မတ် ၁၇၊ ၂၀၁၆
M-Media
– စင်ကာပူနိုင်ငံကို တည်ထောင်သူဖြစ်ပြီး ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်သူ လီကွမ်ယု၏ ဈာပနအခမ်းအနားတွင် ဂုဏ်ပြုပစ်ဖောက်ခဲ့သည့် အမြောက်ခွံများကို ၎င်းနှင့်နီးနီးကပ်ကပ်ရှိခဲ့သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဟု စင်ကာပူဝန်ကြီးချုပ်ရုံးက ယနေ့တွင် ကြေငြာလိုက်သည်။
ပြီးခဲ့သည့်နှစ် မတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ နိုင်ငံတော်ဈာပနတွင် စင်ကာပူအမြောက်တပ် အမှတ် ၂၁ တပ်ရင်းက ၂၅ ပေါင်ဒါ အမြောက်ငယ်ဖြင့် ၂၁ ချက် ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။ ဈာပနပြီးနောက် ၀န်ကြီးချုပ် လီရှန်လွန်းမှာ ထိုအမြောက်ဆံများအား သိမ်းဆည်းကာ လီကွမ်ယုနှင့် နီးစပ်သည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များကို ပေးအပ်ရန် ညွှန်ကြားခဲ့သည်။
အဆိုပါ အမြှောက်ခွံများကို လက်ခံရရှိမည့် အသင်းအဖွဲ့များတွင် စင်ကာပူစစ်တပ်၊ စင်ကာပူရဲတပ်ဖွဲ့၊ ပါလီမန်၊ ခြစားမှုစုံစမ်းစစ်ဆေးရေးဗျူရို၊ အိမ်ယာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့၊ အမျိုးသားပန်းခြံများဆိုင်ရာ ဘုတ်အဖွဲ့၊ PUB၊ အမျိုးသားကုန်သွယ်ရေးသမဂ္ဂ ကွန်ဂရက်၊ Temasek Polytechnic နှင့် Tanjong Pagar Community Club တို့ ပါဝင်မည်ဖြစ်သည်။
“ကျွန်တော့်အဖေရဲ့ဘ၀မှာ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍအတွက်၊ တိုင်းပြည်အပေါ် ပေးဆပ်ကူညီမှုတွေအတွက် သူတို့အားလုံးကို ကျွန်တော့်ရဲ့ ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” ဟု ၀န်ကြီးချုပ် လီရှန်လွန်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.