News @ M-Media
Blog
  • တရုတ်စီးပွားရေးကော်မရှင် ထိပ်တန်းအရာရှိများ ခြစားမှုဖြင့် စစ်ဆေးခံနေရ
    တရုတ်စီးပွားရေးကော်မရှင် ထိပ်တန်းအရာရှိများ ခြစားမှုဖြင့် စစ်ဆေးခံနေရ
    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံ၏ စီးပွားရေးကို အဓိက စီမံခန့်ခွဲနေသည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် NDRC မှ တာဝန်ရှိသူ ၃ ဦးကို ခြစားမှုသံသယဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အာဏာရ ကွန်မြူနစ်ပါတီ၏ ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။
    စစ်ဆေးခံနေရသူများမှာ ကော်မရှင်၏ လူမှု ဖွံ့ဖြိုးရေးဌာန အကြီးအကဲ ၀မ်ဝေ၊ အရည်သွေး စစ်ဆေးရေးဌာနမှ သုတေသနပညာရှင်များ ဖြစ်ကြသည့် ရန်ဝေနှင့် ဇူဟေယူတို့ဖြစ်ကြပြီး စည်းကမ်းများကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့သည်ဟုဆိုကာ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိချေ။
    NDRC ကလည်း စုံစမ်းစစ်ဆေးမှုကို အတည်ပြုခဲ့ပြီး ပါတီ၏ အမိန့်များကို လိုက်နာကာ ခြစားမှုများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည်ဟု ပြောကြားခဲ့သည်။ တရုတ်သမ္မတ ဇီဂျင်ပင်းမှာ ၂၀၁၂ နှောင်းပိုင်းတွင် ပါတီခေါင်းဆောင်နေရာ ရလာပြီး ၂၀၁၃ ခုနှစ်တွင် အာဏာရပြီးကတည်းက ခြစားမှုများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့ပြီး အကြီးတန်းအရာရှိ အများအပြားကို စစ်ဆေးခြင်း၊ ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။
    Ref: Reuters
  • ဘိုင်ယန်ပွဲတွင် အားကုန်ထုတ်မည်ဟု ၀င်းဂါးပြော
    ဘိုင်ယန်ပွဲတွင် အားကုန်ထုတ်မည်ဟု ၀င်းဂါးပြော
    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media
    wenger
    – အင်္ဂါနေ့ညတွင် အိမ်ကွင်း၌ကစားမည့် ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ပွဲတွင် မိမိအသင်းမှာ အားကုန်ထုတ်သွားမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ချန်ပီယံလိဂ် ကစားပြီးခဲ့သည့် အုပ်စုပွဲစဉ် ၂ ခုစလုံးတွင် အနိုင်ရရှိထားသည့် ဘိုင်ယန်မှာ ပုံစံကောင်းကို ပြသနေပြီး နောက်ဆုံး ၁၂ ပွဲစလုံးကို အနိုင်ကစားထားနိုင်သည်။ အာဆင်နယ်ကမူ ဒိုနုမိုဇာဂရက်ဘ်နှင့် အိုလံပီယာကော့စ်တို့ကို အံ့သြဖွယ်ရှုံးနိမ့်ထားကာ ချန်ပီယံလိဂ် အုပ်စု F တွင် အောက်ဆုံးရောက်နေသည်။
    “ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်နေပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း ဘိုင်ယန်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့မှာ ဒဏ်ရာရသူတွေမရှိဘဲ ၃ မှတ် ရယူရမယ်ဆိုတဲ့ အတွက်ကြောင့်ပါ။ ပွဲအတွက် တကယ့်ကို အာရုံစိုက်နိုင်တဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ ရှိနေပါတယ်။ ပြီးတော့ အင်္ဂါနေ့ညမှာ ကျွန်တော်တို့ အားကုန်ထုတ်သွားမှာပါ။ အခုအချိန်မှာ ဘယ်လောက်ပြင်ဆင်ထားလဲ၊ ဘယ်လို ကျွန်တော်တို့ ချဉ်းကပ်ချင်သလဲဆိုတာ ကြည့်ရမှာပါ” ဟု ၀င်းဂါးက ၀က်ဖို့ဒ်အား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Goal
  • ဖိလစ်ပိုင်မုန်တိုင်း လူအသေအပျောက်များနိုင်
    ဖိလစ်ပိုင်မုန်တိုင်း လူအသေအပျောက်များနိုင်
    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media
    ph
    – ဖိလစ်ပိုင် မြောက်ပိုင်းသို့ အင်အားပြင်းထန်သည့် တိုင်ဖုန်း ကော့ပူ ယမန်နေ့က စတင်ဝင်ရောက်ခဲ့ပြီး ကမ်းရိုးတမ်းဒေသများတွင် လေပြင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကာ ပြည်သူ ၁၆၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု အမျိုးသား သဘာဝကပ်ဘေး အေဂျင်စီက သတင်းထုန်ပြန်ခဲ့သည်။
    မြောက်ပိုင်းရှိ အဓိကကျွန်း လူဇွန်မှာ မုန်တိုင်းဒဏ်ကို အဓိကခံစားခဲ့ရပြီး နေအိမ်များ၊ တံတားများ ပြိုကျပျက်ဆီးခြင်း၊ သစ်ပင်များ ပြိုလဲခြင်းတို့လည်း ရှိခဲ့သည်။ လျှပ်စစ်ဓာတ်တိုင်များ ကျိုးကျခြင်းကြောင့် ဓာတ်အားပြတ်တောက်မှုများလည်း ရှိနေပြီး အဆိုပါ မုန်တိုင်းမှာ ၃ ရက်ခန့် ဆက်လက် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။
    မုန်းတိုင်းပြင်းထန်သည့် ဒေသတွင် ပိတ်မိနေသူများ ရှိနေကာ၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုးရိမ်ရမှုများလည်း ရှိနေပြီး သေဆုံးသူများလည်း ဆက်လက်မြင့်တက်လာနိုင်သည်။
    Ref: Aljazeera
  • ဂျပန်ရေတပ် အင်အားပြပွဲ ယမန်နေ့က ပြုလုပ်
    ဂျပန်ရေတပ် အင်အားပြပွဲ ယမန်နေ့က ပြုလုပ်
    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media
    – ဂျပန် ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့ JMSDF မှ ၃ နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိသည့် ရေတပ်အင်အားပြပွဲကို ယမန်နေ့က ဆာဂါမီပင်လယ်အော်တွင် ပြုလုပ်ခဲ့ပြီး ရေတပ်မှ သယ်ယူပို့ဆောင်ရေး သင်္ဘောများ၊ ခရုဇ်ဒုံးကျည်တပ် သင်္ဘောများ၊ ဖျက်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများကို ထည့်သွင်း ပြသခဲ့သည်။
    ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံမှ တည်ဆောက်ခဲ့သည့် စစ်ရေယောဉ်များတွင် အကြီးဆုံးဖြစ်သော ရဟတ်ယာဉ်တင်သင်္ဘော အီဇူမိုလည်း ထိုအင်အားပြပွဲတွင် ပါဝင်ခဲ့ပြီး အနောက်ပစိဖိတ်ဒေသတွင် အရေးပါသည့် အမေရိကန် တတိယ ရေယာဉ်အုပ်စုမှ တပ်မှူးနှင့်အတူ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးမှာ ထိုပြပွဲသို့ တက်ရောက်ကြည့်ရှုခဲ့သည်။
    ထိုအင်အားပြပွဲတွင် အမေရိကန် ရေတပ်မှ ရေယာဉ်များလည်း ပါဝင်ခဲ့သည်။ တောင်တရုတ်ပင်လယ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းများတွင် တရုတ်က ကျွန်းတုများ ဖန်တီးနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ဂျပန်နှင့် အမေရိကန်တို့မှာ စစ်းရေးအရ ပိုမို ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
    Ref: RT
  • ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်ကို မဖြည့်နိုင်တဲ့ လီဗာပူးလ်၊ မော်ရင်ဟို ဖိအားလျော့ခဲ့ပြီး၊ ရူနီ ဂိုးပေါက်ပြန်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉
    ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်ကို မဖြည့်နိုင်တဲ့ လီဗာပူးလ်၊ မော်ရင်ဟို ဖိအားလျော့ခဲ့ပြီး၊ ရူနီ ဂိုးပေါက်ပြန်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉
    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ နည်းပြသစ်နဲ့ အားလုံးက စောင့်ကြည့်နေကြတဲ့ လီဗာပူးလ်အသင်း သရေသာ ရခဲ့ပြီး၊ ချယ်ဆီးကတော့ ဇယားအောက်နားက အက်စတွန်ဗီလာကို အနိုင်ရကာ အသက်ရှူချောင်ခဲ့ပါတယ်။
    စနေနေ့မှာ ပထမဆုံး ကစားခဲ့တဲ့ လီဗာပူးလ်တို့ ဒီရာသီမှာ မတွေ့ရသေးတဲ့ ကစားအားမျိုးကို ပြန်တွေ့ခဲ့ရပါတယ်။ ပထမပိုင်း စောစောပိုင်း အချိန်တွေမှာ ကစားပုံ တော်တော်လေးကောင်းခဲ့တဲ့လီဗာပူးလ် အကောင်းဆုံး အခွင့်အရေး နှစ်ကြိမ်လောက် ရခဲ့ပါသေးတယ်။ ဒါပေမယ့် ဂိုးအဖြစ်တော့ မပြာင်းလဲနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ စပါးက သူတင်ကိုယ်တင် ပြန်ကစားနိုင်ခဲ့ပေမယ့် သရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။
    epl 2
    ဒီယေဂိုကော်စတာရဲ့ဂိုး၊ အလန်ဟူတန်တို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ အက်စတွန်ဗီလာကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ချယ်ဆီးတို့ကစားပုံက လိုအပ်ချက်တွေအများကြီး ရှိနေတုန်းပါပဲ။ ပွဲအပြီးမှာလည်း မော်ရင်ဟိုက အသင်းသားတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာလေ စွမ်းဆောင်ရည်က ကျသွားလေပဲလို့ ညည်းတွားခဲ့ပါတယ်။ ငါးပွဲဆက်တိုက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဗီလာနည်းပြ တင်ရှားဝုဒ်အပေါ်မှာတော့ ဖိအားတွေ များလာပြီဖြစ်ပါတယ်။
    epl 3
    ပြီးခဲ့တဲ့ပွဲမှာ အာင်ဆင်နယ်ကို အရှုံးပေးခဲ့ရတဲ့ မန်ယူတို့ အဲဗာတန်ကို အဝေးကွင်းမှာ ရှနိုက်ဒါလင်၊ ဟာရဲရားနဲ့ ရူနီတို့ရဲ့ဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မန်ယူဂိုးသမား ဒီဂီယာဟာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ပြီး လူကာကူ၊ ရော့စ်ကာကလေတို့ရဲ့ ကန်သွင်းချက်တွေအပါအ၀င် အိမ်ရှင်အသင်းရဲ့ အပိုင်ဂိုးသွင်းခွင့်အချို့ကို ကာကွယ်နိုင်ခဲ့တာကြောင့်လည်း မန်ယူတို့ ရလဒ်ပြတ်သားခဲ့တာ ဖြစ်ပါတယ်။ ရူနီကတော့ ၂၀၀၇ ခုနှစ်နောက်ပိုင်း အသင်းဟောင်းဘက်ကို ပထမဆုံး ဂိုးပြန်သွင်းနိုင်ခဲ့တာပါပဲ။
    ဒီရာသီမှာ အသင်းကြီးတွေကို အဝေးကွင်းမှာ ဒုက္ခပေးတတ်တဲ့ ၀က်စ်ဟမ်းဟာ ဒီတစ်ပတ်မှာလည်း ခြေစွာနေတဲ့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲရှုံးခဲ့ပြီး ခြေစွမ်းပျက် နိုင်ပွဲပျောက်နေတဲ့ နယူးကာဆယ်က အံ့သြစရာကောင်းလောက်တဲ့ ကစားပုံကို ပြသခဲ့ပြီး နော်ဝစ်ခ်ျကို ဂိုးမိုးရွာခဲ့ပါတယ်။ အိမ်ရှင်တို့ရခဲ့တဲ့ ၆ ဂိုးမှာ ၄ ဂိုးကို ဂျီအော်ဂီနီယို ၀စ်ဂျနာလ်ဒမ်က သွင်းယူပေးခဲ့ပြီး အသင်းရဲ့ ဂန္တ၀င်တိုက်စစ်မှူး အလန်ရှီးယားရားပြီးနောက် တစ်ပွဲထဲမှာ ၄ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် နယူးကာဆယ်ကစားသမား ဖြစ်လာခဲ့ပါတယ်။
    ဇယားထိepl 4ပ်က မန်စီးတီးကတော့ အိမ်ကွင်းမှာ တန်းတက်ဘုန်းမောက်ကို သာသာယာယာပဲ ၅ ဂိုးသွင်းပြီး လိဂ်ကို ဆက်လက်ဦးဆောင်နေပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    စပါး ၀-၀ လီဗာပူးလ်
    ချယ်ဆီး ၂-၀ အက်စတွန်ဗီလာ
    ခရစ္စတယ်ပဲလေ့စ် ၁-၃ ၀က်စ်ဟမ်း
    အဲဗာတန် ၀-၃ မန်ယူ
    မန်စီးတီး ၅-၁ ဘုန်းမောက်
    ဆောက်သက်တမ် ၂-၂ လက်စတာ
    နယူးကာဆယ် ၆-၂ နော်ဝစ်ခ်ျ