နိုဝင်ဘာ ၄၊ ၂၀၁၅
M-Media
– ပြင်သစ်လက်ရွေးစင်ကစားသမား မက်သယူး ဗာလ်ဘွဲနာ၏ လိင်ဆက်ဆံသည့် ဗီဒီယိုကို အသုံးပြုကာ ငွေညှစ်သည့်ကိစ္စနှင့် ပတ်သက်၍ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာမှာ ယမန်နေ့က ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ပြစ်သစ်မီဒီယာများက ဖော်ပြလိုက်သည်။
ဗာလ်ဘွဲနာအား ငွေညှစ်သည့် အဆိုပါကိစ္စကို ပြင်သစ်အာဏာပိုင်များက ဇူလိုင်လတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဂျီဘရီလ် စစ်ဆီက ပထမဆုံး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ယခုလတွင် ပြန်လွှတ်ပေးခဲ့သည်။ ဘန်ဇီမာကမူ ဖမ်းဆီးခြင်းမခံရခင် ရဲစခန်းသို့ သွားရောက်ခဲ့သည်ဟု ယုံကြည်ရသည်။
ပြီးခဲ့သည့်လတွင် တရားသူကြီးမှ ထုတ်ပြန်သော ကြေငြာချက်၌ ဗာစေလက်စ်ရှိ ခရိုင်တရားရုံးမှ ဇူလိုင်လ ၃၁ ရက်နေ့က စတင်ခဲ့သော စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ စစ်ဆီကို ဖမ်းဆီးခဲ့မှုအတွက် အတည်ပြုခဲ့သည်။
Ref: Goal