News @ M-Media

Blog

  • မြန်မာနိုင်ငံအား ဂျပန်က ထိရောက်သည့် အကူအညီများ ဆက်လက်ပေးအပ်သွားမည်

    မြန်မာနိုင်ငံအား ဂျပန်က ထိရောက်သည့် အကူအညီများ ဆက်လက်ပေးအပ်သွားမည်

    မေ ၄၊ ၂၀၁၆
    M-Media

    Japan

    – မြန်မာနိုင်ငံအား အကူအညီကြီးကြီးမားမားပေးအပ်လျက်ရှိနေသည့် မိမိတို့အနေဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီနို ကစ်ဟီဒါက ကတိပြု ပြောကြားလိုက်သည်။

    ယမန်နေ့မနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများကိုလည်း ကူညီသွားမည်ဟု ဆိုသည်။

    ဂျပန်နိုင်ငံမှ ဆက်လက်ကူညီပံ့ပိုးသွားမည့် ကဏ္ဍများမှာ အလုပ်အကိုင်ရရှိရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ အခြေခံအဆောက်အဦးများနှင့် ဘဏ္ဍာရေးကဏ္ဍတို့ဖြစ်ကြပြီး အကူအညီမပေးခင် နိုင်ငံ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ အစိုးရနှင့် ထပ်မံဆွေးနွေးသွားမည်ဟု မစ္စတာ ကစ်ဟီဒါက ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိချိန်တွင် ကုလသမဂ္ဂကလည်း ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၃၁.၇ သန်းတန်ဖိုးရှိ အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအတွက် ကျေးဇူးတင်သည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ရန်ပုံငွေကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ ထိခိုက်ခံစားလွယ်သော လူ့အဖွဲ့စည်းများအတွက် အဓိကထား သုံးစွဲသွားမည်ဖြစ်ပြီး ကုလသမဂ္ဂလက်အောက်ခံ အကူအညီပေးရေအဖွဲ့များကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။

    Ref: mmtimes

  • ဘာသာရေးလူမျိုးရေးကို အသုံးချပြီး နိုင်ငံရေးအမြတ်မထုတ်ရန် သူရဦးအောင်ကို သတိပေး

    ဘာသာရေးလူမျိုးရေးကို အသုံးချပြီး နိုင်ငံရေးအမြတ်မထုတ်ရန် သူရဦးအောင်ကို သတိပေး

    M-Media
    မေလ ၄ ရက် ၂၀၁၆

    သာသာနရေးဝန်ကြီးနှင့် မန္တလေးမှ ဘာသာပေါင်းစုံအဖွဲ့ တွေ့ဆုံစဉ် (ဓါတ်ပုံ - မင်းလတ် ဖေ့စ်ဘွတ်ခ် စာမျက်နှာ)
    သာသာနရေးဝန်ကြီးနှင့် မန္တလေးမှ ဘာသာပေါင်းစုံအဖွဲ့ တွေ့ဆုံစဉ် (ဓါတ်ပုံ – မင်းလတ် ဖေ့စ်ဘွတ်ခ် စာမျက်နှာ)

    ဘာသာရေး လူမျိုးရေးကို အသုးုံချပြီး နိုင်ငံရေးအမြတ်ထုတ်ခြင်းမျိုး မလုပ်ဖို့ သာသနာရေးဝန်ကြီးက ပထမဆုံးအကြိမ် သတိပေးပြောကြားလိုက်ပါတယ်။

    သူရဦးအောင်ကိုက ယနေ့ မန္တလေးမှာကျင်းပတဲ့ ဘာသာပေါင်းစုံတွေ့ဆုံပွဲမှာ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

    “ယနေ့ခေတ်မှာ ဘာသာရေးကလည်း နိုင်ငံရေးပါပဲ၊ ဘာသာရေးကို အခြေခံပြီး နိုင်ငံရေး လှုံဆော်ရာမှာ လွန်စွာ လွယ်ကူ ပါတယ်၊ ပြည်တွင်းပြည်ပကအဖျက်တွေရှိနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်” ဟု သူရဦးအောင်ကို က ပြောပါတယ်။

    ဒါ့ပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မှာ တရားမ၀င်စေတီတွေ တည်နေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ခရစ်ယာန်အသင်းတော်က သာသနာရေးဝန်ကြီးဌာနကို စာတင်ထားတဲ့အကြောင်း၊ မိတ္ထီလာ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှုကြောင့် ၀တ်ပြုခွင့် ပိတ်ပင်ခံထားရတဲ့ ဗလီတွေကိုလည်း ပြန်လည်ဝတ်ပြုခွင့်ပေးဖို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်းတွေက တောင်းဆိုတင်ပြထားတဲ့အကြောင်းတွေကိုလည်း သူရဦးအောင်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

    အဲဒီကိစ္စတွေကို မေလ ၅ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြပေးမယ်လို့ ဦးအောင်ကို ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့ပြင် သူရဦးအောင်ကိုက အစိုးရရက် ၁၀၀ သက်တမ်းအတွင်းမှာ သာသနာရေးဝန်ကြီးဌာနအနေနဲ့ ဘာသာရေးပဋိပက္ခဖြစ်စေဖို့ လှုံဆော်တာတွေ၊ အမုန်းစကား၊ သွေးခွဲမှုတွေ လျော့နည်းပပျောက်ဖို့ ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းနဲ့စပ်လျဉ်းပြီး အောက်ပါအတိုင်း ပြောသွားခဲ့ပါတယ်။

    “သာသနာရေးနဲ့ ယဉ်ကျေးမှုအတွက် ရက် ၁၀၀ စီမံကိန်းမှာ လုပ်ငန်းပမာဏ များသွားလို့ လက်တွေ့ဖြစ်နိုင်ချေရှိတာကို ရွေးပြီး ၂၅ ရာခိုင်နှုန်းလောက် လျှော့လိုက်ရတယ်။ … မတူကွဲပြားမှုတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် အင်အား တရပ်အနေနဲ့ ပြောင်းလဲတည်ဆောက်ယူနိုင်မယ်ဆိုရင် အေးချမ်းတဲ့ မြန်မာ့လူဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာမှာပါ”

    မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ကို ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာဝင်များအင်အားနဲ့ ၂၀၁၃ ဧပြီကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

  • မုန်းဝန်း(တရုတ်) များက မုန်းဝန်း(ဗမာ)ဟု မှတ်ပုံတင်ထဲတွင်ထည့်သွင်းပေးဖို့တောင်းဆိုမှုကြောင့် ထည့်သွင်းပေးခဲ့ခြင်းသာဖြစ်ကြောင်း လ၀က၀န်ကြီးဆို

    မုန်းဝန်း(တရုတ်) များက မုန်းဝန်း(ဗမာ)ဟု မှတ်ပုံတင်ထဲတွင်ထည့်သွင်းပေးဖို့တောင်းဆိုမှုကြောင့် ထည့်သွင်းပေးခဲ့ခြင်းသာဖြစ်ကြောင်း လ၀က၀န်ကြီးဆို

    M-Media
    မေလ ၅ ရက်၊ ၂၀၁၆

    Photo: ၁၉၈၀ ဝန်းကျင်က တားမိုးညဲဒေသနေ မုန်းဝန်းလူမျိုးများ (mmtimes)
    Photo: ၁၉၈၀ ဝန်းကျင်က တားမိုးညဲဒေသနေ မုန်းဝန်းလူမျိုးများ (mmtimes)

    ရှမ်းပြည်မြောက်ပိုင်း တားမိုးညဲဒေသနေ ပြည်သူအချို့ကို လ၀က က မုန်းဝန်း(တရုတ်) လူမျိုးမှ မုန်းဝန်း(ဗမာ) တိုင်းရင်းသား လူမျိုး တစ်မျိုးအဖြစ် တရားဝင် အတည်ပြုပေးကြောင်း သိရှိရသဖြင့် မည်သည့် အကြောင်းများကြောင့် တရားဝင် အသိအမှတ် ပြုခဲ့ပါသနည်း၊ မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူမျိုး တစ်မျိုးမျိုးက တိုင်းရင်းသား လူမျိုး တစ်မျိုးမျိုး အဖြစ် အမည် ပြောင်းလဲ သတ်မှတ်လိုပါက ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ ရှိပါက မည်သည့် အကြောင်းချက်များဖြင့် သတ်မှတ် ဆောင်ရွက် အတည်ပြု ပေးနိုင်ပါမည်နည်း၊ လူမျိုးအမည် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရက မည်ကဲ့သို့ မူဝါဒ ချမှတ် ဆောင်ရွက် ထားပါသနည်း၊ မည်သည့် ဥပဒေ၊ မည်သည့် လုပ်ထုံး လုပ်နည်းများဖြင့် သတ်မှတ် ဆောင်ရွက်ပေးနိုင်သည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို သီပေါ မဲဆန္ဒနယ်မှ ဦးစိုင်းသန့်စင်က ယနေ့ (မေ ၄ ရက်) ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးမြန်းခဲ့သည်။

    ဦးစိုင်းသန့်စင်၏ မေးမြန်းမှုကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက မှတ်ပုံတင်တွင် ကာယကံရှင်များ၏ တရားဝင်ပြောဆိုမှုအတိုင်း ရေးသွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ရေးသွင်းမှုကို တရားဝင်မသတ်မှတ်ကြောင်း၊ မုန်းဝန်း(တရုတ်) ၈ မျိုးရှိပြီး ထို ၈ မျိုးက သူတို့ကိုယ်သူတို့ သတ်မှတ်သည့်အမည်အပေါ်မူတည်၍ ကွဲပြားနေကြောင်း၊ မုန်းဝန်း ၈ မျိုးကိုပေါင်းပြီး မုန်းဝန်း(ဗမာ)ဟု ပြုလုပ်ပေးခဲ့ကြောင်း ဖြေကြားခဲ့ပါသည်။

  • ရိုဟင်ဂျာစကားလုံးအား အသုံးပြုခြင်းမပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံးထံတောင်းဆို

    ရိုဟင်ဂျာစကားလုံးအား အသုံးပြုခြင်းမပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံးထံတောင်းဆို

    M-Media
    မေလ ၅ ရက်၊ ၂၀၁၆

    ဓါတ်ပုံ - အမျိုးသားရေးဝါဒီများ အမေရိကန်သံရုံးကို ဆန္ဒပြနေပုံ
    ဓါတ်ပုံ – အမျိုးသားရေးဝါဒီများ အမေရိကန်သံရုံးကို ဆန္ဒပြနေပုံ

    ရိုဟင်ဂျာစကားလုံးအားအသုံးမပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံးထံ ယမန်နေ့က တောင်းဆိုလိုက်ပါတယ်။ အမေရိကန်သံရုံးက ရိုဟင်ဂျာဒုက္ခသည်တွေ လှေမှောက်သေဆုံးတာနဲ့ ပတ်သတ်ပြီးဝမ်းနည်းကြောင်း စာထုတ်ပြန်ရာမှာ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို ထည့်သွင်းအသုံးပြုခဲ့တာကြောင့် မဘသကျောထောက်နောက်ခံ အမျိုးသားရေးဝါဒီတွေက ဧပြီ ၂၈ မှာ ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

    အမျိုးသားရေးဝါဒီတွေရဲ့ ဖိအားကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို တောင်းဆိုလိုက်ခြင်းဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဒါရိုက်တာဂျင်နရယ် ဦးစိုးလင်းဟန်က အမေရိကန်သံရုံးကို ရိုဟင်ဂျာဆိုတဲ့စကားလုံး နောက်နောင်မသုံးဖို့ တောင်းဆိုထားကြောင်း အတည်ပြု ပြောကြားပါတယ်။ အကြောင်းပြချက်ကတော့ အဲဒီစကားလုံးကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ဖို့အခက်အခဲဖြစ်နိုင်ကြောင်းနဲ့ အမေရိကန်သံရုံးက တောင်းဆိုမှုကို လက်ခံရရှိတဲ့အကြောင်း ပြန်ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒီလိုဆုံးဖြတ်ဖို့ ထိပ်သီးအစည်းအဝေးတစ်ရပ်ကျင်းပခဲ့တဲ့အကြောင်း၊ အဲဒိအစည်းအဝေးကနေ အပေါင်းလက္ခဏာဆောင်တဲံ ရလဒ်တွေ ရရှိခဲ့တဲ့အကြောင်း ၊ ဒါပေမယ့် သူ့အနေနဲ့ အစည်းအဝေးအကြောင်းအသေးစိတ်ကိုတော့ မပြောပြနိုင်ကြောင်း ဦးစိုးလင်းဟန်က ဆိုပါတယ်။

    ဒါ့အပြင် ဒီလိုမျိုး ရိုဟင်ဂျာစကားလုံးမသုံးစွဲရေးပေါ်လစီဟာ အစိုးရရဲ့တရားဝင်ပေါ်လစီဖြစ်သလား၊ သံရုံးတိုင်းကို အဲဒီစကားလုံးမသုံးဖို့ လမ်းညွှန်မှာလားဆိုတဲ့မေးခွန်းကိုတော့ ဦးစိုးလင်းဟန်က သူ့အနေနဲ့ အသေအချာမဖြေဆိုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် မြန်မာပြည်ကို အမေရိကန်သမ္မတအိုဘားမားလာစဉ် ရိုဟင်ဂျာဆိုတဲ့စကားလုံးကို သုံးစွဲခဲ့သလို ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စကို အမေရိကန်သံရုံးနဲ့ သမ္မတအိုဘားမားတို့က ပြောကြားတိုင်း ရိုဟင်ဂျာဆိုတဲ့စကားလုံးကိုသာ အကြိမ်များစွာ သုံးစွဲခဲ့ကြပါတယ်။

  • ပါလက်စတိုင်းတို့အပေါ် ငြှင်းပမ်းမှုအတွက် အစ္စရေးကို ကုလက မေးခွန်းထုတ်မည်

    ပါလက်စတိုင်းတို့အပေါ် ငြှင်းပမ်းမှုအတွက် အစ္စရေးကို ကုလက မေးခွန်းထုတ်မည်

    မေ ၄၊ ၂၀၁၆

    M-Media

    un

    – ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ ကော်မတီက ပါလက်စတိုင်းတွေအပေါ်ပြုလုပ်နေတဲ့ အစ္စရေးရဲ့ ငြှင်းပမ်းနှိပ်စက်တဲ့ ပေါ်လစီတွေနဲ့ပတ်သက်ပြီး အစ္စရေးအာဏာပိုင်တွေကို မေးမြန်းမယ်လို့ သိရပါတယ်။

    ကုလရဲ့ ၁၉၉၁ ခုနှစ် ငြှင်းပမ်းနှိပ်စက်မှုဆိုင်ရာ သဘောတူညီချက်ကို အစ္စရေးနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့အတွက် ကုလသမဂ္ဂရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းအစိတ်အပိုင်းအဖြစ် အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ကော်မတီရဲ့ ရှေ့မောက်ကို အစ္စရေးအာဏာပိုင်တွေက လာရောက် မေးမြန်းခံရမှာဖြစ်ပါတယ်။

    အစ္စရေးအာဏာပိုင်တွေ ကျူးလွန်တဲ့ကိစ္စရပ်တွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်များအပါအ၀င် ပါလက်စတိုင်းအကျဉ်းသားတွေရဲ့အခြေအနေ၊ ပါလက်စတိုင်းတို့ရဲ့ နေအိမ်တွေကို ဖျက်ဆီးမှု၊ တရားမ၀င်အခြေချအိမ်ယာတွေမှာနေထိုင်တဲ့ ဂျူးအခြေချသူတွေက ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှု၊ ဖိနှိပ်ငြှင်းပမ်းမှုနဲ့ပတ်သက်တဲ့ တိုင်ကြားချက်တွေအပေါ် အစ္စရေးရဲ့စုံစမ်းမှု စတာတွေကို ကုလကော်မတီက မေးမြန်းသွားမှာဖြစ်ပါတယ်။

    အစ္စရေးဟာ သဘောတူညီချက်ကိုမလိုက်နာဘဲ ပါလက်စတိုင်းတွေအပါ် ငြှင်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်နေတဲ့အတွက် ကုလသမဂ္ဂ ငြှင်းပမ်းနှိပ်စက်မှုဆိုင်ရာ ကော်မတီဟာ ၂၀၁၂ ခုနှစ်မှာလည်း သတိပေးခဲ့ပါတယ်။

    Ref : Presstv