ဇန်န၀ါရီ ၁၄၊ ၂၀၁၆
M-Media
– အင်္ဂလိပ်မီဒီယာများနှင့် သဟဇာတဖြစ်အောင် မဆက်ဆံတတ်ဟု ဝေဖန်ခံနေရသည့် မန်ယူနည်းပြ ဗန်ဂါးလ်မှာ အသင်း၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးအား ကြိမ်မောင်းပြောဆိုခဲ့သည်ဟု သိရသည်။
နယူးကာဆယ်အား ၃ ဂိုးစီသရေကျခဲ့သည့်ပွဲပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီဒီယာများက တိုက်စစ်မှူးရူနီအား “လူဝကြီး” ဟု ဝေဖန်ပြောဆိုမှုကို မကျေနပ်၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“ခင်ဗျားတို့ပဲ သူ့ကို ဝေဖန်နေတာလေ။ ကျွန်တော်က ဝေဖန်တာမဟုတ်ဘူး” ဟု ဂျာနယ်လစ်တစ်ယောက်ကို လက်ညှိုးထိုး၍ ပြောကြားခဲ့ပြီး “ခင်ဗျားလည်း ဘာထူးလဲ။ လူဝကြီးပဲ” ဟု ကြိမ်းမောင်းပြောဆိုကာ သတင်းစာရှင်းလင်းပွဲမှ ထွက်သွားခဲ့သည်။
The Sun သတင်းစာ၏ ဂျာနယ်လစ်ဖြစ်သူ နီးလ် ကက်စ်တစ်က ဗန်ဂါးလ်လက်ညှိုးထိုး၍ ပြောခဲ့သူမှာ မိမိဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး ဆိုရှယ်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုန့်ပြန်ခဲ့သည်။
“ခင်ဗျားမှန်တယ် လူးဝစ်။ ကျွန်တော်က ဖက်တီးဖြစ်နေတယ်။ လွန်ခဲ့တဲ့လေးလလောက်က ကျွန်တော် ဒူးခေါင်းခွဲစိပ်လိုက်ရတယ်။ ဒါက ပြေးဖို့၊ ဂျင်မ်သွားကစားဖို့ ကျွန်တော့်ကို အဟန့်အတားဖြစ်စေခဲ့တယ်။ ရလဒ်ကတော့ နှစ်စတုံလောက် ၀ိတ်တက်လာတာပါပဲ။ အနည်းဆုံးတော့ ကျွန်တော့်အားနည်းချက်ကို ထုတ်ပြောနိုင်တယ်လေ။ ထုတ်မပြောနိုင်တဲ့ အခြားလူတွေကတော့ ရှက်စရာပေါ့ဗျာ”
ဗန်ဂါးမှာ အင်္ဂလိပ်မီဒီယာများနှင့် ဆက်ဆံရေး အဆင်မပြေဟု ယခင်က သတင်းများထွက်ပေါ်ခဲ့ပြီး၊ မန်ယူအသင်း၏ ကျဆင်းမှုကို အကြောင်းခံကာ မီဒီယာများကလည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗန်ဂါးလ်အား ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည်။
Ref: Goal