News @ M-Media

Blog

  • ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အာဂျင်တီးနား ထိပ်ဆုံးရောက်၊ မြန်မာက ၁၂ ဆင့်ကျ

    ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အာဂျင်တီးနား ထိပ်ဆုံးရောက်၊ မြန်မာက ၁၂ ဆင့်ကျ

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    fifa

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက နိုင်ငံအသင်းများ၏ ကမ္ဘာ့အဆင့်ကို ယနေ့တွင် ထုတ်ပြန်လိုက်ပြီး အာဂျင်တီးနားအသင်းက ကမ္ဘာ့နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့သည်ဟု သိရသည်။

    ဘယ်လ်ဂျီယံအသင်းမှာ ပြီးခဲ့သည့်နိုဝင်ဘာက ၎င်းတို့ဘောလုံးသမိုင်းကြောင်းတွင် ပထမဆုံးအဖြစ် ကမ္ဘာ့နံပါတ် ၁ နေရာကို ရရှိခဲ့ပြီး ၅ လတာ ကြာမြင်ခဲ့ပြီးနောက် ယခုကဲ့သို့ စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်။ ယခုအဆင့်သတ်မှတ်ချက်အတွက် ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလား ခြေစစ်ပွဲ ၅၁ ပွဲ၊ တိုက်ကြီးများအလိုက် ခြေစစ်ပွဲ ၆၀နှင့် နိုင်ငံတကာခြေစမ်းပွဲ ၆၀ စုစုပေါင်း ၁၇၁ ပွဲအပေါ်မူတည်၍ တွက်ချက်ခဲ့ခြင်းဖြစ်သည်။

    အာဂျင်တီးနားမှာမူ ကိုပါအမေရိကဖလား ဆီးမီးဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အဆင့် ၁ နေရာကို ရရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဘယ်လ်ဂျီယံကို ဖယ်ပေးခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ချီလီကမူ ၂ ဆင့်တက်ကာ အဆင့် ၃ သို့ ရောက်လာခဲ့ပြီး၊ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီကမူ တစ်ဆင့်ကျကာ အဆင့် ၅ တွင်ရှိနေသည်။ ဘောလုံးဘိုးအေ အင်္ဂလန်က တစ်ဆင့်ကျကာ အဆင့် ၁၀ သို့ ရောက်ရှိခဲ့သည်။ မြန်မာကမူ ယခင်က အဆင့် ၁၅၄ ရှိရာမှ ၁၂ ဆင့်ကျဆင်းခဲ့ကာ ၁၆၆ တွင်ရှိနေသည်။

    Ref: Fifa.com

  • တစ်နေ့လျှင် ပန်းသီးတစ်လုံးစားခြင်းက အသက်ပိုရှည်နိုင်

    တစ်နေ့လျှင် ပန်းသီးတစ်လုံးစားခြင်းက အသက်ပိုရှည်နိုင်

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    apple

    – တစ်နေ့လျှင် ပန်းသီးတစ်လုံးစားခြင်းက အသက်ငယ်ငယ်လေးနဲ့ သေဆုံးနိုင်မှုကို ၃၅ ရာခိုင်နှုန်းလောက် လျှော့ချပေးတယ်လို့ သြစတေးလျမှပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။

    Western Australia တက္ကသိုလ်က အသက် ၇၀ ကနေ ၈၅ နှစ်အကြားမှာရှိတဲ့ အုပ်စုတစ်ခုကို ၁၅ နှစ်ကြာ လေ့လာခဲ့ရာကနေ ဒီလို တွေ့ရှိခဲ့တာပါ။ လေ့လာမှုမှာပါဝင်ခဲ့တဲ့ ဒေါက်တာ ဂျိုနသန် ဟဒ်ဆန်က ပန်းသီးဟာ အရေပြားအတွင်းက အမျှင်ဓာတ်နဲ့ ဖလာဗိုနွိုက်ပမာဏကို အားကောင်းတယ်လို့ ဆိုပါတယ်။

    ဖလာဗိုနွိုက်ဆိုတာ ပန်းသီး၊ ဘယ်ရီသီးများ၊ သစ်တော်သီးများ၊ စတော်ဘယ်ရီသီးနဲ့ မုန်လာဥအပါအ၀င် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတဲ့ အပင်ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

    “ပန်းသီးအခွံက ဖလာဗိုနွိုက်ဒြပ်ပေါင်းတွေဟာ သွေးလွှတ်ကြောပြေလျော့မှုကို အားကောင်းစေကြောင်း သက်သေပြခဲ့ပြီးပါပြီ။ ပန်းသီးစားသုံးမှုများခြင်းဟာ အကြောင်းအမျိုးမျိုးကြောင်း သေဆုံးနိုင်ချေကို လျော့နည်းစေပြီး အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ကင်ဆာနဲ့သေဆုံးမှုကိုလည်း လျှော့ချပေးကြောင်းကို အခုသက်သေပြလိုက်ပါပြီ” လို့ ဒေါက်တာ ဟဒ်ဆန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “ဖလာဗိုနွိုက်များများစားသုံးခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့လည်း ဆက်စပ်နေတဲ့အပြင် ၀ိတ်တောင်ကျစေနိုင်ပါတယ်။ အသက်အရွယ်မရွေး အမျိုးသားအမျိုးသမီးအကုန်လုံးမှာ ရလဒ်တူတူပဲတွေ့ရပါတယ်။ တစ်နေ့ကို ဒီလိုသစ်သီးမျိုးနည်းနည်းလောက်ပဲစားမယ်ဆိုရင်တောင် ကျန်းမာရေးအပေါ် အလွန်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်”

    SM/IINA

  • နယူးယောက်မွတ်စလင်အဖွဲ့တစ်ခု မြို့တော်ဝန်၏ ထောက်ပံ့ငွေ ရရှိ

    နယူးယောက်မွတ်စလင်အဖွဲ့တစ်ခု မြို့တော်ဝန်၏ ထောက်ပံ့ငွေ ရရှိ

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    new york
    Arab-American Association of New York အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဆာဆူရ်

    – အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ဝန်က ပရဟိတအဖွဲ့အစည်းများကို ပေးအပ်သော ထောက်ပံ့ကြေးငွေကို မွတ်စလင်အဖွဲ့အစည်းတစ်ခုလည်း လက်ခံရရှိခဲ့သည်ဟု သိရသည်။

    နယူးယောက်အခြေစိုက် Arab-American Association of New York အဖွဲ့ဖြစ်ပြီး မြို့တော်ဝန်က ရန်ပုံငွေပေးအပ်သော အဖွဲ့ ၁၄ ခုတွင် ပါဝင်ခဲ့ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၁၀ သန်းကို ၅ နှစ်အတွင်း ရရှိမည်ဖြစ်သည်။ ထိုငွေများကို အဖွဲ့၏ ပရဟိတလုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်မည့် စိတ်ကျန်းမာရေး ကဏ္ဍအတွက် အသုံးပြုရမည်ဖြစ်သည်။

    ထိုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဆာဆူရ်မှာ ပါလက်စတိုင်းနွယ်ဖွားဖြစ်ပြီး လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သူတစ်ဦးလည်းဖြစ်သည်။ သူမမှာ ပါလက်စတိုင်းပြည်သူများ၏ အခွင့်အရေးများအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသည်။

    Ref: IINA

  • ယခုနှစ်ဟဂ်ျကိစ္စကို အီရန်နှင့် ဆော်ဒီတို့ဆွေးနွေးမည်

    ယခုနှစ်ဟဂ်ျကိစ္စကို အီရန်နှင့် ဆော်ဒီတို့ဆွေးနွေးမည်

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    hajj 1

    – ယခုနှစ် ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် အစီအစဉ်များ ရေးဆွဲရေး ဆော်ဒီက အီရန်အား တရားဝင် ဖိတ်ကြားခဲ့သည်ဟု အီရန် ဟဂ်ျခရီးစဉ်ဆိုင်ရာအဖွဲ့၏ အကြီးအကဲဖြစ်သူ စအီးဒ် အိုဟာဒီက ပြောကြားလိုက်သည်။

    ယမန်နေ့က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ယခုလ ၁၄ ရက်နေ့တွင် ဆွေးနွေးကြမည်ဖြစ်သည်။ အိုဟာဒီကမူ မိမိတို့မှာ ယခင်နှစ်များအတိုင်း ဘုရားဖူးခရီးသည်များ စေလွှတ်ရေး နှစ်ဖက်သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးကြမည်ဟု ပြောကြားခဲ့သည်။

    ယခုနှစ်အတွက် ထိုလုပ်ငန်းစဉ်မှာ ယခင်နှစ်များထက် ၃ လခန့် နောက်ကျခဲ့သည်။ ပြီးခဲ့သည့်နှစ် ဟဂ်ျရာသီအတွင်း လူအုပ်ကြီးမျာ တိုးဝှေ့မှုကြောင့် ဘုရားဖူးခရီးသည် အမြောက်အများ အသက်ဆုံးရှုံးခဲ့ရပြီး အများစုမှာ အီရန်နိုင်ငံသားများဖြစ်သည်။

    အိုဟာဒီကမူ လာမည့်တစ်ပတ်အစည်းအဝေး၌ ထိုအဖြစ်အပျက်အတွင်း သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများအတွက် နစ်နာကြေးပေးရန်နှင့် ယခုနှစ်ဟဂ်ျရာသီတွင် လုံခြုံရေးအထူးပြုရေးကို အဓိကထား ဆွေးနွေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Press TV

  • မိမိတို့၏ ချန်ပီယံလိဂ်မျှော်လင့်ချက် မကုန်ဆုံးသေးဟု ရီးယဲလ်နည်းပြ ပြော

    မိမိတို့၏ ချန်ပီယံလိဂ်မျှော်လင့်ချက် မကုန်ဆုံးသေးဟု ရီးယဲလ်နည်းပြ ပြော

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    zidane

    – ယနေ့မနက်က ကစားခဲ့သည့် ဝုလ်ဖ်ဘာ့ဂ်နှင့်ပွဲတွင် အသင်း၏ ကစားပုံအား စိတ်တိုင်းမကျသော်လည်း မိမိတို့အသင်းမှာ ချန်ပီယံလိဂ်မှ ထွက်ခွာပြီဟု ပြော၍မရသေးဟု ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်သည်။

    ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဂျာမန်မြေ၌ ကစားခဲ့သည့် အဆိုပါပွဲတွင် ရီးယဲလ်မှာ ကစားကွက် အသာရခဲ့သော်လည်း အိမ်ရှင်နောက်တန်းကို မကျော်နိုင်သောကြောင့် ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် နောက်တစ်ဆင့်တက်ရေးအတွက် ဒုတိယအကျော့တွင် ရုန်းကန်ရတော့မည်ဖြစ်သည်။

    သို့သော်လည်း ဇီဒိန်းကမူ အလျှော့မပေးသေးချေ။

    “ပွဲထဲမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျနော် မကျေနပ်ပါဘူး။ အထူးသဖြင့် ပထမပိုင်းအခြေအနေပေါ့ဗျာ။ ဒါက ဘောလုံးရဲ့သဘာဝပါပဲ။ အစကတည်းက စိတ်ထည့်ပြီးမကစားရင် ဒီလိုပဲဖြစ်မှာပါ။ အရာအားလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေး ရှိသေးတာကြောင့် လာမယ့်အကျော့အတွက် စဉ်းစဉ်းစားစား လုပ်ရပါတော့မယ်” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    Ref : Goal