ဇန်န၀ါရီ ၁၄၊ ၂၀၁၆
M-Media
– အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ် နန်ဒူးပြည်နယ်ရှိ ကမ်းခြေပေါ်တွင် ဝေလငါး ၈၁ ကောင် အင်္ဂါနေ့က သောင်တင်ခဲ့ပြီး ထိုအထဲမှ အနည်းဆုံး ၄၅ ကောင်မှာ သေဆုံးခဲ့သည်ဟု သိရသည်။
မွန်နားပင်လယ်ကွေ့ အဏ္ဏ၀ါသဘာဝဥယျာဉ်မှ တောရိုင်းတိရစ္ဆာန်စောင့်ရှောက်သူ ဒီပက် ဂီလီကမူ မိမိတို့မှာ အသက်ရှင်နေသည့် ဝေလငါများကို ပင်လယ်ထဲသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ကမ်းခြေသို့ ပြန်လာမှုများမှာ မရှိသလောက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဒဏ်ရာရထားတဲ့ အကောင်ကြီးတွေကတော့ ပြန်လှည့်လာပြီး အကောင်ငယ်တွေကတော့ ကောင်းကောင်းသွားနိုင်ကြပါတယ်” လို့ ဘီလ်ဂီက ပြောကြားခဲ့သည်။
သိပ္ပံပညာရှင်များ၏ စုံစမ်းမှုများအရ ပင်လယ်ပြင်တွင် လမ်းပျောက်သွားခြင်းကြောင့် ထိုကဲ့သို့ သောင်တင်ခြင်းဖြစ်သည်ဟု ဆိုပြီးဝလငါးအသေများကို ခွဲစိတ်ကြည့်ရန် စီစဉ်နေသည်။
“ဒါဟာ ၁၉၇၃ ခုနှစ်ပြီးကတည်းက ပထမကြိမ်ကြုံတွေ့ရတာဖြစ်ပါတယ်။ အဲဒီတုန်းက ဝေလငါး အကောင် ၁၂၀ ဒီနေရာမှာပဲ သောင်တင်ခဲ့တာဖြစ်ပါတယ်” ဟု အစိုးရ တာန်ဝရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယတွင် ယခုသောင်တင်ခဲ့သည့် ဝေလငါးများမှာ ပင်လယ်အနက် တစ်ကီလိုမီတာထိ ကူးခတ်နိုင်သည့် ရေနက်ပိုင်းနေ နို့တိုက်သတ္တ၀ါများ ဖြစ်သည်ဟု ဆိုသည်။
Ref: Al-jazeera