ဧပြီ ၁၃၊ ၂၀၁၆
M-Media
– ဇီကာဗိုင်းရပ်စ်ပိုးဟာ အရင်တုန်းက ခန့်မှန်းထားတာထက် ပိုပြီး ကြောက်စရာကောင်းတယ်လို့ အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက တနင်္လာနေ့မှာ သတိပေးလိုက်ပြီး မွေးရာပါ ဦးနှောက်ချို့ယွင်းမှုတွေနဲ့ ဆက်နွယ်နေတဲ့ ဒီဗိုင်းရပ်စ်ကို နှိမ်နင်းဖို့အတွက် ရံပုံငွေတွေ တိုးမြှင့်ပေးဖို့ လွှတ်တော်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဇီကာဗိုင်းရပ်စ်အတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်အောင် ဒေါ်လာ ၁.၉ ဘီလီယံ ထုတ်ပေးဖို့ အိုဘားမားအစိုးရအဖွဲ့ဟာ လွှတ်တော်မှာ တောင်းဆိုထားပေးမယ့် အဲဒီတောင်းဆိုမှုကိုတော့ လွှတ်တော်က ဆိုင်းငံ့ထားပါတယ်။
Aedes aegypti ခြင်အမျိုးအစားကနေ ပေါက်ဖွားတဲ့ ဇီကာဗိုင်းရပ်စ်ဟာ မနှစ်ကတည်းက လက်တင်အမေရိကနဲ့ ကာရေဘီယန်ရဲ့ နေရာ ၃၀ ကျော်မှာ လျင်မြန်စွာ ကူးစက်ပြန့်နှံ့ ခဲ့ပါတယ်။ ယင်းဗိုင်းရပ်စ်ဟာ လိင်မှတဆင့် ကူးစက်တာကိုလည်း ရှားရှားပါးပါးတွေ့မြင်ရပါတယ်။
“ကျွန်မတို့ လုံးဝ အသင့်ပြင်ထားရပါမယ်။ ဗိုင်းရပ်စ်နဲ့ပက်သက်ပြီး ကျွန်မတို့တွေ့နေရတဲ့ အရာအားလုံးက ပထမကထင်ထားတာထက် ပိုကြောက်စရာကောင်းပါတယ်” လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန တွဲဖက်ဒါရိုက်တာ အန်နီ စခူးချက်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ပိုင်နက်မှာရှိတဲ့ ပေါ်တိုရီကိုဒေသမှာ လာမယ့်နှစ်ကုန်ပိုင်းမှာ လူသိန်းနဲ့ချီ ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်တယ်လို့ သတိပေးမှုလည်း ရှိနေပါတယ်။
Ref: Arab news
Leave a Reply
You must be logged in to post a comment.