မတ် ၈၊ ၂၀၁၆
M-Media
– အီးမေးလ်ကို တီထွင်ခဲ့ပြီး အီးမေးလ်လိပ်စာများအတွက် @ သင်္ကေတကို ရွေးချယ်အသုံးပြုခဲ့သည့် နာမည်ကျော် နည်းပညာ ပညာရှင် ရေး တွမ်လီဆန်မှာ စနေနေ့က ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။
“နည်းပညာ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်တဲ့ ရေးဟာ ကွန်ပျူတာတွေ ချိတ်ဆက်အသုံးပြုတဲ့ အစောပိုင်းကာလမှာ ကျွန်တော်တို့ဆီ အီးမေးလ်ကို ဆောင်ကျဉ်းလာခဲ့သူ ဖြစ်ပါတယ်” ဟု ၎င်း၏ ပြာရေးဆိုခွင့်ရှိသူ မိုက် ဒိုဘလီက ရေး သေဆုံးကြောင်း အတည်ပြုသည့် ကြေငြာချက်တွင် ဖော်ပြခဲ့သည်။
အသက် ၇၄ နှစ်အရွယ်ရှိ ရေးမှာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ပရိုဂရမ်မာတစ်ယောက်ဖြစ်သူ ရေးမှာ ၁၉၇၁ ခုနှစ်က ကွန်ပျူတာကွန်ယက်တစ်ခုမှ အခြားကွန်ယက်တစ်ခုသို့ ပေးပို့နိုင်သော အီလက်ထရောနစ် စာပို့စနစ်ကို တီထွင်ခဲ့သူဖြစ်ပြီး အီးမေးလ်လိပ်စာများတွင် @ သင်္ကေတ ထည့်သွင်းအသုံးပြုမှုကိုလည်း ၎င်းကပင် စတင်ခဲ့သည်။
ထို့ပြင် အင်တာနက်၏ အစောပိုင်း ပုံစံဖြစ်သော Arpanet စနစ် ဖော်ဆောင်ရာတွင်လည်း အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်သည်။
Ref: IINA


Leave a Reply
You must be logged in to post a comment.