နိုဝင်ဘာ ၂၃၊ ၂၀၁၅
M-Media
– အမေရိကန်ပြည်ထောင်စု နယူးအော်လင်းမြို့ရှိ Bunny Friend ပန်းခြံတွင် ယမန်နေ့က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ညနေ ၇ နာရီ ပါတီပွဲကျင်းပကာ သီချင်းအတွက် ဗီဒီယိုရိုက်နေသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့်အချိန်၌ ပန်းခြံအတွင်း လူပေါင်း ၅၀၀ ခန့် ရှိနေသည်။ သို့သော်လည်း ထိုပစ်ခတ်မှုတွင် လူသေဆုံးမှု မရှိခဲ့ပေ။
နယူးအော်လင်း ရဲတပ်ဖွဲ့ကမူ မျက်မြင်သက်သေများ၏ ပြောကြားမှုအရ အုပ်စုနှစ်ခုက တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်ကြသောကြာင့် ထိုပစ်ခတ်မှုမှာ လူဆိုးဂိုဏ်းများပါဝင်သည့် ပစ်ခတ်မှုဖြစ်မည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများကိုမူ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးထားသည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.