ဇန်န၀ါရီ ၁၈၊ ၂၀၁၆
M-Media
– မြန်မာလူငယ်များအနေဖြင့် ကွန်ပျူတာဂိမ်းများနှင့် လူမှုကွန်ယက်များတွင် အချိန်ဖြုန်းတီးနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောကြားလိုက်သည်။
ပြီးခဲ့သည့်တစ်ပတ်အတွင်း ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုဘယ်မြန်မာ စာပေပွဲတော် ကျင်းပသူများထံသို့ ပေးပို့သည့် စာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“နည်းပညာတွေ တိုးတက်လာတာကြောင့် ကျွန်မတို့ရဲ့ လူနေမှုဘ၀တွေဟာ ပြောင်းလဲနေပါတယ်။ အခုအချိန်မှာ ကျွန်မတို့ရဲ့ ကလေးတွေဟာ သူတို့ရဲ့အချိန်တွေကို ကွန်ပျူတာဂိမ်း၊ အင်တာနက်ဂိမ်းနဲ့ လူမှုကွန်ယက်တွေမှာ အများအပြား ဖြုတ်းတီးနေကြပါတယ်။ နည်းပညာကို အသုံးပြုမှု မြင့်တက်လာတာကြောင့် ကလေးတွေဟာ စာဖတ်နည်းလာကြပါတယ်” ဟု အဆိုပါစာတွင် ရေးသားထားသည်။
ထို့ပြင် ထိုစာတွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကိုလည်း ဝေဖန်ခဲ့ပြီး၊ စူးစမ်းလေ့လာမှုထက် အလွတ်ကျက်မှုကို ဦးစားပေးမှုနှင့် ပညာရေးအတွက် ရန်ပုံငွေနည်းပါးမှုကို ထောက်ပြခဲ့သည်။
“ကျောင်းတွေမှာ စာကြည့်တိုက်တွေက မရှိသလောက်ပါပဲ။ အတန်းထဲမှာဆိုရင် စာဖတ်ဖို့ အချိန်မရှိဘူး။ ကျွန်မတို့ရဲ့ ပညာရေးစန်က အလွတ်ကျက်၊ မေးခွန်းတွေ ဖြေတာမျိုးလောက်သာဖြစ်ပြီး တွေးခေါ်စဉ်းစားဖို့နဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ကို ကန့်သတ်ထားပါတယ်”
Ref: Straitstimes
Leave a Reply
You must be logged in to post a comment.