News @ M-Media

ရူနီကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်

နိုဝင်ဘာ ၂၆၊ ၂၀၁၅
M-Media

rooney

– အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရသည့် မန်ယူတိုက်စစ်မှူး ရူနီမှာ ခေါင်းဆောင်မှုစွမ်းရည်မရှိဟု အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ရှုတ်ချလိုက်ပြီး WWE နပန်းပွဲတွင် နပန်းသမားအား ပါးရိုက်ခဲ့သည့်အတွက်လည်း ဝေဖန်လိုက်သည်။

ယနေ့မနက်တွင် ပီအက်စ်ဗီအသင်းအား ဂိုးမရှိသရေ ကျခဲ့ပြီးနောက် ဗန်ဂါးလ်၏မန်ယူမှာ အုပ်စုအဆင့်မှ တက်ရေးအတွက် မသေချာတော့ပေ။ ရူနီမှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ မန်ယူအတွက် နောက်ဆုံးကစားခဲ့သည့် ၁၀ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။

“၀ိန်းဟာ စိတ်တည်ငြိမ်မှုမရှိသလို၊ ခေါင်းဆောင်မှု အရည်အချင်းလည်း မရှိပါဘူး။ ဒါပေမယ့် သူတစ်ယောက်တည်း အပြစ်ရှိတာတော့ မဟုတ်ပါဘူး။ အိုးထရက်ဖို့ဒ်မှာ ၀ိန်းရဲ့ သမိုင်းကိုကြည့်ရင်တော့ မယုံနိုင်စရာပါပဲ။ ဂိုးသွင်းနှုန်းကလည်း သိပ်ကောင်းပါတယ်။ ဒါပေမယ့် အခုတော့ သူက အသင်းခေါင်းဆောင်ဖြစ်နေပြီး တာဝန်ခံနိုင်မှု ပိုရှိရပါမယ်။ ပြီးတော့ သူဟာ တော်တော်လေး ပိုလုပ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ကိန်းက ပြောကြားခဲ့သည်။

ထို့ပြင် နပန်းသမားတစ်ဦးအား ပါးရိုက်မှုနှင့် ပတ်သက်၍လည်း ရွိုင်ကိန်းက “ကွင်းပြင်ပမှာ ဘာတွေလုပ်လဲ ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် ကစားသမားအချို့ကိုလောက်ပဲ မေးခွန်းထုတ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က သူ (ရူနီ) ဟာ နပန်းသမားတစ်ယောက်ပို ပါးရိုက်လိုက်တယ်။ ‘ဘာ့ကြောင့် သူ ဒီလို အဓိပ္ပါယ်မရှိတဲ့အလုပ်တွေလုပ်လဲ’ ဆိုပြီး ကျွန်တော် စဉ်းစားပါတယ်။ သူ့အတွက် ဘာမှ အကျိုးမရှိဘူးလေ” ဟု ဝေဖန်ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply