News @ M-Media

ကာတာလခြမ်းနီအဖွဲ့က ဂါဇာတွင် စိတ်ကျန်းမာရေးဆေးရုံ ဖွင့်လှစ်ပေး

မေ ၁၀၊ ၂၀၁၆
M-Media

gaza

– ကာတာလခြမ်းနီလူမှုကူညီရေးအသင်း (QRCS) က ဂါဇာတောင်ပိုင်း ခန်ယူနစ်မှာ ပါလက်စတိုင်းလခြမ်းနီ လူမှုကူညီရေးအသင်း (PRCS) နဲ့ ပူးပေါင်းပြီး စိတ်ကျန်းမာရေးနဲ့ လူမှုကူညီရေးစင်တာအသစ်တစ်ခု ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သူတွေထဲမှာ ဂါဇာ QRCS ဥက္ကဌ ဒေါက်တာ အက်ကရမ် နဆားရ်နဲ့ PRCS ဥက္ကဌ ဒေါက်တာယူနွတ်စ် အလ်-ခါတစ်ဘ်တို့အပြင် အီတလီကြက်ခြေနီနဲ့ ဒိန်းမတ်ကြက်ခြေနီအသင်းတို့က ထိပ်ပိုင်းခေါင်းဆောင်များ၊ PRCS အမှုဆောင်များနဲ့ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ်။

PRCS နဲ့ QRCS တို့ဟာ စစ်ဒဏ်ခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ တိုးတက်မှုရှိအောင် အဓိကအခန်းကဏ္ဍကနေ အကူအညီပေးနေပြီး နာဆားရ်ကတော့ ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေကို ချီးကျူးလိုက်ပါတယ်။

“ယခုစင်တာကို ဖွင့်လှစ်တာဟာ ဂါဇာမှာ စိတ်ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် QRCS ရဲ့ အဆက်မပြတ် အားထုတ်ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ ၂၀၁၄ ခုနှစ် ဂါဇာမှာဖြစ်ခဲ့တဲ့စစ်ပွဲက စစ်ဒဏ်ခံရသူတွေကို သက်သာရာရစေမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်ကနေ မိသားစုပေါင်း ၆၀၀၀ ကျော်ကို ကူညီပေးခဲ့ပြီးပါပြီ” လို့ ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref: IINA

Comments

Leave a Reply