နိုဝင်ဘာ ၁၄၊ ၂၀၁၅
M-Media
– တိုင်းပြည်အတွင်း အလုပ်သမားရေးကိစ္စ အပါအ၀င် စီးပွားရေး ပြုပြင်ပြောင်းလဲမှုအချို့ကို မကျေနပ်သည့်အတွက် တောင်ကိုရီးယားပြည်သူ ၈ သောင်းခန့်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို မြို့တော်ဆိုးလ်၌ ယနေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ထိုကဲ့သို့ ဆန္ဒပြမှုမှာ တောင်ကိုရီးယားနိုင်ငံသမိုင်းတွင် ပထမဆုံးနှင့် အကြီးဆုံး ဆန္ဒပြမှုလည်း ဖြစ်ခဲ့သည်။ အစိုးရမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွက် အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ လယ်ယာထွက်ကုန်အချို့အတွက် အခွန်မြှင့်ထားသည့် ဈေးများ ဖွင့်လှစ်ခြင်းနှင် သမိုင်းကြောင်းများကို အစိုးရပေါ်လစီနှင့်အညီ ပြောင်းလဲမှုများ ပြုလုပ်ခြင်း စသည့် ပေါ်လစီများကို ဆန္ဒပြသူများက ဆန့်ကျင် ရှုတ်ချခဲ့ကြသည်။
ဆန္ဒပြသူများမှာ ဆိုလ်းမြို့လယ်ကောင်ကို သိမ်းပိုက်ခဲ့ပြီး သမ္မတအိမ်တော်ကို ချီတက်ခဲ့ကြသော်လည်း အစိုးရက လမ်းများပိတ်ဆို့ထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တားဆီးခဲ့ကြသည်။ ဆန္ဒပြမှုမှာ ယေဘူယျအားဖြင့် ငြိမ်းချမ်းသည်ဟု ယူဆ၍ ရသော်လည်း ဥပဒေစိုးမိုးရေးတပ်ဖွဲ့များနှင့် ဆန္ဒပြမှုကို စီစဉ်သူများထဲမှ တစ်ဦးတို့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။
Ref: PressTV


Leave a Reply
You must be logged in to post a comment.