News @ M-Media

Blog

  • ယခုနှစ် Ballon d’Or ဆုကို မက်ဆီရမည်ဟု ရော်နယ်ဒိုပြော

    ယခုနှစ် Ballon d’Or ဆုကို မက်ဆီရမည်ဟု ရော်နယ်ဒိုပြော

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    rnal

    – ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီသာ ရရှိမည်ဟု ခရစ္စတီယာနို ရော်နယ်ဒိုက ၀န်ခံပြောကြားလိုက်ပြီး မိမိအနေဖြင့် အနာဂတ်တွင် ထိုဆုအား ရယူနိုင်ရန် ယုံကြည်ချက်ရှိနေသည်ဟု ဆိုသည်။

    ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ ကြိမ်စလုံး ထိုဆုကို ရရှိခဲ့ပြီး ယမန်နှစ်ဘောလုံးရာသီက ခြေစွမ်းပြကာ ဘာစီလိုနာအသင်းနှင့် ဖလား ၃ လုံးရရှိခဲ့သည့် မက်ဆီက ၂၀၁၅ Ballon d’Or ဆုအတွက် ရော်နယ်ဒိုထက် ပို၍ ရေပန်းစားနေသည်။

    “ဒီလိုဆုမျိုးဟာ မဲအရေအတွက်ပေါ်မှာ မူတည်ပြီး၊ မက်ဆီကလည်း အောင်ပွဲအလီလီ ရယူထားနိုင်ပါတယ်။ သူဟာ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေကိုလည်း ရရှိထားပါတယ်။ တစ်ဦးချင်း စွမ်းဆောင်ရည်အရဆိုရင်တော့ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ အကောင်းဆုံးရာသီကို ကျွန်တော် ရရှိခဲ့ပါတယ်။ ဥရောပမှာလည်း ဂိုးအများဆုံးသွင်းသူ ဖြစ်ထားပါတယ်။ ကျွန်တော်တို့ ၂ ယောက်စလုံးဟာ ပြီးခဲ့တဲ့ ၈ နှစ်လုံးလုံး ဖီဖာရဲ့ ဒီဆုမှာ လွှမ်းမိုးထားပါတယ်။ အရင်က ဘယ်သူမှ ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့သာ ရှိတာပါ။ ဒါကြောင့် ဒါဟာ ကောင်းပါတယ်။ ကျွန်တော်ဟာ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်းရှိပါတယ်။ ငယ်ပေါင်းကြီးဖော်တွေ မဟုတ်ပေမယ့် ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုတော့ ရှိပါတယ်” ဟု ရော်နယ်ဒိုက
    ပြောကြားခဲ့သည်။

    Ref: Goal

  • လက်ဘနွန်တွင် IS က အသေခံ ဗုံးခွဲမှုများ ပြုလုပ်

    လက်ဘနွန်တွင် IS က အသေခံ ဗုံးခွဲမှုများ ပြုလုပ်

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    lebanon

    – လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ် တောင်ဘက်ရှိ ရှီအာအများစု နေထိုင်ရာဒေသတွင် ယမန်နေ့က အသေခံဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး IS အဖွဲ့က ၎င်းတို့လက်ချက်ဟု ပြောကြားလိုက်သည်။

    လူစည်ကားနေသည့်အချိန်တွင် ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုများကြောင့် အနည်းဆုံး ၄၃ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဗုံးပေါက်ကွဲခဲ့သည့် ဘာ့ဂ်ျ အလ်-ဘာရာဂျန်ဒေသမှာ ဈေးဆိုင်များနှင့် ကော်ဖီဆိုင်များဖြင့် စည်ကားသော နေရာဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ခဲ့သည်။

    လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့မှာ ဆီးရီးယားတွင် IS အဖွဲ့အား တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ယခုဗုံးပေါက်ကွဲမှုမှာ ၎င်းတို့အဖွဲ့အား IS က သတိပေးခြင်းဖြစ်သည်ဟု ဆန်းစစ်သူများက ပြောကြားခဲ့သည်။ ဟစ်ဇ်ဘိုဘာကလည်း မိမိတို့အနေဖြင့် အကြမ်းဖက်သမားများကို ဆက်လက် ဆန့်ကျင် တိုက်ခိုက်သွားမည်ဟု
    ပြောကြားခဲ့သည်။

    Ref: Aljazeera

  • NLD အစိုးရ ဖွဲ့နိုင်ပြီ။

    NLD အစိုးရ ဖွဲ့နိုင်ပြီ။

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၅
    M-Media
    .12112015_2100
    ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့ ည ၉ နာရီတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ စာရင်း ကြေငြာ အပြီးမှာတော့ NLD ပါတီဟာ အစိုးရ ဖွဲ့ နိုင်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်အရေ အတွက် ရာနှုန်းပြည့် နီးပါးရရှိသွားပြီဖြစ်ပါတယ်

    သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ဖို့ အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၅ ဦး ၏ ထက်ဝက် ၃၂၇.၅ ယောက် လိုအပ်မှာ ဖြစ်ပါတယ်။ ယခု ပြည်သူ့လွှတ်တော် ၂၁၇ ဥိး နှင့် အမျိုးသား လွှတ်တော် ၁၁၀ ဦး ၊ ပေါင်း ၃၂၇ ဦး ရရှိနေပြီ ဖြစ်သဖြင့် NLD ပါတီ အနေဖြင့် မိမိတို့ ထောက်ခံ သမ္မတ ကို ရွေးချယ်နိုင်ပြီး ၊အစိုးရဖွဲ့ ဖို့ ရာနှုန်းပြည့် နီးပါး သေချာသွားပြီဖြစ်ပါတယ်။

    * အမျိုးသား လွှတ်တော် နှင့် ပြည်သူလွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ ဦးရှိပြီး ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ် ၉ ခု ရှိသည့် အတွက် ပြည်ထောင်စုလွှတ်တော် အမတ် ၆၅၅ ဦးသာ ရှိမှာဖြစ်ပါတယ်။

    တပ်မတော်သား ကိုယ်စားလှယ်များမှာ လွှတ်တော်များတွင် ၂၅% အဖြစ် ပြည်သူလွှတ်တော် ၁၁၀ နေရာ နှင့် အမျိုးသားလွှတ်တော်တွင် ၅၆ နေရာ အလိုအလျောက် ပါဝင်ခွင့်ရရှိထားပါတယ်။

  • ပါရာဂွေးတွင် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ဖွင့်လှစ်

    ပါရာဂွေးတွင် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ဖွင့်လှစ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    paraguay

    – လက်တင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ပါရာဂွေးနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Ciudad del Este တွင် အကြီးဆုံး ဗလီဝတ်ကျောင်းတော်တစ်ခုကို နိုဝင်ဘာ ၉ ရက် တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပြီး ပါရာဂွေးသမ္မတ ဟိုရာဇာစီယို မန်နျူယဲလ် ကာတက်စ် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

    အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံရေးသမားများနှင့် နိုင်ငံရပ်ခြားမှ သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။ Al-Khulafa Al-Rashidin အစ္စလာမ့်စင်တာ အလယ်တွင် ဆောက်လုပ်ထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ကန်ဒေါ်လာ ၁ သန်းခန့် ကုန်ကျခဲ့သည်။

    ပါရာဂွေးနိုင်ငံ၏ ၁၉၉၂ အခြေခံဥပဒေအရ နိုင်ငံတစ်ဝှမ်းတွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး ၇ သန်းသောလူဦးရေတွင် ခရစ်ယာန်ကက်သလစ်ဘာသာဝင် အများစုဖြစ်ကာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၀.၀၂ ရာခိုနှုန်း ရှိသည်။

    Ref: IINA News

  • နိုင်ဝင်ဘာ ၁၂ ရက်နေ့တွင် UEC မှ ကြေငြာသည့် ရွေးကောက်ပွဲ အနိုင်ရသူများ စာရင်း

    နိုင်ဝင်ဘာ ၁၂ ရက်နေ့တွင် UEC မှ ကြေငြာသည့် ရွေးကောက်ပွဲ အနိုင်ရသူများ စာရင်း

    ည ၉ နာရီတွင် ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များစာရင်း
    ==================
    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    n 1

    – နိုဝင်ဘာ ၉ ရက်နေ့ ည ၉ နာရီမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ဟာ ပြည်သူ့လွှတ်တော်နေရာ ၃၁ နေရာနဲ့ အမျိုးသားလွှတ်တော်နေရာ ၁၇ နေရာတို့အတွက် အနိုင်ရစာရင်းများကို ကြေငြာခဲ့ပါတယ်။

    ပြည်သူ့လွှတ်တော်

    ပြည်သူ့လွှတ်တော်နေရာတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၁ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၅ ဦး၊ တအောင်း(ပလောင်) အမျိုးသားပါတီမှ ၂ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ၁ ဦး၊ လီဆူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ၁ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၁ ဦးတို့က အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

    အမျိုးသားလွှတ်တော်

    အမျိုးသားလွှတ်တော် နေရာတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး အနိုင်ရရှိခဲ့ပါတယ်။

    နိုဝင်ဘာ ၁၂ ရက်နေ့ စုစုပေါင်း

    နိုဝင်ဘာ ၁၂ ရက်နေ့အတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာခဲ့တဲ့ အနိုင်ရရှိသူ ကိုယ်စားလှယ် အရေအတွက်ကတော့ ပြည်သူ့လွှတ်တော်အတွက် ၅၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၅၀ ဦးနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် ၁၆၆ ဦးတို့ ဖြစ်ပါတယ်။

    ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ UEC မှ ယခုအချိန်ထိ အနိုင်ရရှိသည့်စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ပြည်သူ့လွှတ်တော် (၂၇၄) နေရာ
    —————————–
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် – ၂၁၇ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ – ၂၈ ဦး ၊
    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) – ၁၂ ဦး
    ရခိုင်အမျိုးသားပါတီ – ၄ ဦး
    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ – ၃ ဦး
    ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ၂ ဦး
    ဝ ဒီမိုကရက်တစ်ပါတီ – ၁ ဦး
    ကချင်ပြည်နယ် ဒီမိုကရေစီပါတီ – ၁ ဦး
    ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ – ၁ ဦး
    တအောင်း(ပလောင်) အမျိုးသားပါတီ – ၃ ဦး
    လီဆူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) – ၁ ဦး
    တစ်သီးပုဂ္ဂလ ၁ ဦး

    အမျိုးသားလွှတ်တော် (၁၃၁) နေရာ၊
    ————————————-
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၁၁၀ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ – ၁၂ ဦး ၊
    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ၃ ဦး
    ရခိုင်အမျိုးသားပါတီ – ၂ ဦး
    မွန်အမျိုးသားပါတီ – ၁ ဦး
    ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ၁ ဦး
    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ – ၁ ဦး
    တစ်အောင်း(ပလောင်) အမျိုးသားပါတီ – ၁ ဦး
    တစ်သီးပုဂ္ဂလ ၁ ဦး၊
    ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ၁ ဦး
    .
    တိုင်း/ပြည်နယ် လွှတ်တော် (၄၉၄) နေရာတွင်
    —————————-
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) – ၃၈၂ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၅၄ ဦး ၊
    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၂၆ ဦး
    တစ်အောင်း(ပလောင်) အမျိုးသားပါတီ – ၆ ဦး
    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ – ၆ ဦး
    ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ၃ ဦး၊
    ရခိုင်အမျိုးသားပါတီ – ၃ ဦး
    ၀ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ – ၁ ဦး
    ဝ ဒီမိုကရက်တစ်ပါတီ – ၂ ဦး
    ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ၂ ဦး
    မွန်အမျိုးသားပါတီ – ၂ ဦး
    ကရင်ပြည်သူ့ပါတီ – ၁ ဦး
    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ – ၁
    ဒီမိုကရက်တစ်ပါတီ (မြန်မာ) – ၁ ဦး
    ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ – ၁ ဦး
    လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ – ၁ ဦး
    စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) – ၁ ဦး
    တစ်သီးပုဂ္ဂလ – ၁ ဦးတို့ ဖြစ်ပါတယ်။