နိုဝင်ဘာ ၂၇၊ ၂၀၁၅
M-Media
– ယခုလအစောပိုင်းက မာလီနိုင်ငံ မြို့တော် ဘာမာကိုရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုကို ၀င်ရောက်စီးနင်းကာ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ ၂ ဦးကို ဖမ်းဆီးလိုက်သည်ဟု မာလီ လုံခြုံရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
သို့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုကမူ တိုက်ခိုက်သူတစ်ဦး၏ မိုဘိုင်းဖုန်းများမှ ရရှိသော အချက်အလက်များကို အခြေခံကာ အဆိုပါသံသယရှိသူများကို စစ်ကြောရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။
၎င်းတို့ထဲမှတစ်ဦးမှာ တိုက်ခိုက်သူများနှင့် သြဂုတ်လကတည်းက အဆက်အသွယ်ရှိပြီး အခြားတစ်ဦးကမူ ဖုန်းငွေဖြည့်ပေးခဲ့သည်ဟု သိရသည်။ ဧည်သည့်ပေါင်း ၁၇၀ ခန့်ကို ဓားစာခံလုပ်ကာ စီးနင်းခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း နိုင်ငံခြားသား ၁၄ ဦး၊ တိုက်ခိုက်သူ ၂ ဦးတို့ အပါအ၀င် လူပေါင်း ၂၀ သေဆုံးခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.