News @ M-Media

Blog

  • အာကာသခရီးစဉ်သမိုင်းတွင် သမိုင်းမှတ်တိုက်သစ်တစ်ခုကို Space X စိုက်ထူ

    အာကာသခရီးစဉ်သမိုင်းတွင် သမိုင်းမှတ်တိုက်သစ်တစ်ခုကို Space X စိုက်ထူ

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    a

    – အမေရိကန် အာကာသကုမ္ပဏီတစ်ခုဖြစ်သည့် Space X မှာ ၎င်းတို့၏ ဒုံးပျံကို ယမန်နေ့က ပင်လယ်ပြင်ရှိ အဝေးထိန်းသင်္ဘောတွင် ပထမဆုံးအကြိမ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။

    ဖလော်ရီဒါပြည်နယ် ကာနာဗီရဲလ်အငူရှိ လေတပ်စခန်းမှ ကုန်ပစ္စည်းများတင်ဆောင်ကာ နိုင်ငံတကာအာကာသစခန်းသို့ သွားရောက်ပို့ဆောင်ပြီးနောက် ပစိဖိတ်သမုဒ္ဒရာထဲတွင် ရှိနေသည့် အဝေးသိန်းသင်္ဘောပေါ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ ဆင်းသက်နိုင်ခြင်းက ဒုံးပျံကိုပြန်လည်အသုံးပြုနိုင်မည် ဖြစ်သောကြောင့် အနာဂတ် ဂြိုဟ်တုလွှတ်တင်မှုများတွင် ကုန်ကျစားရိတ်ကို အများအပြား လျှော့ချနိုင်မည်ဖြစ်သည်။

    Space X မှာ ထိုကဲ့သို့ ဒုံးပျံကို ရေပြင်ပေါ်၌ ပြန်လည်ဆင်းသက်ရန် ကြိုးစားမှုမှာ ၅ ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ယခုတစ်ကြိမ်မှ အောင်မြင်ခြင်းဖြစ်ကာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခြင်းလည်းဖြစ်သည်။

    ပြီးခဲ့သည့်ဒီဇင်ဘာကလည်း ဂြိုဟ်တုလွှတ်သည့် ဒုံးပျံကို ကုန်းမြေပေါ်တွင် ပြန်လည်ဆင်းသက်ကာ Space X က သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့ဖူးသည်။

    Ref: latimes

  • ရူနီမှာ အင်္ဂလန်၏ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်နေဆဲဟု မန်ယူနည်းပြ ပြော

    ရူနီမှာ အင်္ဂလန်၏ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်နေဆဲဟု မန်ယူနည်းပြ ပြော

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    rooney

    – စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် လက်စတာတိုက်စစ်မှူး ဂျာမိန်းဗာဒီတို့မှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ ပြသနေသော်လည်း မိမိတို့ တိုက်စစ်မှူး ရူနီမှာ ၎င်းတို့ထက် ပိုသာပြီး အင်္ဂလန်၏ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်နေဆဲဟု မန်ယူနည်းပြ လူးဝစ် ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    စပါးနှင့် လက်စတာတို့ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားမှုနှင့်အတူ ဟယ်ရီကိန်းမှာ သွင်းဂိုး ၂၂ ဖြင့်လည်းကောင်း၊ ဗာဒီမှာ ၁၉ ဂိုးဖြင့်လည်းကောင်း ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကို ဦးဆောင်ထားနိုင်သည်။ ဒူးဒဏ်ရာကြောင့် ၂ လခန့် အနားယူနေရသည့် ရူနီမှာ ပရီးမီးယားလိဂ်တွင် ၁၁ ဂိုးသာ သွင်းယူထားနိုင်ပြီး နိုင်ငံအသင်းအတွက် ဦးစားပေးမှုတွင်လည်း ၎င်းတို့ ၂ ဦး၏နောက်တွင်သာ ရှိနေသည်။

    ဗန်ဂါးလ်ကမူ အသက် ၃၀ အရွယ်ရှိ ၎င်းတို့တိုက်စစ်မှူးမှာ အင်္ဂလန်၏ ထိပ်တန်း တိုက်စစ်မှူးစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်ဟု ဆိုသည်။

    “လူတိုင်းက ကစားပုံကိုလိုက်ပြီး အတက်အကျရှိတာကြောင့် သူတို့ရဲ့ ပုံစံကောင်းအပေါ်မူတည်ပြီး သတ်မှတ်ရပါတယ်။ အမြဲတမ်း ဒီလိုပါပဲ။ ၀ိန်းဟာ သာမန်အားဖြင့် အကောင်းဆုံး တိုက်စစ်မှူးပါ။ ဒါပေမယ့် ဟယ်ရီကိန်း ဘယ်လောက်ဂိုးသွင်းလဲဆိုတာ ကြည့်ရင် ရူနီကိုလည်း ဒီလို ကြည့်ရမှာပါ။ ဒါက အသင်း ဘယ်လောက် ကောင်းကောင်းကစားနိုင်လဲဆိုတာအပါ် မူတည်ပါတယ်။ ရူနီကောင်းလား မကောင်းဘူးဆိုတာကို လွယ်လွယ်ဆုံးဖြတ်လို့တော့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်ဆိုတာ တွေ့ရမှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ကဏ္ဍ ၄ ခုတွင် ပူးပေါင်းဆောင်ရွက်ရန် ကနေဒါနှင့် မြန်မာတို့ သဘောတူ

    ကဏ္ဍ ၄ ခုတွင် ပူးပေါင်းဆောင်ရွက်ရန် ကနေဒါနှင့် မြန်မာတို့ သဘောတူ

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    canada

    – မြန်မာသမ္မတ ဦးထင်ကျော်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး စတီဖိန်း ဒီယွန်တို့ ကြာသာပတေးနေ့တွေ့ဆံမှုအတွင်း ကဏ္ဍ ၄ ခုကို သဘောတူညီခဲ့သည်ဟု သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ သဘောတူညီချက်များတွင် အမျိုးသားရင်ကြားစေ့ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ ရာသီဥတု ပြောင်းလဲနေသည့် ယခုအချိန်တွင် သောက်သုံးရေဖူလှုံရေး ဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုများအတွက် တာဝန်ယူခြင်းနှင့် ၁၉၈၀ ပြည့်နှစ်များကတည်းက ရပ်ဆိုင်းခဲ့သာ မြန်မာလူငယ်များအား ကနေဒါက ပညာတော်သင်ခေါ်မှုကို ပြန်လည် စတင်ရေးတို့ဖြစ်သည်။

    ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဒီယွန်မှာ ၃ ရက်တာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဖက်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

    ဒီယွန်ကမူ မြန်မာနိုင်ငံရှိ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကဏ္ဍတို့အတွင် အသုံးပြုရန်အတွက် ကန်ဒေါ်ထာ ၈ သန်း ထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့သည်။

    Ref: Shanghaidaily

  • အမေရိကန်ထိရောက်နိုင်သည့် ဒုံးအင်ဂျင်ကို ထုတ်လုပ်နိုင်ခဲ့ပြီဟု မြောက်ကိုရီးယား ကြေငြာ

    အမေရိကန်ထိရောက်နိုင်သည့် ဒုံးအင်ဂျင်ကို ထုတ်လုပ်နိုင်ခဲ့ပြီဟု မြောက်ကိုရီးယား ကြေငြာ

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    north 3

    – ဒုံးကျည်တပ်ပြီး အမေရိကန်အထိရောက်ရှိအောင် ပစ်လွှတ်နိုင်တဲ့ အင်ဂျင်တစ်လုံးကို သူတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဒီနေ့မနက်ပိုင်းမှာ ကြေငြာလိုက်ပါတယ်။

    အစိုးရပိုင် KCNA သတင်းဌာနကနေ ဖော်ပြခဲ့တဲ့ ဒီကိစ္စကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ စောင့်ကြည့်သူတွေက မြောက်ကိုရီးယားရဲ့ စစ်ရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မှုတွေဟာ အမေရိကန်ကို ရည်ရွယ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့လာရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ယခင်ကလည်း မြောက်ကိုရီးယားမှာ အမေရိကန်ထိ ရောက်ရှိနိုင်မယ့် ဒုံးကျည်တွေ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ ဇန်နဝါရီက သူတို့ရဲ့ ၅ ကြိမ်မြောက် နျူဒုံးကျည် စမ်းသပ်မှုပြီးတဲ့နောက်ပိုင်းမှာ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ခြိမ်းခြောက်မှုတွေ တောက်လျှောက် ပြုလုပ်လာခဲ့ပါတယ်။

    Ref : Washintong Post

  • အစ္စလာမ့်အသိပညာပေးသီတင်းပတ်ကို ဗာဂျီးနီးယားတွင် ကျင်းပ

    အစ္စလာမ့်အသိပညာပေးသီတင်းပတ်ကို ဗာဂျီးနီးယားတွင် ကျင်းပ

    ဧပြီ ၈၊ ၂၀၁၆
    M-Media

    marshall

    – ယခုတစ်ပတ်အတွင်း ကျရောက်တဲ့ အစ္စလာမ့်အသိပညာပေး သီတင်းပတ်မှာ ပါဝင်ဆင်နွှဲတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် မာရှယ်တက္ကသိုလ်က မွတ်စလင်ကျောင်းသားများအသင်း MSA ဟာ ရိုးရာမုန့်ရောင်းပွဲတစ်ခုကို အင်္ဂါနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ဒီမုန့်ရောင်းပွဲဟာ MSA ရန်ပုံငွေမြှင့်တင်ရေးအတွက်လည်း ပါဝင်ပါတယ်။ အဖွဲ့ရဲ့ တာဝန်ရှိသူတွေကတော့ ဒီပွဲလေးဟာ မိမိတို့ရဲ့ ယဉ်ကျေးမှုကို တစ်ပါးသူတွေ သိစေလိုပြီး၊ အဓိကရည်ရွယ်တာကတော့ ကျောင်းဝင်းအတွင်းကသူတွေနဲ့ ထိတွေ့မှုရရှိအောင် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမုန့်အရောင်းပွဲတော်မှာ စိတ်ဝင်စရားကောင်းတဲ့ လှည့်ကွက်လေးတစ်ခု ရှိပါတယ်။ ဒါကတော့ မာရှယ်တက္ကသိုလ်က ကျောင်းသားတွေကနေတဆင့် ပြည်သူတွေ အစ္စလာမ်အကြောင်း သိနားလည်ဖိုအတွက် ဒီလိုအခမ်းအနားမျိုး များများကျင်းပနိုင်ရေး ရန်ပုံငွေတွေတိုးလာဖို့ပါ” လို့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သူ ခါဒါးရ်က ပြောကြားခဲ့ပါတယ်။

    ဒီလိုပွဲမျိုးတွေကနေ အဖွဲ့ဝင်သစ်တွေလည်း တိုးလာနိုင်ပြီး အစ္စလာမ့်ရဲ့ သွန်သင်မှုတွေကိုလည်း ဖြန့်ဖြူးနိုင်တယ်လို့ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အဓိကရည်ရွယ်ချက်ကတော့ လူတွေ ကျွန်မတို့ကို စကားပြောဆိုလာဖို့ပါပဲ။ နောက်ဆုံး ဘာမှမ၀ယ်ဘူးပဲထားဦး၊ သူတို့လာပြီး စကားပြောရုံနဲ့တင် ကျွန်မတို့ရဲ့ ရည်မှန်းချက်ပြည့်ပါပြီ”

    MSA အသင်းဝင်တစ်ဦးဖြစ်သူ အလ်ကာဝါဆာမီကလည်း “မီဒီယာတွေမှာ ပုံဖော်ထားသလို ကျွန်မတို့ဟာ အကြမ်းဖက်သမားတွေမဟုတ်ကြောင်း လူတွေကို ပြသချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့နဲ့ စကားပြောကြည့်ရုံနဲ့ သူတို့သဘောပေါက်သွားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” လို့ ခါဒါးရ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref: IINA