News @ M-Media

Blog

  • အင်္ဂလန်သို့ ပြန်လာချင်သည်ဟု အန်ဆယ်လော့တီပြော

    အင်္ဂလန်သို့ ပြန်လာချင်သည်ဟု အန်ဆယ်လော့တီပြော

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    real

    – မိမိအနေဖြင့် အင်္ဂလန်သို့ ပြန်လည်လာရောက်၍ နည်းပြချင်သည်ဟု ရီးယဲနည်းပြဟောင်း အန်ဆယ်လော့တီက ပြောကြားလိုက်ပြီး အောက်တိုဘာလက လီဗာပူးလ်အသင်းနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်ဆိုသော သတင်းကိုမူ ငြင်းဆိုခဲ့သည်။

    ချယ်ဆီးနည်းပြဟောင်း ဖြစ်ခဲ့ပြီး ၂၀၁၄-၁၅ ဘောလုံးရာသီအကုန်တွင် ရီးယဲလ်မှ အထုတ်ခံခဲ့ရသည့် အန်ဆယ်လော့တီမှာ လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည်။ ၎င်းအား အသင်းဟောင်း အေစီမီလန်က ကမ်းလှမ်းခဲ့ဖူးပြီး၊ လီဗာပူးလ်သို့ နည်းယာဂန်ကလော့ပ် မရောက်လာခင် ၎င်းအား ဆက်သွယ်ခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

    “ကျွန်တော် အင်္ဂလန်ကို ပြန်လာချင်ပါတယ်။ အဲဒီက ဘောလုံးလောကကို ကျွန်တော်ကြိုက်တယ်။ လန်ဒန်မှာလည်း ကျွန်တော့်အိမ်တစ်လုံး ရှိပါတယ်။ အင်္ဂလန်နဲ့ဥရောပမှာ ပြိုင်ဆိုင်နိုင်တဲ့ အသင်းမျိုးကို ကျွန်တော် နည်းပြချင်ပါတယ်။ လီဗာပူးလ်က အသင်းကောင်းတစ်သင်းဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် သူတို့နဲ့တော့ ကျွန်တော် စကားမပြောခဲ့ပါဘူး။ တကယ်လို့ ပြောဖြစ်ခဲ့မယ်ဆိုရင်လည်း ခေါင်းညိတ်မိမှာပါပဲ။ ဒါပေမယ့် ပြောကို မပြောဖြစ်ခဲ့တာပါ” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    Ref: Goal

  • မိုဒီ၏ ဗြိတိန်ခရီးစဉ်တွင် ဘီလီယံချီတန်ဖိုးရှိ သဘောတူစာချုပ်များ လက်မှတ်ထိုးမည်

    မိုဒီ၏ ဗြိတိန်ခရီးစဉ်တွင် ဘီလီယံချီတန်ဖိုးရှိ သဘောတူစာချုပ်များ လက်မှတ်ထိုးမည်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၏ ယနေ့တွင်စတင်မည့် ဗြိတိန်သို့ ၃ ရက်တာ အလည်အပတ်ခရီးတွင် အိန္ဒိယစစ်တပ်အတွက် BAE Systems Hawk လေ့ကျင့်ရေး ဂျက်လေယာဉ်များ ၀ယ်ယူခြင်းအပါဝင် ကန်ဒေါ်လာ ဘီလီယံနှင့်ချီသည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် ရှိနေသည်ဟု သိရသည်။

    မိုဒီ၏ ထိုခရီးစဉ်မှာ ၁၀ နှစ်နီးပါးကာလအတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ဗြိတိန်လွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကာ ဘုရင်မကြီးနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ ဂူဂျာရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် မိုဒီတာဝန်ယူစဉ် ၂၀၀၂ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး လူ ၁၀၀၀ ကျော် သေဆုံးခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုအတွက် လွန်ခဲ့သည့် ၃ နှစ်အထိ မိုဒီမှာ ဗြိတိန်သို့ လာရောက်ခွင့် ပိတ်ပင်ခံထားရသူဖြစ်သည်။

    အိန္ဒိယမှာ ကမ္ဘာပေါ်တွင် န၀မမြောက် စီးပွားရေး အကြီးဆုံး နိုင်ငံဖြစ်ပြီး ဗြိတိန်မှာမူ ပဉ္စမမြောက် စီးပွားရေးအကြီးဆုံး နိုင်ငံဖြစ်သည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးပြဿနာပြီးနောက်ပိုင်း ဗြိတိန်၏ စီးပွားရေး ကျဆင်းမှုအား တွန်းလှန်ရန်အတွက် ဗြိတိန်အစိုးရမှာ နိုင်ငံရပ်ခြားနှင့် ကုန်သွယ်ရေးကို တိုးမြှင့်ရန် ကြိုးစားနေသည်။

    ဗြိတိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း ယခုနှစ်တွင် အိန္ဒိယနှင့် ကုန်သွယ်ရေးအား ၂ ဆတိုးမည်ဟု ၂၀၁၀ ခုနှစ်က ကတိပြုထားသည်။ ထို့ပြင် အိန္ဒိယသို့ ၃ ကြိမ်တိုင်တိုင် သွားရောက်ခဲ့သည်။

    Ref: Channelnewsasia

  • အပြောကြီးသည့်ပြိုင်ဘက်အား အလဲထိုးမည့် ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ

    အပြောကြီးသည့်ပြိုင်ဘက်အား အလဲထိုးမည့် ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    bos
    ကလစ်ရှ်ကို (၀ဲ) နှင့် ဖျူရီ (ယာ)

    – မိမိအနေဖြင့် တိုင်ဆန်ဖျူရီအား အလဲထိုးသွားမည်ဖြစ်ပြီး ဖျူရီကို ဒေးဗစ်ဟေးနှင့် အန်သိုနီ ဂျိုရှူဝါတို့ပင် အလဲထိုးနိုင်သည်ဟု ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုက ပြောကြားလိုက်သည်။

    ယူကရိန်းလက်ဝှေ့ကျော် ကလစ်ရှ်ကိုနှင့် စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့သမား ဖျူရီတို့မှာ ယခုလ ၂၈ ရက်နေ့တွင် ဂျာမနီနိုင်ငံ ဒက်ဆဲလ်ဒေါ့ဖ်တွင် ထိုးသတ်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ ပွဲအတွက် စက်တင်ဘာလက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ် ဖျူရီမှာ ကလစ်ရှ်ကိုအား ရိသဲ့သဲ့စကားများ ပြောခဲ့ပြီး နောက်ပိုင်းတွင် ဆိုရှယ်မီဒီယာကပင် မခံချင်အောင် စကားနာ ထိုးခဲ့သည်။

    “ဒေးဗစ်ဟေးနဲ့ ဖျူရီ ထိုးဖြစ်ရင် ဒေးဗစ်ဟေးက အလဲထိုးနိုင်မှာပါ။ အန်သိုနီဂျိုရှူဝါကလည်း သူ့ကို အလဲထိုးနိုင်မှာပါ။ ဒက်ဆဲလ်ဒေါ့ဖ်မှာ ကျွန်တော်အလဲထိုးမယ့် ပွဲလိုမျိုးပေါ့” ဟု လစ်ရှ်ကိုက ပြောကြားခဲ့သည်။

    ဖျူရီ၏ စကားနာထိုးမှုနှင့် ပတ်သက်၍လည်း ၎င်းက “Twitter မှာ ကျွန်တော်သူ့ကို မတုန့်ပြန်ပါဘူး။ အချိန်ကုန်ပါတယ်။ ဒါပေမယ့် ကျွန်တော်နည်းနည်းတော့ ပြောချင်ပါတယ်။ သူက သူ့လို ၂၇ နှစ်အရွယ် လူငယ်တစ်ယောက်ဟာ (ကျွန်တော့်လို) လူအိုတစ်ယောက်ကို ဘယ်တော့မှ မရှုံးဘူးလို့ ပြောတယ်။ ဒါဆို ဘာ့ကြောင့် အသည်းအသန် လေ့ကျင့်နေရတာလဲ။ အပြောနဲ့အလုပ်က တစ်ခြားစီဖြစ်နေတယ်။ တစ်ခါတစ်လေကျရင် သူက ကျွန်တော့်ကို အားကျတယ်ပြောတယ်။ ဟော – နောက်ကျတော့ ကျွန်တော်ဟာ
    အသုံးမကျဘူးလို့ ပြောပြန်တယ်။ အဓိပ္ပါယ်ကို မရှိပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dialymail

  • ဂျူးဘုရားကျောင်းနှင့် လူမည်းခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲကာ သတ်ဖြတ်ရန် ကြံစည်သူ လူဖြူအစွန်းရောက်များကို အမေရိကန်ဖမ်းဆီး

    ဂျူးဘုရားကျောင်းနှင့် လူမည်းခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲကာ သတ်ဖြတ်ရန် ကြံစည်သူ လူဖြူအစွန်းရောက်များကို အမေရိကန်ဖမ်းဆီး

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    us

    – လူမျိုးရေးနှင့် အမုန်းတရားစစ်ပွဲစတင်ရန် အစိတ်အပိုင်းဖြစ် လူမည်းဘုရားကျောင်းများနှင့် ဂျူးဘုရားကျောင်းများအား ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေသည်ဟူသော စွဲချက်ဖြင့် ဗာဂျီးနီးယားရှိ လူဖြူအစွန်းရောက် နှစ်ဦးအား ဖမ်းဆီးလိုက်သည်ဟု အမေရိကန် ဖဒရယ်အာဏာပိုင်များက ပြောကြားလိုက်သည်။

    ရောဘတ် ကာတစ် ဒွိုင်လီနှင့် ရော်နယ်လ် ဘီစတေ ချာနေး ၃ ဆို သူတို့ဖြစ်ပြီး ဗာဂျီးနီးယားရှိ အမျိုးသားများမှာ တရားမ၀င် လက်နက်ရောင်းချသူထံမှ လက်နက်များနှင့် ပေါက်ကွဲစေတက်သော ပစ္စည်းများကို ၀ယ်သွားသည်ဟူသော စက်တင်ဘာလတွင် ရရှိသည့် သတင်းအရ FBI က ဆောင်ရွက်သည့် တနင်္ဂနွေနေ့ စစ်ဆင်ရေးတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့နှစ်ဦးမှာ ၎င်းတို့၏ အမုန်းစစ်ပွဲအတွက် လတ်ဝတ်ရတနာ အရောင်းဆိုင်နှင့် လက်နက်အရောင်းဆိုင်တို့ကဲ့သို့ စီးပွားရေးလုပ်ငန်းများကို ဓားပြတိုက်ရန် အစီအစဉ်ရှိထားသည်ဟု ဥပဒေထိန်းသိန်းရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် လက်နက်များကို စုဆောင်းခြင်းနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများ ဆောင်ရွက်ရန်လည်း ရှိနေပြီး လူမည်းဘုရားကျောင်းများနှင့် ဂျူးဘုရားကျောင်းများကို ဖောက်ခွဲခြင်း၊ ဘုရားကျောင်းသို့ လာရောက်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကို စီစဉ်နေခြင်း ဖြစ်သည်။

    ထို့ပြင် ချားလ်စ် ဒန်နီယဲလ် ဟဲလ်ဒါမန်ကိုလည်း အစွန်းရောက်ယုံကြည်ချက်များအတွက် ငွေဆိုင်တစ်ခုကို ဓားမြတိုက်ကာ ပိုင်ရှင်ကိုသတ်ဖြတ်ရန် အစီအစဉ်တွင် ဒွိုင်လီနှင့် ချာနေးတို့အား ကူညီရန် စွပ်စွဲချက်ဖြင့် ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့သည်။ ၎င်းတို့အား ဖမ်းဆီးရာတွင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

    Ref: CNN

  • ဗန်ပါစီမှာ မကြာခင် အကောင်းဆုံးပုံစံကို ပြန်ရမည်ဟု ဆနိုက်ဒါပြော

    ဗန်ပါစီမှာ မကြာခင် အကောင်းဆုံးပုံစံကို ပြန်ရမည်ဟု ဆနိုက်ဒါပြော

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    van

    – စိတ်ပျက်စရာများကို ကြုံတွေ့နေရသည့် နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီအနေဖြင့် မကြာခင် အကောင်းဆုံးပုံစံကို ပြန်လည် ရရှိလိမ့်မည်ဟု အသင်းဖော် ဆနိုက်ဒါက ပြောကြားလိုက်သည်။

    ယခုနှစ်တွင် မန်ယူမှ တူရကီကလပ် ဂါလာတာစာရေးသို့ ပြောင်းရွှေ့သွားခဲ့သည့် ဗန်ပါစီမှာ သြဂုတ်လက ခြေစွမ်းမပြနိုင်ခြင်းကြောင့် လက်ရွေးစင်အသင်းခေါင်းဆောင်နေရာကို စွန့်လွှတ်ခဲ့ရပြီး ယခုလအတွင်း ကစားမည့် ဝေးလ်းနှင့် ဂျာမနီအသင်းတို့နှင့် ခြေစမ်းပွဲများအတွက်လည်း ရွေးချယ်ခံခဲ့ရခြင်း မရှိခဲ့ပေ။

    “တကယ်လို့ ဗန်ပါစီဟာ အကောင်းဆုံးပုံစံမှာရှိနေရင် သူဟာ အသင်းမှာ ဆက်လက်ပါဝင်နေရမှာပါ။ ဒါပေမယ့် အသင်းဖော်က ဒီလိုပုံစံမှာရှိလား၊ မရှိလားဆိုတာ ကျွန်တော် ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ အဲဒီလိုပုံစံမျိုး ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီပြဿနာတွေရှိလာရင် လုပ်စရာနှစ်ခုသာ ရှိပါတယ်။ အရှုံးပေးမလား ဒါမှမဟုတ် ဝေဖန်သူတွေက မှားကြောင်း သက်သေပြမလား ဆိုတာပါပဲ။ ကျွန်တော်ကတော့ ဒုတိယနည်းလမ်းကို ရွေးပါတယ်။ ဗန်ပါစီလည်း ဒီအတိုင်းပဲလုပ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကို ဖြတ်သန်းရရင်တော့ ငရဲခံနေရသလို ဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်” ဟု စနိုက်ဒါက ပြောကြားခဲ့သည်။

    Ref: Goal