News @ M-Media

Blog

  • အငြင်းပွားရေပိုင်နက်ထဲသို့ တရုတ်က ရေနံတူးစက် ရွှေ့ပြောင်းခဲ့သည်ဟု ဗီယက်နမ်ပြော

    အငြင်းပွားရေပိုင်နက်ထဲသို့ တရုတ်က ရေနံတူးစက် ရွှေ့ပြောင်းခဲ့သည်ဟု ဗီယက်နမ်ပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    china 2

    – တောင်တရုတ်ပင်လယ်က အငြင်းပွားရေပိုင်နက်ထဲမှာ ရေနံတူးစက်တစ်ခုကို တရုတ်ကရွှေ့ပြောင်းနေတယ်လို့ ဗီယက်နမ်ပြောဆိုခဲ့ပြီး အဲဒီနေရာမှာ ရေနံတူးခြင်းကိုရပ်တန့်ကာ ၎င်းယာဉ်အားဖယ်ရှားပေးဖို့ တစ်ပါတည်း တောင်းဆိုလိုက်ပါတယ်။

    Haiyan Shiyou ရေနံတူးစက်ဖြစ်ပြီး အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ ရွှေ့ပြောင်းထားရှိမှုအပေါ် မိမိတို့ကစိုးရိမ်နေတယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဟိုင်ဘင်က ပြောကြားခဲ့ပါတယ်။

    “တရုတ်အနေနဲ့ အဲ့ဒီပိုင်နက်နယ်မြေကနေ Haiyan Shiyou စက်ကို ဖယ်ရှားပေးဖို့ မည်သည့်တူးဖော်ထုတ်ယူမှုကိုမှဆက်မလုပ်ဖို့ ဗီယက်နမ်က အသိပေးလိုပါတယ်” လို့ လီဟိုင်ဘင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ဗီယက်နမ်အနေနဲ့ နိုင်ငံတကာဥပဒေအရ အဲ့ဒီနယ်မြေရဲ့ အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်အားလုံးကို ဆက်လက်ထိန်းသိမ်းသွားပါမယ်”

    ၂၀၁၄ ခုနှစ်က တရုတ်ဟာ ဗီယက်နမ်ကမ်းရိုးတန်းကနေ ရေနံတူးစက်ကို ပြန်လည်ရွှေ့ပြောင်းပေးခဲ့ပြီးနောက် ယခုတစ်ခါ ထပ်မံရွှေ့ပြောင်းမှုကြောင့် နှစ်နိုင်ငံကြား တင်းမာစေခဲ့ပါတယ်။ ဗီယက်နမ်ထဲမှာလည်း တရုတ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ နေရာအနှံ့အပြားဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြမှုထဲမှာ လူငါးယောက်သေဆုံးစေခဲ့ပြီး ဗီယက်နမ်မှာရှိတဲ့ တရုတ်စက်ရုံအမြောက်အများ မီးရှို့ခံရ၊ လုယက်ခံခဲ့ရပါတယ်။

    တရုတ်က တောင်တရုတ်ပင်လယ်ရဲ့ ပိုင်နက်အားလုံးနီးပါးကို အချုပ်အခြာပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆိုပြီး ထိုင်ဝမ်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဖီလစ်ပိုင်နိုင်ငံတို့ကလည်း တစိတ်တပိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ အဆိုပါအငြင်းပွားရေပိုင်နက်ဟာဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝမယ်လို့ ယူဆရပါတယ်။

    Ref: PressTV

  • မန်ယူတွင် စိတ်ပျက်နေပြီဟု ကွင်းလယ်လူ ပီရီရာပြော

    မန်ယူတွင် စိတ်ပျက်နေပြီဟု ကွင်းလယ်လူ ပီရီရာပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    man u

    – အသင်းတွင် ကစားခွင့်မရသည့်အတွက် စိတ်ပျက်မိပြီး အသင်းမှ ထွက်ခွာသွားချင်သည်ဟု မန်ယူကွင်းလယ်လူ အန်ဒရီယက်စ် ပီရီရာက ပြောကြားလိုက်သည်။

    အသက် ၂၀ အရွယ် ပီရီရာမှာ မန်ယူသို့ ရောက်ရှိလာပြီးကတည်းက ၇၈ မိနစ်သာကစားရသေးပြီး ကစားရသည့်ပွဲများမှာလည်း လိဂ်ဖလားပွဲများဖြစ်သည်။ လိဂ်ဖလားတွင် မန်ယူမှာ ၂ ပွဲကစားရပြီး ချန်ပီယံရှစ်အသင်း မစ်ဒယ်ဘရော့အား ပင်နယ်တီဖြင့်ရှုံးနိမ့်ကာ ထွက်ခဲ့ရပြီဖြစ်သည်။ ပီရီရာကမူ မိမိအနေဖြင့် မန်ယူတွင် ကစားချင်သော်လည်း လက်ရှိအချိန်တွင် အငှားဖြင့် ထွက်ချင်သည်ဟု ဖွင့်ဟခဲ့သည်။

    “ကျွန်တော်ဟာ ယူနိုက်တက်အတွက် အလုပ်လုပ်နေတာပါ။ ဘရာဇီးလ်မှာ ပါဝင်ဖို့အတွက်လည်း ကျွန်တော် ခြေစွမ်းခြေစ ပြသရပါမယ်။ ဒါ့ကြောင့် ပိုမိုကစားဖို့နဲ့ အခွင့်အရေးပိုရဖို့လိုပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ကစားရဖို့ဆိုတာ ကြီးမားတဲ့ အိပ်မက်တစ်ခုပါ” ဟု ပီရီရာက ပြောကြားခဲ့သည်။

    မန်ယူတွင် ကစားခွင့်မရသော်လည်း ဗန်ဂါးလ်အား အပြစ်မတင်ဟု ဆိုသည်။

    “ဆက်ပြီးကြိုးစားဖို့ သူက ကျွန်တော့်ကို တိုက်တွန်းပါတယ်။ ဒါမှ အခွင့်အရေးဟာ တစ်နေ့ပေါ်လာမှာပါ။ တစ်ခါတစ်လေ ကျွန်တော် စိတ်ပျက်မိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် မကစားရဘူးလေ။ ဒါပေမယ့် နည်းပြကတော့ ကျွန်တော်နဲ့ အမြဲတမ်းစကားပြောပါတယ်”

    Ref: Goal

  • အစ္စလာမ့်ရေးရာ ကိစ္စရပ်များကို အကြံပြုဆောင်ရွက်ပေးနိုင်မည့် အဖွဲ့တစ်ခုကို အီတလီအစိုးရဖွဲ့စည်း

    အစ္စလာမ့်ရေးရာ ကိစ္စရပ်များကို အကြံပြုဆောင်ရွက်ပေးနိုင်မည့် အဖွဲ့တစ်ခုကို အီတလီအစိုးရဖွဲ့စည်း

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    mosque 2
    အီတလီမှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် အီတလီအစိုးရမှာ အဖွဲ့တစ်ခုကိုဖွဲ့စည်းလိုက်သည်ဟု သိရသည်။

    ပြည်ထဲရေးဝန်ကြီး အန်ဂျီလီနို အလ်ဖာနိုဦးဆောင်က အင်္ဂါနေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အစိုးရအား အကြံပေးမှုပြုပ်လုပ်သွားမည့် အဆိုပါအဖွဲ့မှာ နိုင်ငံအတွင်းရှိ မွတ်စလင်လူနည်းစုများ အီတလီလူ့အဖွဲ့အစည်းတွင် ပိုမိုပူးပေါင်းပါဝင်ရေး အကူညီပေးနိုင်မည်ဟု မျှော်လင့်ရသည်။

    အစ္စလာမ်ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များနှင့် ကျွမ်းကျင်သူများ ပါဝင်သည့် အဆိုပါအဖွဲ့မှာ လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံသည့် လူ့အဖွဲ့အစည်းတွင်ပေါင်းစည်းရေး ကိစ္စရပ်များဆိုင်ရာ အဆိုပြုချက်နှင့် အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်သွားမည်ဟု ၀န်ကြီးဌာနက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အလ်ဖာနိုကမူ မိမိမှာ မတူညီသောနိုင်ငံများ၊ ယဉ်ကျေးမှုများ၊ ဘာသာတရားများနှင့် ရိုးရာဓလေ့ထုံးတမ်းများမှ လူများအားလုံး မိမိတို့တိုင်းပြည်၏ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောရေးကို ကူညီရန်စိတ်ပိုင်းဖြတ်ထားသည့် လူ့အဖွဲ့အစည်းတစ်ခုကို လိုချင်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါအဖွဲ့မှာ အီတလီနိုင်ငံအတွင်းရှိ အစ္စလာမ့်ရေးရာ ကိစ္စများကို ဆောင်ရွက်ပေးရာတွင် အစိုးရအား ကူညီပေးသွားမည်ဖြစ်ပြီး “အီတလီမှုပြု အစ္စလာမ်” ကို ဖော်ဆောင်ရာတွင် အကူအညီ ဖြစ်လိမ့်မယ်ဟု ၀န်ကြီးဌာန၏ ကြေငြာချက်တွင်ဖော်ပြထားသည်။

    လူဦးရေစာရင်းဇယားများအရ အီတလီနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် ၁.၅ သန်းရှိပြီး အများစုမှာ ရွှေ့ပြောင်းအခြေချသူများဖြစ်ကား အစ္စလာမ်သို့ ပြောင်းလဲဝက်ဝင်သူများမှာ ရာခိုင်နှုန်းအနည်းငယ်ရှိနေသည်။

    ၂၀၁၅ ခုနှစ်မတ်လတွင် အီတလီနိုင်ငံ လက်ချီမြို့၌ ကျောင်းသား ၅၀၀၀ သင်ကြားနိုင်မည့် ဥရောပ ပထမဆုံး အစ္စလာမ့်တက္ကသိုလ်ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အဆင့်မြင့်ပညာရေး သင်ကြားရန် ရည်ရွယ်ချက်ဖြင့် အစ္စလာမ်ဘာသာသို့ သက်ဝင်ခဲ့သူ အီတလီလူမျိုးတစ်ဦးက ထိုစီမံကိန်းကို ဆောင်ရွက်ခဲ့သော်လည်း ဒေသန္တရအစိုးရက လက်မခံခဲ့ခြင်းဖြစ်သည်။

    အီတလီနိုင်ငံတစ်နိုင်ငံလုံးတွင် ဗလီဝတ်ကျောင်းတော် ၄ လုံးသာရှိပြီး၊ မွတ်စလင်များမှာ မိမိတို့အစီအစဉ်ဖြင့် ၀တ်ပြု ရာနေရာများကို ဖန်တီးကာ ၀တ်ပြုနေရသည်။ ယခုကဲ့သို့ အစ္စလာမ့်ရေးရာနှင့်ပတ်သက်သည့် အဖွဲ့တစ်ခု ပေါ်ထွက်လာခြင်းကြောင့် ထိုပြဿနာများမှာ ပြေလည်မည့်အလားအလာရှိနေသည်။

    Ref: IINA

  • ၂၀၁၅ ခုနှစ်တွင် သတင်းထောက်များအပေါ် တိုက်ခိုက်မှုပေါင်း ၅၇၀ ကျော် အစ္စရေးကျူးလွန်ခဲ့

    ၂၀၁၅ ခုနှစ်တွင် သတင်းထောက်များအပေါ် တိုက်ခိုက်မှုပေါင်း ၅၇၀ ကျော် အစ္စရေးကျူးလွန်ခဲ့

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    isra

    – ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ သတင်းထောက်များကို တိုက်ခိုက်မှု ၅၇၄ ခုကျော် ရှိခဲ့တယ်လို့ အစီအရင်ခံစာအသစ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

    အဲဒီ နှစ်ပတ်လည်အစီရင်ခံစာကို အစ္စလာမ့်ရေဒီယိုနှင့် ရုပ်သံလိုင်းများ သမဂ္ဂက ထုတ်ပြန်ခဲ့တာဖြစ်ပြီး အစီရင်ခံစာအရ ထိခိုက်မှုနှစ်ခုမှာ လူသေဆုံးစေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနှစ်ဦးဟာ ဂါဇာကမ်းမြောင်မှာ သေဆုံးခဲ့တဲ့ ပါလက်စတိုင်း ရုပ်သံရိုက်ကူးသူ အဟ်မဒ် အလ်-ဟာဘာဗီနဲ့ အဟ်မဒ် ဂျာဟာဂျီဟီတို့ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုပေါင်း ၁၉၀ လောက်မှာ သတ္တုနဲ့ ရာဘာကျည်ဆံတွေကို အသုံးပြုခဲ့တဲ့အပြင် အဆိပ်နဲ့ ငရုပ်ငွေ့တွေကိုလည်း သုံးပြုခဲ့ပြီး လူအများအပြားကို ထိခိုက်ဒဏ်ရာရစေခဲ့ပါတယ်။ သမဂ္ဂရဲ့အဆိုအရ တစ်ချို့ တိုက်ခိုက်မှုတွေမှာ အစ္စရေးတပ်တွေက သတင်းထောက်တွေကို လူသားဒိုင်းအဖြစ်အသုံး ပြုခဲ့တာမျိုးလည်း တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

    တိုက်ခိုက်မှုအများစုဖြစ်တဲ့ ၁၅၉ ခုကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလမှာ ပါလက်စတိုင်းနယ်မြေ ဂျေရုဆလင်မှာရှိတဲ့ အလ်အက်ဆွာဗလီဝတ်ကျောင်းထဲကို အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအစွန်းရောက်တွေဝင်ရောက်ပြီး ပါလက်စတိုင်းဝတ်ပြုသူတွေကို တိုက်ခိုက်ရာကနေ တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

    ကလေးရော မိန်းမပါ အပါအ၀င် ပါလက်စတိုင်းလူမျိုး ၁၆၀ ကျော်ကို အောက်တိုဘာလ အစလောက်ကတည်းက အစ္စရေးတပ်တွေက သတ်ဖြတ်ခဲ့ကြပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂရုံးက ပါလက်စတိုင်းလူမျိုးများပေါ် အစ္စရေးတပ်များရဲ့ တရားလွန်သတ်ဖြတ်နေခြင်းကို စိုးရိမ်နေမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    Ref: Presstv

  • မဟာမိတ် မြောက်ကိုရီးယားကို မြန်မာအစိုးရ လမ်းခွဲလိုက်ပြီလား

    မဟာမိတ် မြောက်ကိုရီးယားကို မြန်မာအစိုးရ လမ်းခွဲလိုက်ပြီလား

    ဇန်န၀ါရီ ၂၀၊ ၂၀၁၆

    M-Media

    shew man

    – ဇန်န၀ါရီ ၁၃ ရက်၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုးရီးယား၏ ဟိုက်ဒြိုဂျင်ဗုံးစမ်းသပ်မှုအပေါ်အထူးစိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နျူကလိလျှော့ချရပ်တန့်ရေးဆုံးဖြတ်ချက်ကိုလိုက်နာရန် ၎င်းက ပြုံးယမ်းသို့ တိုက်တွန်းလိုက်သည်။ ယင်းပြောကြားချက်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအဖို့ ထူးပြီးမဆန်းလှသော်လည်း လက်ရှိမြန်မာ့သမိုင်းအတွက်မူ အလွန်အရေးကြီး၍ တာသွားခဲ့ပေသည်။ အကြောင်းမှာ အမေရိကန်ကို စံပြဆန့်ကျင်နေသည့် မြောက်ကိုးရီးယား၏သြဇာလွှမ်းနေမှုအား အရိုးစင်းဆုံး ရပ်တန့်စေလိုသည့် နိုးကြားချက်တစ်ရပ်၊ ၎င်းအပြင် အမေရိကန်ရော တရုတ်နှင့်ပါ ဆက်ဆံရေး ရှေ့ဆက်တိုးမြှင့်သွားလိုသောဆန္ဒကို မြင်တွေ့ရသောကြောင့်ဖြစ်၏။

    ဘီလ်ကလင်တန်နှင့် ဂျော့ဒဗလျူဘုရှ်အစိုးရတို့က မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးအပြောင်းအလဲ အတွက် တွန်းအားပေးခဲ့ကြရာ အမေရိကန်သည် ထိုရည်မှန်းချက်ပြည့်ဝရေးအလို့ငှာ ကျူးကျော်နယ်ချဲ့တော့မည်လောဟု မြန်မာခေါင်းဆောင်များအကြား စိုးရိမ်စိတ် ၀င်ခဲ့ကြ၏။ တစ်ချိန်က သြဇာကြီးမားခဲ့သည့် စစ်ထောက်လှမ်းရေးအဖွဲ့က အမေရိကန်သည် အလားတူ ရည်ရွယ်ချက်မျိုး အထမြောက်အောင် အခြားတိုင်းပြည်များကို ကျူးကျော်ဖြိုခွဲခြင်း အဖန်တလဲလဲ ပြုလုပ်တတ်သည့်အချက်ဖြင့် ထောက်ပြခဲ့ကြသည်မှာ သာဓကဖြစ်၏။ ထို့ကြောင့်လည်း နျူကလိယလက်နက်အစီအမံ ဖွံ့ဖြိုးကြီးမားအောင် ဆောင်ရွက်ခြင်းက အဆိုပါအဖြစ်မျိုးကို ကာကွယ်နိုင်မည်ဟူ၍ မြောက်ကိုးရီးယားမှ သင်ခန်းစာပေးနေပုံရပေသည်။ ဤသုံးသပ်ချက်မှာ မရေရာမတိကျသည်သာမက အပေါ်ယံလျှပ်တွေးမှုနှင့် ဂယက်ရိုက်ခတ်မှုတစ်ရပ်ပင်။ စစ်မက်ကင်းမဲ့ဇုန်တစ်လျှောက် တအုံတကျင်းသောမြောက်ကိုးရီးယား၏ရွေ့လျားအမြောက်ယာဉ်များက တောင်ကိုးရီးယားအား ဓားစာခံပြုလုပ်ရန် အသင့်ပြင်ထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ပြုံးယမ်း၏ နျူကလိလက်နက်များနှင့်မသက်ဆိုင်သည့် သုံးသပ်ချက်ဟု ဆိုရပေမည်။ သို့သော် မြန်မာဗိုလ်ချုပ်များက ၎င်းနှင့်ပတ်သက်၍ ဖျောင်းဖျသင့်သည်ဟု ယူဆနေနိုင်ပါသည်။

    မြန်မာလူမျိုး ရာဂဏန်းမျှသည် ရုရှား၌ နျူကလိအင်ဂျင်နီယာဘာသာရပ်အမျိုးမျိုးကို သင်ကြားလေ့ကျင့်ရန် စေလွှတ်ခံရသည်။ မည်သူ၏ဆုံးဖြတ်ချက်ဟု မသိရသော်လည်း မြန်မာအစိုးရ၏ထိပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်အသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာသည်တော့ သေချာ၏။ ၎င်းက မြန်မာစစ်ခေါင်းဆောင်များသည် ယူရေနီယံ လျှို့ဝှက်ထုတ်လုပ်ရေးစခန်းများနှင့်အတူ နျူကလိလက်နက်အစီအမံတစ်ရပ် ဖော်ဆောင်နေသည်ဟူ၍ ကောလဟလများ ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း နျူကလိယ ကင်းစင်ရေးကို လူသိရှင်ကြား ထောက်ခံထားသည့်တိုင် နိုင်ငံ့အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေအပါအ၀င် အဆိုပါအစီမံအား ထောက်ခံသည့် ထိပ်တန်းအာဏာပိုင်အချို့ ရှိကောင်းရှိနေပေမည်။ သို့သော် မည်သို့သော နျူကလိ ရည်မှန်းချက်ရှိစေကာမူ လက်တွေ့အကောင်အထည်ဖော်ခြင်းအဆင့် မရောက်ခဲ့ချေ။

    စိုးရိမ်မှုနှင့် သံသယလွန်ကဲခြင်း

    မြန်မာနိုင်ငံ၏ နျူကလိရည်မှန်းချက်များဆိုင်ရာ အသီးအပွင့်များရှိနေကြောင်း မည်သည့်နေရာမှ အခိုင်အမာအထောက်အထား ထွက်မလာခဲ့။ သို့သော် စစ်ဗိုလ်ချုပ်တို့၏ သံသယကြီးတတ်မှုမှာ ပျောက်ခဲလှပါဘိခြင်း။ ၂၀၀၈ ခုနှစ် နာရ်ဂီးစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ ခန့်မှန်းချေ လူပေါင်း ၁၈၄၀၀၀ သေဆုံးပြီး အများအပြား ဒုက္ခပင်လယ်ဝေခဲ့ကြ၏။ သို့သော် ၀ါရှင်တန်အစိုးရမှ တစ်ဖက်လှည့်ဖြင့် ခြေလှမ်းစတင်မည်ကိုစိုးသဖြင့် အမေရိကန်၏တိုက်ရိုက်ဝင်ရောက်ကူညီကယ်ဆယ်ခြင်းအပေါ် စစ်အစိုးရမှ ခွင့်မပြုခဲ့ပေ။

    ဤစိုးရိမ်မှုများမှာ ယခုသော် ငြိမ်သက်သွားလေပြီ။ နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှု အများအပြားဆောင်ရွက်ခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရအပေါ် အိုဘားမား၏မူဝါဒ ပျော့ပြောင်းလာသောကြောင့်ဖြစ်သည်။ တောင်ကိုးရီးယားသားတို့ကလည်း ဒါဇင်နှင့်ချီသော မြန်မာတို့ကို နျူကလိယထိန်းချုပ်ရေးဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ သို့သော် တောင်ကိုးရီးယား(ဆိုးလ်)သည် တစ်ချိန်က အင်ဒိုနီးရှား၌ မျှော်လင့်ထားသကဲ့သို့ မြန်မာနိုင်ငံအတွင်း တစ်နေ့တွင် နျူကလိယစွမ်းအင်စက်ရုံတစ်ခု ဘေးကင်းစွာ တည်ဆောက်နိုင်ရေး မျှော်လင့်တွေးဆချက်ဖြင့် ယင်းသို့ ဆောင်ရွက်ပေးခဲ့ကြောင်း ဖြစ်တန်ရာ၏။

    မြန်မာနှင့် မြောက်ကိုးရီးယားဆက်ဆံရေးက ကုလသမဂ္ဂနှင့်အမေရိကန်၏ ပြုံးယမ်းအပေါ် ပိတ်ဆို့ထားမှုများကို ချိုးဖျက်ပစ်နိုင်မည်လောဟု အနောက်တိုင်းအား စိုးရိမ်စိတ်ပြင်းထန်စေခဲ့သည်။ စင်စစ်၌ ပြုံးယမ်းအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုမှာ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုထက် များစွာ ၀န်ပေါ့နေပါ၏။ အာဏာရှင် ဗိုလ်ချုပ်နေ၀င်းခေတ် ၁၉၈၃ ခုနှစ်တွင် တောင်ကိုးရီးယားသမ္မတ ချွန်ဒူးဝမ်အား ပြုံးယမ်း၏လုပ်ကြံမှု မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ-မြောက်ကိုးရီးယားဆက်ဆံရေး၏အနေအထား အနိမ့်ဆုံးအဆင့် ရောက်ရှိသွားခဲ့သည်။ ယင်းလုပ်ကြံမှုကြောင့် တောင်ကိုးရီးယားထိပ်တန်းအရာရှိ ၁၇ ဦး သေဆုံး၍ သမ္မတမှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ရသည်။ ၁၉၉၀ ခုနှစ်များနှောင်းပိုင်း ပြုံးယမ်းနှင့်ပြန်လည်ရင်ကြားစေ့ရေးအစီအစဉ်ဖြစ်သော ဆိုးလ်၏ “အရုဏ်ဦးရောင်ခြည်” မူဝါဒ စတင်သည့်အချိန်အထိ ဗိုလ်ချုပ်နေ၀င်းသည် မြောက်ကိုးရီးယားကို သံအဆက်အသွယ်ဖြတ်တောက်ထားခဲ့၏။ ၎င်း၏နောက်မှာမှ မြောက်ကိုးရီးယားအား မြန်မာမှ တရားဝင် ပြန်လည်အသိအမှတ်ပြုခဲ့သည်။

    ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် စစ်တပ်အကြီးအကဲတစ်ဦးဖြစ်သော ဒုဗိုလ်ချုပ် ရွှေမန်း (ယခု လွှတ်တော်သဘာပတိ)သည် မြောက်ကိုးရီးယားသို့ လျှို့ဝှက်ခရီးစဉ်တစ်ရပ် သွားရောက်ပြီး စစ်တပ်ဋ္ဌာနအချို့ကိုလေ့လာ၍ စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာပြီး၊ ကျူးကျော်မည်ကိုစိုးရိမ်စိတ်လျော့ပါးလာသည်နှင့်အမျှ မြောက်ကိုးရီးယားထံမှ လက်နက်များဝယ်ယူမှု လျှော့ချလိုက်သည်။ ၎င်းမှာ ၀ါရှင်တန်နှင့်သံတမန်ဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် အမေရိကန်၏ပိတ်ဆို့မှုများ ရုပ်သိမ်းရေး အနေအထားအတွက် သော့ချက်တစ်ရပ် ဖြစ်ခဲ့လေသည်။

    ၂၀၁၁ ခုနှစ်တွင် အမေရိကန်စစ်ရေယာဉ်တစ်စင်းမှာ ဒုံးကျည်များသယ်ဆောင်ထားသော မြောက်ကိုးရီးယားကုန်တင်သင်္ဘောတစ်စင်းအား တားဆီးခဲ့သည်ဟူသည့် သတင်းတစ်ခုနှင့်အတူ အရောင်းအ၀ယ် သို့မဟုတ် ထောက်ပံ့ပေးကမ်းမှု လက်နက်များ ပါဝင်ဖွယ်ရာရှိသည့် မြောက်ကိုးရီးယားသင်္ဘောအချို့ မြန်မာနိုင်ငံမှ လှည့်ပြန်သွား၏။

    မည်သို့ဆိုစေ နျူကလိယစမ်းသပ်ချက်နှင့်စပ်လျဉ်း၍ မြန်မာ၏ပြောကြားချက်မှာ မြန်မာ-မြောက်ကိုးရီးယားဆက်ဆံရေးကို အထိုက်အလျောက် အစိမ်းရောင်သန်းသွားစေမည်မှာ မလွဲပေ။ ၎င်းက မြန်မာနှင့်အမေရိကန် ဆက်ဆံရေးကောင်းဖြင့် ရှေ့ဆက်ဦးမည့်သဘောထားကို ထပ်ဆင့်အတည်ပြုလိုက်သကဲ့သို့ ဖြစ်နေ၏။ မြန်မာနိုင်ငံတွင် ယုံကြည်ခိုင်မာသည့် အစိုးရရှိလာပြီဖြစ်ကြောင်း အမေရိကန်လွှတ်တော်အမတ်များကိုသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ခင်းကျင်းပြသရေး၌ ဤအချက်ကို အသုံးချမည်မှာ သံသယ၀င်စရာမရှိပေ။ ဤကြေငြာချက်သည် တရုတ်နိုင်ငံ၏အမြင်သဘောထားကိုလည်း မျက်စပစ်ပြလိုက်ရာ ရောက်၏။ အဘယ်ကြောင့်ဆိုသော် မြောက်ကိုးရီးယား၏ အစောပိုင်းနှင့် လတ်တလော စမ်းသပ်ချက်များအပေါ် တရုတ်မှ ဝေဖန်ထားသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ၌ အာဃာတတရား မရှိကြောင်း သရုပ်ဖော်ချက်ဟုလည်း ဆိုနိုင်ပေသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ သမူဟအစဉ်အလာများမှ သာဓကတစ်ရပ်ကို ခေတ်သစ်ကမ္ဘာသို့ သယ်ဆောင်ချပြလိုက်ခြင်းဟု အချို့က သုံးသပ်ကြသည်။

    ဤထုတ်ပြန်ပြောကြားရန် ဆုံးဖြတ်ရာ၌ သက်တမ်းကုန်သွားသည့် ဦးသိန်းစိန်အစိုးရ၏ ကိုယ်ပိုင်ပြုမူချက်သက်သက်လော၊ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် တိုင်ပင်ထားထားလေသလော၊ အနာဂတ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှု သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှု ပါဝင်လေသလော ဟူသည်ကို နိုင်ငံခြားသုတေသီများမှ မသိနိုင်ကြချေ။ တိကျသည့်ကောက်ချက်တစ်ရပ် ချပြရန် မလွယ်ကူသော်လည်း နိုင်ငံခြားရေးဝန်ကြီး၏ ၎င်းထုတ်ပြန်ချက်ကို ဒေါ်စုကြည်မှ လက်သင့်ခံပြီး ဖြစ်နိုင်ပေလိမ့်မည်။ အကြောင်းသော် ပြီးခဲ့သည့်ဇွန်လတွင် သူမ၏တရုတ်နိုင်ငံခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာခြင်း (နှင့်) သူမ၏လာမည့်အစိုးရသစ်မှ ဆက်လက်ကျင့်သုံးအံ့သော နိုင်ငံခြားရေးမူဝါဒအား အံဝင်ခွင်ကျ အားဖြည့်ပေးရာရောက်နေခြင်းကြောင့် ဖြစ်၏။

    သို့သော် မြန်မာသည် မြောက်ကိုးရီးယားနှင့်ဆက်ဆံရေးအား မည်သည့်အတိုင်းအတာအထိ လျှော့ချမည်နည်းဟူသည်ကို မေးခွန်းထုတ်ရန် ကျန်ရှိနေပါသေးသည်။ ဦးသိန်းစိန်သည် စစ်တပ်အား မည်မျှအဆင့်အထိ ထိန်းချုပ်ကိုင်တွယ်ထားသည်မှာ သေချာတပ်အပ် မဆိုနိုင်သေး။ ထို့အတူ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးကိစ္စသည်လည်း နောက်ထပ်အရေးကြီးသော အချက်တစ်ရပ် ဖြစ်နေသည်။ ဆက်ဆံရေးကဏ္ဍ၌ အနှုတ်လက္ခဏာဖက် ရောက်လာသော်လည်း တပ်မတော်သည် အဆိုပါ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပတ်သက်ဆက်နွှယ်နေမှုအား တိကနဲဖြတ်တောက်လိုမည် မဟုတ်သဖြင့် အထက်ပါမေးခွန်းများမှာ အရေးကြီးလှပါကြောင်း။

    (Georgetown တက္ကသိုလ် အာရှရေးရာ ဂုဏ်ထူးဆောင် အကြံပေးပါမောက္ခ (နှင့်) Johns Hopkins တက္ကသိုလ် အဆင့်မြင့်နိုင်ငံတကာရေးရာဋ္ဌာန၏ ဧည့်သည်တော်ပညာရှင် David I. Steinberg ၏ Myanmar turns its back on North Korea သုံးသပ်ချက်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)