News @ M-Media

Blog

  • တောင်ကိုရီးနိုင်ငံအပေါ်သို့ အမေရိကန်ဗုံးကြဲလေယာဉ် ပျံသန်းကာ မဟာမိတ်ပီသကြောင်း ပြသ

    တောင်ကိုရီးနိုင်ငံအပေါ်သို့ အမေရိကန်ဗုံးကြဲလေယာဉ် ပျံသန်းကာ မဟာမိတ်ပီသကြောင်း ပြသ

    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media

    us bomb

    – မြောက်ကိုရီးယား၏ နောက်ဆုံးနျူကလီးယားစမ်းသပ်မှုအပြီးတွင် မဟာမိတ်နိုင်ငံအား ကာကွယ်မည်ဆိုသော အစွမ်းအစနှင့် ဆုံးဖြတ်ချက်ကို ပြသရန်အတွက် အမေရိန် ဗုံးကြဲလေယာဉ် B-52 မှာ တောင်ကိုရီးယားနိုင်ငံပေါ်သို့ ဖြတ်၍ အနိမ့်ပျံသန်းခဲ့သည်ဟု သိရသည်။

    “ဒီနေ့ လေယာဉ်ပျံသန်းမှုဟာ မဟာမိတ်ရဲ့ အစွမ်းအစနဲ့ ခွန်အားကို ပြသလိုက်တာဖြစ်ပါတယ်” ဟု တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့၏ အကြီးကဲ ဗိုလ်ချုပ် ကာတစ် စကာပါရော့တီက ပြောကြားခဲ့သည်။

    F-16 တိုက်လေယာဉ်တစ်စင်း စောင့်ကြပ်လိုက်ပါခဲ့သည့် US B-52 ဗုံးကြဲလေယာဉ်မှာ ဂူအမ်ကျွန်းရှိ အန်ဒါဆင်အခြေစိုက်စခန်းမှ ပျံသန်းထွက်ခွာခဲ့ပြီး တောင်ကိုးရီးယား၏ အိုဆန် လေတပ်အခြေစိုက်စခန်းအပေါ် ပျံသန်းစဉ်အတွင်း တောင်ကိုးရီးယား၏ F-15 တိုက်လေယာဉ်က စောင့်ကြပ်လိုက်ပါခဲ့သည်။ ထို့နောက် မဟာဗျုဟာမြောက် ဗုံးကြဲလေယာဉ်သည် ဂူအမ်ကျွန်းသို့ ပြန်သွားခဲ့သည်။

    မကြာသေးမီက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို ပြီးခဲ့သည့်သီတင်းပတ် အစောပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တစ်ညီတစ်ညွတ်တည်း ရှုတ်ချခဲ့သည်။

    မြောက်ကိုးရီးယားက အဆိုပါ နျူကလီးယားဗုံး ထုတ်လုပ်မှုသည် ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်လာမည့် အမေရိကန်၏ ကျူးကျော်မှုကို ကာကွယ်ရန် အသက်တမျှအရေးကြီးကြောင်း တုန့်ပြန် ပြောဆိုခဲ့သည်။ ထို့ပြင် ယင်းဗုံးမှာ လစ်ဗျားနှင့် အီရတ်နိုင်ငံများတွင် အမေရိကန်က ပြုလုပ်ခဲ့သော ကျူးကျော်မှုကဲ့သို့ လုပ်ရပ်များကို ဟန့်တား ရန်သာဖြစ်သည်ဟု ဆိုသည်။

    Ref: RT

  • တစ်ဦးချင်းဆုများကို စိတ်မ၀င်စားဟု ဘေးလ်ပြော

    တစ်ဦးချင်းဆုများကို စိတ်မ၀င်စားဟု ဘေးလ်ပြော

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    bales

    – မိမိမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကဲ့သို့ တစ်ဦးချင်းဆုများအတွက် စဉ်းစားခြင်းမရှိဘဲ အသင်း၏ ကောင်းရာကောင်းကြောင်းကိုသာ လိုလားသည်ဟု ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ရော်နယ်ဒို၊ မက်ဆီနှင့် နေးမားတို့ ၃ ဦး ယှဉ်ပြိုင်နေရသည့် Ballon d’Or ဆုကို ယနေ့တွင် ကြေငြာမည်ဖြစ်ပြီး၊ ဘေးလ်၏ အေးဂျင့်ဖြစ်သူက အနာဂတ်တွင် ထိုဆုအတွက် ဘေးလ်လည်း ပါဝင်လာမည်ဖြစ်ကာ၊ ကာယကံရှင်ကလည်း ထိုဆုအား လိုချင်နေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဝေးလ်တိုက်စစ်မှူးက ထိုမှတ်ချက်အား ငြင်းဆိုခဲ့သည်။

    “တစ်ဦးချင်းဆုတွေလား – ကျွန်တော် ဒါတွေကို လုံးဝ မစဉ်းစားပါဘူး။ အဲဒါတွေက ကျွန်တော်စဉ်းစားရမယ့် ကိစ္စလည်း မဟုတ်ပါဘူး။ အခြားသူတွေအတွက် ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်တော့်အတွက်ကတော့ အသင်းအတွက် ပြင်းပြင်းထန်ထန် လုပ်ပေးချင်တယ်။ ပြီးတော့ တတ်နိုင်သလောက် အသင်းနဲ့ ဆုဖလားတွေအများကြီး ရချင်ပါတယ်” ဟု ဘေးလ်က ထည့်သွင်းပြောကြားခဲ့သည်။

    စပါးမှ ရီးယဲလ်သို့ ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဂါရက်ဘေးလ်မှာ စနေနေ့က ဒီပို့တီဗိုနှင့်ပွဲတွင် ဟက်ထရစ်သွင်းနိုင်ခြင်းနှင့်အတူ ယခုရာသီတွင် လာလီဂါ ၁၄ ပွဲကစား ၁၂ ဂိုး သွင်းယူပေးထားနိုင်သည်။

    Ref: Goal

  • OIC တွင် ထိပ်ဆုံးရာထူးများအတွက် အမျိုးသမီး ၄ ဦးကိုခန့်အပ်

    OIC တွင် ထိပ်ဆုံးရာထူးများအတွက် အမျိုးသမီး ၄ ဦးကိုခန့်အပ်

    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media

    oic

    – အစ္စလာမ့်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ၄၇ နှစ်ကြာသက်တမ်းအတွင်း ထိပ်တန်းနေရာ လေးခုအတွက် အမျိုးသမီး ၄ ဦးကို ခန့်အပ်လိုက်သည်ဟု သိရသည်။

    အသစ်ခန့်အပ်ခံရသူများမှာ ဆော်ဒီ၊ မော်ရီတေးနီးယား၊ အလ်ဂျီးရီးယားနှင့် ယီမင်နိုင်ငံတို့မှဖြစ်ပြီး ဂျစ်ဒါရှိ OIC ဌာနချုပ်တွင် ယဉ်ကျေးမှုနှင့် လူမှုဆက်ဆံရေးဌာန၊ မီဒီယာနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးဌာန၊ အမျိုးသမီးနှင့် မိသားစုရေးရာဌာန၊ နိုင်ငံရေးဌာနတို့တွင် အသီးသီးလုပ်ကိုင်ကြမည်ဖြစ်သည်။ OIC ၏ အထွေထွေ အတွင်းရေးမှူးဌာနတွင် လုပ်ကိုင်လျက်ရှိသော အမျိုးသမီး အရေအတွက်မှာ ၁၂ ဦး ရှိနေသည်။

    OIC အဖွဲ့ကို နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး ကုလသမဂ္ဂပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ OIC အထွေထွေ အတွင်းရေးမှူးဖြစ်သူ အီယဒ် မဒနီကမူ မိမိမှာ အမျိုးသမီးများကို စွမ်းအား မြှင့်တင်ပေးရန်အတွက် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဒေသတွင်း သတင်းဌာနတစ်ခုတွင် ဖော်ပြခဲ့သည်။

    OIC ၏ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ ဒါရိုက်တာအသစ်ဖြစ်သူ စအူဒီ မာဟာ အကွီးလ်မှာ OIC ၏ ထိပ်တန်းနေရာတွင် တာဝန်ယူရသည့် ပထမဆုံး အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမမှာ OIC မဂ္ဂဇင်းအယ်ဒီတာချုပ်အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခြင်း မပြုမီ အင်္ဂလိပ်ဘာသာစကား ဂျာနယ်လစ်တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ခြောက်နှစ်ကြာလုပ်ကိုင်ပြီးနောက် သူမမှာ လက်ရှိရာထူးသို့ တိုးမြှင့်ခံရခြင်းဖြစ်သည်။

    Aqeel က OIC သည် အရည်အချင်းနှင့် စွမ်းဆောင်ရည်ကိုသာကြည့်၍ မည်သူ့ကိုမဆို ထိုက်တန်သည့် အလုပ်အကိုင်အခွင့်အရေးနှင့် ရာထူးများ တန်းတူပေးအပ်သည်ဟု ပြောကြားသည်။

    အဖွဲ့၏ ထိပ်တန်းရာထူးတစ်ခုတွင် ခန့်အပ်ခံရသည့် အမျိုးသမီးမှာ မော်ရီတေးနီးယားနိုင်ငံမှာ မူလာအဟ်မဒ်ဖြစ်ပြီး ယဉ်ကျေးမှု၊ လူမှုရေးနှင့် မိသားစုအရေးရာ ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ သူမမှာ ၂၀၀၅ နှင့် ၂၀၀၇ ခုနှစ်အတွင်း မော်ရီတေးနီးယားနိုင်ငံ၏ ပညာရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။

    “မွတ်စလင်ကမ္ဘာဟာ လက်ရှိအခြေအနေမှာ စိန်ခေါ်မှုမြောက်မြားစွာကို ရင်ဆိုင်နေရပါတယ်၊ အထူးသဖြင့် တန်ပြန်တိုက်ထုတ်ရမယ့် အကြမ်းဖက်ဝါဒပဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့တန်ဖိုးတွေကို ပျံ့နှံ့အောင်ပြုလုပ်ပြီး လူငယ်တွေကို အသိပညာပေးရပါမယ်” ဟု သူမက ပြောကြားခဲ့သည်။

    အလ်ဂျီးရီးယားနိုင်ငံမှ ဖာဒီလာ ကွာရ်အင်ကမူ လူမှုရေးနှင့် မိသားစုရေးရာ ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရသည်။ သူမမှာ ၂၀၁၄ ခုနှစ်တွင် OIC ၌ ၀င်ရောက်အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ သူမကမူ ၎င်း၏ ရည်ရွယ်ချက်များတွင် မွတ်စလင်ကမ္ဘာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရေး၊ ကလေးများနှင့် လူငယ်များအား ပိုမိုကောင်းမွန်သည့် စောင့်ရှောက်မှုများ ပေးအပ်ရေးတို့ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မိသားစုတန်ဖိုးများ၊ ထိမ်းမြား လက်ထပ်မှုအခြေအနေတို့ကို သူမက ကာကွယ်ပေးချင်ပြီး သက်ကြီးရွယ်အိုများနှင့် အထူးလိုအပ်ချက်ရှိသူများကိုလည်း ကူညီထောက်ပံ့ပေးချင်နေသည်။

    သံမတန်ရေးရာ ထိပ်တန်းရာထူးအတွက်မှု ယီမင်အမျိုးသမီး နျူရီယာ အဘ်ဒ် အလ်-ဟာမာမီကို ခန့်အပ်ခဲ့ပြီး သံတမန်ရေးရာနယ်ပယ်တွင် ဆောင်ရွက်သည့် ပထမဆုံး ယီမင်အမျိုးသမီး ဖြစ်လာမည်ဖြစ်သည်။ သူမမှာ လူသားရေးရာဌာ၏ ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

    ဟာမာမီက သူမမှာ အမျိုးသမီးများအား ခေါင်းဆောင်မှုနေရာတွေမှာ လုပ်ကိုင်ခွင့်ရရေး ဆောင်ရွက်သွားရန် ရ
    ည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မွတ်စလင်မျိုးသမီးများအပေါ် ထားရှိသည့် အနောက်တိုင်းသား
    များ၏ အမြင်ကို ပြောင်းလဲချင်ကာ အစ္စလာမ်သာသနာအပေါ် ပိုမိုလေးစားလာစေရန် ဆောင်ရွက်ချင်သည်ဟု ထည်
့သွင်းပြောကြားခဲ့သည်။

    Ref: Arab News

  • ထောင်ဖောက်ထွက်ပြေးပြီး နာမည်ကြီးမင်းသားနဲ့ အင်တာဗျူးလုပ်ခဲ့တဲ့ မက္ကဆီကို မူးယစ်ရာဇာ

    ထောင်ဖောက်ထွက်ပြေးပြီး နာမည်ကြီးမင်းသားနဲ့ အင်တာဗျူးလုပ်ခဲ့တဲ့ မက္ကဆီကို မူးယစ်ရာဇာ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    al chapo
    ဆီယန်ပန်း (၀ဲ) နှင့် အလ်ချာပို (ယာ)

    – ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်း မက္ကဆီကိုက လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်ကနေ လွတ်မြောက်သွားခဲ့တဲ့ မူးယစ်ရာဇာ ဂျိုအာကွင်း အလ် ချာပို ဂူဇ်မန်ကို အာဏာပိုင်တွေက ပြန်လည်ဖမ်းမိတာဟာ ဟောလီးဝုဒ်ရုပ်ရှင်မင်းသား ရှောင်ပင်းနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးကြောင့်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

    ထောင်အောက်ကနေ လှိုဏ်ခေါင်းဖောက်ပြီး ရုပ်ရှင်ကားဆန်ဆန် ထွက်ပြေးသွားခဲ့တဲ့ အလ်ချာပိုဟာ လွတ်မြောက်ပြီးနောက်ပိုင်း ဆီယန်ပန်းနဲ့ အင်တာဗျူးလုပ်ခဲ့တာဖြစ်ပြီး အဲဒီအင်တာဗျူးကို စနေနေ့က Rolling Stone မှာ ထုတ်လွှင့်ခဲ့ပါတယ်။

    ဒီအင်တာဗျူးမှာ အလ်ချာပိုက သူဟာ လှိုဏ်ခေါင်းအင်ဂျင်နီယာပညာရှင်တွေကို ဂျာမနီကိုလွှတ်ပြီး လေ့ကျင့်စေခဲ့ကာ နောက်ပိုင်းမှာ ၁.၅ ကီလိုမီတာရှိတဲ့ မြေအောက်လှိုဏ်ခေါင်းကို ဖောက်ခိုင်းခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    အင်ဂျင်နီယာတွေဟာ မြေအောက်ရေကြောရဲ့ ဘေးမှာ လှိုဏ်ခေါင်းကို အန္တရာယ်ကင်းအောင် ဘယ်လိုဖောက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာခဲ့ကြတာဖြစ်ပါတယ်။

    အဲဒီအင်တာဗျူးမှာ ကျေးလက်မြင်ကွင်းကို နောက်ခံပြုကာ ရောင်စုံရှပ်အင်္ကျီကိုဝတ်ပြီး ကပ်ဦးထုပ်ဆောင်းထားတဲ့ အလ်ချာပိုကိုလည်း ပြသခဲ့ပါတယ်။ ရှောင်ပင်းကတော့ ဒီအင်တာဗျူးဟာ သံတိုင်တွေရဲ့အပြင်ဘက်မှာ အလ်ချာပိုရဲ့ ပထမဆုံးအင်တာဗျူးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မူးယစ်ရာဇာ အလ်ချာပိုက သူဟာ ကမ္ဘာပေါ်မှာ ဟီးရိုးအင်း၊ စိတ်ကြွဆေးပြား၊ ကိုးကင်းနဲ့ ဆေးခြောက်တွေကို အများဆုံး ရောင်းချပေးနိုင်တဲ့သူဆိုပြီး အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။ ပြီးတော့ သူဟာ ရေငုပ်သင်္ဘောတွေ၊ လေယာဉ်ပျံတွေ၊ ထရပ်ကားတွေ၊ သင်္ဘောတွေနဲ့ သူ့ရဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    အဲဒီအင်တာဗျူးကို မက္ကဆီကိုမင်းသမီး ကိတ် ဒဲလ် ကတ်စ်တီလိုက ပွဲစားလုပ် စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ သူမဟာ ဒေသတွင်းက ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ မူးယစ်ဘုရင်မအဖြစ် သရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

    မက္ကဆီကိုအာဏာပိုင်တွေကတော့ အဲဒီအင်တာဗျူး ရုပ်သံကို ရရှိခဲ့ပြီးတဲ့နောက် စောင့်ကြည့်မှုတွေပြုလုပ်ကာ သူရဲ့ဇာတိပြည်နယ်ဖြစ်တဲ့ ဆီနာအိုလာမှာ သောကြာနေ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ တစ်လတာ ထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ မက္ကဆီကိုအာဏာပိုင်တွေက မူးယစ်ရာဇာဟာ သူတို့စောင့်ကြည့်နေတဲ့ အိမ်မှာ ရှိနေတယ်ဆိုတာကို ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့တွေမှာ သိရှိခဲ့တာပါ။

    သောကြာနေ့မှာတော့ မရိန်းတပ်ဖွဲ့ဝင်တွေဟာ အလ်ချာပိုဖမ်းဖို့ စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး စစ်ဆင်ရေးအတွင်းမှာ ပစ်ခတ်မှုတွေဖြစ်ကာ အလ်ချာပိုရဲ့ တပည့်ငါးယောက် သေဆုံးခဲ့ပါတယ်။ အခြား ၆ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး မရိန်းတပ်သားတစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မက္ကဆီကို စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    အလ်ချာပိုကတော့ ရေဆိုးမြောင်းကနေ ထွက်ပြေးလွတ်မြောက်သွားပြီး အဝေးပြေးလမ်းမှာ ကားနဲ့ထွက်ပြေးစဉ်အတွင်း ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

    မက္ကဆီကိုအာဏာပိုင်တွေကတော့ မကောင်းသတင်းနဲ့ကျော်ကြားတဲ့ ဒီဘိန်းဘုရင်ကို အမေရိကန်ကို လွှဲပြောင်းပေးအပ်ဖို့ စီစဉ်နေပါတယ်။ အလ်ချာပိုဟာ မက္ကဆီကိုအကျဉ်းထောင်ကနေ ၂ ကြိမ်တိုင်တိုင် လွတ်မြောက်ခဲ့သူဖြစ်ပြီး အမေရိကန်မှာ မူးယစ်မှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ခံရတော့မှာ ဖြစ်ပါတယ်။

    Ref: RT

  • ဇီဒိန်း၏ ပထမဆုံး ပွဲအကြိုစကားကို ရီးယဲလ်ဂိုးသမား ထုတ်ဖော်

    ဇီဒိန်း၏ ပထမဆုံး ပွဲအကြိုစကားကို ရီးယဲလ်ဂိုးသမား ထုတ်ဖော်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    ဖငိညေန

    – ဇီဒိန်းမှာ ၎င်း၏ ပထမဆုံးပွဲမတိုင်ခင် ကစားသမားများအား စိတ်လျော့ထားရန်နှင့် ပျော်ရွှင်စွာနေကြရန် ပြောကြားခဲ့ပြီး ထိုမှတ်ချက်များက အသင်းသားများအတွက် တန်ဖိုးမဖြတ်နိုင်ဟု ရီးယဲလ်ဂိုးသမား ကီလာနာဗက်စ်က ထုတ်ဖော်ပြောကြားခဲ့သည်။

    နည်းပြသစ်အဖြစ် ကိုင်တွယ်ပြီးနောက် ဘာနေဗျူးတွင် ဒီပို့တီဗိုအား ပထမဆုံး ဧည့်ခံကစားရသည့် ယမန်နေ့ လာလီဂါပွဲတွင် ဇီဒိန်းမှာ ရီးယဲလ်အား ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ဝေဖန်မှုများ ခံနေရသည့် ဂါရက်ဘေးလ်မှာလည်း ထိုပွဲတွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။ နာဗက်စ်ကမူ ကစားသမားများမှာ နည်းပြသစ်အပေါ် ယုံကြည်မှု ရှိလာခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

    “သူက ကျွန်တော်တို့ကို စိတ်လျော့ထားဖို့၊ အကောင်းဆုံးအားထုတ်ဖို့၊ တက်ကြွနေဖို့ ပြောခဲ့ပါတယ်။ အလုပ်တွေကောင်းကောင်းလုပ်နိုင်ဖို့အတွက် ယုံကြည်မှုရှိဖို့၊ လူတိုင်းအလုပ်တွေကို အကောင်းဆုံးနည်းလမ်းနဲ့ လုပ်နိုင်အောင် ကြိုးစားဖို့ ကျွန်တော်တို့ အမြဲတမ်းလိုအပ်ပါတယ်။ ဇီဒိန်းက မန်နေဂျာတစ်ယောက်ပြောရမယ့် စကားကို ယုံကြည်မှုအပြည့်နဲ့ ပြောခဲ့တယ်။ ကျွန်တော်လည်း အရေးကြီးတဲ့ clean sheet ရခဲ့ပါတယ်။ အသင်းအတွက် ကောင်းမွန်တဲ့ပွဲပါ” ဟု နာဗက်စ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal