နိုဝင်ဘာ ၂၃၊ ၂၀၁၅
M-Media
– ယခုနှစ် အွမ္မရာဟ် ဘုရားဖူးရာသီအတွက် ပထမဆုံးအုပ်စုမှာ မလေးရှားနိုင်ငံမှ မဒီနာရှိ မင်းသား မိုဟာမက် ဘင် အဘ်ဒူလ်အဇစ်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်ဟု ဆော်ဒီ ဟဂ်ျရေးရာဝန်ကြီး ဘန်ဒါ ဟဂ်ျဂျာရ်က ပြောကြားလိုက်သည်။
အွမ္မရာဟ်ပြုရန် လာရောက်ကြသူများအတွက် နည်းပညာပိုင်းမှအစ အစစအရာရာ အဆင်ပြေအောင် ဆောင်ရွက်ထားပြီး၊ ၀န်ဆောင်မှုများကိုလည်း လုံလုံလောက်လောက် စီစဉ်ထားသည်ဟု ဟဂ်ျဂျာရ်က ထည့်သွင်း ပြောကြားခဲ့သည်။
ယခုနှစ် အွမ္မရာဟ်ရာသီမှာ ယခုလမှစတင်ကာ လာမည့်နှစ် ဇူလိုင်လတွင် ကုန်ဆုံးမည်ဖြစ်သည်။ ဆော်ဒီကမူ ယခုနှစ်အတွက် အွမ္မရာဟ်အစီအစဉ်ကို ပြည့်စုံကောင်းမွန်အောင် အစီအစဉ်စွဲထားပြီး အွမ္မရာလာရောက်နိုင်မည့် အရေအတွက်ကိုလည်း တိုးမြှင့်ပေးထားသည်။ ပြီးခဲ့သည့်နှစ် အွမ္မရာဟ် ရာသီတွင် ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူးခရီးသည် စုစုပေါင်း ၆ သန်းခန့် လာရောက်ခဲ့ကြသည်။
လက်ရှိအချိန်တွင် ဆော်ဒီ၏ ဟဂ်ျနှင့် အွမ္မရာဟ် ခရီးစဉ်အတွက် နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၁ ခု အေးဂျင့်ပေါင်း ၃၅၀၀ ခန့်ဖြင့် ၀န်ဆောင်မှုများ ပြုလုပ်ပေးနေသည်။
Ref: Arabnews
















