News @ M-Media

ပြည်သူများအား အကြမ်းဖက်မည်ဟု ဘူရန်ဒီသမ္မ၏ ပြောဆိုမှုကို နိုင်ငံတကာက ရှုတ်ချ

နိုဝင်ဘာ ၇၊ ၂၀၁၅
M-Media

burandi

– လုံခြုံရေးဆိုင်ရာ အခြေအနေ ဆိုးရွားနေသည့် အချိန်တွင် ပြည်သူများအား ရန်သူသဖွယ် သတ်မှတ်ပြောဆိုပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခဲ့သည့် ဘူရန်ဒီအစိုးရအား နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချပြောဆိုလိုက်သည်ဟု သိရသည်။

သမ္မတ ပီယာရီ အန်ကူရွန်ဇီဇာက ပြည်သူများအနေဖြင့် စနေနေ့တွင် နောက်ဆုံးထား၍ လက်နက်များကို အပ်နှံကြရန်နှင့် ထိုသို့မအပ်နှံပါက နိုင်ငံတော်ရန်သူအဖြစ် သတ်မှတ်ကာ နှိမ်နင်းသတ်ဖြတ်သွားမည်ဟု ကြေငြာခဲ့သည်။ ဘူရန်ဒီပြည်သူများမှာ အခြေခံဥပဒေအား ချိုးဖောက်ကာ တတိယအကြိမ်မြောက် သမ္မတတာဝန်ယူခဲ့သည့် ပီယာရီအား ဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သည့်လများအတွင်း ဆန့်ကျင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာမှ ဝေဖန်သူများကမူ အဆိုပါ နောက်ဆုံးရက် ကုန်ဆုံးပြီးနောက် အာဏာပိုင်များက လက်နက်များကို စီးနင်းရှာဖွေမှု ပြုလုပ်ပါက အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ထို့ပြင် ကုလအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘူရန်ဒီအစိုးရအနေဖြင့် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်ရမည်ဖြစ်ပြီး၊ အစိုးရက အကြမ်းဖက်ရန် လူသိရှင်ကြား ပြောကြားမှုမှာ တရားစွဲဆိုရန် လုံလောက်သည့် အထောက်အထားဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

Ref: Aljazeera

Comments

Leave a Reply