ဇွန် ၂၈၊ ၂၀၁၆
M-Media
– ယူရို ၁၆ သင်း ရှုံးထွက်ပွဲတွင် မိမိတို့မှာ ကမ္ဘာ့အကောင်းဆုံးထဲမှ တစ်သင်းကို အနိုင်ရခဲ့သော်လည်း ကွာတားဖိုင်နယ် ဂျာမနီနှင့်ပွဲတွင် ပိုမို၍ ကြိုးပမ်းအားထုတ်သွားရမည်ဟု အီတလီနည်းပြ ကွန်တီက ပြောကြားလိုက်သည်။
ယမန်နေ့က ကစားခဲ့သည့် လက်ရှိချန်ပီယံ စပိန်နှင့်ပွဲတွင် အီတလီမှာ ဂျော်ဂျီယို ချီလီနီ၊ ဂါဇီယာနို ပဲလီတို့၏ ဂိုးများဖြင့် အနိုင်ရခဲ့သည်။ ကွန်တီကမူ ထိုပွဲတွင် ကစားသမားများ၏ အားထုတ်ကြိုးပမ်းမှုများအတွက် ချီးကျူးပြောဆိုခဲ့သည်။
“အသင်းကိုတာဝန်ယူပြီးကတည်းက ကျွန်တော် အမြဲတမ်းပြောလေ့ရှိတာက အောင်မြင်မှုရယူနိုင်ဖို့ဆိုရင် အမှတ်ပေးပြိုင်ပွဲမှာကစားတဲ့ ကလပ်အသင်းလိုဖြစ်အောင် ကြိုးစားရမယ်ဆိုတာပါပဲ။ ကစားသမားတွေရဲ့ စွမ်းဆောင်မှုအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ၁ လကျော်လောက် ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရပြီး၊ ကြီးကျယ်တဲ့အရာတွေလုပ်နိုင်ခဲ့သလို လူတိုင်းကိုလည်း အံ့သြစေခဲ့ပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။
ထို့ပြင် စပိန်မှာ ကမ္ဘာ့အကောင်းဆုံးအသင်းများမှ တစ်သင်းဖြစ်ပြီး၊ အံ့သြစရာကောင်းသည့် ကစားသမားများ ရှိနေကြာင်း၊ စနေနေ့တွင်ကစားမည့် ဂျာမနီနှင့်ပွဲတွင် ယခုထက်ပိုမို၍ ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.