ဇန်န၀ါရီ ၁၈၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က မြို့တော်ဂျကာတာ၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အင်ဒိုနီးရှား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များကို ပိတ်ပစ်လိုက်သည်ဟု သိရသည်။
“ဇန်န၀ါရီ ၁၄ ရက်နေ့က ဆာရီနာဗုံးခွဲတိုက်ခိုက်မှုကို ထောက်ခံကြတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို စောင့်ကြည်မှုတွေနဲ့ ပြည်သူလူထုဆီက သတင်းပေးပို့မှုတွေ ရရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနက သူတို့ကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု သတင်းအချက်အလက်နှင့် ပြည်သူ့ဆက်ဆံရေး အကြီးအကဲ အစ္စမေးလ် ချာဝီဒူက ပြောကြားခဲ့သည်။
ဂျာကာတာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေနတ်သမား ၅ ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူ အရပ်သားနှစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးနှင့် ကနေဒါနိုင်ငံသားတစ်ဦးတို့ ဖြစ်ကြသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင် ၅ ဦး အပါအ၀င် စုစုပေါင်း လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ဝန်ကြီးဌာနကမူ ပိတ်ပင်ခဲ့သည့် အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များတွင် အကြမ်းဖက်ဝါဒကို ဖြန်ဖြူးနေသော Facebook အကောင့်များ၊ Twitter အကောင့်များလည်း ပါဝင်နေသည်ဟု ပြောကြားခဲ့သည်။
Ref: IINA


Leave a Reply
You must be logged in to post a comment.