Blog
-
မဟာသရေစည်သူ ပင်လုံ ဦးဖေခင် (နိုင်ငံဂုဏ်ရည် ပထမဆင့်) ၏ ၁၀၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်
မေ ၂၂ ၊ ၂၀၁၆M-Mediaသီဟ၁၉၄၇ ခုနှစ် ပင်လုံစာချူပ် ချူပ်ဆိုချိန် အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဦးဖေခင်၏ ၁၀၄ နှစ် မြောက် အထိမ်းအမှတ် အခမ်းအနားတရပ်ကို မေလ ၂၁ ရက်နေ့ မနက် ၁၀ နာရီမှာ ရန်ကုန်မြို့ Orchid Hotel Yangon မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။.မဟာသရေစည်သူ ပင်လုံ ဦးဖေခင် (နိုင်ငံဂုဏ်ရည် ပထမဆင့် နှင့် အငြိမ်းစားသံအမတ်ကြီးဟောင်း)၏ အထုပ္ပတ္တိ ကို အခမ်းအနားမှုး ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း ရန်ကုန်တက္ကသိုလ်) မှ ဖတ်ကြားခဲ့ပါတယ်။.အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်နာယက သူရဦးတင်ဦး တက်ရောက် အမှတ်တရ စကားပြောကြားပေးခဲ့ပါတယ်။ အဲဒီနောက် စာရေးဆရာ ချစ်ဦးညို နှင့် စာရေးဆရာမ မသီတာ(စမ်းချောင်း) တို့မှ ဟောပြောခဲ့ပြီး နေ့လည် ၁၂ နာရီခွဲမှာ အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း သိရှိရပါတယ်။.ဗမာမွတ်စလင်မ် ကွန်ဂရက် (ဗ.မ.က) ဒုဥက္ကဌ ဖြစ်သူ ဦးဖေခင်ဟာ ဗိုလ်ချူပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်အရ ၁၉၄၆ ခုနှစ်၊ ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပတဲ့ ဖဆပလညီလာခံမှာ “ပြည်နယ်/ပြည်မ ပူးပေါင်းရေး” (အဆို အမှတ် – ၇ ) အဆိုတင်သွင်းခဲ့သူဖြစ်ပါတယ်။.၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်ချုပ်ဆိုရာမှာ ဖေဖော်ဝါရီ (၁၁) ရက်နေ့အထိ မသေချာ လိပ်ခဲတည်းလည်း ဖြစ်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်ပြန်ဖို့လေယာဉ်ပျံ စီစဉ်ခိုင်းနေတဲ့အခြေအနေမှာ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်အောင် ညှိနိုင်းဆောင်ရွက်ခဲ့ကြတဲ့ အဓိကပုဂ္ဂိုလ်တွေထဲမှာ ဦးဖေခင်ဟာ တစ်ဦး အပါအ၀င်ဖြစ်ပါတယ်။.ဒါအပြင် ၊ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။.Photo Credit- ကိုတင်ရွှေ ၊ ဦးမောင်မောင်မြင့် FB.ပင်လုံဦးဖေခင် အကြောင်း ဆောင်းပါးများ ဖတ်ရန်———————————— -
ဆော်ဒီအမျိုးသမီးတစ်ဦး ကုလ၏ ထိပ်တန်းရာထူးတစ်ခု ရရှိ
မေ ၂၁၊ ၂၀၁၆
M-Media– ဆော်ဒီအာရေဗျ၏ ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးသံတမန်တစ်ဦးမှာ ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအဖွဲ့ ဥက္ကဌအဖြစ် ထမ်းဆောင်ရန် တာဝန်ပေးရွေးချယ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
ဆာရာ ဘာရှန်ဖြစ်ပြီး နယူးဇီလန်နိုင်ငံမှ ရာသီဥတုသံတမန်ဟောင်း အမျိုးသမီး ဂျို တန်ဒါးလ်နှင့်အတူ ထိုတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ကုလရှိ အရေးပါဆုံး ရာထူးများမှ ၆ ခုကို အမျိုးသမီးများက ရယူထားနိုင်ပြီဖြစ်သည်။
မကြာမီ သက်တမ်းကုန်တော့မည့် ကုလ၏ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအဖွဲ့ အကြီးအကဲ ခရစ္စတီယာနာ ဖီဂီရက်စ်ကမူ ထိုကဲ့သို့ ခန့်အပ်ခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ဘဲ ထိုအမျိုးသမီးနှစ်ဦးမှာ လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်သွားလိမ့်မည်ဟု ဆိုသည်။
“အလုပ်ကို အထောက်အကူပြုစေမယ့် လူသစ်နှစ်ယောက်၊ အားကျဖွယ်နှစ်ယောက်ကို တွေ့ရတာ သိပ်ကို အံ့သြစရာကောင်းပါတယ်” ဟု ဖီရီဂရက်စ်က ဆိုပြီး၊ ဆော်ဒီသံတမန်က ထိုကဲ့သို့ ထိပ်တန်းရာထူးရခြင်းမှာ ရာသီဥတုပြောင်းလဲမှုပြဿ နာတွင် အကျိုးဖြစ်ထွန်းသည့် နည်းလမ်းဖြင့် ဆော်ဒီ၏ ချဉ်းကပ်လိုစိတ်ကို ထင်ဟပ်စေခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
Ref : Arabnews
-
အမေရိကန် ကက်သလစ်ဘုန်းကြီးများ လိင်စော်ကားမှုအတွက် တိုင်ကြားမှု မြင့်တက်
မေ ၂၁၊ ၂၀၁၆
M-Media– အမေရိကန် ကက်သလစ်ခရစ်ယာန်အသင်းတော်မှ ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တိုင်ကြားမှုမှာ ပြီးခဲ့သည့်နှစ်တွင် သိသိသာသာ တိုးလာသည်ဟု အမေရိကန် ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ၏ နှစ်ပတ်လည်ညီလာခံတွင် တင်သွင်းသည့် အစီရင်ခံစာအရ သိရသည်။
အဆိုပါစာရင်းတွင် ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည်ဟု သတင်းပို့ တိုင်ကြားသူများမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ၈၃၈ ဦး ရှိခဲ့ပြီး ခရစ်ယာန်ဘုန်းကြီး၊ ဘုရားကျောင်းတာဝန်ခံ သို့မဟုတ် ဘာသာရေးအသင်းအဖွဲ့မှ အဖွဲ့ဝင်များက ၎င်းတို့ အရွယ်မရောက်သေးသည့်အချိန်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။
ပြီးခဲ့သည့်တစ်နှစ်အရင်ကမူ တိုင်ကြားမှုအရေအတွက်မှာ ၆၂၀ ရှိပြီး ပြီးခဲ့သည့်နှစ်တွင် ၃၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ တိုင်ကြားမှုမှ အများစုမှာ ၁၉၆၀၊ ၇၀ နှင့် ၈၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့သည့် ကိစ္စများဖြစ်ပြီး ၂၆ ခုသာ မကြာသေးမီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စာရင်းအင်းစုဆောင်းမှုကာလအတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် ဆက်စပ်သည့် ကိစ္စများအတွက် ဖြေရှင်းပေးရမှုများ၊ ဥပဒေရေးရာ ငွေကြေးကုန်ကျမှုနှင့် အခြားသောကုန်ကျမှုများမှာ ကန်ဒေါ်လာ ၁၅၃ သန်း ရှိသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမေရိကန်တွင် ခရစ်ယာန်ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် ထိုကိစ္စများအား စနစ်တကျ ဖုံးကွယ်ထားမှုများကို ၂၀၀၂ ခုနှစ်တွင် အမေရိကန်မီဒီယာများက ဖွင့်ချခဲ့သည်။
၁၉၅၀ မှ ၂၀၁၁ ခုနှစ်အတွင်း အရွယ်မရောက်သေးသူ ကလေးငယ် ၁၆၉၀၀ ဦးအား ကက်သလစ်ဘုန်းတော်ကြီး ၆၉၀၀ နီးပါးက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရကြောင်း အမေရိကန် ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ ညီလာခံ၏ စာရင်းတွင် ဖော်ပြထားသည်။
Ref: Press TV
-
ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ခြေမှာ ၅၀-၅၀ ဖြစ်သည်ဟု ဆီမြွန်နီပြော
မေ ၂၁၊ ၂၀၁၆
M-Media– ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မိမိတို့အသင်းနှင့် ရီးယဲလ် ဗိုလ်စွဲနိုင်ခြေမှာ ၅၀-၅၀ ရှိပြီး ခံစစ်အားပြုကာ တန်ပြန်တိုက်စစ်ကစားမည့် ရီးယဲလ်၏ ကစားကွက်အတွက် စိုးရိမ်မိသည်ဟု အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားလိုက်သည်။
ဘိုင်ယန်အား ဆီးမီးတွင် ဖြုတ်ချခဲ့သည့် အက်သလက်တီကိုမှာ မန်စီးတီးကို အနိုင်ယူကာ တက်လာခဲ့သည့် မြို့ခံပြိုင်ဘက် ရီးယဲလ်နှင့် မေလ ၂၈ ရက်တွေ့တွင် မီလန်၌ တွေ့ဆုံရမည်ဖြစ်သည်။ ထိုတွေ့ဆုံမှုမှာ ၃ နှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ ၂ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၃-၁၄ ဖိုင်နယ်တွင် ရီးယဲလ်က အချိန်ပို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
မန်စီးတီးနှင့် ဆီမီးဖိုင်နယ်တွင် ရီးယဲလ်မှာ ခံစစ်အားပြုကစားပုံကို ကစားခဲ့ပြီး ဆီမြွန်နီကမူ ဗိုလ်လုပွဲတွင်လည်း ထိုကဲ့သို့ ထပ်မံကစားမည်ဟု မျှော်လင့်နေသည်။
“မန်စီးတီးနဲ့ကစားတုန်းကပုံစံမျိုး ရီးယဲလ် ကစားမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ သတိထားကစားမှာပါ။ ချန်ပီယံလိဂ်ပွဲတိုင်းမှာ သူတို့လုပ်သလိုမျိုး တန်ပြန်တိုက်စစ်ချောင်းကစားမှာပါ။ မန်စီးတီးနဲ့ပွဲတုန်းက ရီးယဲလ်ဟာ နည်းစနစ်ပိုင်းမှာ တော်တော်လေး တောင့်တင်းခဲ့ပါတယ်။ ဗိုလ်ပွဲမှာလည်း ဒီလိုပဲ ကစားမှာပါ” ဟု ဆီမြွန်နီက ယနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ချေမှာ ၅၀-၅၀ ဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal
-
အဆီများများစားသည့် အမျိုးသားများ နေ့ခင်းတွင် ငိုက်မျဉ်းလေ့ရှိ
မေ ၂၁၊ ၂၀၁၆
M-Media– အဆီများများစားလေ့ရှိတဲ့ အမျိုးသားတွေဟာ နေ့လည်နေ့ခင်းတွေမှာ တရေးတမော အိပ်ချင်လာတတ်တယ်လို့ သြစေတးလျနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်မှာ တွေ့ရှိရပါတယ်။
အသက် ၃၅ နဲ့ ၈၀ ကြား အမျိုးသား ၈၀၀ ခန့်ကို လေ့လာခဲ့တာဖြစ်ပြီး အဆီများများစားသူတွေမှာ နေ့လည်ဘက် ငိုက်မျည်းတတ်တဲ့ ပြဿနာ ပိုတွေ့ရတာကို တွေ့ခဲ့တာဖြစ်ပါတယ်။ အခုလိုဖြစ်ရပ်ရဲ့ ဆက်နွယ်မှုကို ခန္ဓာကိုယ်အလေးချိန်၊ လေ့ကျင့်ခန်းလှုပ်ရှားမှုအဆင့်၊ ဆီးချို ဒါမှမဟုတ် စိတ်ကျရောဂါလို နာတာရှည် ကျန်းမာရေးပြဿနာတွေနဲ့ ချိတ်ဆက်ပြီး ရှင်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။
Nutrients ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာတွေ့ရှိချက်မှာ အဆီအစိမ့်ကိုယ်တိုင်က ငိုက်မျဉ်းမှုကို ဖြစ်စေလားဆိုတာကိုလည်း သက်သေမပြနိုင်ခဲ့ပါဘူး။
သြစတေးလျ Adelaide တက္ကသိုလ်က ပီအိတ်ခ်ျဒီကျောင်းသားတစ်ဦးဖြစ်တဲ့ ယင်တင်ကို ကတော့ neuro-hormone တစ်ချို့ဟာ အိပ်ငိုက်မှုကိုဖြစ်စေတာကြောင့် ဒီဟော်မုန်းကို ထုတ်ပေးတဲ့ အဆီများတဲ့အစာတွေဟာ နေ့ခင်းဖက်မှာ အိပ်ငိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒါကို သိသိကျကျသိရဖို့အတွက် သုတေသနတွေ ဆက်လုပ်ဖို့ လိုမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
Ref: IINA