ဝင်ဘာ ၂၃၊ ၂၀၁၅
M-Media
– အိန္ဒိယသမ္မတ မိုဒီနှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်တို့မှာ ယနေ့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှု၌ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲစေရန်အတွက် ကတိပြုခဲ့ကြသည်ဟု သိရသည်။
ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးမှာ ရေကြောင်းလုံးခြုံရေး တိုးမြှင့်မှုနှင့် သဘာဝ ဘေးအန္တရာယ် တုန့်ပြန်ဆောင်ရွက်မှုတို့ အပါအ၀င် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် ဆွေးနွေးခဲ့ကြသည်။
မိုဒီကမူ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို အဆင့်မြှင့်တင်ရန်၊ လေ့ကျင့်ရေးနှင့် ကာကွယ်ရေး လက်နက်ကိရိယာများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းစေရန်အတွက် SU-30 ဖိုရမ်ကို ကျင်းပရန် သဘောတူညီခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် မလေးရှားနှင့် အိန္ဒိယတို့မှာ ဆိုက်ဘာလုံခြုံရေးတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးတွင်လည်း မိမိတို့နှစ်နိုင်ငံမှာ သိသိသာသာ တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့် အိန္ဒိယ-အာဆီယံ သဘောတူညီချက်တို့ကို အပြည့်အ၀ အသုံးချနိုင်ရန် ရည်ရွယ်ထားကြောင်း မိုဒီက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.