News @ M-Media
Blog
  • ကမ္ဘာ့ထိပ်တန်း ၁၀ မြို့တွင် ပါဝင်ရန် မက္ကာ ပစ်မှတ်ထားနေ
    ကမ္ဘာ့ထိပ်တန်း ၁၀ မြို့တွင် ပါဝင်ရန် မက္ကာ ပစ်မှတ်ထားနေ
    ဧပြီ ၂၀၊ ၂၀၁၆
    M-Media
    makkah
    – လူနေမှုအဆင့်အတန်းမြင့်မားရေးမှာ အထောက်အကူဖြစ်စေမယ့် စည်ပင်သာယာရေးဝန်ဆောင်မှုတွေ အကောင်းမွန်ဆုံး ကမ္ဘာ့ထိပ်တန်းမြို့ ၁၀ မြို့မှာ မိမိတို့မြို့ ပါဝင်နိုင်အောင်လို့ ရည်မှန်းချက် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရဲ့ အမျိုးသားစီမံကိန်းနဲ့ လေ့လာစောင့်ကြည့်ရေးဝန်ကြီး အဒဲလ် ဆာလေ ဖီဒါက ပြောကြားလိုက်ပါတယ်။
    အဲဒီလို ထိပ်တန်းမြို့တွေမှာ ပါဝင်ဖို့အတွက် မိမိတို့အစိုးရအဖွဲ့မှာ စနစ်တကျရေးဆွဲထားတဲ့ စီမံကိန်း၊ လုပ်ငန်းတာဝန်၊ တန်ဖိုးတွေနဲ့ ရည်မှန်းချက်တွေကနေတစ်ဆင့် စီမံကိန်း ၃၇ ခုကို ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ဒေသတွင်းမီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာတော့ ၀န်ကြီးက အရာရှိနဲ့ လုပ်သားအားလုံးအတွက် လုပ်ငန်းစွမ်းဆောင်ရည် သုံးသပ်လွှာတွေကနေတစ်ဆင့် ၎င်းတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး၊ သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ ကျွမ်းကျင်းမှုရှိမရှိကို စစ်ဆေးနိုင်တဲ့ လက်ဗွေရာ စနစ်တစ်ခုနဲ့လည်း စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
    Ref: Arab News
  • ပုံမှန်နေရာအတွက် ထိုက်တန်သည့်ခြေစွမ်း ပြရမည်ဟု ရူနီကို ဗန်ဂါးလ် သတိပေး
    ပုံမှန်နေရာအတွက် ထိုက်တန်သည့်ခြေစွမ်း ပြရမည်ဟု ရူနီကို ဗန်ဂါးလ် သတိပေး
    ဧပြီ ၂၀၊ ၂၀၁၆
    M-Media
    roney
    – တနင်္ဂနွေနေ့ အဲဗာတန်အသင်းနှင့် FA ဖလား ဆီမီးဖိုင်နယ်ပွဲတွင် ပါဝင်ခွင့်ရရှိရန်အတွက် ကြားရက်တွင်ကစားမည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ခြေစွမ်းတိုးတက်အောင် ဆောင်ရွက်ရမည်ဟု မန်ယူနည်းပြဗန်ဂါးလ်က တိုက်စစ်မှူး ၀ိန်း ရူနီအား ပြောကြားလိုက်သည်။
    အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ရူနီမှာ ဒူးဒဏ်ရာကြောင့် ၂ လတာ အနားယူခဲ့ရပြီး ယခုတွင် ပြန်လည်ကစားရန် တာဆူနေသည်။ ထိုသို့အနားယူရခြင်းမှာ ယခုနှစ်အတွင်း ဒဏ်ရာကြောင့် ဒုတိယအကြိမ်မြောက် အနားယူရခြင်းလည်း ဖြစ်သည်။
    ဗန်ဂါးလ်ကမူ ရူနီမှာ ပုံမှန်နေရာရရှိရန်အတွက် ထိုက်တန်သော ခြေစွမ်းကို ပြသရန် လိုအပ်သည်ဟု ဆိုသည်။
    “အခြားကစားသမားတွေလို သူလည်းပဲ နေရာရဖို့အတွက် ခြေစွမ်းဘယ်လောက်ပြနိုင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ စနေနေ့ပွဲမှာ သူကစားမလားဆိုပြီး ခင်ဗျားတို့က ယူဆနေကြမှာပါ။ အက်စတွန်ဗီလာနဲ့ပွဲ ပထမပိုင်းမှာ သူ တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူ ဟိုက်လာပြီး မိနစ် ၆၀ လောက်အထိတော့ ခြေစွမ်းကို သူ ထိန်းထားနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ သူ လေ့ကျင့်ခန်းပြန်ဆင်းတယ်။ သူ နာလန်ပြန်ထလာပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ ဒုတိယပိုင်းမှာ သူဘယ်လို ကစားလဲဆိုတာ ကြည့်ရပါမယ်။ ကစားပုံကောင်းဖို့တော့ လိုပါတယ်” ဟု ဗန်ဂါးလ်ကပြောကြားခဲ့ပါတယ်။
    Ref : Goal
  • ” NLD အစိုးရမှာ ဘာသာရေးခွဲခြားတာ လုံးဝ မရှိဘူး” လို့ ရှေ့နေကြီး ဦးကိုနီပြော
    ” NLD အစိုးရမှာ ဘာသာရေးခွဲခြားတာ လုံးဝ မရှိဘူး” လို့ ရှေ့နေကြီး ဦးကိုနီပြော
    ဧပြီ ၂၀ ၊ ၂၀၁၆
    M-Media
    သီဟ
    U Ko Ni 2
    ၂၀၁၅ ရွေးကောက်ပွဲတွင်အနိုင်ရ ရှိပြိး တရားရေး မဏ္ဍိုင်၊ အုပ်ချူပ်ရေး မဏ္ဍိုင်တို့မှာ လုပ်ပိုင်ခွင့် အများစု ရရှိထားတဲ့ NLD အစိုးရ အနေနဲ့ ဘာသာရေး ခွဲခြားတာ လုံးဝ မရှိဘူးလို့ NLD ရဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက BBC နဲ့ တွေ့ဆုံ မေးမြန်းခန်း တရပ်မှာ ပြောကြားလိုက်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာပြီး  အမှုစစ်ဆေးဆဲ နိုင်ငံရေး အကျဉ်းသား တွေနဲ့ ပြစ်ဒဏ် ချမှတ်ပြီးသား နိုင်ငံရေး အကျဉ်းသားတွေကို အစိုးရသစ်က လွှတ်ပေးခဲ့ပါတယ်။
    ဒါပေမဲ့ တချို့သူတွေ လွတ်မလာသေးဘဲ ကျန်ရစ်နေကြပါတယ်။ အဲသလို ကျန်တာဟာ ဥပဒေကြောင်းအရ အခက်အခဲရှိလို့လား။
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး ဦးကိုနီကို BBC က ဆက်သွယ် မေးမြန်းခဲ့တာဖြစ်ပါတယ်။
    BBC သတင်းထောက်က မန္တလေး အခြေစိုက် သင့်မြတ်လိုသူများ ဘာသာပေါင်းစုံ  ပရဟိတ အဖွဲ့မှ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့ မလွတ်မြောက်သေးတဲ့ အကြောင်းမေးမြန်းခဲ့ရမှာတော့ ဦးကိုနီက အောက်ပါအတိုင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
    “သူတို့ကတော့ ပြစ်ဒဏ်ကျခံသွားရပြီ ဖြစ်တဲ့အတွက် ၂၀၄(က) အရ အချိန်မရွေးလွှတ်ပေးလို့ ရသွားပြီ ၊ သမ္မတ ရဲ့ လုပ်ပိုင်ခွင့်ထဲကို ရောက်သွားပြီ ၊ အမှုရုပ်သိမ်းစရာ မလိုတော့ဘူး။ ဒါတွေဟာ နောက်တသုတ်မှာမှ ပါလာလိမ့်မယ်လို့ တူပါတယ်။ စီစစ်ဆဲ လို့ ကျနော်ယူဆတယ်။ တချို့တော်တော်များများက တော့ အွန်လိုင်းမှာ ပြောနေကြတယ်။ မွတ်စလင်မို့လို့ ဆိုပြီး .. ဒါတော့ လုံးဝ မဟုတ်ဘူးလို့ ကျနော်ပြောရဲပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ NLD အစိုးရမှာ ဘာသာရေး ခွဲခြားတာ လုံးဝ မရှိဘူး။ အဲဒါတော့ ကျနော်ကိုယ်တိုင် မွတ်စလင်မ် တယောက် ၊ ကျနော်ကိုယ်တိုင် ပါတီမှာ ထဲထဲ ဝင်ဝင်လုပ်နေတဲ့ အတွက် ကျနော်သိပါတယ်။ ”
  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွက် ကမ္ဘာတစ်ဝှမ်းမှ လှုပ်ရှားသူများကို ဂျော်ဒန် ဘုရင်က ရွေးချယ်ကာ ဆုချီးမြှင့်
    ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွက် ကမ္ဘာတစ်ဝှမ်းမှ လှုပ်ရှားသူများကို ဂျော်ဒန် ဘုရင်က ရွေးချယ်ကာ ဆုချီးမြှင့်
    ဧပြီ ၂၀၊ ၂၀၁၆
    M-Media
    jordan
    – ၂၀၁၆ ခုနှစ် ကမ္ဘာ့ဘာသာပေါင်းစုံညီညွတ်ရေးသီတင်းပတ် (WIHW) အတွင်း လှုပ်ရှားမှုတွေမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သူတွေကို ဂျော်ဒန်ဘုရင် အဘ်ဒူလာက ရွေးချယ်ပြီး ဂုဏ်ပြုဆုချီးမြှင့်တဲ့အခမ်းအနားကို အလ်ဟူစိန်နီယာနန်းတော်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
    အဲဒီလို ဆုရွေးချယ်ချီးမြှင့်မယ့် အစီအစဉ်ဟာ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဂျော်ဒန်ဘုရင်က စတင်ခဲ့တဲ့ စီမံကိန်းတစ်ခုနဲ့ ဆက်နွယ်နေပြီး၊ နိုင်ငံတကာမှာ အမျိုးမျိုးသော လှုပ်ရှားဆောင်ရွက်မှုတွေ ပြုလုပ်ကာ ဘာသာပေါင်းစုံလူ့အဖွဲ့အစည်းတွေအကြား နားလည်မှု၊ အသိပညာတိုးပွားမှု ပြန့်နှံ့အောင် ရည်ရွယ်တာဖြစ်ပါတယ်။
    ဘာသာပေါင်းစုံညီညွတ်ရေး သီတင်းပတ်မှာ ပြုလုပ်ခဲ့တဲ့ တစ်ဦးချင်းလှုပ်ရှားမှုအတွက် ပထမဆုကိုတော့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ယူရီကာမြို့ စိန့်အင်နိုးဆန့်အော်သိုဒေါ့ ခရစ်ယာန်ဘုရားကျောင်းတော်က ဘုန်းတော်ကြီး လောရင့် ကလီနီဝါ့က်က ရရှိခဲ့တာဖြစ်ပြီး ဆုရရှိသူများကိုယ်စား ဘုန်းတော်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
    အဖွဲ့လိုက်မှာတော့ အနောက်အာဖရိက က ဂမ်ဘီယာနိုင်ငံမှာ အခြေစိုက်တဲ့ Euclid တက္ကသိုလ်က ရရှိခဲ့ပါတယ်။ အဲဒီတက္ကသိုလ်ဟာ ဗဟိုအာဖရိက၊ အီသီယိုးပီးယား၊ ဂမ်ဘီယာ၊ ထရီနီဒတ်နှင့် တိုဘာဂို၊ အမေရိကန် စတဲ့နိုင်ငံတွေမှာ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
    ဒုတိယဆုကိုတော့ အဖွဲ့ပေါင်း ၂၃ ဖွဲ့နဲ့ လူထောင်ပေါင်းများစွာပါဝင်ကာ တက်ကြွလှုပ်ရှားမှုပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက မနီလာမြို့က Uni-Harmony Partners အဖွဲ့က ရရှိခဲ့ပါတယ်။
    ကနေဒါအခြေစိုက် Interfaith Harmony Halifax အဖွဲ့က တတိယဆုကို ရရှိခဲ့ပြီး ဒီအဖွဲ့ဟာ ဟာလီဖက်စ်မြို့မှာ ကြော်ငြာတွေကနေတဆင့် ဘာသာပေါင်းစုံ အသိပညာတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ အပြန်အလှန် ရင်းနှီးမှုရရှိရေး အချက်အလက်မျှဝေတာမျိုးတွေကို လုပ်ဆောင်ခဲ့တာကြောင့် ဘုရင်အဘ်ဒူလာက ချီးမြှင့်တဲ့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
    ဒီဆုကို ဂျော်ဒန် အစ္စလာမ့်အတွေးအခေါ်ဆိုင်ရာ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Royal Aal al-Bayt က ချီးမြှင့်တာဖြစ်ပြီး ဘာသာပေါင်းစုံ ချစ်ကျည်ညီညွတ်ရေးကို အထောက်အကူဖြစ်စေတဲ့ လှုပ်ရှားမှု ဒါမှမဟုတ် စာအုပ်စာတမ်းထုတ်ဝေမှု ၃ ခုကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။
    Ref: IINA
  • ဖလား ၃ လုံးအိပ်မက် ရှင်သန်လာမှုအတွက် ဘိုင်ယန်နည်းပြ ကျေနပ်နေ
    ဖလား ၃ လုံးအိပ်မက် ရှင်သန်လာမှုအတွက် ဘိုင်ယန်နည်းပြ ကျေနပ်နေ
    ဧပြီ ၂၀၊ ၂၀၁၆
    M-Media
    uga
    – ပြည်တွင်းရှုံးထွက်ဖလား DFB-Pockal တွင် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ဖလား ၃ လုံးအိပ်မက် ရှင်သန်လာခဲ့သည့်အတွက် မိမိအနေဖြင့် ကျေနပ်မိသည်ဟု ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ၀ါဒါဘရီမင်နှင့် ဆီမီးဖိုင်နယ်ပွဲတွင် ဘိုင်ယန်မှာ ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မှာ ဘွန်ဒစ်လီဂါတွင် ရာသီပြီးဆုံးရန် ၄ ပွဲသာလိုတော့သည့်အချိန် ဒုတိယနေရာမှ ဒေါ့မွန်အား ၇ မှတ်ဖြတ်ထားကာ လက်ကျန် ၂ ပွဲ အနိုင်ရရုံဖြင့် ချန်ပီယံဖြစ်မည်ဖြစ်သည်။
    ထို့ပြင် ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်သို့ ရောက်ရှိနေပြီး ဖလား ၃ လုံးအိပ်မက်နှင့် လက်တစ်ကမ်းအကွာတွင် ရှိနေသည်။
    “တကယ့်ကို ကျေနပ်ပါတယ်ဗျာ။ ဘာလင်က (ရှုံထွက်ဖလား) ဖိုင်နယ်ပွဲဟာ ကြီးကျယ်တဲ့ပွဲ ဖြစ်လာမှာပါ။ ဘရီမင်က မိုချန်ဂလာဘတ်ခ်ျနဲ့ လေဗာကူဆင်တို့ကို အနိုင်ယူခဲ့ပါတယ်။ သူရသတ္တိနဲ့ ပြည်စုံတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ဂွါဒီယိုလာမှာ ရာသီကုန်တွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့မည်ဟု ကြေငြာထားသူဖြစ်သည်။
    Ref: Goal