သမိုင်းကြောင်းကို ပြသဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : IINA

  • ဝေါမြို့နယ် သူရဲသူမိန်ကျေးရွာမှ ဗလီ နှင့် နေအိမ်များ အကြမ်းဖက် ဖျက်ဆီးခံရ၊ ထိရောက်စွာ ကိုင်တွယ်မယ်လို့ ဝန်ကြီးချူပ်ပြော

    ဝေါမြို့နယ် သူရဲသူမိန်ကျေးရွာမှ ဗလီ နှင့် နေအိမ်များ အကြမ်းဖက် ဖျက်ဆီးခံရ၊ ထိရောက်စွာ ကိုင်တွယ်မယ်လို့ ဝန်ကြီးချူပ်ပြော

    ဇွန် ၂၃၊ ၂၀၁၆
    M-Media
    သတင်း- ဝေါ CJ
    13495084_142416532846219_1696156508156562036_n.
    ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ နေလည်ပိုင်းတွင် ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ ကျေးရွာ၌ သာမန်စကားများ ရန်ဖြစ်ရာစတင်ပြီး မှ  အစ္စလာမ်ဘာသာဝင်တို့၏ နေအိမ်များအားဖျက်စီးခြင်း လူများအား အိမ်ပေါ်ထိ တက်ရောက်ရန်ပြုခြင်းများ ဗလီဝတ်ကျောင်းတော်နှင့် စာသင်ကြောင်းများ အားဖျက်စီးခြင်းများ ပြုလုပ်သဖြင့် အစ္စလာမ်ဘာသာဝင်များ အားလုံး ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်း သိရှိရပါတယ်။
    .
    ထွက်ပြေးတိမ်းရှောင်နေရသော လူစုများကွဲ၍ ပုန်းအောင်းနေကြရပြီ။ အခြားရွာများသို့ သွားနိုင်မည့်ထွက်ပေါက်များကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားကြသဖြင့် အသက်အန္တရာယ် အတွက် စိုးရိမနေကြကြောင်း သိရပါတယ်။  ပျက်ဆီးဆုံးရှုံးမှုနှင့် ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရသေးပါ။
    .
    အဆိုပါကျေးရွာတွင်  အိမ်ခြေခန့်မှန်း စုစုပေါင်း ၄၀၀ ကျော် ၅၀၀ ခန့် ရှိပြီး အစ္စလာမ်ဘာဝင် အိမ်ခြေ ၄၀ ကျော် ၅၀ နီးပါး ရှိကြောင်း သိရှိရပါတယ်။

    ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘုန်းတော်ကြီးအား လေးခွဖြင့် ပစ်၍ ပြသနာဖြစ်ပြိး ဗလီဝတ်ကျောင်းတော်အား ဖျက်ဆီးရခြင်းဖြစ်ကြောင်း သွေးထိုးလှုံဆော်သည့် ရေးသားမှုအများအပြားကို မွတ်စလင်မ် ဆန့်ကျင်မုန်းတီးရေး လုပ်ဆောင်သူများမှ ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေလျက်ရှိကြပါတယ်။

    အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးခင်မောင်ဌေး ရောက်ရှိနေပြီး တိုင်းဝန်ကြီးချူပ်လာရောက်ရန် ရှိကြောင်းနှင့် ထိထိရောက်ရောက်ကိုင်တွယ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

    သူရဲသမိန် မှ ဖျက်ဆီးနေမှု ဓါတ်ပုံများကို စတင်ဖြန့်ချိခဲ့သည့် အကောင့်များမှာ ယခုအခါ ရှာဖွေ၍ မရဘဲ အစဖျောက်လိုက်ကြသည်ကိုလဲ တွေ့ရှိရပါတယ်။

    ** နောက်ဆက်တွဲ ရရှိသော သတင်းများကို ဖော်ပြပေးသွားပါမယ်။

    13494995_142406056180600_3356617601395005182_n

    13431522_1814639658766439_550824525482379690_n 13524278_10207667955871585_1586588908321118147_n 13524467_10208219650746593_8168596689665179281_n

  • ဇီကာရောဂါအား ကုသနိုင်မည့်ဆေးဝါးကို လူတွင် စမ်းသပ်မည်

    ဇီကာရောဂါအား ကုသနိုင်မည့်ဆေးဝါးကို လူတွင် စမ်းသပ်မည်

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    zika

    – ဇီကာဗိုင်းရပ်စ်အတွက် လက်တွေ့ကုသနိုင်တဲ့ ဆေးဝါးတစ်ခုကို လူသားတွေမှာ စမ်းသပ်အသုံးပြုဖို့ အတည်ပြုချက် ပေးခဲ့တယ်လို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့ (FDA) က အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားလိုက်ပါတယ်။

    အဲဒီဆေးအမည်ဟာ GLS-5700 ဖြစ်ပြီး Inovio Pharmaceuticals နဲ့ GeneOne Life Science ဆိုတဲ့ ဆေးကုမ္ပဏီတွေ ပူးပေါင်းဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ကာ တိရစ္ဆာန်အငယ်တွေနဲ့ အကြီးတွေမှာ စမ်းသပ်ပြီးတဲ့နောက် ထိရောက်မှုရှိတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    အဲဒီဆေးကို လူနာ ၄၀ လောက်မှာ စမ်းသပ်မယ်လို့ ရည်ရွယ်ထားပြီး ရလဒ်ကိုတော့ ဒီနှစ်ကုန်ပိုင်းလောက် ထုတ်ပြန်မယ်လို့ ကုမ္ပဏီတွေက ဆိုပါတယ်။

    အာဖရိကမှာ ပထမဆုံးတွေ့ရပြီး အမေရိကတိုက်တစ်လျှောက် လျင်မြန်စွာ ပြန့်နှံ့နေတဲ့ ဇီကာဗိုင်းရပ်စ်ကို ကုသဖို့အတွက် လက်ရှိမှာ ဆေးဝါးမရှိသေးပါဘူး။ ဇီကာဗိုင်းရပ်စ်ဟာ ခြင်ကိုက်ရာမှတဆင့် ဒါမှမဟုတ် လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

    လက်ရှိအချိန်မှာ ဇီကာဗိုင်းရပ်စ်ဟာ တောင်အမေရိက၊ မြောက်အမေရိက၊ ကာရစ်ဘီယံဒေတွေက နိုင်ငံပေါင်း ၅၀ ခန့်မှာ ကူးစက်ပြန့်နှံ့နေပြီး နောက်ထပ်လည်း လူထောင်ပေါင်းများစွာကို ကူးစက်နိုင်တယ်လို့ ကျန်းမာရေးအဖွဲ့တွေက သတိပေးထားပါတယ်။

    Ref: IINA