ဧပြီ ၁၅၊ ၂၀၁၆
M-Media
– ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက နဘ်လူစ်မြို့မှာ ဘယ်လ်ဂျီယံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တည်ဆောက်ပေးထားတဲ့ ကလေးဥယျာဉ်တစ်ခုကို အစ္စရေးက ဖြိုချဖျက်ဆီးခဲ့မှုအပေါ် ဘယ်လ်ဂျီယံက ရှုတ်ချပြောဆိုလိုက်ပါတယ်။
အစ္စရေးဟာ အဲဒီဥယျာဉ်ကို အင်္ဂါနေ့မှာ ဖျက်ဆီးလိုက်တာဖြစ်ပြီး ဘယ်လ်ဂျီယံ ဒုတိယ ၀န်ကြီးချုပ်နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အလက်ဇန္ဒား ဒီ ခရူး၊ နိုင်ငံခြားရေးဝန်ကြီး ဒီဒီယာ ရိန်ဒါးစ်တို့က ရှုတ်ချခဲ့တာပါ။
ဘယ်လ်ဂျီယံအာဏာပိုင်တွေက ၎င်းတို့အစိုးရအနေနဲ့ ဘရပ်ဆဲလ်မှာရှိတဲ့ အစ္စရေး သံအမတ်၊ အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့မှာ ရှိတဲ့ ဘလ်ဂျီယံသံရုံးတို့ကနေတဆင့် အစ္စရေးအစိုးရဘက်ကို ချက်ချင်း ဖြေရှင်းချက်တောင်းသွားမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။
“မရှိမဖြစ်တဲ့ အခြေခံအဆောက်အအုံတွေအဖြစ် ရည်ရွယ်ဆောက်လုပ်ထားတဲ့ ဒီစီမံကိန်းကို ဖျက်စီးပစ်လိုက်တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး” လို့ ကြေငြာချက်ကဆိုပြီး ဘယ်လ်ဂျီယံစီမံကိန်းေ
တွဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဖြည့်ဆည်းဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် နု
ိင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအတိုင်း ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.