မေ ၁၀၊ ၂၀၁၆
M-Media
– တူရကီနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်နဲ့ အရေးပေါ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (AFAD) က ဆိုမာလီယာကို အရေးပေါ်အကူအညီ တန်ချိန် ၁၁၀၀၀ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့က ပေးပို့လိုက်တာဖြစ်ပြီး AFAD ဥက္ကဌ ဖူအက် အွက်တေးက ကုန်စည်တွေ တင်ဆောင်ထားတဲ့ အဲဒီအကူအညီပေးရေးသင်္ဘောဟာ အစ္စတန်ဘူလ်မြို့ ဟေဒါပါဆာဆိပ်ကမ်းကနေ ထွက်ခွာသွားခဲ့တယ်လို့ ပြာကြားခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဆိုမာလီယာနိုင်ငံကို ကူညီနေတာ ငါးနှစ်ရှိသွားပါပြီ၊ သင်္ဘောက ၁၅ ရက်အတွင်း ရောက်ရှိမှာ ဖြစ်ပါတယ်။ ဆိုမာလီက မိခင်မွန်တွေအားလုံးကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
တူရကီနိုင်ငံဟာ တဖြည်းဖြည်းတည်ငြိမ်လာပြီဖြစ်တဲ့ ဆိုမာလီယာနိုင်ငံကို ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိတဲ့ အကူအညီတွေ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆိုမာလီယာမှာ လူနေမှုအဆင့်အတန်း နိမ့်ကျနေဆဲဖြစ်ပြီး အလ်ကိုင်ဒါတွေရဲ့ရန်နဲ့ ရင်ဆိုင်နေရတုန်း ဖြစ်ပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.