Blog
-
မမလ ဌာနချုပ်မှ ကြီးမှူးတဲ့ (၁၉)ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲ (ဓါတ်ပုံသတင်း)
မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့ မမလ ဌာနချုပ်မှ ကြီးမှူး ကျင်းပသော (၁၉)ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။၎ လ တကြိမ် ပုံမှန်ပြုလုပ်တဲ့ ၄င်းသွေးလှူပွဲဒါန်းမှုတွင် လူမျိုး/ဘာသာပေါင်းစုံမှ သွေးအလှူရှင်များ ပါဝင်လှူဒါန်းကြတယ်လို့ သိရှိရပါတယ်။ဓါတ်ပုံ- မ.မ.လ ဌာနချူပ် -
ကာကွယ်ရေး၊ ကုန်သွယ်ရေးတို့တွင် မလေးရှားနှင့် အိန္ဒိယတို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
ဝင်ဘာ ၂၃၊ ၂၀၁၅
M-Media– အိန္ဒိယသမ္မတ မိုဒီနှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်တို့မှာ ယနေ့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှု၌ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲစေရန်အတွက် ကတိပြုခဲ့ကြသည်ဟု သိရသည်။
ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးမှာ ရေကြောင်းလုံးခြုံရေး တိုးမြှင့်မှုနှင့် သဘာဝ ဘေးအန္တရာယ် တုန့်ပြန်ဆောင်ရွက်မှုတို့ အပါအ၀င် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် ဆွေးနွေးခဲ့ကြသည်။
မိုဒီကမူ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို အဆင့်မြှင့်တင်ရန်၊ လေ့ကျင့်ရေးနှင့် ကာကွယ်ရေး လက်နက်ကိရိယာများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းစေရန်အတွက် SU-30 ဖိုရမ်ကို ကျင်းပရန် သဘောတူညီခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် မလေးရှားနှင့် အိန္ဒိယတို့မှာ ဆိုက်ဘာလုံခြုံရေးတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးတွင်လည်း မိမိတို့နှစ်နိုင်ငံမှာ သိသိသာသာ တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့် အိန္ဒိယ-အာဆီယံ သဘောတူညီချက်တို့ကို အပြည့်အ၀ အသုံးချနိုင်ရန် ရည်ရွယ်ထားကြောင်း မိုဒီက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Channelnewsasia
-
ဘတ်စကက်ဘော လက်ရွေးစင်ဟောင်း အဂျစ်ဘိုင်(ခ) ဦးခင်မောင် ကွယ်လွန်
နိုဝင်ဘာ ၂၃၊ ၂၀၁၅
M-Media
သတင်း-သီဟ
မြန်မာလက်ရွေးစင် ဘတ်စကက်ဘော လက်ရွေးစင်ဟောင်း အဂျစ်ဘိုင်(ခ) ဦးခင်မောင် အသက် (၇၀) နှစ် ဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ မန္တလေးမြို့မှာ ကွယ်လွန်သွားကြောင်း နှင့် ယင်းနေ့၌ပင် မန္တလေး အေးရိပ်ငြိမ် မွတ်စလင်မ် သုသာန် ဥယျာဉ်တော်တွင် မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြောင်း သိရပါတယ်။အဂျစ်ဘိုင်(ခ) ဦးခင်မောင် ကို ၁၉၄၅ ခုနှစ်မှာ မန္တလေးမြို့၌ ဦးဂျမီးလ်၊ ဒေါ်မြင့်တို့မှ မွေးဖွားခဲ့ပါတယ်။ မွေးချင်းလေးယောက် ရှိသည့် အနက်အကြီးသားဖြစ်ပြိး မန္တလေးမြို့ အ.ထ.က (၁) မှာ တက္ကသိုလ် ဝင်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။
ဘတ်စကက်ဘော ကစားရာတွင် ထူးချွန်၍ လက်ရွေးစင်ဖြစ်လာပြီး ၁၉၆၆ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ငါးကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
၁၉၆၇ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ကျင်းပခဲ့တဲ့ လေးကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ တတိယ ဆုရရှိခဲ့ပါတယ်။
၁၉၇၀ တွင် တရုတ်ပြည်သို့ ချစ်ကြည်ရေးပွဲ သွားရောက်ကစားခဲ့ပါတယ်။
မန္တလေးတိုင်း ဘတ်စကက်ဘောနည်းပြ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို အမှတ်(၄) အ.ထ.က ကျောင်းတွင်လည်း နည်းပြဆရာအဖြစ် တာဝန်ယူခဲ့ပါတယ်။
ကိုးကား- မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း
-
အမေရိကန်ပြည်ထောင်စု နယူးအော်လင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား
နိုဝင်ဘာ ၂၃၊ ၂၀၁၅
M-Media– အမေရိကန်ပြည်ထောင်စု နယူးအော်လင်းမြို့ရှိ Bunny Friend ပန်းခြံတွင် ယမန်နေ့က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ညနေ ၇ နာရီ ပါတီပွဲကျင်းပကာ သီချင်းအတွက် ဗီဒီယိုရိုက်နေသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့်အချိန်၌ ပန်းခြံအတွင်း လူပေါင်း ၅၀၀ ခန့် ရှိနေသည်။ သို့သော်လည်း ထိုပစ်ခတ်မှုတွင် လူသေဆုံးမှု မရှိခဲ့ပေ။
နယူးအော်လင်း ရဲတပ်ဖွဲ့ကမူ မျက်မြင်သက်သေများ၏ ပြောကြားမှုအရ အုပ်စုနှစ်ခုက တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်ကြသောကြာင့် ထိုပစ်ခတ်မှုမှာ လူဆိုးဂိုဏ်းများပါဝင်သည့် ပစ်ခတ်မှုဖြစ်မည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများကိုမူ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးထားသည်။
Ref: Channelnewsasia
-
ပလာတီနီမှာ ဖီဖာဥက္ကဌ ဖြစ်ခွင့်ရှိသည်ဟု ဘလတ္တာပြော
နိုဝင်ဘာ ၂၃၊ ၂၀၁၅
M-Media– ဖီဖာ၏ ဥက္ကဌရားထူးအတွက် မိုက်ကယ်ပလာတီနီက အခွင့်အရေး ရှိနေပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကျန်းမာရေး ချို့တဲ့မှုတွင် မိမိအနေဖြင့် သေလုနီးနီး ဖြစ်ခဲ့သည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။
၎င်းတို့နှစ်ဦးစလုံးကို ငွေကြေးအရှုပ်အရှင်း ပြဿနာကြောင့် ဖီဖာက ရက်ပေါင်း ၉၀ ရာထူးမှ ဆိုင်းငံ့ထားပြီး ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကိုလည်း ဖီဖာကျင့်ဝတ်ကော်မတီက အဆုံးသတ်နိုင်ခဲ့ကာ ဘလတ္တာနှင့် ပလာတီနီတို့မှာ နှစ်ရှည် အနားပေးခံရဖွယ် ရှိနေသည်။ ထိုစွပ်စွဲချက်များကို နှစ်ဦးစလုံးက ငြင်းဆိုထားသည်။
“ပလာတီနီက လူရိုးတစ်ယောက်ပါ။ တကယ်လို့ သူပြန်လာရင် သူဟာ ရွေးချယ်ခံရမှာပါ။ သူပြန်လာရင်လည်း ကျွန်တော်လည်း ဘောလုံးလောကထဲ ပြန်ဝင်လာမှာပါ” ဟု ဘလတ္တာက RTS နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အသက် ၇၉ နှစ်အရွယ် ပလာတီနီမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျန်းမာရေးအခြေအနေ ဆိုးရွားလာသောကြောင့် ဆေးရုံတက်ခဲ့ရသည်။
“ကျွန်တော် သေလုနီးနီး ဖြစ်ခဲ့ပါတယ်။ သီချင်းဆိုနေတဲ့ ကောင်းကင်တမန်တွေ၊ မီးတောက်မီးလျှံတွေနဲ့ မကောင်းဆိုးဝါးတွေကို ကျွန်တော် တွေ့ခဲ့ရပါတယ်”
Ref:Goal