News @ M-Media

Blog

  • ဘွန်ဒစ်လီဂါရယူကာ ဂွါဒီယိုလာကို နှုတ်ဆက်ချင်သည်ဟု လီဝန်ဒေါ့စကီးပြော

    ဘွန်ဒစ်လီဂါရယူကာ ဂွါဒီယိုလာကို နှုတ်ဆက်ချင်သည်ဟု လီဝန်ဒေါ့စကီးပြော

    မတ် ၄၊ ၂၀၁၆
    M-Media

    lewan

    – ရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည့် နည်းပြ ပက်ပ်ဂွါဒီယိုလာအတွက် ဘွန်ဒစ်လီဂါ ၄ ကြိမ်ဆက် ရရှိသည့် မှတ်တမ်းတစ်ခုကို ရယူပေးချင်သည်ဟု ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါ့စကီးက ပြောကြားလိုက်သည်။

    ဘိုင်ယန်မြူးနစ်မှာ ပြီးခဲ့သည့် ၃ နှစ်စလုံးတွင် ဘွန်ဒစ်လီဂါကို ဆွတ်ခူးထားနိုင်ပြီး ဂွါဒီယိုလာက နောက်ဆုံး ၂ နှစ်ဆက်တိုက် ရယူပေးထားနိုင်သည်။ ယခုလက်ရှိ ကစားရန် ၁၀ ပွဲ ကျန်ရှိချိန်တွင် ဒုတိယနေရာမှ ဒေါ့မွန်အသင်းအား ၅ မှတ်ဖြတ်ထားနိုင်သည့် ဘိုင်ယန်မှာ ယခုနှစ် ဘွန်ဒစ်လီဂါကို ရရှိပါက ဂျာမနီတွင် ဘွန်ဒစ်လီဂါ အမှတ်ပေးဖလားကို ၄ နှစ်ဆက်တိုက်ရရှိသည့်အသင်း ဖြစ်လာမည်ဖြစ်သည်။

    ဂွါဒီယိုလာမှာမူ ယခုနှစ်အကုန်တွင် မန်စီးတီးသို့ ပြောင်းရွှေ့နည်းပြတော့မည်ဖြစ်ပြီး တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ထူးခြားသည့် အခြေအနေတစ်ခုကို ဖန်တီးပေးချင်နေသည်။

    “ကျွန်တော်တို့ ၅ မှတ်ဖြတ် ဦးဆောင်နေတယ်။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက ဘွန်ဒစ်လီဂါဖလားကို ရရှိဖို့ပါပဲ။ ဘယ်သူမှ လေးနှစ်ဆက်တိုက် မရဖူးသေးဘဲ ကျွန်တော်တို့က ဒါမျိုး ရချင်ပါတယ်။ ကြီးမားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်မှာပါ။ ဖလားရဖို့ဆိုရင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ဖို့ လိုပါတယ်။ ရာသီပြီးဆုံးဖို့တော့ တော်တော် လိုပါသေးတယ်။ ကျွန်တော်တို့ လုပ်စရာရှိတာလုပ်ဖို့ပဲ လိုပါတယ်။ ပက်ပ် (ဂွါဒီယိုလာ) အတွက်လည်း ထူးခြားတဲ့ အခြေအနေ ဖြစ်မှာပါ။ ပြီးတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ဂျာမန်ရှုံးထွက်ဖလား နောက်ဆုံး ဗိုလ်လုပွဲကိုလည်း ကျွန်တော်တို့ ရောက်ချင်ပါတယ်” ဟု လီဝန်ဒေါ့စကီးက ပြောကြားခဲ့သည်။

    Ref: Goal

  • အာရပ်နိုင်ငံများ သွေးစည်းရန်လိုဟု ဆော်ဒီအိမ်ရှေ့မင်းသား ပြော

    အာရပ်နိုင်ငံများ သွေးစည်းရန်လိုဟု ဆော်ဒီအိမ်ရှေ့မင်းသား ပြော

    မတ် ၄၊ ၂၀၁၆
    M-Media

    arab

    – မိမိတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့၊ မိမိတို့ရဲ့ ဓနစည်းစိမ်တွေကို ခိုးယူပြီး ပြည်သူတွေကို အကြပ်အတည်းတွေ့စေတဲ့ ရန်သူတွေကို တွန်းလှန်ဖို့အတွက် အာရပ်နိုင်ငံတွေဟာ သွေးစည်းညီညွှတ်ဖို့ လိုနေပြီလို့ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် နာအစ်ဖ်က ပြောကြားလိုက်ပါတယ်။

    တူနီးရှားသမ္မတ အလ်-ဘာဂျီ ကွာအစ်ဒ် အလ်-ဆစ်ဘ်စီက ဦးစီးကာ ဗုဒ္ဓဟူးနေ့မှာပြုလုပ်တဲ့ ၃၃ ကြိမ်မြောက် အာရပ် ပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ရန်သူတွေဟာ အာရပ်နိုင်ငံတွေရဲ့ အတွင်းမှာရော အပြင်မှာပါ ရှိနေကာ နိုင်ငံရေးနဲ့ စီးပွားရေးကိုအသုံးပြုပြီး ၎င်းတို့ရဲ့ ဂိုဏ်းဂဏရေးရာ အစီအစဉ်တွေကို ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ ထိထိရောက်ရောက် မတုန့်ပြန်ဘူးဆိုရင်တော့ အာရပ်ကမ္ဘာဟာ ပျက်ဆီးဆုံးရှုံးမှုကို ဦးတည်နေမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒါမျိုး ဖြစ်မလာအောင် ကာကွယ်ဖို့အတွက် ဒီအစည်းအဝေးကို တက်ရောက်လာသူတွေရဲ့ ပုခုံးပေါ်မှာ ကြီးမားတဲ့ တာဝန်တွေ ရှိနေတယ်လို့ဆိုပြီး လုံခြုံမှုမရှိဘဲ တည်ငြိမ်မှု မရနိုင်ဘူးလို့လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒါတင်မကသေးဘဲ လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ အာရပ်နိုင်ငံတွေအကြား ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အသေအချာ ပြုလုပ်ကြရမှာဖြစ်ကြောင်း၊ ဒီလိုလုပ်တဲ့အခါ ဘာသာရေးအခန်းကဏ္ဍ၊ မီဒီယာ၊ ပညာရေးနဲ့ မှုခင်းဆိုင်ရာ အသိပညာပေးလှုံ့ဆော်နိုင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းအောင် ဆောင်ရွက်ဖို့လိုကြောင်း ပြောဆိုခဲ့ပါသေးတယ်။

    တူနီးရှားသမ္မတကတော့ အာရပ်နိုင်ငံတော်တော်များများရဲ့ လုံခြုံရေးအခြေအနေဟာ သိသိသာသာဆိုးရွားလျက်ရှိပြီး ပတ်ဝန်းကျင်နိုင်ငံတွေကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။ အာရပ်နိုင်ငံတွေအနေနဲ့ ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စတွေကို ပြန်လည်သတ်မှတ်ရမှာဖြစ်ပြီး လုံခြုံရေး မဟာဗျူဟာအသစ်ကိုလည်း ချမှတ်ရမယ်လို့ အလ်-ဆစ်ဘစီက ထည့်သွင်းအကြံပြုခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးဖို့လည်း လိုအပ်နေပြီး သူတို့ကြားက အငြင်းပွားမှုတွေအတွက် အဖြေထုတ်ရတော့မှာ ဖြစ်တယ်လို့က သူက ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ့်ဆန့်ကျင်ရေး အပြုအမှုတွေကို အပြတ်ချေမှုန်းဖို့ ဘာမဆိုလုပ်ရလိမ့်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေရဲ့ ပြည်ထဲရေးဝန်ကြီးတွေ ပြုလုပ်ခဲ့တဲ့ အဲဒီအစည်းအဝေးကို တက်ရောက်လာသူတွေထဲမှာ ကုလသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ်၊ ပင်လယ်ကွေ့ ပူးပေါင်းရေးကောင်စီ၊ အာရပ်မဟ်ရဘ်သမဂ္ဂ၊ အာရပ်ရုပ်မြင်သံကြားသမဂ္ဂ၊ အာရပ်ခရီးသွားလာရေးအဖွဲ့ကြီး၊ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ သိပ္ပံနည်းကျ လုံခြုံရေးဆိုင်ရာ နအီးဖ်အာရပ်တက္ကသိုလ်မှ ကိုယ်စားလှယ် စသဖြင့် တက်ရောက်ခဲ့ကြပါတယ်။

    Ref: Arab News

  • ပါလက်စတိုင်းကို အီးယူက ကန်ဒေါ်လာ ၂၅၂.၅ သန်း ကူညီရန် အတည်ပြု

    ပါလက်စတိုင်းကို အီးယူက ကန်ဒေါ်လာ ၂၅၂.၅ သန်း ကူညီရန် အတည်ပြု

    မတ် ၄၊ ၂၀၁၆
    M-Media

    euro

    – ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) နဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ယူရို ၂၅၂.၅ သန်း ကူညီဖို့ ဥရောပသမဂ္ဂ ကော်မရှင်က အတည်ပြုခဲ့ပြီး ပါလက်စတိုင်းကို ၂၀၁၆ ခုနှစ်အတွင်း ပေးအပ်မယ့် အကူအညီရဲ့ ပထမဆုံး အစိတ်အပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

    “အခုအစီအစဉ်ကနေတဆင့် ပါလက်စတိုင်းပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍက နေ့စဉ် လိုအပ်ချက်တွေကို အီးယူက ပံ့ပိုးပေးသွားမှာပါ။ ပြီးတော့ နိုင်ငံတစ်ဝှမ်းက အချို့တဲ့ဆုံး မိသားစုတွေကို ကာကွယ်ရင်း၊ ပါလက်စတိုင်း ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်” လို့ အီးယူကိုယ်စားလှယ်အကြီးအကဲ ဖက်ဒရီကာ မိုဂါရီနီက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    “အခုလုပ်ဆောင်ချက်တွေက မလုံလောက်သေးပါဘူး၊ ပါလက်စတိုင်းအဖွဲ့အစည်းတွေကို ပိုမိုအားကောင်းလာအောင်၊ ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာအောင်၊ ပိုပြီးတာဝန်ခံနိုင်အောင်နဲ့ ဒီမိုကရေစီဆန်လာဖို့ကိုလည်း ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်”

    ယခုအစီအစဉ်အရ ယူရိုသန်း ၁၇၀.၅ သန်းကို ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေ ပေးအပ်ရာမှာ တိုးတက်စေဖို့အတွက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ကူညီပေးနေတဲ့ PEGASE လုပ်ငန်းစဉ်ကနေ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို တိုက်ရိုက် လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။

    ကျန်ရှိတဲ့ ယူရို ၈၂ သန်းကိုတော့ အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်မှာ ဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလသမဂ္ဂ UNRWA အဖွဲ့ကို လွှဲပြောင်းပေးမှာဖြစ်ပြီး ဒေသတစ်လျှောက်မှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ဖြစ်ပါတယ်။

    ပါလက်စတိုင်းတွေအတွက် ဒုတိယမြောက် ကူညီရေးအစီအစဉ်ကိုတော့ ယခုနှစ်နောက်ဆုံးပိုင်းလောက်မှာ ကြေညာမယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်က အီးယူကနေ တည်ထောင်လိုက်တဲ့ PEGASE လုပ်ငန်းစဉ်ဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ ဘက်ဂျက်ထဲကို အီးယူနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ဘက်ဂျက်ကနေ တိုက်ရိုက်ထောက်ပံ့ပေးဖို့ အသုံးပြုနေတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။

    Ref: IINA

  • ရီးယဲလ်၏ အရှည်ကြာဆုံး ရှုံးပွဲမရှိစံချိန်ကို ဘာစီလိုနာ ချိုးဖျက်

    ရီးယဲလ်၏ အရှည်ကြာဆုံး ရှုံးပွဲမရှိစံချိန်ကို ဘာစီလိုနာ ချိုးဖျက်

    မတ် ၄၊ ၂၀၁၆
    M-Media

    messi 3

    – ယမန်နေ့က ကစားခဲ့သည့် လာလီဂါပွဲတွင် ဘာစီလိုနာအသင်းမှာ ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းကို ရရှိခဲ့ပြီး ရီးယဲမက်ဒရစ်တင်ထားသည့် ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်ဟု သိရသည်။

    ရီးယဲလ်မက်ဒရစ်မှာ ၂၅ ပွဲနိုင် ၉ ပွဲသရေဖြင့် ထိုစံချိန်ကို ၁၉၈၈-၈၉ ဘောလုံးရာသီက တင်ထားခြင်းဖြစ်ပြီး ယမန်နေ့က ဗယ်လက်ကာနိုအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဘာစီလိုနာမှာ ၂၉ ပွဲ နိုင် ၆ ပွဲသရေဖြင့် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ မက်ဆီမှာ ထိုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ၎င်း၏ လာလီဂါ ၃၅ ကြိမ်မြောက် ဟက်ထရစ်လည်း ဖြစ်သည်။

    “စံချိန်ရမယ်ဆိုရင်လည်း အဲဒါက အခုအချိန်မှာ ကျွန်တော်တို့အတွက် ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ဒီလိုဆက်တိုက်နိုင်တာဟာ ရာသီကုန်ရင် ကျွန်တော်တို့ ဖလားရဖို့ အထောက်အကူဖြစ်မှသာ အဓိပ္ပါယ်ရှိမှာပါ” ဟု နည်းပြအန်းရစ်က ပွဲမတိုင်မီ ပြောကြားခဲ့သည်။

    ထိုပွဲတွင် နေးမာမှာ ဂိုးမသွင်းနိုင်ခဲ့သော်လည်း မက်ဆီသွင်းခဲ့သော အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည့်အတွက် ဘရာဇီးလ်ကစားသမားဟောင်း ရော်နယ်ဒင်ဟိုက တစ်ရာသီအတွင်း ရရှိထားသည့် သွင်းဂိုး ၁၈ ဂိုးနှင့် ဖန်တီးမှု ၁၀ ခု ပြုလုပ်သော မှတ်တမ်းနှစ်ခုစလုံးနှင့် တူညီခဲ့သည်။

    Ref: Goal

  • အခွံမာသီးများက ကင်ဆာ၊ နှလုံး၊ အသက်ရှုလမ်းကြောင်းရောဂါများကို လျော့ပါးစေနိုင်

    အခွံမာသီးများက ကင်ဆာ၊ နှလုံး၊ အသက်ရှုလမ်းကြောင်းရောဂါများကို လျော့ပါးစေနိုင်

    မတ် ၄၊ ၂၀၁၆
    M-Media

    penaut

    – အခွံမာသီးစားလေ့ရှိသူတွေဟာ အသက်ရှည်ရှည် နေထိုင်ရတတ်ပြီး ကင်ဆာ၊ နှလုံး၊ အသက်ရှုလမ်းကြောင်းရောဂါများကြောင့် အသက်သေဆုံးနိုင်ချေ နည်းပါးကြောင်း သိရပါတယ်။

    အမျိုးသမီးတွေမှာဆိုရင် အခွံမာသီးကို လက်နှစ်ဆုပ်စာ စားခြင်းအားဖြင့် တစ်ပတ်လေးနာရီကြာ အနှေးပြေးသကဲ့သို့ အကျိုးကျေးဇူး ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်က သုတေသီတွေဟာ တစ်ပတ်မှာ ငါးရက်နဲ့အထက် ပဲထောပတ် တစ်ဇွန်းစားလေ့ရှိတဲ့ နှလုံးရောဂါဝေဒနာရှင် အမျိုးသမီးတွေဟာ ဒီထက်ပိုနည်းတဲ့ ပမာဏစားသုံးတဲ့သူတွေထက် နှလုံးရောဂါဝေဒနာ ထက်ဝက်ခန့် သက်သာသွားတာကို တွေ့ရှိရပါတယ်။

    တစ်ပတ်မှာ မြေပဲ တစ်ကြိမ်ထက်ပိုပြီး စားတတ်လေ့ရှိတဲ့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ အမှတ်အသားဖြစ်တဲ့ ရင်သားအကြိတ်ဖြစ်ပေါ်တာ သိသိသာသာ လျော့နည်းသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။

    တစ်နေ့လျှင် မြေပဲလက်တစ်ဆုပ်ခန့် သို့မဟုတ် လက်နှစ်ဆုပ်ခန့်စားတတ်သူတွေဟာ ခန့်မှန်းထားတာထက် ကိုယ်အလေးချိန် လျော့ကျသွားတတ်တာ သို့မဟုတ် လုံးဝကိုယ်အလေးချိန်မတက်တာ သို့မဟုတ် အမှန်တကယ်ကိုယ်အလေးချိန် လျော့ကျသွားတာမျိုးကို တွေ့ရပါတယ်။

    pistachio လို့ ခေါ်တဲ့ မြေပဲဆံ အခု ၁၂၀ လောက်ကို နေ့စဉ် သုံးလကြာ စားသုံးသူတွေကို လေ့လာစောင့်ကြည့်ခဲ့ရာမှာ ကိုယ်အလေးချိန်တစ်အောင်စတောင် မတက်တာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ မြေပဲဆံရဲ့ ခန္ဓာကိုယ် ဇီဝရုပ်ဖြစ်ပျက်မှုကို မြှင့်တင်နိုင်စွမ်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မြေပဲများများ စားသုံးလေလေ ခန္ဓာကိုယ်အဆီတွေ ပိုလောင်ကျွမ်းလေပါပဲ။

    မိမိစားသုံးလိုက်တဲ့ အစားအသောက်ဟာ အချိန် ၈ နာရီကြာအတွင်းမှာ အဆီ ၂၀ ဂရမ်သာ လောင်ကျွမ်းတာကို တွေ့ရပါတယ်။ သို့သော် ကိုယ်စားသုံးတဲ့ အစားအစာထဲမှာ အခွံမာသီး (မြေပဲ) ပါဝင်မယ်ဆိုရင်တော့ အဆီ ၃၁ ဂရမ်လောက် လောင်ကျွမ်းစေနိုင်ဖြစ်ပါတယ်။

    Ref: IINA