News @ M-Media

Blog

  • မသမာသူများ ပြဿနာ  ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    မသမာသူများ ပြဿနာ ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    မသမာသူများ ပြဿနာ ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    NLD

  • နီပေါငလျင် ကူညီမှုအတွက် အီတီဟတ်လေကြောင်းလိုင်း လူသားချင်းစာနာထောက်ထားမှု ဂုဏ်ပြုဆု ရရှိ

    နီပေါငလျင် ကူညီမှုအတွက် အီတီဟတ်လေကြောင်းလိုင်း လူသားချင်းစာနာထောက်ထားမှု ဂုဏ်ပြုဆု ရရှိ

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    eitihad

    – ယခုနှစ် ဧပြီလတွင် နီပေါလ်နိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် ငလျင်အပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည့် ယူအေအီးအခြေစိုက် အီတီဟတ်လေကြောင်းလိုင်းမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဂုဏ်ပြုဆုကို ရရှိခဲ့သည်ဟု သိရသည်။

    ထိုဂုဏ်ပြုဆုကို လေကြောင်းလိုင်းများနှင့် ချိတ်ဆက်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေသည့် အကျိုးအမြတ်မယူသော ပရဟိတအဖွဲ့ Airlink က ပေးအပ်ချီးမြှင်ခဲ့ခြင်း ဖြစ်သည်။

    ခတ္တာမန်ဒူကို ဗဟိုပြု၍ ဧပြီ ၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၈ မဂ္ဂနီကျုရှိ အဆိုပါငလျင်ကြောင့် လူ ၈၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

    အီတီဟတ်လေကြောင်းလိုင်းမှာမှု ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အမေရိကန်၊ ဥရောပနှင့် သြစတေးလျနိုင်ငံများမှ ကယ်ဆယ်ရေး လုပ်သားများကို ခတ္တာမန်ဒူသို့ ၅၄ ကြိမ် အခမဲ့ ပို့ဆောင်ပေးခဲ့သည်။

    “Airlink နဲ့ ဆက်ဆံရေးဟာ အရေးပါပြီး အဲဒီဆက်ဆံရေးကြောင့်ပဲ ကျွန်တော်တို့ဟာ အကူအညီ အလွန်အမင်း လိုအပ်နေတဲ့သူတွေကို အန်ဂျီအိုကွန်ယက်တွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးနိုင်ခဲ့တာပါ” ဟု အီတီဟတ်လေကြောင်းလိုင်းမှ ဥက္ကဌဖြစ်သူ ဂျိမ်းစ်ဟိုဂန်က ပြောကြားခဲ့သည်။

    Airlink မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ စတီဗင်စမစ်ကလည်း နီပေါငလျင်တွင် အီတီဟတ်လေကြောင်လိုင်းမှ အကျိုးအမြတ်မယူသည့် မိတ်ဖက်များကို ကူညီပံ့ပိုးပေးခဲ့သည့်အတွက် မိမိတို့က ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    “ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားပြီးတဲ့နောက်မှာ အကျိုးအမြတ်မယူတဲ့အဖွဲ့တွေရဲ့ ဆောင်ရွက်မှုကို သူတို့က ထောက်ပံ့ပေးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လျင်လျင်မြန်မြန် ပို့ဆောင်ပေးခဲ့ပါတယ်” ဟု စမစ်က ဆိုသည်။

    အီတီဟတ်မှာ အန်ဂျီအိုများအား လေကြောင်းခရီးစဉ်များ ပို့ဆောင်ပေးသည့်အပြင် အီမရိတ် လခြမ်းနီအဖွဲ့မှတစ်ဆင့် စောင်အထည် ၅၀၀၀၊ ၀န်ထမ်းများမှ ထည့်ဝင်လှူဒါန်းငွေ ဒီရ်ဟမ် ၂၇၀၀၀၀ တို့ကိုလည်း ထောက်ပံ့ပေးခဲ့ပြီး ငလျင်ဒဏ်ခံရသူများအား ကူညီလိုသူများ၏ အထုတ်အပိုး ကီလိုဂရမ် တစ်သိန်းကိုလည်း နီပေါသို့ အခမဲ့တင်ဆောင်ခွင့် ပေးခဲ့သည်။

    Ref: Mirajnews

  • နိုင်ငံခြားတွင် အီရန်က ရေနံသန့်စင်စက်ရုံများ တည်ဆောက်မည်

    နိုင်ငံခြားတွင် အီရန်က ရေနံသန့်စင်စက်ရုံများ တည်ဆောက်မည်

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    iran

    – ရေနံစိမ်းများကို ရေရှည်ရောင်းချနိုင်ရေးအတွက် နိုင်ငံခြားတိုင်းပြည်များတွင် ရေနံသန့်စင်စက်ရုံများ တည်ဆောက်ခြင်း၊ သို့မဟုတ် ၀ယ်ယူခြင်းတို့ကို မိမိတို့က ပြုလုပ်သွားမည်ဟု အီရန်ရေနံဝန်ကြီး အဘတ်စ် ကာဇီမီက IRNA သတင်းဌာနသို့ ယနေ့တွင် ပြောကြားလိုက်သည်။

    ဇူလိုင်လက အင်အားကြီး ၆ နိုင်ငံနှင့် ရရှိခဲ့သည့် နျူအရေး သဘောတူညီချက်ကြောင့် အီရန်အပေါ် အနောက်နိုင်ငံများမှ ပိတ်ဆို့ထားမှုများ ပျက်ပြယ်တော့မည်ဖြစ်ပြီး အီရန်ကလည်း ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုတို့ကို တိုးမြှင့်ရန် ဆောင်ရွက်နေသည်။ အီရန်ရေနံများမှာ ကမ္ဘာ့ဈေးကွက်သို့ လာမည့်နှစ်ဆန်းပိုင်တွင် ရောက်ရှိမည်ဟု သိရသည်။

    ကာဇီမီကမူ နိုင်ငံရပ်ခြားတွင် ရေနံချက်စက်ရုံများ ၀ယ်ယူခြင်းမှာ ရေနံစိမ်းတင်ပို့မှုကို တိုးမြှင့်ရန် ရေနံထုတ်လုပ်သည့် နိုင်ငံများက အသုံးပြုနေသော သမရိုးကျနည်းလမ်းဖြစ်ပြီး ထို့ကြောင့် အီရန်အနေဖြင့်လည်း မိမိတို့ ရေနံစိမ်းရောင်းချသည့် နိုင်ငံများရှိ ရေနံသန့်စင်စက်ရုံများ၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေခြင်းဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Press TV

  • ဘရာဇီးလ်ဂရင်းပရီမှာ ဗိုလ်စွဲပြီး ငယ်ဘ၀သူရဲကောင်းကို ဂုဏ်ပြုချင်တဲ့ ဟာမီလ်တန်

    ဘရာဇီးလ်ဂရင်းပရီမှာ ဗိုလ်စွဲပြီး ငယ်ဘ၀သူရဲကောင်းကို ဂုဏ်ပြုချင်တဲ့ ဟာမီလ်တန်

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    hamilton

    – တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဘရာဇီးလ် ဂရင်းပရီပြိုင်ပွဲတွင် မိမိ အနိုင်ရခဲ့ပါက ထိုအနိုင်မှာ ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့သည့် ဘရာဇီလ်းသား ဖော်မြူလာဝမ်း ကားမောင်းသမား အေရ်တန် ဆန်နာအတွက် ဂုဏ်ပြုခြင်းဖြစ်မည်ဟု ၃ ကြိမ်မြောက် ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံ ဗြိတိန်ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က ပြောကြားလိုက်သည်။

    ယခုနှစ် ဖော်မြူလာဝမ်း ချန်ပီယံရှစ်တွင် အခြားသူများ လိုက်မမှီတော့သည့် ဦးဆောင်မှုမျိုးကို ပိုင်ဆိုင်ထားသော ဟာမီလ်တန်မှာ ပြိုင်ကားသမားဘ၀ တစ်လျှောက်လုံးတွင် ဘရာဇီးလ်ဂရင်းပရီကို အနိုင်ရဖူးခြင်း မရှိပေ။ ပြီးခဲ့သည့်နှစ်က ၎င်း၏ မာစီးဒီးအသင်းဖော် နီကို ရိုစင်ဘာ့ဂ်၏နောက် ဒုတိယနေရာ ရရှိခဲ့ခြင်းသာ အမြင့်ဆုံးဖြစ်သည်။

    “ဒါဟာ အေရ်တန်အတွက် အိမ်ကွင်းပြိုင်ပွဲပါ။ ဒါ့ကြောင့် ကျွန်တော် ငယ်ငယ်ကတည်းက ဆာပေါ်လိုမှာ ယှဉ်ပြိုင်ရဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်ဖြစ်ခဲ့ပါတယ်။ အဲဒီကိုရောက်တိုင်း သူရှိတယ်လို့ ကျွန်တော် အမြဲတမ်း ခံစားရပါတယ်။ သူဟာ ဘရာဇီးလ်မှာတော့ သူရဲကောင်းကြီးတစ်ယောက်ပါပဲ။ ကျွန်တော့်ကိုလည်း ဘရာဇီးလ်က အမြဲတမ်း နွေးထွေးစွာ ကြိုဆိုကြပါတယ်။ ၈ ကြိမ်မြောက်ပြိုင်ပြီးမှ အေရ်တန်က ဘရာဇီးလ်ဂရင်းပရီမှာ အနိုင်ရခဲ့တာကို ပြန်တွေးရတာ အံ့သြဖို့ကောင်းပါတယ်။ ဒီပြိုင်ပွဲဟာ ကျွန်တော် ဗိုလ်မစွဲဖူးသေးတဲ့
    အနည်းငယ်သော ပွဲတွေထဲက တစ်ခုပါပဲ” ဟု ဟာမီလ်တန်က ပြောကြားခဲ့သည်။

    Ref: Dailymail

  • သမ္မတအား မိမိက ညွှန်ကြားမည်ဖြစ်ပြီး၊ စစ်တပ်နှင့်ဆွေးနွေးရန်အတွက်လည်း လမ်းဖွင့်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    သမ္မတအား မိမိက ညွှန်ကြားမည်ဖြစ်ပြီး၊ စစ်တပ်နှင့်ဆွေးနွေးရန်အတွက်လည်း လမ်းဖွင့်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    dawsu

    – အကယ်၍ ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရပါက မိမိတို့ခန့်အပ်မည့် သမ္မတကို မိမိက ညွှန်ကြားသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြုလုပ်သည့် Channel NewsAsia သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

    သူမ၏ နေအိမ်တွင် အင်တာဗျူးခဲ့ခြင်းဖြစ်ပြီး သမ္မအား မိမိတို့က ရွေးချယ်ခန့်အပ်မှုမှာ အခြေခံဥပဒေ၏ လိုအပ်ချက်နှင့် ညီစေရန်သာ ဖြစ်သည်ဟု ဆိုသည်။

    “အဲဒီခန့်အပ်ခံရတဲ့သမ္မတဟာ သူ့မှာ လုပ်ပိုင်ခွင့်အာဏာ မရှိဘူးဆိုတာကို နားလည်ရပါမယ်။ သူဟာ ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆောင်ရွက်ရပါလိမ့်မယ်” ဟူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    “ဒါဟာ ယုတ္တိရှိတဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဘယ် ဒီမိုကရေစီနိုင်ငံမှာပဲဖြစ်ဖြစ် အနိုင်ရပါတီရဲ့ ခေါင်းဆောင်ဟာ အစိုးရရဲ့ခေါင်းဆောင် ဖြစ်ရတယ်။ တကယ်လို့ အခြေခံဥပဒေက ဒါကို ခွင့်မပြုရင် ကျွန်မတို့က ချိန်ညှိတာမျိုးတွေ လုပ်ရမှာဖြစ်ပြီး ဒါမှသာ ပုံမှန် ဒီမိုကရေစီ စံညွှန်းတွေအတိုင်း သွားလို့ရမှာပါ”

    နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်က သူမမှာ သမ္မတအား ပဲ့ကိုင်သူဖြစ်ချင်သည်ဟု ပြောကြားထားဖူးသည်။ ယနေ့အင်တာဗျူးတွင်လည်း ထိုသဘောထားကိုပင် ထပ်မံပြောကြားခဲ့ပြီး စစ်တပ်က ရေးဆွဲထားသော အခြေခံဥပဒေအရ မိမိ သမ္မတဖြစ်ရေး ကန့်သတ်ထားသည့်အတွက် NLD နိုင်ပါက ခန့်အပ်ခံ သမ္မတကို ညွှန်ကြားသူမှာ မိမိသာဖြစ်မည်ဟု ဆိုသည်။

    ထို့ပြင် မိမိမှာ ပါတီခေါင်းဆောင်ဖြစ်သည့်အတွက် သမ္မတအနေဖြင့်လည်း ညွှန်ကြားချက်အားလုံးမှာ မိမိထံမှလာမည်ကို နားလည်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း ထိုညွှန်ကြားမှုမှာ အစိုးရ၏ ဆောင်ချက်များကို ထိခိုက်စေမည်မဟုတ်ဟုလည်း သူမက အလေးအနက် ပြောကြားခဲ့သည်။

    “ဘာ့ကြောင့် ဒါက အစိုးရရဲ့ လုပ်ငန်းတွေကို ထိခိုက်ရမှာလဲ။ အစိုးရတစ်ရပ် ရှိမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီအစိုးရကလည်း သူ့ဟာသူ လည်ပတ်နေမယ်။ သမ္မတကို ဘာလုပ်ရမလဲဆိုတာကိုပဲ ပြောသွားမှာပါ”

    ထိုကဲ့သို့ဆောင်ရွက်ခြင်းက အာဏာရှင်စနစ်မျိုး ဖြစ်လာမည်လားဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က NLD ၏ အင်အားမှာ ပြည်သူများ၏ ကြိုက်နှစ်သက်မှုအပေါ်တွင် တည်ရှိခြင်းကြောင့် ထိုကဲ့သို့ ဖြစ်လာမည်မဟုတ်ဟု ဆိုသည်။

    “ကျွန်မတို့ ဒီလောက်အထိ ရပ်တည်လာနိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကြောင့်ပါပဲ။ ပြည်သူ့ရဲ့
    ထောက်ခံမှုအပေါ်မှာ မီခိုနေတဲ့အစိုးရဟာ ဘယ်တော့မှာ အာဏာရှင်အစိုးရ ဖြစ်လာမှာ မဟုတ်ပါဘူး”

    ထို့ပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်တပ်နှင့်လည်းကောင်း၊ အခြားသူများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ သို့သော်လည်း လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ယူထားသည့် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မည့် သူမ၏ စွမ်းရည်နှင့်ပတ်သက်၍ စိုးရိမ်မှုများလည်း ရှိနေသည်။

    “စစ်တပ်ပဲဖြစ်ဖြစ်၊ အခြားအဖွဲ့အစည်းအစည်းပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်မှုကတော့ လုပ်ကိုလုပ်ရမှာပါ။ ဒါက တစ်ရက်နှစ်ရက်တည်းနဲ့တော့ ဖြစ်မလာနိုင်ပါဘူး။ ဒါတွေကို တိုးမြှင့်လုပ်ဆောင်ဖို့အတွက် နည်းလမ်းရှာရမယ်။ စာအုပ်ကြီးအတိုင်းတော့ သွားလို့ ဘယ်ရမလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    “ဒါ့ကြောင့် အခြေအနေကိုကြည့်ပြီး ကျွန်မတို့ လှုပ်ရှားရမယ်။ ဒါမျိုးက တရားသေမူတွေ ချမှတ်ထားလို့မရတဲ့ ကိစ္စမျိုးပါ။ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ တစ်ချိန်ကျရင် လွှတ်တော်က ထွက်သွားရမယ်လို့ NLD က ပြောထားပြီးသားပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုထိုင်နေတာ ဒီမိုကရေစီ ကျင့်သုံးမှုနဲ့ မညီဘူး။ ဒါပေမယ့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ချဉ်းကပ်တဲ့ နည်းလမ်းမျိုးနဲ့ ကျွန်မတို့ ညှိနှိုင်းဆွေးနွေးသွားမှာပါ။ ကျွန်မတို့ အစိုးရဖွဲ့ပြီးပြီးချင်း ဆွေးနွေးညှိနှိုင်းဖို့အတွက် သူတို့ကို လမ်းဖွင့်ပေးသွားမှာပါ”

    Ref: Channelnewsasia