News @ M-Media

Blog

  • နယူးကာဆယ်တန်းဆင်းပါက နည်းပြသစ် ဘင်နီတက်ဇ်လည်း ထွက်ရမည်

    နယူးကာဆယ်တန်းဆင်းပါက နည်းပြသစ် ဘင်နီတက်ဇ်လည်း ထွက်ရမည်

    မတ် ၁၃၊ ၂၀၁၆
    M-Media

    benitez

    -နယူးကာဆယ်နှင့် မိမိ၏ စာချုပ်တွင် အသင်းတန်းဆင်းသွားပါက စာချုပ်ပျက်ပြယ်မည်ဟူသည့် စာပိုဒ်တစ်ခုပါဝင်သည်ဟု နည်းပြသစ် ရာဖေးလ် ဘင်နီတက်ဇ်က ဖွင့်ဟပြောကြားလိုက်သည်။

    အသင်းရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် စတီဗ် မက္ကလာရင်အား နယူးကာဆယ်က ထုတ်ပယ်ခဲ့ ပြီးနောက် သောကြာနေ့တွင် ဘင်နီတက်ဇ်အား စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် နယူးကာဆယ်မှာ ရမှတ် ၂၄ မှတ်ဖြင့် အဆင့် ၁၉ နေရာသို့ ရောက်ရှိနေပြီး ဘင်နီတက်ဇ်ကမူ တန်းမဆင်းရရေး ကြိုးစားပေးရမည်ဖြစ်သည်။ သို့သော်လည်း တင်းဆင်းသွားရပါက ၎င်းမှာ နယူးကာဆယ်တွင် ဆက်ရှိနေရန် မလိုအပ်ပေ။

    “ဒါ (တန်းဆင်းရင် စာချုပ်ပြက်ပျယ်တဲ့ အပိုဒ်က) က ပုံမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံးလုပ်ပေးဖို့ ဒီကိုရောက်လာတာပါ။ အခြေအနေကောင်းအောင် ကျွန်တော်တို့လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

    ဘင်နီတက်ဇ်မှာ နည်းပြအဖြစ် ခန့်အပ်ခံရပြီးပြီးချင်းတွင် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်ကို စတင်ခဲ့ပြီး၊ ပိတ်ရက်အား စွန့်လွှတ်ကာ လေ့ကျင့်ခန်းအစီအစဉ်တွင် လာရောက်ပါဝင်ခဲ့သည့် ကစားသမားများကိုလည်း ချီးကျူးခဲ့သည်။ နယူးကာဆယ်မှာ မနက်ဖြန်တွင် ဇယားထိပ်မှ လက်စတာနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal

  • အာရုံခံစားနိုင်သည့် လက်အတုကို သိပ္ပံပညာရှင်များ ဖန်တီးနိုင်

    အာရုံခံစားနိုင်သည့် လက်အတုကို သိပ္ပံပညာရှင်များ ဖန်တီးနိုင်

    မတ် ၁၃၊ ၂၀၁၆
    M-Media

    bio

    – လက်မရှိသူတွေရဲ့ လက်မောင်းအာရုံကြောတွေနဲ့ ချိတ်ဆက်ကာ မျက်နှာပြင်တွေရဲ့ ချောမွတ်မှု၊ ကြမ်းတမ်းမှုကို သိရှိခံစားနိုင်တဲ့ လက်အတုကို ဖန်တီးနိုင်ခဲ့ပြီလို့ ဆွစ်ဇာလန်နဲ့ အီတလီက သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    အဲဒီလက်အတုဟာ ခွဲစိတ်စရာမလိုဘဲ၊ ဒီအတိုင်း ပုံမှန်တပ်ဆင်လိုက်ရုံနဲ့ အချိန်နဲ့ တစ်ပြေးညီ မျက်နှာပြင်တွေကို ထိတွေ့ခံစားနိုင်မှာဖြစ်ပြီး လက်အတုနယ်ပယ်မှာတော့ ထင်ရှားတဲ့ အောင်မြင်တိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။

    ယခုတီထွင်မှုကြောင့် အာရုံခံတုံ့ပြန်နိုင်တဲ့ ကိုယ်လက်အင်္ဂါတု ထုတ်လုပ်ရာမှာ အရှိန်မြှင့်တင်ရေး ကူညီပေးနိုင်ဖို့ မျှော်လင့်ရပြီး၊ ဝေဒနာရှင်တွေရဲ့ ယခင်စွမ်းရည်မျိုးကို ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်မယ့် အလားအလာလည်း ရှိနေပါတယ်။

    ၂၀၀၄ ခုနှစ်က မီးရှုးမီးပန်း ပစ်လွှတ်မှုကြောင့် လက်တစ်ချောင်းလုံး ဒဏ်ရာရကာ ဖြတ်တောက်ဖြစ်ခဲ့ရတဲ့ ဝေဒနာရှင် ဒဲနစ် အာဘို ဆိုရန်ဆင်ဟာ သာမန်ကိုင်တွယ်လို့ရတဲ့ လက်အတုကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ရပြီး ၂၀၁၄ ခုနှစ်အရောက်မှာတော့ အီတလီ သုတေသနပညာရှင်တွေက သူ့ကို အာရုံခံနိုင်တဲ့ လက်အတုနဲ့ အစားထိုးပေးခဲ့ပါတယ်။

    အဲဒီ လက်အတုမှာပါဝင်တဲ့ အာရုံခံကိရိယာကို ချိတ်ဆက်ဖို့ ဆိုရန်ဆင်ရဲ့ လက်မောင်းမှာ လျှပ်စစ်ငုတ်များ ထည့်သွင်းခဲ့ရပါတယ်။ ဆိုရန်ဆင်ကတော့ တကယ့်လက်အစစ်လိုပဲ ထိတွေ့ခံစားနိုင်ကာ ပစ္စည်းမျိုးစုံထဲကနေ လိမ္မော်သီးနဲ့ ဘေ့စ်ဘောတို့ကို ခွဲခြားသိမြင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ သိပ္ပံပညာရှင်တွေဟာ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ ချောမွေ့တဲ့မျက်နှာပြင် ခွဲခြားဖို့ ဖန်တီးခဲ့ကြပြီး ဆိုရန်ဆင်ကို တပ်ဆင်ပေးခဲ့ပါတယ်။ အဲဒီနောက် မျက်လုံးအ၀တ်စည်းထားပြီး စမ်းသပ်မေးမြန်းခဲ့ရာ မျက်နှာပြင်ခြားနားမှုကို ၉၆ ရာခိုင်နှုန်းခန့် မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။

    Ref: IINA

  • ကြက်တောင် ချန်ပီယံ ဦးကိုကြီး

    ကြက်တောင် ချန်ပီယံ ဦးကိုကြီး

    U Ko Gyee 1
    ဟာဂျီ ဦးမောင်လေး+ဟာဂျီမ ဒေါ်ကူတို့၏ သားသမီး (၈)ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ မန္တလေးမြို့ ဇာတိဖြစ်သည်။

    ဒိုင်အိုစီဇင် သံတဲကျောင်း (ယခု အ.ထ.က-၁၀)ကျောင်းတွင် ပညာဆည်းပူးခဲ့ပြီး ကြက်တောင်ရိုက် အားကစားတွင် ထူးချွန်ခဲ့သည်။ ထို့ကြောင့် အောင်ကလပ်တွင် ကြက်တောင်ရိုက် စတင်လေ့ကျင့် ဆည်းပူးခဲ့သည်။

    ၁၉၆၉ မှ ၁၉၇၃ ခုနှစ်အထိ ပြည်ထောင်စုဒိုင်းကို (၅)နှစ် ဆက်တိုက်ရရှိခဲ့ပြီး အကောင်းဆုံးအားကစား သမားဆုကို ရရှိခဲ့သည်။

    ၁၉၆၉ ခုတွင် တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲအတွက် မန္တလေးတိုင်းလက်ရွေးစင်အဖြစ် အရွေးခံခဲ့ရ သည်။

    ၁၉၇၁ခု ကျောင်းသားအားကစားပွဲတော်၌ မန္တလေးတိုင်း တံခွန်စိုက်ဒိုင်းကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် လူငယ်တံခွန်စိုက်တစ်ဦးချင်း ယှဉ်ပြိုင်ပွဲ၌ ပထမဆု ရရှိခဲ့သည်။

    ၁၉၇၅ ခုတွင် ထိုင်းနိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် တတိယဆု၊ ၁၉၇၇နှင့် ၁၉၇၈ ခုနှစ်တွင် ချန်ပီယံဆုများ ရရှိခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်မြို့တွင် တရုတ်မြန်မာချစ်ကြည်ရေးပွဲကို ကစားခဲ့သည်။

    ၁၉၇၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ကျင်းပသော အာရှတံခွန်စိုက်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၇၉နှင့် ၁၉၈၀ ခုနှစ်တွင် တရုတ်နှင့် စင်္ကာပူနိုင်ငံများသို့ ချစ်ကြည်ရေး ကြက်တောင်ရိုက်ပွဲများသို့  သွားရောက်ခဲ့သည်။

    ဇနီး ဒေါ်သန်းစိန်နှင့် သားသမီး လေးယောက်ထွန်းကားပြီး ၂၇နှင့် ၂၈လမ်း၊ ၈၂နှင့် ၈၃လမ်းအတွင်း သျှအာပလီဝင်း မန္တလေးမြို့တွင်နေထိုင်လျက် ရှိသည်။

    *2008 ခုနှစ်ထုတ် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။

  • ပရိတ်သတ်များ၏ဆန္ဒကို ဖြည့်ဆည်းပေးရန်မလွယ်ဟု အာဆင်ဝင်းဂါးပြော

    ပရိတ်သတ်များ၏ဆန္ဒကို ဖြည့်ဆည်းပေးရန်မလွယ်ဟု အာဆင်ဝင်းဂါးပြော

    မတ် ၁၃၊ ၂၀၁၆
    M-Media

    arsenal 1

    – အာဆင်နယ်ပရိတ်သတ်များ၏ အတောမသတ်နိုင်သော အောင်မြင်မှု ဆာလောင်စိတ်အား ဖြည့်ဆည်းရန် ခက်ခဲပြီး၊ အသင်း၏ အောင်မြင်မှုများကလည်း မည်သည့်အခါမှ လုံလောက်မည်မဟုတ်ဟု အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပရီးမီးယားလိဂ်၌ တတိယနေရာတွင် ရှိနေကာ၊ ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းအဆင့်ကို ရောက်ရှိနေသည်။ FA ဖလားတွင်မူ ကွာတားဖိုင်နယ်သို့ ရောက်ရှိနေပြီး ယနေ့တွင် ၀က်ဖို့ဒ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ထို့ကြောင့် FA ဖလားအား ၃ နှစ်ဆက်တိုက် ရရှိရန် အလားအလာကောင်းနေသည်။

    သို့သော်လည်း ပရိတ်သတ်များကမူ အာဆင်နယ်၏ ပြည်တွင်းစွမ်းဆောင်ရည်ကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ အာဆင်ဝင်းဂါးအား အသင်းမှ ထွက်ခွာစေချင်ကြသည်။

    “(ပရိတ်သတ်တွေရဲ့ ဆန္ဒက) ဘယ်တော့မှဖြည့်ဆည်းလို့ လောက်မှာမဟုတ်ပါဘူး။ ဖလားအားလုံးကို မရသမျှ ဒီလိုပဲဖြစ်နေမှာပါ။ ကျွန်တော် ဘာဖလားမှမရတဲ့အခါ – ‘မင်းတို့ FA ဖလားလေးတောင် ရအောင်မယူနိုင်ဘူး’ လို့ ပြောကြပါတယ်။ လူတွေဟာ အမြဲတမ်း ပိုပိုလိုချင်နေကြတာပါ။ ဒါပေမယ့် အာဆင်နယ်သမိုင်းကိုကြည့်ရင် ကျွန်တော်တို့ဟာ အခြားအသင်းတွေထက် ပိုပြီး FA ဖလားကို ရခဲ့တာပါ။ ၁၂ ကြိမ်ရခဲ့ပြီး အဲဒီထဲက ၆ ကြိမ်ဟာ ကျွန်တော်ကိုင်တွယ်တဲ့အချိန်မှာ ရခဲ့တာပါ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ခေတ်သစ်ဘောလုံးလောက၏ မျှော်လင့်ချက်များကို နားလည်ကြောင်း၊ ပြိုင်ပွဲအားလုံးတွင် အနိုင်ရရန် ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ကျူးဘားနှင့် ဥရောပတို့ သံတမန်ဆက်ဆံရေး ပြန်စရန် လက်မှတ်ထိုး

    ကျူးဘားနှင့် ဥရောပတို့ သံတမန်ဆက်ဆံရေး ပြန်စရန် လက်မှတ်ထိုး

    မတ် ၁၂၊ ၂၀၁၆
    M-Media

    cub

    – ကျူးဘားနှင့် ဥရောပသမဂ္ဂတို့မှာ ပုံမှန် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန်အတွက် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီပေးရေးအတွက် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

    ယမန်နေ့က ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် ဥရောပနိုင်ငံခြားရေး ပေါ်လစီရေးရာ အကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရော်ဒရီဂက်ဇ်က ထိုကဲ့သို့ လက်မှတ်ရေးထိုးခြင်းကို အတည်ပြုခဲ့သည်။

    ကျူးဘားမှာ ရန်ဘက် အမေရိကန်နှင့် မကြာသေးမီက သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ခဲ့ပြီး ဥရောပသမဂ္ဂနှင့် ယခုသဘောတူညီချက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရေး၊ ကုန်သွယ်ရေးနှင့် အကူအညီပေးရေးအတွက် မူဘောင်များ ရေးဆွဲရေး၊ ကျူးဘား၏ တစ်ပါတီနိုင်ငံရေးနစ်ကို ပြောင်းလဲရန် တွန်းအားပေးသည့်အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က ဥရောပမှ ပြုလုပ်ခဲ့သည့် တစ်ဖက်သတ်ပေါ်လစီများကို ဖယ်ရှားပေးရေးတို့လည်း ပါဝင်သည်။

    အမေရိကန်သမ္မတ အိုဘားမားမှာ မတ်လ ၂၀ ရက်နေ့တွင် ဟာဗားနားသို့ သွားရောက်လည်ပတ်ရန် ရှိနေပြီး ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးပြီးနောက် ပထမဆုံးရောက်ရှိမည့် အမေရိကန်သမ္မတလည်း ဖြစ်သည်။

    Ref: Aljazeera