News @ M-Media

Blog

  • အိန္ဒိယရှိ ပြည်နယ်တစ်ခုတွင် အရက်ရောင်းချမှု ပိတ်ပင်

    အိန္ဒိယရှိ ပြည်နယ်တစ်ခုတွင် အရက်ရောင်းချမှု ပိတ်ပင်

    ဧပြီ ၆၊ ၂၀၁၆
    M-Media

    bihar
    ဘီဟာရ်ပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ် ကူးမားရ်

    – အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ်တွင် အရက်သေစာအားလုံး ရောင်းချမှုကို ချက်ခြင်းအာဏာတည်စေသော အမိန့်ဖြင့် ယမန်နေ့တွင် ပိတ်ပင်လိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းမှာ ပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ် ကူးမားရ်က ရွေးကောက်ပွဲတွင် ပေးထားသောကတိကို ဖော်ဆောင်ပေးခြင်းလည်း ဖြစ်သည်။

    “အရက်သေစာတွေကို အခုအချိန်ကစပြီး ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေမှာ ရောင်းချရတော့မှာ မဟုတ်ပါဘူး။ ပြည်နယ်အတွင်းမှာ အရက်သေစာကို လုံးဝပိတ်ပစ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်” ဟု ကူးမားရ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဘီဟာရ်ပြည်နယ်၏ လူဦးရေမှာ သန်း ၁၀၀ ခန့်ရှိနေပြီး ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး အဘ်ဒူလ် ဘာရီ စီဒီကွီကမူ ၅ ရက်တာ အစမ်းပိတ်ပင်ခဲ့ပြီးနောက် ပြည်သူများ၏ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများကို ရရှိခဲ့သောကြောင့် ထိုကဲ့သို့ လုံးဝပိတ်ပင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အရက်သေစာရောင်းချမှု ပိတ်ပင်သည့် ဥပဒေကို ပြီးခဲ့သည့် ကြာသာပတေးနေ့က ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေ၌ အရက်သေစာများကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ထိုအရက်ကြောင့် သေဆုံးခြင်းတို့အတွက် ကြီးလေးသောပြစ်ဒဏ် ချမှတ်ရမည်ဟု ဖော်ပြထားသည်။

    Ref: Aljazeera

  • ကွန်တီက ချယ်ဆီးသို့ အောင်မြင်မှုများကို ယူဆောင်လာမည်ဟု ဇိုလာပြော

    ကွန်တီက ချယ်ဆီးသို့ အောင်မြင်မှုများကို ယူဆောင်လာမည်ဟု ဇိုလာပြော

    ဧပြီ ၆၊ ၂၀၁၆
    M-Media

    zola

    – လာမည့်ရာသီတွင် ချယ်ဆီးသို့ရောက်ရှိလာမည့် နည်းပြ အန်တိုနီယို ကွန်တီကို ချယ်ဆီးဂန္တ၀င်တိုက်စစ်မှူး ဇိုလာက ချီးကျူးလိုက်ပြီး ကွန်တီမှာ စတမ်းဖို့ဘရစ်ခ်ျသို့ အောင်မြင်မှုများကို ဆောင်ကျဉ်းလာလိမ့်မည်ဟု ပြောကြားလိုက်သည်။

    အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်နေသည့် ကွန်တီမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချယ်ဆီးနှင့် ၃ နှစ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ယူရို ၂၀၁၆ အပြီးတွင် အသင်းသို့ ရောက်ရှိမည်ဖြစ်သည်။ ချယ်ဆီးမှာ ကွန်တီ၏ အီတလီပြင်ပတွင် ကိုင်တွယ်မည့် ပထမဆုံး ဘောလုံးအသင်းလည်း ဖြစ်လာမည်ဖြစ်သည်။

    ဇိုလာကမူ လက်ရှိတွင် စိတ်ပျက်ဖွယ်အခြေအနေများနှင့် ရင်ဆိုင်နေရသည့် ချယ်ဆီးသို့ ကွန်တီက အောင်မြင်မှုများကို ဆောင်ကျဉ်းပေးနိုင်မည်ဟု ယုံကြည်နေသည်။

    “အန်တိုနီယိုဟာ နည်းပြကောင်းတစ်ဦးမှာ နိုင်ငံအသင်းနဲ့လည်းဆောင်ရွက်ထားတာကလည်း ကျေနပ်စရာပါ။ သူကိုင်တဲ့အသင်းက အမြဲတမ်း သတိထားစရာတစ်ခုစီရှိပြီး ပုံစံကောင်းကိုလည်း ပြသနိုင်ပါတယ်။ ချယ်ဆီးမှာ သူဟာ ကြီးကျယ်တာတွေကို လုပ်ပြနိုင်မှာပါ။ အီဗရာဟီမိုဗစ်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့ကို လိုချင်တာကြောင့် ကွန်တီကို ခေါ်ခဲ့တာပါ” ဟု ဇိုလာက ပြောကြားခဲ့သည်။

    Ref: Goal

  • ၂၄ နာရီအတွင်း အစ္စရေးက ပါလက်စတိုင်းနေအိမ် ခုနှစ်လုံးကို ဖျက်ဆီး

    ၂၄ နာရီအတွင်း အစ္စရေးက ပါလက်စတိုင်းနေအိမ် ခုနှစ်လုံးကို ဖျက်ဆီး

    ဧပြီ ၆၊ ၂၀၁၆
    M-Media

    israel

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ တနင်္လာနေ့ တစ်ရက်တည်းမှာပဲ ပါလက်စတိုင်း နေအိမ် ၇ လုံးကို အစ္စရေးက ဖျက်ဆီးခဲ့ပြီး အဲဒီအဖြစ်အပျက်ကို “အစုအပြုံလိုက်ဒဏ်ခတ်မှု” လို့ ပါလက်စတိုင်းခေါင်းဆောင်တွေက ခေါ်ဆိုခဲ့ပါတယ်။

    အဖျက်ဆီးခံရတဲ့အိမ်တွေထဲမှာ ဖေဖော်ဝါရီလအတွင်း ပါလက်စတိုင်းပိုင်နက်ထဲက အစ္စရေးစစ်သားတစ်ဦးကို သတ်ဖြတ်မှုကြောင့် အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူ ၃ ဦးရဲ့ မိသားစုတွေနေထိုင်ရာ အိမ်တွေလည်း ပါဝင်ပါတယ်။

    နောက်ပြီး ဂျေရုစလင်ရဲ့ ဒမတ်စကပ်ဝင်ပေါက်အနီးမှာ အစ္စရေးနယ်စပ် ရဲမေတစ်ဦးကို သေနတ်နဲ့ပစ်ခဲ့တဲ့ ပါလက်စတိုင်း ၃ ဦးရဲ့ မိသားစုတွေနေထိုင်တဲ့ အိမ်တွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ အရှေ့ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းမြှောင်က ဆူရီဖ်နဲ့ ဒူးမားရွာတွေမှာရှိတဲ့ နောက်ထပ်နေအိမ်လေးလုံးကိုလည်း အစ္စရေးက လုံးဝ ဖြိုချဖျက်ဆီးခဲ့ပါတယ်။

    နေအိမ်များဖျက်ဆီးခံရတဲ့အတွက် ယမန်နေ့က အနောက်ဖက်ကမ်းမှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ရာဘာကွပ်ထားတဲ့ စတီးကျည်ဆံတွေနဲ့ အပစ်ခံရတာကြောင့် ပါလက်စတိုင်းပြည်သူ ၅ ဦးကို ဆေးရုံတင်လိုက်ရပါတယ်။

    ပါလက်စတိုင်းပြည်သူ ၂၀၀၀၀ ခန့် နေထိုင်ကြတဲ့ ကာဘာတီယာမြို့ကို ပြီးခဲ့တဲ့လတွေမှာ အစ္စရေးစစ်တပ်က နှစ်ကြိမ်တိုင်တိုင်ဝင်ရောက်ပြီး ပိတ်ပစ်ခဲ့ကာ အဲဒီမှာနေထိုင်သူတွေရဲ့ အလုပ်လုပ်ခွင့်တွေကိုလည်း အပြီးရပ်စဲလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ကာဘာတီယာမြို့မှာ အစ္စရေးရဲ့လက်ချက်ကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၁၀ ဦး ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ထရီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်

    ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ထရီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်

    ဧပြီ ၆၊ ၂၀၁၆
    M-Media

    climat

    – ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဘဏ်လုပ်ငန်းမဟုတ်တဲ့ ဘဏ္ဍာရေးလုပ်ငန်းတန်ဖိုး ဒေါ်လာ ထရီလီယံဒေါ်လာပေါင်းများစွာ ဆုံးရှုံးနစ်နာနိုင်တယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ပိုထိရောက်တဲ့ ထိန်းချုပ်ကန့်သတ်မှုမျိုး လုပ်နိုင်ဖို့ လိုနေပြီလို့ သတိပေးလိုက်ပါတယ်။

    အဲဒီလေ့လာမှု ရလဒ်ကို လန်ဒန်စီးပွားရေးတက္ကသိုလ်က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့ဘဏ္ဍာရေးလုပ်ငန်းတွေက ဒ်ါလာ ၂.၅ ထရီလီယံကနေ ၂၄ ထရီလီယံလောက်အထိ ထိခိုက်ဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

    မိုးခေါင်ခြောက်သွေ့မှု၊ ရေကြီးမှု၊ အပူလှိုင်းတွေနဲ့ ဆက်နွယ်နေတဲ့ အပူချိန်မြင့်တက်မှု၊ ရာသီဥတုဖောက်ပြန်မှု စတာတွေကြောင့် စတော့ရှယ်ယာနဲ့ ငွေကြေးစာချုပ်တွေကို ထိခိုက်စေပြီး ကမ္ဘာ့စီးပွားရေးကြီးထွားနှုန်းကိုလည်း နှေးကွေးစေတာပါ။

    “ဒီတွေ့ရှိချက်က ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချဖို့အရေး အသိတရားရစေတဲ့အပြင် နောက်နောင်ဒီလိုလုပ်ဖို့ နောက်တွန့်သွားစေမှာ ဖြစ်တယ်” လို့ ပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ပါမောက္ခ ဆိုင်မွန် ဒိုင်းယက်ဇ်က ပြောကြားခဲ့ပါတယ်။

    ဒီဇင်ဘာလအတွင်းက ပဲရစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံမှာ လက်ရှိအပူချိန်ကို စက်မှုမထွန်းကားခင်အချိန်ကထက် ၂ ဒီဂရီဆဲလ်စီးယက်စ်လောက် ပိုအောင်သာ ထားရှိဖို့ ရည်မှန်းချက် သတ်မှတ်ခဲ့ကြပါတယ်။

    ဒါပေမယ့် တကယ်လို့များ ကမ္ဘာ့အပူချိန်မြင့်မားမှုကို ၂၁၀၀ ရောက်တဲ့အချိန် ၂ ဒီဂရီဆဲလ်စီးယက်စ်အထိ ကန့်သတ်ထားမယ်ဆိုရင်တော့ ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၁.၇ ထီရီယံ ရှိမှာဖြစ်ပါတယ်။ ၀.၅ ဆဲလ်စီးယက်စ် ဆက်တက်ခဲ့မယ်ဆိုရင်တော့ ဆုံးရှုံးမှုတန်ဖိုးဟာ ၂.၅ ထရီလီယံအထိ မြင့်တက်လာနိုင်ပါတယ်။

    Ref: Reuters

  • ချန်ပီယံလိဂ် အနီကဒ်အတွက် ယူအီးအက်ဖ်အေကို တောရက်စ်ဝေဖန်

    ချန်ပီယံလိဂ် အနီကဒ်အတွက် ယူအီးအက်ဖ်အေကို တောရက်စ်ဝေဖန်

    ဧပြီ ၆၊ ၂၀၁၆
    M-Media

    toress

    – ဘာစီလိုနာအသင်းနှင့် ယနေ့မနက် ချန်ပီယံလိဂ်ပွဲတွင် အထုတ်ခံခဲ့ရခြင်းအတွက် အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ယူအီးအက်ဖ်အေအား ပြင်းပြင်းထန်ထန် ဝေဖန်​ရှုတ်ချလိုက်သည်။

    အဖွင့်ဂိုးသွင်းယူပေးခဲ့သည့် တောရက်စ်မှာ ပထမပိုင်းမှာပင် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဘာကာက ချေပဂိုးများနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သည်။ တောရက်စ်ကမူ ယူအီးအက်ဖ်အေမှာ ဒိုင်လူကြီးများ နေရာချထားပေးခြင်း ကိစ္စထက် ဘောလုံးအသင်းများ၏ အင်္ကျီများကိုသာ ပိုမို အာရုံစိုက်နေသည်ဟု ၎င်းတို့နှစ်သင်းစလုံး အဝေးကွင်းအင်္ကျီဖြင့် ကစားရသည်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

    ထို့ပြင် ဒိုင်လူကြီး ဖီးလစ် ဘရန့်ခ်ျမှာ ထိုကဲ့သို့သော ပွဲကြီးများကို ကိုင်တွယ်ရန် အဆင်သင့်မဖြစ်သေးဟု ဆိုသည်။

    “ကျွန်တော်တို့ အင်္ကျီတွေ လဲကစားဖို့လောက်ပဲ ယူအီးအက်ဖ်အေက စိတ်ဝင်စားနေပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို မကိုင်တွယ်နိုင်တဲ့ ဒိုင်လူကြီးတစ်ဦးကို တာဝန်ပေးတာမျိုးက ရှက်စရာပါပဲ” ဟု တောရက်စ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal