နိုဝင်ဘာ ၁၆၊ ၂၀၁၅
M-Media
– ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်မှာ ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားသို့ သွားရောက်မည်ဟု တောင်ကိုရီးယားရှိ Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
တောင်ကိုရီးယား နိုင်ငံသားတစ်ဦးဖြစ်သော ဘန်မှာ ယခုနှစ် အစောပိုင်းကတည်းက ပြုံးယမ်သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း မြောက်ကိုရီးယားက နောက်ဆုံးအချိန်မှ အကြောင်းပြချက်မရှိဘဲ ခရီးစဉ်အား သဘောတူထားမှုကို ရုပ်သိမ်းခဲ့သည်။
ယခုသွားရောက်မှုမှာ ကိုရီးယားကျွန်းဆွယ်အတွင်း ရှိနေသည့် ပြဿနာများကို ဖြေရှင်းရေး သိသာသည့် လမ်းကြောင်းတစ်ခုကို ပေးရန်ဖြစ်သော်လည်း ဘန်ကီမွန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံရန် မဖြစ်နိုင်ဟု ရင်းမြစ်တစ်ခုက Yonhap သတင်းဌာနသို့ ပြောကြားခဲ့သည်။
ကုလ၏ စုံစမ်စစ်ဆေးမှုများအရ မြောက်ကိုရီးယားနိုင်ငံ၌ နာဇီတို့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် နှိုင်းယှဉ်၍ရသည့် ကျူးလွန်မှုများကြောင့် မြောက်ကိုရီးယားအား နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ လွှဲပြောင်း တရားစွဲဆိုရေးအတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ပြုလုပ်ခဲ့သည့် ကုလ၏ အထွေထွေညီလာခံတွင် လုံခြုံရေးကောင်စီအား တိုက်တွန်းခဲ့သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.