News @ M-Media

Blog

  • အမေရိကန် မြို့တစ်မြို့တွင် ရဲဌာနနှင့် မွတ်စလင်အဖွဲ့အစည်းတို့ ပူးပေါင်း၍ လူထုအား အစ္စလာမ့်အသိပညာပေးမှု ပြုလုပ်

    အမေရိကန် မြို့တစ်မြို့တွင် ရဲဌာနနှင့် မွတ်စလင်အဖွဲ့အစည်းတို့ ပူးပေါင်း၍ လူထုအား အစ္စလာမ့်အသိပညာပေးမှု ပြုလုပ်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆
    M-Media

    is

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ရောင်းရော့ခ်မြို့တွင် ဥပဒေစိုးမိုးရေးဌာနနှင့် မွတ်စလင်အဖွဲ့အစည်းတို့ ပူးပေါင်း၍ အစ္စလာမ်ဘာသာတရားနှင့် မွတ်စလင်တို့၏ ဓလေ့ထုံးများကို လူထုအား အသိပညာပေးသည့် အစီအစဉ်ကို မကြာသေးမီက ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ရောင်းရော့ခ်အစ္စလာမ့်စင်တာ(ICRR)တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားတွင် ပြည်သူများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နွေးနွေးထွေထွေး ဆက်ဆံသွားကြရန် တိုက်တွန်းခဲ့ပြီး အစ္စလာမ်၊ ပြည်သူ့လုံခြုံရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။

    ICRR ဥက္ကဌ အစ်က်ဘားလ် ဟိုင်ဒါက အစ္စလာမ့်နှုတ်ခွန်းဆက်သနည်းဖြင့် အခမ်းအနားကို နှုတ်ဆက်ဖွင့်လှစ်ခဲ့ပြီး မိမိတို့မှာ ဒေသတွင်း ကိစ္စရပ်များအတွက် ရော့ခ်ရောင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်နေပြီး ကောင်းမွန်သောဆက်ဆံရေး၊ ကောင်းမွန်သော မိတ်ဖက် ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် အစ္စလာမ်သာသနာအပေါ် အထင်မှားအမြင်မှားဖြစ်နေမှုကို ဖြေရှင်းရန်အတွက် ထိုကဲ့သို့ အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ရန် မြို့၏ ဥပဒေစိုးမိုးရေးဌာနက မွတ်စလင်ခေါင်းဆောင်များကို ချဉ်းကပ်ခဲ့မှုမှတစ်ဆင့် ထိုကဲ့သို့ အခမ်းအနား ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

    ရောင်းရော့ခ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ အလန် ဘန့်ကမူ မိမိတို့မြို့မှာ တစ်နိုင်ငံလုံးတွင် အန္တရာယ်အကင်းဆုံး မြို့တွေထဲမှ တစ်မြို့ဖြစ်ပြီး၊ လုံခြုံစိတ်ချရမှုကို လူ့အဖွဲ့အစည်းအတွင်း အတူတကွ လုပ်ကိုင်ဆောင်ရွက်မှသာ ထိန်းသိမ်းနိုင်မည်ဟု သတိပေးပြောကြားခဲ့သည်။

    “ဘယ်လူမျိုး၊ ဘယ်ဘာသာတရားနဲ့ ဘယ်အယူဝါဒပဲဖြစ်ဖြစ် လူအဖွဲ့အစည်းတိုင်းကို ဒီအသိပညာပေးမှု ရောက်ချင်ပါတယ်။ ကျွန်တော်တို့ဟာ ခင်ဗျားတို့အတွက် ရှိတယ်ဆိုတာ ခင်ဗျားတို့ကို သိစေချင်ပါတယ်” ဟု ဘန့်က ထည့်သွင်းပြောကြားခဲ့သည်။

    ထိုအခမ်းအနားသို့ တက်ရောက်လာသူများမှာ အစ္စလာမ့်အကြောင်းအရာများ၊ မွတ်စလင်တို့၏ ဓလေ့ထုံးတမ်းများအပါအ၀င် မေးခွန်းများမေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် အစ္စလာမ်အကြောင်းကို အကျဉ်းချုပ်ဖော်ပြထားသည့် လက်ကမ်းစာစောင်များကိုလည်း ဝေငှခဲ့သည်။

    Ref: IINA

  • ဇီဒိန်းမှာ ရီးယဲလ်နှင့် မည်သည့်အောင်မြင်မှုမှ ရမည်မဟုတ်ဟု ဘာကာနောက်ခံလူ ဆို

    ဇီဒိန်းမှာ ရီးယဲလ်နှင့် မည်သည့်အောင်မြင်မှုမှ ရမည်မဟုတ်ဟု ဘာကာနောက်ခံလူ ဆို

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆
    M-Media

    zidane

    – မိမိမှာ ဇီဒိန်း၏ ပရိတ်သတ်ဖြစ်သော်လည်း ရီးယဲလ်နည်းပြအဖြစ်နှင့် ဇီဒိန်းမှာ မည်သည့်အောင်မြင်မှုမှ ရရှိမည်မဟုတ်ဟု ဘာစီလိုနာအသင်း၏ နောက်ခံလူ ဗီဒယ်လ်က ပြောကြားလိုက်သည်။

    ကစားသမားဘ၀တွင် ရီးယဲလ်နှင့် အောင်မြင်မှုသရဖူများ အကြိမ်ကြိမ်ဆောင်းနိုင်ခဲ့သည့် ဇီဒိန်းမှာ ဘင်နီတက်ဇ်အားအသင်းက ထုတ်ပယ်ခဲ့ပြီးနောက် ရီးယဲလ်နည်းပြသစ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ပထမဆုံးလိဂ်ပွဲတွင်လည်း ဒီပို့တီဗိုအား ၅ ဂိုးပြတ်ဖြင့်အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော်လည်း ဗီဒယ်ကမူ ဇီဒိန်းမှာ အောင်မြင်မည်မဟုတ်ဟု ဆိုသည်။

    “အစကောင်းတယ်လို့တော့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် ရာသီကုန်မှာတော့ ဆုဖလားတွေကို လက်လွှတ်ရပါလိမ့်မယ်။ ကျွန်တော်က ထာဝရ ဇီဒိန်းပရိတ်သတ်ပါ။ ဒါပေမယ့် သူဘာဖလားမှ ရမှာမဟုaတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အခု အချိန်မှာသူဟာ ကံကောင်းနိုင်မယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး” ဟု ဗီဒယ်လ်က ပြောကြားခဲ့သည်။

    Ref: Goal

  • OIC အကြီးအကဲနှင့် ထိုင်းဝန်ကြီးချုပ် ဒေသအရေး တွေ့ဆုံဆွေးနွေး

    OIC အကြီးအကဲနှင့် ထိုင်းဝန်ကြီးချုပ် ဒေသအရေး တွေ့ဆုံဆွေးနွေး

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆
    M-Media

    oic thai

    – ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနှင့် OIC အထွေထွေအတွင်းရေးမှူး အီယဒ် အေမင် မဒနီတို့မှာ ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့ကြပြီး ဒေသရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ တွေ့ဆုံမှုအတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ပါဝင်ပြီး၊ မဒနီမှာ ထိုနေ့တွင်ပင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး သာဝစ် နထရီယွမ် နှင့် ထို င်းနိုင်ငံ အစ္စလာမ်ဘာသာရေးရာ အကြီးအကဲ ရှိုက်ခွလ်အစ္စလာမ် အာရစ် ပီသက်ခမ်ဖူလ်တို့အပါအ၀င် အခြား ထိုင်းအစိုးရ အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။

    နာထရီယွမ်နှင့် တွေ့ဆုံမှုအတွင်း နှစ်ဖက်ဆက်ဆံရေးကိစ္စများနှင့် နိုင်ငံပေါင်းစုံအဖွဲ့တစ်ခုဖြစ်သည့် OIC ၏ အခန်းကဏ္ဍတို့လည်း ပါဝင်ခဲ့သည်။ ၁၇ ရာစုကတည်းက ဖွင့်လှစ်ခဲ့သည့် ရှိုက်ခွလ်အစ္စလာမ်ရုံးတွင်မူ ထိုရုံး၏ လုပ်ဆောင်ချက်များနှင့် OIC ၏ လေ့လာသူနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံရှိ မတူညီသောလူမျိုးစုများမှ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းများကြောင်းကို ဆွေးနွေးခဲ့ကြသည်။

    ရှိုက်ခွလ်အစ္စလာမ်ရုံးက တည်ထောင်ထားသည့် ၀ါစာတီယာငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအသင်းကိုလည်း မဒနီက လေ့လာခဲ့သည်။ အဆိုပါအသင်းမှာ ဘာသာရေးခေါင်းဆောင်များကို မွေးထုတ်ပေးရန်၊ အစ္စလာမ်ဘာသာဝင်များနှင့် အခြားဘာသာဝင်များအကြား ပိုမိုကောင်းမွန်သော နားလည်မှု ရရှိရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။

    OIC အထွေထွေအတွင်းရေးမှူးမှာ မတူညီသော ဘာသာဝင်များအကြား ယဉ်ကျေးမှုများ ဖလှယ်ရေးနှင့် ငြိမ်းချမ်းမှု တိုးမြှင့်နိုင်ရေး ပညာရပ်များကို သင်ကြားပေးသည့် နိုင်ငံတကာငြိမ်းချမ်းရေးလေ့လာမှုအသင်း (IIPS) ကိုလည်း သွားရောက်လေ့လာခဲ့သည်။

    Ref: IINA

  • ဂွါဒီယိုလာအကြို မန်စီးတီးလူစာရင်းကို အကြီးအကျယ် အပြောင်းအလဲလုပ်မည်

    ဂွါဒီယိုလာအကြို မန်စီးတီးလူစာရင်းကို အကြီးအကျယ် အပြောင်းအလဲလုပ်မည်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆
    M-Media

    Guadiola

    – ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာ အသင်းသို့ရောက်ရှိရေး ကြိုးစားနေသည့် မန်စီတီးမှာ လူစာရင်းတစ်ခုလုံးအား အလုံးစုံပြောင်းလဲပစ်ရန် စီစဉ်နေသည်ဟု Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။

    ဘိုင်ယန်မှ ရာသီကုန်လျှင် ထွက်ခွာတော့မည်ဟု တရားဝင်ပြောကြားထားသည့် ဂွါဒီယိုလာမှာ ပရီးမီးယားလိဂ်ကို လာရောက်မည်ဖြစ်ပြီး မန်စီးတီးက ခေါ်ယူရန် ရေပန်းအစားဆုံးဖြစ်နေသည်။ မန်စီးတီး၏ လူစာရင်းအပြောင်းအလဲလုပ်မည့် အစီအစဉ်တွင် မန်ဂါလာ၊ ဒီမစ်ချယ်လီ၊ တိုက်စစ်မှူး ဘိုနီတို့ အသင်းမှ ထွက်ခွာရဖွယ်ရှိနေပြီး ကွင်းလယ်ဗိုလ်ချုပ် ယာယာတိုးယေး၏ အနာဂတ်မှာလည်း မသေမချာဖြစ်နေသည်။

    ဂွါဒီယိုလာအကြိုက် ခေါ်မည့် ကစားသမားများတွင် အဲဗာတန်နောက်လံလူ ဂျွန်စတုန်း၊ ဘိုင်ယန်တိုက်စစ်မှူး သောမတ်စ်မူလာနှင့် လီယွန်နယ်မက်ဆီတို့ ပါဝင်ပြီး၊ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဇယားတွင် ဦးဆောင်နေသည့် လက်စတာတိုက်စစ်မှူး ဗာဒီနှင့် အဲဗာတန်တိုက်စစ်မှူး လူကာကူတို့လည်း မန်စီးတီးသို့ ရောက်ရှိမည့်စာရင်းတွင် ပါဝင်လာသည်။ ဂျီးဆက်စ် နာဗက်စ်နှင့် ဆာမီယာနာဆရီတို့မှာ မန်စီးတီးမှာ ဆက်ရှိနေမည်အခြေအနေ ရှိနေသည်။

    ဂွါဒီယိုလာက ၎င်းအား ကမ်းလှမ်းထားသည့် ပရီးမီးယားလိဂ်အသင်း အများအပြားရှိနေသည်ဟု ဖွင့်ဟထားပြီး ထိုအထဲတွင် မန်ယူ၊ ချယ်ဆီးတို့လည်း ပါဝင်သည်ဟု သတင်းများက ဖော်ပြကြသည်။

    Ref: Goal

  • ကုသရန်ခက်ခဲသည့် တုပ်ကွေးကဲ့သို့ ကူးစက်ရောဂါတစ်မျိုးက လူသန်းပေါင်းများစွာကို ခြိမ်းခြောက်နေ

    ကုသရန်ခက်ခဲသည့် တုပ်ကွေးကဲ့သို့ ကူးစက်ရောဂါတစ်မျိုးက လူသန်းပေါင်းများစွာကို ခြိမ်းခြောက်နေ

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆
    M-Media

    bact

    – လူသိနည်းသော်လည်း သေစေလောက်တဲ့အထိ ပြင်းထန်တဲ့ melioidosis ရောဂါဟာ လူသန်းပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့ သုတေသနတစ်ရပ်က ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

    Whitmore ရောဂါလို့သိထားကြတဲ့ အဲဒီကူးစက်ရောဂါဟာ Burkholderia pseudomallei ဘက်တီးရီးယားကြောင့် ဖြစ်ပွားတာဖြစ်ပြီး အရေပြားချင်းထိတွေ့မှုနဲ့ ဘက်တီးရီးယားရှိနေတဲ့ရေကို သောက်သုံးခြင်း၊ ရှုရှိုက်မိခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။

    ရောဂါရဲ့ လက္ခဏာတွေကတော့ တုပ်ကွေးလက္ခဏာတွေလိုပဲ ခေါင်းကိုက်တာ၊ ဖျားတာ၊ နှာချေတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာနဲ့ ပါးစပ်ပျက်တာတွေပါပဲ။

    Burkholderia pseudomallei ဘက်တီးရီးယားကို တောင်အာရှနဲ့ အရှေ့တောင်အာရှ၊ သြစတေးလျမြောက်ပိုင်းဒေသတွေမှာရှိတဲ့ ရေနဲ့ မြေဆီလွှာတွေမှာ အများအားဖြင့် တွေ့ရလေ့ရှိပါတယ်။ အခုအချိန်မှာတော့ အဲဒီဘက်တီးရီးယားပိုးဟာ ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့လာပြီး အနည်းဆုံး ၇၉ နိုင်ငံခန့်ကို ရောက်ရှိနေကာ တစ်နှစ်လျှင် လူ ၁၆၅၀၀၀ ခန့်ကို ကူးစက်လျက်ရှိနေပါတယ်။ အဲဒီရောဂါကြောင့် သေဆုံးသူဟာ ၈၉၀၀၀ အထိ ရှိနေပါတယ်။

    ရောဂါပိုးမှာ အဆုတ်၊ သွေး၊ အာရုံကြောစနစ်တွေမှာ ပုန်းအောင်းနေလေ့ရှိပြီး ရောဂါရှာဖွေဖို့ ခက်တဲ့အတွက် ယခင်က သုတေသနပြုချက်များ မရှိသလောက်ပင် ဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ ကြီးထွားလာတဲ့အချိန်ကို စောင့်ပြီး မိုကရုပ်ပိုးမွှား ရှာဖွေရတဲ့ ကိရိယာနဲ့ ရှာဖွေရတာဖြစ်လို့ ဆေးဘက်ဆိုင်ရာရင်းမြစ် ကန့်သတ်ချတ်ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှာဖွေကို ခက်ခဲတဲ့ ရောဂါဖြစ်ပါတယ်။

    ဒီရောဂါကို သေသေချာချာ မကုသရင်တော့ သေဆုံးမှုနှုန်းဟာ ၇၀ ရာခိုင်းကျော်လောက်ကို ရှိလာနိုင်တယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ အဲဒီအရေအတွက်ဟာ ၀က်သက်ရောဂါလောက် အသေအပျောက်နှုန်းဖြစ်ပြီး ငှက်ဖျားထက်ကို ပိုမိုမြင့်မားပါတယ်။ အဆိုပါ melioidosis ရောဂါဟာ ပဋိဇီဝဆေးအချို့ကို ခံနိုင်ရည်ရှိတာကြောင့် ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမရှိပါဘူး။ ပျောက်ကင်းဖို့ ကုသမှုဟာလည်း ရှုပ်ထွေးပြီး အကုန်အကျများပါတယ်။

    “ကျွန်တော်တို့လေ့လာချက်အရ အိန္ဒိယနဲ့ ဗီယက်နမ်မှာ ကူးစက်နှုန်းအရမ်းမြင့်မားမယ်လို့ ခန့်မှန်းထားပါတယ်၊ အဲ့ဒီနေရာတွေမှာ ရောဂါပိုးကို အတွေ့စိတ်လာပါတယ်” လို့ ဒီဗိုင်းရပ်စ်ပိုးအကြောင်း သုတေသနပြုမှုမှာ ပါဝင်နေတဲ့ ဒေါက်တာ လီမာသူရိုဆာကူလ်က ပြောကြားခဲ့ပါတယ်။

    ပိုကောင်းတဲ့ ရောဂါရှာဖွေရေးနည်းလမ်းတွေအသုံးပြုဖို့၊ ကြိုတင်ကာကွယ်ရေးအတွက်စည်းရုံးလှုံ့ဆော်ဖို့အကြံပြုထားပြီး ကျန်းမာရေးလုပ်သားတွေအနေနဲ့ နိုင်ငံတကာကျန်းမာရေးဌာနတွေနဲ့ မူဝါဒချမှတ်သူတွေကို ဦးစားပေးဆောင်ရွက်ခိုင်းစေဖို့ သုတေသနအဖွဲ့က အကြံပြုထားပါတယ်။

    Ref: Aljazeera